သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သဘာဝအရင္းအျမစ္နဲ႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရး အစိုးရ ဘာေတြလုပ္


ျပည္သူ႔လႊတ္ေတာ္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုင္ရာေကာ္မတီ ဥကၠ႒ဦးစိုးသူရထြန္း
သဘာဝအရင္းအျမစ္နဲ႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရး
please wait

No media source currently available

0:00 0:13:39 0:00
တိုက္႐ိုက္ လင့္ခ္

သဘာဝသယံဇာတ ေပါႂကြယ္တဲ့ ျမန္မာႏိုင္ငံရဲ႕ အရင္းအျမစ္ေတြနဲ႔ သဘာဝဝန္းက်င္အတြက္ လက္ရွိ NLD အစိုးရ ဘာေတြလုပ္ေဆာင္ေနပါသလဲ။ ျပည္သူ႔လႊတ္ေတာ္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုင္ရာ ေကာ္မတီဥကၠ႒ ဦးစိုးသူရထြန္း ကို ေဒၚခင္မ်ိဳးသက္ က ရန္ကုန္ၿမိဳ ႔ VOA Studio မွာ ေမးျမန္းထားပါတယ္။

ေမး ။ ။ အခုလို VOA ကို လာေရာက္ၿပီးေတာ့ ေျဖၾကားေပးတဲ့အတြက္ ဦးစိုးသူရထြန္းကို အမ်ားႀကီးေက်းဇူးတင္ပါတယ္။ ဦးစိုးသူရထြန္းက သယံဇာတနဲ႔ ပတ္သက္ၿပီးေတာ့ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး မလာခင္၊ သယံဇာတနဲ႔ ပတ္သက္ၿပီးေတာ့ ဘာေတြမ်ား ဒီအစိုးရသက္တမ္းအတြင္းမွာ လုပ္ေနလဲ။ အခုဆို အစိုးရသက္တမ္းလည္း ကုန္ဆံုးေတာ့မယ္။ ေလးႏွစ္တာကာလအတြင္းမွာ ဘာေတြလုပ္ႏိုင္ခဲ့သလဲဆိုတာကို နည္းနည္းေျပာျပေပးပါ။

ေျဖ ။ ။ က်ေနာ္တို႔ လႊတ္ေတာ္အေနနဲ႔ကေတာ့ ႏွစ္ပိုင္းေပါ့။ တဘက္က က်ေနာ္တုိ႔က ေစာင့္ၾကည့္ထိန္းမတ္ျခင္း - Oversight လုပ္ရတဲ့ တာဝန္ရိွပါတယ္။ ေနာက္တခုကေတာ့ အဓိကတာဝန္ျဖစ္တဲ့ legislative ဥပေဒျပဳေရး တာဝန္ပါ။ သယံဇာတက႑ဆိုရင္ေတာ့ သိသိသာသာ ထင္ထင္ရွားရွာဆိုရင္ေတာ့ သတၱဳတြင္းနည္းဥပေဒကို ျပန္ၿပီးေတာ့ ျပင္ဆင္ၿပီးေတာ့ အတည္ျပဳေပးႏုိင္ခဲ့တာ ရိွပါတယ္။ ေနာက္တခါ ျမန္မာ့ေက်ာက္မ်က္ရတနာဥပေဒကိုလည္း ေခတ္နဲ႔ေလ်ာ္ညီေအာင္ ျပန္လည္ျပင္ဆင္ၿပီးေတာ့ ေရးဆြဲထားတာ ရိွပါတယ္။ ေနာက္တက႑အေနနဲ႔ သစ္ေတာဥပေဒကိုလည္း အသစ္ျပင္ဆင္ၿပီးေတာ့ ျပဌာန္းခဲ့တာလည္း ရိွပါတယ္။ ဒါကေတာ့ ဥပေဒျပဳေရးက႑ဘက္က က်ေနာ္တို႔ လုပ္ႏုိင္ခဲ့တာပါ။

ေနာက္တခါ ေစာင့္ၾကည့္ထိန္းမတ္တဲ့အပိုင္းကေတာ့ နည္းနည္းမ်ားပါတယ္။ ဒါကေတာ့ ျပည္သူလူထုကေန ျဖစ္ေပၚလာတဲ့ တိုင္စာေတြ၊ အႀကံျပဳစာေတြေပၚမွာ ၾကည့္ၿပီးေတာ့ သက္ဆိုင္ရာဌာနေတြနဲ႔ ပူးေပါင္းညိွႏိႈင္းၿပီးေတာ့ ဒါကို တည့္မတ္ေပးခဲ့ရတာေတြလည္း ရိွပါတယ္။ ေနာက္တခါ တျခားသတင္းမီဒီယာေတြကအစ က်န္တဲ့ေနရာေတြ sectors ေတြကေန ရရိွလာတဲ့ အခ်က္အလက္ေတြနဲ႔ သက္ဆိုင္ရာဝန္ႀကီးဌာနေတြကို - ဥပမာ က်ေနာ္တို႔နဲ႔ တိုက္ရိုက္ဆိုင္တာကေတာ့ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဌာနပါ။

ဒါေပမဲ့လဲ တျခားဌာနေတြရဲ ႔ အကူအညီကိုလည္း ရယူၿပီးေတာ့၊ ဆိုပါေတာ့ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးကေန ဒီေရအရင္းအျမစ္ေတြ၊ ျမစ္ေခ်ာင္းေတြရဲ ႔ ျပႆနာေတြကို ေျဖရွင္းရတာေတြလည္း ရိွတယ္။ ေနာက္တခါ တခ်ဳိ ႔ေနရာေတြၾကရင္ ကာကြယ္ေရးတို႔၊ ျပည္ထဲေရးတို႔ရဲ ႔ အကူအညီကိုပါယူၿပီးေတာ့ ျပည္သူလူထု မထိခိုက္ေအာင္ သယံဇာတထုတ္ေဖာ္ေရးေၾကာင့္ တျခားျပႆနာေတြ မျဖစ္လာေအာင္ဆုိတာမ်ဳိးေတြကို ထိန္းေၾကာင္းရတာေတြ ရိွပါတယ္။

ေမး ။ ။ အားလံုးဆက္ႏႊယ္ေနတာေပါ့။ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးကေတာ့ နည္းနည္းေတာ့ က်ယ္ျပန္႔ေပမယ့္ အခု လုပ္ႏုိင္တဲ့ အတိုင္းအတာ ဘယ္ေလာက္ထိမ်ား လုပ္ႏုိင္ပါသလဲ။

ေျဖ ။ ။ ႏွစ္မ်ဳိးပါပဲ - ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုတဲ့ မူရင္း ကမာၻႀကီးပူေႏြးလာတာနဲ႔ ပတ္သက္ၿပီးေတာ့ Global Climate Change ကို က်ေနာ္တို႔ စဥ္းစားတဲ့အတြက္ေၾကာင့္မို႔ က်ေနာ္တို႔ဘက္က Party Commitment လည္းရိွတဲ့အခါမွာ သဘာဝထိန္းသိမ္းေရး နယ္ေျမေတြကို တိုးခ်ဲ ႔ၿပီး တည္ေထာင္တဲ့အခါမွာ အရင္တုန္းက ရိွခဲ့တဲ့ နယ္ေျမေတြကို တခ်ိန္တုန္းကေတာ့ ဥပမာဆုိပါေတာ့ နမူနာေျပာရရင္ ခါကာဘိုရာဇီ သဘာဝထိန္းသိမ္းေရးနယ္ေျမဆိုရင္ အဲဒီေခတ္၊ အဲဒီအခါအရ တည္ေထာင္သာ တည္ေထာင္ခဲ့တယ္ ေဒသခံျပည္သူေတြအတြက္ကို သူတို႔သိပ္မစဥ္းစားႏုိင္ခဲ့ဘူး။ ျပည္သူေတြမွာ အက်ပ္အတည္း၊ အခက္အခဲေတြ ေတြ႔ရတယ္။ သူတုိ႔မွာ တသက္လံုးေနခဲ့တဲ့ ေတာေတာင္ေတြမွာ သြားလို႔မရဘူးဆိုတာမ်ဳိး ျပႆနာေတြ ရိွပါတယ္။

က်ေနာ္တို႔အလွည့္မွာ ဒါကို ဥပေဒျပဳ ျပန္လည္ျပဌာန္းတဲ့အခါမွာ အရင္တုန္းက သဘာဝနယ္ေျမမ်ား ထိန္းသိမ္းေရးဆိုင္ရာ ဥပေဒကို ဇီဝမ်ဳိးစံုမ်ဳိးကြဲမ်ားနဲ႔ သဘာဝနယ္ေျမမ်ား ထိန္းသိမ္းေရးဥပေဒအေနနဲ႔ ျပဌာန္းလိုက္တဲ့အခါမွာ ေဒသခံျပည္သူေတြကိုယ္တုိင္ ထိန္းသိမ္းႏုိင္တဲ့ သစ္ေတာေတြ၊ သူတုိိ႔ရဲ ႔ ပိုင္ရာဆိုင္ရာဆိုင္ခြင့္ သူတုိ႔ ေတာင္ယာေတြ စိုက္ႏုိိင္ဖို႔၊ သားရဲတိရစာၦန္ကို သူတုိ႔လိုအပ္သလို သူတို႔အစီအစဥ္နဲ႔ ထုတ္ယူစားသံုးႏုိင္ဖို႔အတြက္ ေနရာေလးေတြ ခ်န္ထားၿပီးေတာ့မွ တကယ္ထိန္းသိမ္းရမယ့္ Core Zone ကိုပဲ ထိန္းသိမ္းတဲ့ သေဘာမ်ဳိးေတြ လုပ္ခဲ့ပါတယ္။ ဒါက ထိန္းသိမ္းေရးအပိုင္းပါ။

အဲဒီလိုနယ္ေျမေတြကို တုိးခ်ဲ ႔တည္ေထာင္ၿပီးေတာ့ ျမန္မာႏိုင္ငံတဝွမ္းမွာ ဟိုအထက္ ခါကာဘုိရာဇီကေန ေတာင္ဘက္ လန္ပိကြၽန္းအ႑ဝါ အမ်ိဳးသားဥယ်ာဥ္အထိ တိုးခ်ဲ ႔တည္ေထာင္တာေတြ ရိွတယ္။ အဲဒီလိုလုပ္တဲ့အခါမွာလဲ Executive အလုပ္လုပ္ရတဲ့ ဝန္ႀကီးဌာနအေနနဲ႔ ဝန္ထမ္းနဲ႔ ရန္ပံုေငြ အားနည္းခ်က္ေတြ ရိွမွာဆိုတဲ့အတြက္ က်ေနာ္တို႔လႊတ္ေတာ္က ဒါကိုဘတ္ဂ်က္ေတြ ခ်ေပးၿပီးေတာ့ ထူေထာင္ေပးရတာေတြလည္း ရိွပါတယ္။ ဒါကေတာ့ ထိန္းသိမ္းတဲ့အပိုင္းပါ။

ေနာက္တပိုင္းကေတာ့ စီမံခန္႔ခြဲမႈအပိုင္းပါ။ ဒါကေတာ့ အခုနေျပာတဲ့ သတၱဳတြင္းမွာျဖစ္ျဖစ္၊ စက္ရံုအလုပ္ရံုေတြပဲျဖစ္ျဖစ္ စီမံကိန္းေတြကလုပ္ေတာ့ လုပ္လည္းလုပ္ရမယ္၊ ဒါမွလဲ လူအမ်ားအတြက္ ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြ ျဖစ္လာမယ္။ တဘက္ကလဲ အဲဒီလိုလုပ္တဲ့ေနရာမွာ သဘာဝပတ္ဝန္းက်င္ ထိခို္က္မႈ အနည္းဆံုးျဖစ္ေအာင္ ဘယ္လိုစီမံခန္႔ခြဲမလဲဆိုတာကို စီမံခ်က္ေတြ ခ်ေပးၿပီးေတာ့ ဝိုင္းၿပီးေတာ့၊ အျပန္အလွန္ ညိွႏိႈင္းၿပီးေတာ့ ေဆာင္ရြက္ပါတယ္။

ေမး ။ ။ ဆိုေတာ့ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးမွာ ေလထုညစ္ညမ္းမႈတို႔၊ ေျမထုညစ္ညမ္းမႈတုိ႔က အရမ္းအေရးပါပါတယ္။ အဲဒီအထဲမွာ ေက်ာက္မီးေသြးစက္ရံုေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဆႏၵျပေနတာေတြ အမ်ားႀကီးေတြ႔ပါတယ္။ ျပည္သူေတြက မေက်နပ္လုိ႔ သူတုိ႔နယ္ေျမေတြမွာ ေရေတြပ်က္စီးတယ္၊ ေျမေတြပ်က္စီးတယ္။ ေနာက္ေလထုမွာလည္း ညစ္ညမ္းမႈေတြ ျဖစ္တယ္။ ဆိုေတာ့ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုကိုင္တြယ္ေနလဲဆိုတာကို နည္းနည္းသိခ်င္ပါတယ္။

ေျဖ ။ ။ က်ေနာ္တုိ႔ကေတာ့ ဥပေဒျပဳေရးပိုင္းျဖစ္လို႔ အဓိကေတာ့ စံခ်ိန္စံညႊန္းပါ။ အဲဒီေတာ့ ဘယ္လိုစက္ရံုမ်ဳိးပဲ တည္ေထာင္တည္ေထာင္ ေက်ာက္မီးေသြးလည္း အလားတူပဲ - က်ေနာ္တို႔က ေလထုထဲကို ပ်ံ ႔ႏံွ႔မယ့္ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ (CO2) SOX, NOX, ႏိုင္ထရိုဂ်င္ေအာက္ဆိုဒ္ (N2), ကာဘြန္မိုေနာ္ဆိုဒ္ (CO) ေတြ ဘယ္ေလာက္အထိ ထြက္သလဲ။ ဒီ Emission ကို သူတုိ႔ ဘယ္ေလာက္ထိ ထိန္းသိမ္းႏိုင္သလဲ။ ဒါက အခိုးအေငြ႔ ထုတ္လႊတ္တာ။ တၿပိဳင္တည္းမွာ သူ႔ရဲ ႔ျပာ ျဖစ္လာတဲ့အခါမွာ ဒီျပာေတြကလည္း ေဘးအႏၱရာယ္ ျဖစ္ေစေတာ့ ဒီျပာေတြကို ဘယ္လိုထိန္းသိမ္းမလဲေပါ့။ ထိန္းသိမ္းႏုိ္င္မယ့္လူကို က်ေနာ္တို႔က မကန္႔ကြက္ပါဘူး။ က်ေနာ္တို႔က ဥပေဒျပဳေရးဆိုင္ရာအရ ကမာၻ႔စံခ်ိန္စံညႊန္းနဲ႔ ၾကည့္ၿပီးေတာ့ ေကာင္းမြန္ေအာင္ လုပ္ႏိုင္တဲ့လူရိွရင္ ဒီအေပၚမွာ က်ေနာ္တို႔က ထူးထူးျခားျခား ကန္႔ကြက္ဖို႔ မရိွပါဘူး။

ျပည္သူလူထုက ကန္႔ကြက္တယ္ဆိုတာကေတာ့ ဒါကေတာ့ စိုးရိမ္မႈေၾကာင့္ ျဖစ္တာပါ။ ၿပီးခဲ့တဲ့ေခတ္ေတြမွာ ခံခဲ့ရတဲ့ ဆိုးက်ဳိးေတြေၾကာင့္ ေနာက္လာမယ့္လူကို ပြင့္ပြင့္လင္းလင္း ေျပာရရင္ မယံုၾကည္ေတာ့ဘူး။ လြယ္လြယ္နဲ႔ မယံုၾကည္ႏိုင္ဘူးဆိုတဲ့ အေျခအေနမ်ဳိး ျဖစ္တာပါ။ တကယ္တမ္းေတာ့ နည္းပညာေတြက တုိးတက္ေနပါၿပီ။ တကယ္တမ္း ေကာင္းေအာင္လုပ္ႏုိင္တဲ့လူရိွရင္ က်ေနာ္တို႔က ႀကိဳဆိုရမွာ ျဖစ္ၿပီးေတာ့၊ မေကာင္းရင္လဲ ခ်က္ခ်င္းပိတ္သိမ္းၿပီးေတာ့ အေရးယူရမွာ ျဖစ္ပါတယ္။ ဒါကေတာ့ ေရွ ႔အခါအခ်ိန္က အေျခအေနေၾကာင့္ စိုးရိမ္မႈေတြ၊ ပူပန္မႈေတြ ရိွေနတယ္ဆိုတာ မဆန္းပါဘူး။ ျပည္သူလူထုကေတာ့ ဒီအတိုင္းပဲ ရိွမွာပါ။

ေမး ။ ။ ဆိုေတာ့ ဖားကန္႔လို ေနရာမ်ဳိးမွာ အရင္တုန္းက တူးထားတဲ့ လက္ရိွလည္း တူးေနတဲ့ ေျမၿပိဳတာေတြ၊ လူေတြ အသက္အႏၱရာယ္ ထိခိုက္တာေတြ ရိွတယ္။ ဒီဟာေတြ ပ်က္စီးေနတာေတြ၊ သဘာဝေျမအေနအထားေတြ ပ်က္စီးေနတာေတြ - ဒါေတြအတြက္ ျပန္ၿပီးေတာ့ ျပင္ဆင္ျပဳျပင္ဖို႔ ထိန္းသိမ္းဖို႔၊ ျပဳျပင္ဖို႔ ဘယ္အတိုင္းအတာအထိ လုပ္ႏုိင္ပါၿပီလဲ။

ေျဖ ။ ။ အဲဒါလဲ က်ေနာ္တို႔ကေတာ့ ေက်ာက္မ်က္ရတနာကေန အျမတ္ရတဲ့လူေတြကပဲ ျပန္လုပ္ေပးရမွာေပါ့။ တကယ့္သေဘာသဘာအရေတာ့။ ေနာက္တခါ အျမတ္ရခဲ့တဲ့ လူေတြဆိုတဲ့ေနရာမွာ လုပ္ငန္းရွင္ပါသလို၊ ႏိုင္ငံေတာ္လည္း ပါပါတယ္။ သူတုိ႔လုပ္ဖို႔အတြက္ကို က်ေနာ္တို႔က အခုေလာေလာဆယ္ေတာ့ ေကာ္မတီတခုျဖစ္ဖို႔ လုပ္ငန္းရွင္ေတြနဲ႔ သဘာဝပတ္ဝန္းက်င္ ျပန္ထိန္းသိမ္းဖို႔နဲ႔ ျပန္လည္ထူေထာင္ဖို႔အပိုင္းကို က်ေနာ္တို႔ သြားၿပီးေတာ့ ဦးစားေပးၿပီး တိုက္တြန္းေနပါတယ္။ ဒါကလဲ မၾကာခင္ ျဖစ္လာလိမ့္မယ္လို႔ ယံုၾကည္ပါတယ္။ အဲဒါဆိုရင္ သူတုိ႔ကိုယ္တိုင္လဲ တခ်ဳိ ႔ကလဲ တကယ္လဲလုပ္ခ်င္ၾကတယ္။ အထူးသျဖင့္ ဥရုေခ်ာင္းဆိုရင္ ေရကတျဖည္းျဖည္းနဲ႔ တိမ္ေကာလာတယ္။ အဲဒီအခါမွာ ဒါကိုတူးေဖာ္တာ - ပံုမွန္တူးေဖာ္ေနတာနဲ႔ မရပါဘူး။ Scientific Assessment ေသခ်ာေလ့လာၿပီးေတာ့မွ ဘယ္လိုနည္းလမ္းနဲ႔ ထိန္းသိမ္းမလဲ။ ဘယ္လိုကာကြယ္မလဲ။ ေျမထိန္းနံရံေတြ ဘယ္လိုတည္ေဆာက္မလဲ။ ဒါမ်ုိးေတြကိုပါ စဥ္းစားၿပီးေတာ့ ေဆာင္ရြက္ရမွာမို႔ ဒါကေတာ့ နည္းနည္းၾကာမယ့္ လုပ္ငန္းတခုလည္း ျဖစ္ပါတယ္။

ေမး ။ ။ အစပ်ဳိတာေတာ့ လုပ္ေနၿပီေပါ့။ ဆိုေတာ့ သဘာဝပတ္ဝန္းက်င္ ျပႆနာေတြထဲမွာ အဓိက အမိႈက္ျပႆနာက အဓိကေတြ႔ရပါတယ္။ ဆိုေတာ့ အမိႈက္ျပႆနာနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာတႏိုင္ငံလံုးနဲ႔ ၿခံဳၿပီးေတာ့ ဘယ္လိုဥပေဒမ်ား ခ်ထားေပးလဲ။ ဒီလိုမ်ဳိး အမိႈက္ကို ထိန္းသိမ္းႏိုင္ေအာင္ ဘာေတြမ်ား လုပ္ေနပါလဲ။

ေျဖ ။ ။ ေလာေလာဆယ္ အမႈိက္နဲ႔ ပတ္သက္ၿပီးေတာ့ Waste Disposal အားလံုးနဲ႔ ပတ္သက္တဲ့ ဥပေဒတခု၊ ၿခံဳငံုတဲ့ဥပေဒတခုကို ေရးဆြဲေနပါတယ္။ သက္ဆိုင္ရာဝန္ႀကီးဌာနနဲ႔ ပူးေပါင္းၿပီးေတာ့ - အဲဒီဥပေဒ ျဖစ္လာရင္ေတာ့ ပိုၿပီးေတာ့ ထိေရာက္တဲ့ အေရးယူေဆာင္ရြက္မႈေတြ ျဖစ္လာမွာပါ။ အမိႈက္နဲ႔ပတ္သက္ၿပီး ေတာက္ေလွ်ာက္ ျမန္မာႏိုင္ငံမွာ စဥ္းစားခဲ့တာက စည္ပင္သာယာ Municipal ရႈေထာင့္နဲ႔ပဲ စဥ္းစားၾကတယ္။ ပတ္ဝန္းက်င္ထိန္္းသိမ္းေရး ရႈေထာင့္ကေန စဥ္းစားခဲ့တာ နည္းပါတယ္။ အခုမွ ပတ္ဝန္းက်င္ထိန္းသိမ္းေရး ရႈေထာင့္ကေန အမိႈက္ေတြကို ဘယ္လိုထိန္းသိမ္းမလဲ။ ဘယ္လို သူ႔အေပၚမွာ Conserve လုပ္မလဲဆိုတာကို က်ေနာ္တို႔ စတင္ျပင္ဆင္လွ်က္ ရိွပါတယ္။

ေမး ။ ။ ဆိုေတာ့ အတိုင္းအတာ အခုမွစတယ္ဆိုတဲ့ သေဘာေပါ့။ ဘာမွ အေကာင္အထည္ မေဖာ္ႏိုင္ေသးဘူးေပါ့။ ဆိုေတာ့ အမိႈက္မွာမွ အဓိက တကမာၻလံုးမွာ ျပႆနာ ျဖစ္ေနတာက ပလက္စတစ္ ျပႆနာ။ ဒီျပႆနာနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္အတိုင္းအတာအထိ ကိုင္တြယ္ႏိုင္ပါၿပီလဲ။

ေျဖ ။ ။ က်ေနာ္တို႔ကေတာ့ ဥပေဒျပဳေရး ရႈေထာင့္နဲ႔ တဘက္က လူထုကို ပညာေပးတဲ့ရႈေထာင့္။ အဲဒီေတာ့ ၂၀၀၈ ခုႏွစ္က ကမာၻ႔ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ေဆာင္ပုဒ္ကလည္း Plastic Pollution ကို တိုက္ခိုက္ဖို႔၊ ထိန္းသိမ္းဖို႔အတြက္ကို ဦးစားေပးခဲ့တာဆိုေတာ့ အဲဒီအခ်ိန္မွာ က်ေနာ္ လႊတ္ေတာ္ထဲမွာလည္း ကိုယ္တိုင္ပဲ ပညာေပးေဟာေျပာပြဲေတြ လုပ္ပါတယ္။ ေနာက္တခါ ဒါနဲ႔ပတ္သက္ၿပီး Panel Discussion နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက သက္ဆိုင္ရာ ကိုယ့္ၿမိဳ ႔နယ္ကိုယ္ျပန္ၿပီး ဒါကို ျပန္လည္ရွင္းလင္းျပႏုိင္ေအာင္ ျပန္ၿပီးထိန္းေက်ာင္းႏိုင္ေအာင္ ဆိုၿပီးေတာ့ လံႈေဆာ္ေပးတာေတြ ရိွပါတယ္။ အဲဒီမွာ ျပည္သူ႔လႊတ္ေတာ္၊ အမ်ဳိးသားလႊတ္ေတာ္ ပူးေပါင္းၿပီးေတာ့ ေဆာင္ရြက္ခဲ့တယ္။ တျခားလဲ သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ဖိတ္ၾကားလို႔ရိွရင္ေတာ့ က်ေနာ္တုိ႔သြားၿပီးေတာ့ ေဟာေျပာေပးတာ၊ ပညာေပးအပိုင္းေတာ့ လုပ္ပါတယ္။

အေရးႀကီးတာက ပလက္စတစ္ကို က်ေနာ္တုိိ႔ ရွင္းလင္းဖို႔အတြက္ ပလက္စတစ္အမိႈက္ကို ေလွ်ာ့ခ်မယ္ဆိုရင္ အစားထိုးပစၥည္းေတြ။ အခုနေျပာသလို အဝတ္အိတ္ကို အၿမဲတမ္း ေစ်းဆုိိင္ကိုသြားရင္ အိတ္ကိုယူသြားၿပီးေတာ့မွ ထည့္ယူတာ။ တနည္းအားျဖင့္ ပလက္စတစ္ကို မသံုးဘဲနဲ႔၊ မသံုးဘဲေနႏိုင္ေအာင္ ေဆာင္ရြက္တာမ်ဳိိး။ အျခားအစားထိုး တခ်ိန္တုန္းကဆိုရင္ ျမန္မာလူမ်ဳိးေတြက စားစရာေသာက္စရာ ဝယ္ယူလို႔ရိွရင္ ဖတ္နဲ႔ထုတ္ယူတယ္။ ဒီလိုနည္းလမ္းက ဖတ္ကိုလႊင့္ပစ္လိုက္ရင္ စည္ပင္သာယာသေဘာအရ အမိႈက္ပစ္တာမွန္ေပမယ့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးသေဘာအရေတာ့ သူက ပ်က္စီးလြယ္တဲ့ ပစၥည္းျဖစ္တယ္။ Organic ပစၥည္းျဖစ္တဲ့အခါၾကေတာ့ ျပႆနာက အမ်ားႀကီးနည္းပါတယ္။ ဒါေပမဲ့ အဲဒါက အလားတူ ဘာျဖစ္လဲဆိုေတာ့ သစ္ပင္ေတြ ထိခိုက္မႈေတြ တျပန္ျပန္ျဖစ္လာႏိုင္တယ္။

ေနာက္တခါ ရိွၿပီးသာ သံုးၿပီးသာ ပလက္စတစ္အမိႈက္ကို က်ေနာ္တို႔က ဘယ္လိုဖ်က္ဆီးမလဲဆိုတဲ့အခါမွာ သူကို Landfill ေျမအစားထိုးဖို႔တဲ့နည္းနဲ႔ ထိန္းသိမ္းတဲ့နည္းလမ္းကေတာ့ တခါဘာျဖစ္ျပန္လဲဆိုေတာ့ ေျမေအာက္ေရ စီးဆင္းသြားလာမႈကို ေျမဆီလႊာထိခိုက္ Pollution လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တုိ႔က အေကာင္းဆံုးနည္းလမ္းတခုအေနနဲ႔ စဥ္းစားတာကေတာ့ Waste to Energy သူကို မီးရိႈ ႔ၿပီးေတာ့ ေလာင္ၿမိဳက္တဲ့စြမ္းအင္နဲ႔ လွ်ပ္စစ္ဓါတ္အားလည္းရေအာင္ဆိုတဲ့ နည္းလမ္းကိုလည္း က်ေနာ္တို႔ စဥ္းစားခဲ့ပါတယ္။ အဲဒီအတြက္လဲ ႏုိင္ငံတကာအဖြဲ႔အစည္းေတြနဲ႔လည္း တိုင္ပင္ေဆြးေႏြးတယ္။ တခ်ဳိ ႔ႏိုင္ငံေတြလည္း သြားေရာက္ေလ့လာတယ္။ သက္ဆိုင္ရာ ၿမိဳ ႔ေတာ္စည္ပင္ေတြ၊ ရန္ကုန္နဲ႔ မႏၱေလး အဓိကေပါ့။ သူတို႔ကိုလည္း ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ ျဖစ္ႏိုင္ရင္ Waste to Energy Plants ေတြ ျဖစ္လာေအာင္ဆိုတဲ့ တိုက္တြန္းမႈေတြလည္း ရိွပါတယ္။ တခါတရံ စဥ္းစားမိတာက အဲဒီလို လုပ္ျပန္ရင္လဲ တခါဘာျဖစ္မလဲဆိုေတာ့ မီးရိႈ ႔တဲ့အတြက္ေၾကာင့္မို႔ ျဖစ္လာတဲ့ဂတ္စ္ေတြက Pollution ဘယ္ေလာက္ ျဖစ္လာႏိုင္သလဲဆိုတာကို စဥ္းစားရပါတယ္။ ဆုိေတာ့ ဘက္ေပါင္းစံုနဲ႔ စဥ္းစားၿပီးေတာ့ ပလက္စတစ္ေၾကာင့္ျဖစ္မယ့္ အညစ္အေၾကးကို ေလွ်ာ့ခ်ဖို႔အတြက္ စဥ္းစားေနခဲ့တာ ရိွပါတယ္။

ေမး ။ ။ ဘယ္အတိုင္းအတာအထိ လုပ္ႏိုင္ပါၿပီလဲ။

ေျဖ ။ ။ အခုထိေတာ့ Implementation လက္ေတြ႔လုပ္တဲ့ေနရာမွာ ရန္ကုန္ၿမိဳ ႔ဆိုရင္ ထိန္းပင္အမိႈက္ပံုမွာေတာ့ အမိႈက္ကို ေခ်ဖ်က္ဖို႔အတြက္ စက္ရံုေတြကို စလုပ္ဖို႔ လႊတ္ေတာ္မွာပဲ ႏိုင္ငံတကာေခ်းေငြေတြနဲ႔ ရယူၿပီးေတာ့ နည္းပညာကိုလည္း ရယူၿပီးေတာ့လုပ္ဖို႔ ျပင္ဆင္ေနတာ ရိွပါတယ္။ ဒါက မၾကာခင္ ျဖစ္လာမွာပါ။ အခုနေျပာတဲ့ Energy ထုတ္ႏုိင္တဲ့အဆင့္ကေတာ့ အခုထိ မေရာက္ေသးပါဘူး။ ဒီလုပ္ငန္းစဥ္ကလဲ လႊတ္ေတာ္နဲ႔ အစိုးရနဲ႔ ပူးေပါင္းေဆာင္ရြက္ရတဲ့ လုပ္ငန္းစဥ္ကလဲ နည္းနည္းေလးေတာ့ ေႏွးေကြးတာေလးေတြ ရိွပါတယ္။ က်ေနာ္ဆိုရင္ ဒီအလုပ္ကို လုပ္ေနတာ (၂) ႏွစ္ခြဲေလာက္ ရိွေနေပမယ့္ ဒီေန႔အထိ ျဖစ္ေပၚတိုးတက္လာတာေတြ နည္းေတာ့နည္းေသးတယ္။ အမွန္အတိုင္း ဝန္ခံတာပါ။

ေမး ။ ။ ဒီအစိုးရလက္ထက္မွာ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးမွာ ဘယ္အပိုင္းက႑မွာ အေအာင္ျမင္ဆံုး ျဖစ္တယ္လုိ႔ ယူဆပါလဲ။ ေနာက္ၿပီးေတာ့ ဘယ္အပိုင္းက႑ကေတာ့ မကိုင္တြယ္ႏိုင္ေသးဘူးလုိ႔ သတ္မွတ္ပါလဲ။

ေျဖ ။ ။ က်ေနာ္တုိ႔ လႊတ္ေတာ္ေကာ္မတီအေနနဲ႔ ၾကည့္ရႈရတာကေတာ့ အၾကမ္းမ်ဥ္း (၃) က႑ - သတၱဳက႑၊ သစ္ေတာက႑ နဲ႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးက႑ေတြပါ။ အဲဒီေတာ့ သစ္ေတာက႑ကေတာ့ အေအာင္ျမင္ဆံုးလို႔ ေျပာရမွာပါ။ လက္ေတြ႔က်က်နဲ႔ လုပ္ႏိုင္တယ္။ အခုဆိုရင္ လူေတြျမင္ေနတာက သစ္ခိုးဖမ္းတာေတြ၊ ထုတ္တာေတြကို ျမင္ေနတယ္။ တကယ္တမ္းက ဒါက တခ်ိန္တုန္းက ႏွစ္ေပါင္းမ်ားစြာ ခိုးထုတ္ေနတာ။ က်ေနာ္တုိ႔လက္ထက္မွာ အမ်ားႀကီးဖမ္းႏိုင္ခဲ့ေတာ့ ဖမ္းတာေတြကိုျမင္ေတာ့ သစ္ေတြခုိးေနတာလို႔ ျမင္တာေပါ့။ အမွန္တကယ္ေတာ့ ေတာ္ေတာ္ေလး ထိန္းသိမ္းဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေတာင္မွ နည္းပညာေတြက ျမွင့္လာေတာ့ chainsaw လို လက္နက္ကရိယာမ်ဳိးနဲ႔ ထိုးျဖတ္လိုက္ရင္ သစ္ကလြယ္လြယ္ေလးနဲ႔ ပါသြားပါတယ္။ ဒါကို က်ေနာ္တို႔က ထိန္းသိမ္းဖို႔၊ ေစာင့္ေရွာက္ဖို႔ လုပ္ရပါတယ္။ တခါ စိုက္ပ်ဳိးေရးလည္း လုပ္ႏိုင္ခဲ့တယ္။ တခါ အခုနေျပာတဲ့ ဇီဝမ်ဳိးစံုမ်ဳိးကြဲနဲ႔ သားငယ္ထိန္းသိမ္းေရးနဲ႔ သဘာဝနယ္ေျမေတြ တည္ေထာင္ေရးကိုလည္း က်ေနာ္တိုိ႔ေတြ တုိးခ်ဲ ႔ၿပီးလုပ္ႏိုင္ပါတယ္။

ဒုတိယနဲ႔ တတိယေျပာရင္ သတၱဳနဲ႔ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးက႑မွာေတာ့ က်ေနာ္တို႔ ေတာ္ေတာ္ေလး ခက္ခက္ခဲခဲေတာ့ ရိွပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တျခားအေၾကာင္းတခုက ဘာလဲဆိုေတာ့ သတၱဳေတြ၊ ရတနာေတြ နယ္ေျမေတြက ၿငိမ္းခ်မ္းေရးအရလည္း မျပည့္စံု မရေသးတာလည္းပါတယ္။ ေနာက္တခါ သယံဇာတ ခြဲေဝေရးအတြက္ မူဝါဒ - ဖယ္ဒရယ္ျပည္ေထာင္စုကို သြားတဲ့အခ်ိန္မွာ ျပတ္ျပတ္သားသား မရိွေသးတာေၾကာင့္လဲပါတယ္။ အဲဒီအပိုင္းမွာ နည္းနည္းေလး ေႏွးေတာ့ေႏွးေနပါေသးတယ္။ အတတ္ႏုိင္ဆံုးေတာ့ ႀကိဳးစားၿပီးေတာ့ လုပ္ေနတာေတြ ရိွပါတယ္။

==Unicode==

သဘာဝသယံဇာတ ပေါကြွယ်တဲ့ မြန်မာနိုင်ငံရဲ့ အရင်းအမြစ်တွေနဲ့ သဘာဝဝန်းကျင်အတွက် လက်ရှိ NLD အစိုးရ ဘာတွေလုပ်ဆောင်နေပါသလဲ။ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်း ကို ဒေါ်ခင်မျိုးသက် က ရန်ကုန်မြို့ VOA Studio မှာ မေးမြန်းထားပါတယ်။

မေး ။ ။ အခုလို VOA ကို လာရောက်ပြီးတော့ ဖြေကြားပေးတဲ့အတွက် ဦးစိုးသူရထွန်းကို အများကြီးကျေးဇူးတင်ပါတယ်။ ဦးစိုးသူရထွန်းက သယံဇာတနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မလာခင်၊ သယံဇာတနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ ဒီအစိုးရသက်တမ်းအတွင်းမှာ လုပ်နေလဲ။ အခုဆို အစိုးရသက်တမ်းလည်း ကုန်ဆုံးတော့မယ်။ လေးနှစ်တာကာလအတွင်းမှာ ဘာတွေလုပ်နိုင်ခဲ့သလဲဆိုတာကို နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ ကျနော်တို့ လွှတ်တော်အနေနဲ့ကတော့ နှစ်ပိုင်းပေါ့။ တဘက်က ကျနော်တို့က စောင့်ကြည့်ထိန်းမတ်ခြင်း - Oversight လုပ်ရတဲ့ တာဝန်ရှိပါတယ်။ နောက်တခုကတော့ အဓိကတာဝန်ဖြစ်တဲ့ legislative ဥပဒေပြုရေး တာဝန်ပါ။ သယံဇာတကဏ္ဍဆိုရင်တော့ သိသိသာသာ ထင်ထင်ရှားရှာဆိုရင်တော့ သတ္တုတွင်းနည်းဥပဒေကို ပြန်ပြီးတော့ ပြင်ဆင်ပြီးတော့ အတည်ပြုပေးနိုင်ခဲ့တာ ရှိပါတယ်။ နောက်တခါ မြန်မာ့ကျောက်မျက်ရတနာဥပဒေကိုလည်း ခေတ်နဲ့လျော်ညီအောင် ပြန်လည်ပြင်ဆင်ပြီးတော့ ရေးဆွဲထားတာ ရှိပါတယ်။ နောက်တကဏ္ဍအနေနဲ့ သစ်တောဥပဒေကိုလည်း အသစ်ပြင်ဆင်ပြီးတော့ ပြဌာန်းခဲ့တာလည်း ရှိပါတယ်။ ဒါကတော့ ဥပဒေပြုရေးကဏ္ဍဘက်က ကျနော်တို့ လုပ်နိုင်ခဲ့တာပါ။

နောက်တခါ စောင့်ကြည့်ထိန်းမတ်တဲ့အပိုင်းကတော့ နည်းနည်းများပါတယ်။ ဒါကတော့ ပြည်သူလူထုကနေ ဖြစ်ပေါ်လာတဲ့ တိုင်စာတွေ၊ အကြံပြုစာတွေပေါ်မှာ ကြည့်ပြီးတော့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီးတော့ ဒါကို တည့်မတ်ပေးခဲ့ရတာတွေလည်း ရှိပါတယ်။ နောက်တခါ တခြားသတင်းမီဒီယာတွေကအစ ကျန်တဲ့နေရာတွေ sectors တွေကနေ ရရှိလာတဲ့ အချက်အလက်တွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို - ဥပမာ ကျနော်တို့နဲ့ တိုက်ရိုက်ဆိုင်တာကတော့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနပါ။

ဒါပေမဲ့လဲ တခြားဌာနတွေရဲ့ အကူအညီကိုလည်း ရယူပြီးတော့၊ ဆိုပါတော့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကနေ ဒီရေအရင်းအမြစ်တွေ၊ မြစ်ချောင်းတွေရဲ့ ပြဿနာတွေကို ဖြေရှင်းရတာတွေလည်း ရှိတယ်။ နောက်တခါ တချို့နေရာတွေကြရင် ကာကွယ်ရေးတို့၊ ပြည်ထဲရေးတို့ရဲ့ အကူအညီကိုပါယူပြီးတော့ ပြည်သူလူထု မထိခိုက်အောင် သယံဇာတထုတ်ဖော်ရေးကြောင့် တခြားပြဿနာတွေ မဖြစ်လာအောင်ဆိုတာမျိုးတွေကို ထိန်းကြောင်းရတာတွေ ရှိပါတယ်။

မေး ။ ။ အားလုံးဆက်နွှယ်နေတာပေါ့။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကတော့ နည်းနည်းတော့ ကျယ်ပြန့်ပေမယ့် အခု လုပ်နိုင်တဲ့ အတိုင်းအတာ ဘယ်လောက်ထိများ လုပ်နိုင်ပါသလဲ။

ဖြေ ။ ။ နှစ်မျိုးပါပဲ - ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ မူရင်း ကမ္ဘာကြီးပူနွေးလာတာနဲ့ ပတ်သက်ပြီးတော့ Global Climate Change ကို ကျနော်တို့ စဉ်းစားတဲ့အတွက်ကြောင့်မို့ ကျနော်တို့ဘက်က Party Commitment လည်းရှိတဲ့အခါမှာ သဘာဝထိန်းသိမ်းရေး နယ်မြေတွေကို တိုးချဲ့ပြီး တည်ထောင်တဲ့အခါမှာ အရင်တုန်းက ရှိခဲ့တဲ့ နယ်မြေတွေကို တချိန်တုန်းကတော့ ဥပမာဆိုပါတော့ နမူနာပြောရရင် ခါကာဘိုရာဇီ သဘာဝထိန်းသိမ်းရေးနယ်မြေဆိုရင် အဲဒီခေတ်၊ အဲဒီအခါအရ တည်ထောင်သာ တည်ထောင်ခဲ့တယ် ဒေသခံပြည်သူတွေအတွက်ကို သူတို့သိပ်မစဉ်းစားနိုင်ခဲ့ဘူး။ ပြည်သူတွေမှာ အကျပ်အတည်း၊ အခက်အခဲတွေ တွေ့ရတယ်။ သူတို့မှာ တသက်လုံးနေခဲ့တဲ့ တောတောင်တွေမှာ သွားလို့မရဘူးဆိုတာမျိုး ပြဿနာတွေ ရှိပါတယ်။

ကျနော်တို့အလှည့်မှာ ဒါကို ဥပဒေပြု ပြန်လည်ပြဌာန်းတဲ့အခါမှာ အရင်တုန်းက သဘာဝနယ်မြေများ ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေကို ဇီဝမျိုးစုံမျိုးကွဲများနဲ့ သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအနေနဲ့ ပြဌာန်းလိုက်တဲ့အခါမှာ ဒေသခံပြည်သူတွေကိုယ်တိုင် ထိန်းသိမ်းနိုင်တဲ့ သစ်တောတွေ၊ သူတို့ရဲ့ ပိုင်ရာဆိုင်ရာဆိုင်ခွင့် သူတို့ တောင်ယာတွေ စိုက်နိုင်ဖို့၊ သားရဲတိရစ္ဆာန်ကို သူတို့လိုအပ်သလို သူတို့အစီအစဉ်နဲ့ ထုတ်ယူစားသုံးနိုင်ဖို့အတွက် နေရာလေးတွေ ချန်ထားပြီးတော့မှ တကယ်ထိန်းသိမ်းရမယ့် Core Zone ကိုပဲ ထိန်းသိမ်းတဲ့ သဘောမျိုးတွေ လုပ်ခဲ့ပါတယ်။ ဒါက ထိန်းသိမ်းရေးအပိုင်းပါ။

အဲဒီလိုနယ်မြေတွေကို တိုးချဲ့တည်ထောင်ပြီးတော့ မြန်မာနိုင်ငံတဝှမ်းမှာ ဟိုအထက် ခါကာဘိုရာဇီကနေ တောင်ဘက် လန်ပိကျွန်းအဏ္ဍဝါ အမျိုးသားဥယျာဉ်အထိ တိုးချဲ့တည်ထောင်တာတွေ ရှိတယ်။ အဲဒီလိုလုပ်တဲ့အခါမှာလဲ Executive အလုပ်လုပ်ရတဲ့ ဝန်ကြီးဌာနအနေနဲ့ ဝန်ထမ်းနဲ့ ရန်ပုံငွေ အားနည်းချက်တွေ ရှိမှာဆိုတဲ့အတွက် ကျနော်တို့လွှတ်တော်က ဒါကိုဘတ်ဂျက်တွေ ချပေးပြီးတော့ ထူထောင်ပေးရတာတွေလည်း ရှိပါတယ်။ ဒါကတော့ ထိန်းသိမ်းတဲ့အပိုင်းပါ။

နောက်တပိုင်းကတော့ စီမံခန့်ခွဲမှုအပိုင်းပါ။ ဒါကတော့ အခုနပြောတဲ့ သတ္တုတွင်းမှာဖြစ်ဖြစ်၊ စက်ရုံအလုပ်ရုံတွေပဲဖြစ်ဖြစ် စီမံကိန်းတွေကလုပ်တော့ လုပ်လည်းလုပ်ရမယ်၊ ဒါမှလဲ လူအများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဖြစ်လာမယ်။ တဘက်ကလဲ အဲဒီလိုလုပ်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကို စီမံချက်တွေ ချပေးပြီးတော့ ဝိုင်းပြီးတော့၊ အပြန်အလှန် ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပါတယ်။

မေး ။ ။ ဆိုတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ လေထုညစ်ညမ်းမှုတို့၊ မြေထုညစ်ညမ်းမှုတို့က အရမ်းအရေးပါပါတယ်။ အဲဒီအထဲမှာ ကျောက်မီးသွေးစက်ရုံတွေနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြနေတာတွေ အများကြီးတွေ့ပါတယ်။ ပြည်သူတွေက မကျေနပ်လို့ သူတို့နယ်မြေတွေမှာ ရေတွေပျက်စီးတယ်၊ မြေတွေပျက်စီးတယ်။ နောက်လေထုမှာလည်း ညစ်ညမ်းမှုတွေ ဖြစ်တယ်။ ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကိုင်တွယ်နေလဲဆိုတာကို နည်းနည်းသိချင်ပါတယ်။

ဖြေ ။ ။ ကျနော်တို့ကတော့ ဥပဒေပြုရေးပိုင်းဖြစ်လို့ အဓိကတော့ စံချိန်စံညွှန်းပါ။ အဲဒီတော့ ဘယ်လိုစက်ရုံမျိုးပဲ တည်ထောင်တည်ထောင် ကျောက်မီးသွေးလည်း အလားတူပဲ - ကျနော်တို့က လေထုထဲကို ပျံ့နံှ့မယ့် ကာဘွန်ဒိုင်အောက်ဆိုဒ် (CO2) SOX, NOX, နိုင်ထရိုဂျင်အောက်ဆိုဒ် (N2), ကာဘွန်မိုနော်ဆိုဒ် (CO) တွေ ဘယ်လောက်အထိ ထွက်သလဲ။ ဒီ Emission ကို သူတို့ ဘယ်လောက်ထိ ထိန်းသိမ်းနိုင်သလဲ။ ဒါက အခိုးအငွေ့ ထုတ်လွှတ်တာ။ တပြိုင်တည်းမှာ သူ့ရဲ့ပြာ ဖြစ်လာတဲ့အခါမှာ ဒီပြာတွေကလည်း ဘေးအန္တရာယ် ဖြစ်စေတော့ ဒီပြာတွေကို ဘယ်လိုထိန်းသိမ်းမလဲပေါ့။ ထိန်းသိမ်းနိုင်မယ့်လူကို ကျနော်တို့က မကန့်ကွက်ပါဘူး။ ကျနော်တို့က ဥပဒေပြုရေးဆိုင်ရာအရ ကမ္ဘာ့စံချိန်စံညွှန်းနဲ့ ကြည့်ပြီးတော့ ကောင်းမွန်အောင် လုပ်နိုင်တဲ့လူရှိရင် ဒီအပေါ်မှာ ကျနော်တို့က ထူးထူးခြားခြား ကန့်ကွက်ဖို့ မရှိပါဘူး။

ပြည်သူလူထုက ကန့်ကွက်တယ်ဆိုတာကတော့ ဒါကတော့ စိုးရိမ်မှုကြောင့် ဖြစ်တာပါ။ ပြီးခဲ့တဲ့ခေတ်တွေမှာ ခံခဲ့ရတဲ့ ဆိုးကျိုးတွေကြောင့် နောက်လာမယ့်လူကို ပွင့်ပွင့်လင်းလင်း ပြောရရင် မယုံကြည်တော့ဘူး။ လွယ်လွယ်နဲ့ မယုံကြည်နိုင်ဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်တာပါ။ တကယ်တမ်းတော့ နည်းပညာတွေက တိုးတက်နေပါပြီ။ တကယ်တမ်း ကောင်းအောင်လုပ်နိုင်တဲ့လူရှိရင် ကျနော်တို့က ကြိုဆိုရမှာ ဖြစ်ပြီးတော့၊ မကောင်းရင်လဲ ချက်ချင်းပိတ်သိမ်းပြီးတော့ အရေးယူရမှာ ဖြစ်ပါတယ်။ ဒါကတော့ ရှေ့အခါအချိန်က အခြေအနေကြောင့် စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ ရှိနေတယ်ဆိုတာ မဆန်းပါဘူး။ ပြည်သူလူထုကတော့ ဒီအတိုင်းပဲ ရှိမှာပါ။

မေး ။ ။ ဆိုတော့ ဖားကန့်လို နေရာမျိုးမှာ အရင်တုန်းက တူးထားတဲ့ လက်ရှိလည်း တူးနေတဲ့ မြေပြိုတာတွေ၊ လူတွေ အသက်အန္တရာယ် ထိခိုက်တာတွေ ရှိတယ်။ ဒီဟာတွေ ပျက်စီးနေတာတွေ၊ သဘာဝမြေအနေအထားတွေ ပျက်စီးနေတာတွေ - ဒါတွေအတွက် ပြန်ပြီးတော့ ပြင်ဆင်ပြုပြင်ဖို့ ထိန်းသိမ်းဖို့၊ ပြုပြင်ဖို့ ဘယ်အတိုင်းအတာအထိ လုပ်နိုင်ပါပြီလဲ။

ဖြေ ။ ။ အဲဒါလဲ ကျနော်တို့ကတော့ ကျောက်မျက်ရတနာကနေ အမြတ်ရတဲ့လူတွေကပဲ ပြန်လုပ်ပေးရမှာပေါ့။ တကယ့်သဘောသဘာအရတော့။ နောက်တခါ အမြတ်ရခဲ့တဲ့ လူတွေဆိုတဲ့နေရာမှာ လုပ်ငန်းရှင်ပါသလို၊ နိုင်ငံတော်လည်း ပါပါတယ်။ သူတို့လုပ်ဖို့အတွက်ကို ကျနော်တို့က အခုလောလောဆယ်တော့ ကော်မတီတခုဖြစ်ဖို့ လုပ်ငန်းရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင် ပြန်ထိန်းသိမ်းဖို့နဲ့ ပြန်လည်ထူထောင်ဖို့အပိုင်းကို ကျနော်တို့ သွားပြီးတော့ ဦးစားပေးပြီး တိုက်တွန်းနေပါတယ်။ ဒါကလဲ မကြာခင် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲဒါဆိုရင် သူတို့ကိုယ်တိုင်လဲ တချို့ကလဲ တကယ်လဲလုပ်ချင်ကြတယ်။ အထူးသဖြင့် ဥရုချောင်းဆိုရင် ရေကတဖြည်းဖြည်းနဲ့ တိမ်ကောလာတယ်။ အဲဒီအခါမှာ ဒါကိုတူးဖော်တာ - ပုံမှန်တူးဖော်နေတာနဲ့ မရပါဘူး။ Scientific Assessment သေချာလေ့လာပြီးတော့မှ ဘယ်လိုနည်းလမ်းနဲ့ ထိန်းသိမ်းမလဲ။ ဘယ်လိုကာကွယ်မလဲ။ မြေထိန်းနံရံတွေ ဘယ်လိုတည်ဆောက်မလဲ။ ဒါမျိုးတွေကိုပါ စဉ်းစားပြီးတော့ ဆောင်ရွက်ရမှာမို့ ဒါကတော့ နည်းနည်းကြာမယ့် လုပ်ငန်းတခုလည်း ဖြစ်ပါတယ်။

မေး ။ ။ အစပျိုတာတော့ လုပ်နေပြီပေါ့။ ဆိုတော့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေထဲမှာ အဓိက အမှိုက်ပြဿနာက အဓိကတွေ့ရပါတယ်။ ဆိုတော့ အမှိုက်ပြဿနာနဲ့ ပတ်သက်ပြီးတော့ မြန်မာတနိုင်ငံလုံးနဲ့ ခြုံပြီးတော့ ဘယ်လိုဥပဒေများ ချထားပေးလဲ။ ဒီလိုမျိုး အမှိုက်ကို ထိန်းသိမ်းနိုင်အောင် ဘာတွေများ လုပ်နေပါလဲ။

ဖြေ ။ ။ လောလောဆယ် အမှိုက်နဲ့ ပတ်သက်ပြီးတော့ Waste Disposal အားလုံးနဲ့ ပတ်သက်တဲ့ ဥပဒေတခု၊ ခြုံငုံတဲ့ဥပဒေတခုကို ရေးဆွဲနေပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ - အဲဒီဥပဒေ ဖြစ်လာရင်တော့ ပိုပြီးတော့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာမှာပါ။ အမှိုက်နဲ့ပတ်သက်ပြီး တောက်လျှောက် မြန်မာနိုင်ငံမှာ စဉ်းစားခဲ့တာက စည်ပင်သာယာ Municipal ရှုထောင့်နဲ့ပဲ စဉ်းစားကြတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှုထောင့်ကနေ စဉ်းစားခဲ့တာ နည်းပါတယ်။ အခုမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှုထောင့်ကနေ အမှိုက်တွေကို ဘယ်လိုထိန်းသိမ်းမလဲ။ ဘယ်လို သူ့အပေါ်မှာ Conserve လုပ်မလဲဆိုတာကို ကျနော်တို့ စတင်ပြင်ဆင်လျှက် ရှိပါတယ်။

မေး ။ ။ ဆိုတော့ အတိုင်းအတာ အခုမှစတယ်ဆိုတဲ့ သဘောပေါ့။ ဘာမှ အကောင်အထည် မဖော်နိုင်သေးဘူးပေါ့။ ဆိုတော့ အမှိုက်မှာမှ အဓိက တကမ္ဘာလုံးမှာ ပြဿနာ ဖြစ်နေတာက ပလက်စတစ် ပြဿနာ။ ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ ဘယ်အတိုင်းအတာအထိ ကိုင်တွယ်နိုင်ပါပြီလဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ ဥပဒေပြုရေး ရှုထောင့်နဲ့ တဘက်က လူထုကို ပညာပေးတဲ့ရှုထောင့်။ အဲဒီတော့ ၂၀၀၈ ခုနှစ်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ပုဒ်ကလည်း Plastic Pollution ကို တိုက်ခိုက်ဖို့၊ ထိန်းသိမ်းဖို့အတွက်ကို ဦးစားပေးခဲ့တာဆိုတော့ အဲဒီအချိန်မှာ ကျနော် လွှတ်တော်ထဲမှာလည်း ကိုယ်တိုင်ပဲ ပညာပေးဟောပြောပွဲတွေ လုပ်ပါတယ်။ နောက်တခါ ဒါနဲ့ပတ်သက်ပြီး Panel Discussion နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ ကိုယ့်မြို့နယ်ကိုယ်ပြန်ပြီး ဒါကို ပြန်လည်ရှင်းလင်းပြနိုင်အောင် ပြန်ပြီးထိန်းကျောင်းနိုင်အောင် ဆိုပြီးတော့ လှုံဆော်ပေးတာတွေ ရှိပါတယ်။ အဲဒီမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တယ်။ တခြားလဲ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက ဖိတ်ကြားလို့ရှိရင်တော့ ကျနော်တို့သွားပြီးတော့ ဟောပြောပေးတာ၊ ပညာပေးအပိုင်းတော့ လုပ်ပါတယ်။

အရေးကြီးတာက ပလက်စတစ်ကို ကျနော်တို့ ရှင်းလင်းဖို့အတွက် ပလက်စတစ်အမှိုက်ကို လျှော့ချမယ်ဆိုရင် အစားထိုးပစ္စည်းတွေ။ အခုနပြောသလို အဝတ်အိတ်ကို အမြဲတမ်း ဈေးဆိုင်ကိုသွားရင် အိတ်ကိုယူသွားပြီးတော့မှ ထည့်ယူတာ။ တနည်းအားဖြင့် ပလက်စတစ်ကို မသုံးဘဲနဲ့၊ မသုံးဘဲနေနိုင်အောင် ဆောင်ရွက်တာမျိုး။ အခြားအစားထိုး တချိန်တုန်းကဆိုရင် မြန်မာလူမျိုးတွေက စားစရာသောက်စရာ ဝယ်ယူလို့ရှိရင် ဖတ်နဲ့ထုတ်ယူတယ်။ ဒီလိုနည်းလမ်းက ဖတ်ကိုလွှင့်ပစ်လိုက်ရင် စည်ပင်သာယာသဘောအရ အမှိုက်ပစ်တာမှန်ပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသဘောအရတော့ သူက ပျက်စီးလွယ်တဲ့ ပစ္စည်းဖြစ်တယ်။ Organic ပစ္စည်းဖြစ်တဲ့အခါကြတော့ ပြဿနာက အများကြီးနည်းပါတယ်။ ဒါပေမဲ့ အဲဒါက အလားတူ ဘာဖြစ်လဲဆိုတော့ သစ်ပင်တွေ ထိခိုက်မှုတွေ တပြန်ပြန်ဖြစ်လာနိုင်တယ်။

နောက်တခါ ရှိပြီးသာ သုံးပြီးသာ ပလက်စတစ်အမှိုက်ကို ကျနော်တို့က ဘယ်လိုဖျက်ဆီးမလဲဆိုတဲ့အခါမှာ သူကို Landfill မြေအစားထိုးဖို့တဲ့နည်းနဲ့ ထိန်းသိမ်းတဲ့နည်းလမ်းကတော့ တခါဘာဖြစ်ပြန်လဲဆိုတော့ မြေအောက်ရေ စီးဆင်းသွားလာမှုကို မြေဆီလွှာထိခိုက် Pollution လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့က အကောင်းဆုံးနည်းလမ်းတခုအနေနဲ့ စဉ်းစားတာကတော့ Waste to Energy သူကို မီးရှို့ပြီးတော့ လောင်မြိုက်တဲ့စွမ်းအင်နဲ့ လျှပ်စစ်ဓါတ်အားလည်းရအောင်ဆိုတဲ့ နည်းလမ်းကိုလည်း ကျနော်တို့ စဉ်းစားခဲ့ပါတယ်။ အဲဒီအတွက်လဲ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ဆွေးနွေးတယ်။ တချို့နိုင်ငံတွေလည်း သွားရောက်လေ့လာတယ်။ သက်ဆိုင်ရာ မြို့တော်စည်ပင်တွေ၊ ရန်ကုန်နဲ့ မန္တလေး အဓိကပေါ့။ သူတို့ကိုလည်း ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဖြစ်နိုင်ရင် Waste to Energy Plants တွေ ဖြစ်လာအောင်ဆိုတဲ့ တိုက်တွန်းမှုတွေလည်း ရှိပါတယ်။ တခါတရံ စဉ်းစားမိတာက အဲဒီလို လုပ်ပြန်ရင်လဲ တခါဘာဖြစ်မလဲဆိုတော့ မီးရှို့တဲ့အတွက်ကြောင့်မို့ ဖြစ်လာတဲ့ဂတ်စ်တွေက Pollution ဘယ်လောက် ဖြစ်လာနိုင်သလဲဆိုတာကို စဉ်းစားရပါတယ်။ ဆိုတော့ ဘက်ပေါင်းစုံနဲ့ စဉ်းစားပြီးတော့ ပလက်စတစ်ကြောင့်ဖြစ်မယ့် အညစ်အကြေးကို လျှော့ချဖို့အတွက် စဉ်းစားနေခဲ့တာ ရှိပါတယ်။

မေး ။ ။ ဘယ်အတိုင်းအတာအထိ လုပ်နိုင်ပါပြီလဲ။

ဖြေ ။ ။ အခုထိတော့ Implementation လက်တွေ့လုပ်တဲ့နေရာမှာ ရန်ကုန်မြို့ဆိုရင် ထိန်းပင်အမှိုက်ပုံမှာတော့ အမှိုက်ကို ချေဖျက်ဖို့အတွက် စက်ရုံတွေကို စလုပ်ဖို့ လွှတ်တော်မှာပဲ နိုင်ငံတကာချေးငွေတွေနဲ့ ရယူပြီးတော့ နည်းပညာကိုလည်း ရယူပြီးတော့လုပ်ဖို့ ပြင်ဆင်နေတာ ရှိပါတယ်။ ဒါက မကြာခင် ဖြစ်လာမှာပါ။ အခုနပြောတဲ့ Energy ထုတ်နိုင်တဲ့အဆင့်ကတော့ အခုထိ မရောက်သေးပါဘူး။ ဒီလုပ်ငန်းစဉ်ကလဲ လွှတ်တော်နဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်ကလဲ နည်းနည်းလေးတော့ နှေးကွေးတာလေးတွေ ရှိပါတယ်။ ကျနော်ဆိုရင် ဒီအလုပ်ကို လုပ်နေတာ (၂) နှစ်ခွဲလောက် ရှိနေပေမယ့် ဒီနေ့အထိ ဖြစ်ပေါ်တိုးတက်လာတာတွေ နည်းတော့နည်းသေးတယ်။ အမှန်အတိုင်း ဝန်ခံတာပါ။

မေး ။ ။ ဒီအစိုးရလက်ထက်မှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ဘယ်အပိုင်းကဏ္ဍမှာ အအောင်မြင်ဆုံး ဖြစ်တယ်လို့ ယူဆပါလဲ။ နောက်ပြီးတော့ ဘယ်အပိုင်းကဏ္ဍကတော့ မကိုင်တွယ်နိုင်သေးဘူးလို့ သတ်မှတ်ပါလဲ။

ဖြေ ။ ။ ကျနော်တို့ လွှတ်တော်ကော်မတီအနေနဲ့ ကြည့်ရှုရတာကတော့ အကြမ်းမျဉ်း (၃) ကဏ္ဍ - သတ္တုကဏ္ဍ၊ သစ်တောကဏ္ဍ နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွေပါ။ အဲဒီတော့ သစ်တောကဏ္ဍကတော့ အအောင်မြင်ဆုံးလို့ ပြောရမှာပါ။ လက်တွေ့ကျကျနဲ့ လုပ်နိုင်တယ်။ အခုဆိုရင် လူတွေမြင်နေတာက သစ်ခိုးဖမ်းတာတွေ၊ ထုတ်တာတွေကို မြင်နေတယ်။ တကယ်တမ်းက ဒါက တချိန်တုန်းက နှစ်ပေါင်းများစွာ ခိုးထုတ်နေတာ။ ကျနော်တို့လက်ထက်မှာ အများကြီးဖမ်းနိုင်ခဲ့တော့ ဖမ်းတာတွေကိုမြင်တော့ သစ်တွေခိုးနေတာလို့ မြင်တာပေါ့။ အမှန်တကယ်တော့ တော်တော်လေး ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါတောင်မှ နည်းပညာတွေက မြှင့်လာတော့ chainsaw လို လက်နက်ကရိယာမျိုးနဲ့ ထိုးဖြတ်လိုက်ရင် သစ်ကလွယ်လွယ်လေးနဲ့ ပါသွားပါတယ်။ ဒါကို ကျနော်တို့က ထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့ လုပ်ရပါတယ်။ တခါ စိုက်ပျိုးရေးလည်း လုပ်နိုင်ခဲ့တယ်။ တခါ အခုနပြောတဲ့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သားငယ်ထိန်းသိမ်းရေးနဲ့ သဘာဝနယ်မြေတွေ တည်ထောင်ရေးကိုလည်း ကျနော်တို့တွေ တိုးချဲ့ပြီးလုပ်နိုင်ပါတယ်။

ဒုတိယနဲ့ တတိယပြောရင် သတ္တုနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍမှာတော့ ကျနော်တို့ တော်တော်လေး ခက်ခက်ခဲခဲတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားအကြောင်းတခုက ဘာလဲဆိုတော့ သတ္တုတွေ၊ ရတနာတွေ နယ်မြေတွေက ငြိမ်းချမ်းရေးအရလည်း မပြည့်စုံ မရသေးတာလည်းပါတယ်။ နောက်တခါ သယံဇာတ ခွဲဝေရေးအတွက် မူဝါဒ - ဖယ်ဒရယ်ပြည်ထောင်စုကို သွားတဲ့အချိန်မှာ ပြတ်ပြတ်သားသား မရှိသေးတာကြောင့်လဲပါတယ်။ အဲဒီအပိုင်းမှာ နည်းနည်းလေး နှေးတော့နှေးနေပါသေးတယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီးတော့ လုပ်နေတာတွေ ရှိပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG