သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥတုရာသီေျပာင္းလဲမႈ တားဆီးေရး လႈပ္ရွားမႈနဲ႔ လူငယ္မ်ိဳးဆက္


ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္ခဲ့သည့္ ရာသီဥတုကပ္ေဘး တုိက္ဖ်က္ေရး ခ်ီတက္လႈပ္ရွားမႈ။ (စက္တင္ဘာ ၂၂၊ ၂၀၁၉)

(Zawgyi / Unicode)

တကမာၻလုံး အေရးေပၚအေျခအေနနဲ႔ ရင္ဆိုင္ေနရတဲ့ ဥတုရာသီ ေျပာင္းလဲမႈနဲ႔ ပတ္သက္ၿပီး အေျပာင္းအလဲေတြ လုပ္တဲ့ေနရာမွာ ဆြီဒင္ႏုိင္ငံက ဆယ္ေက်ာ္သက္အရြယ္ သဘာ၀ပတ္ဝန္းက်င္အေရး လႈပ္ရွားသူ Greta Thunberg လို လူငယ္မ်ိဳးဆက္ေတြ ပါဝင္လာၾကၿပီး ဒီလို ပါဝင္လာမႈေၾကာင့္လည္း လႈပ္ရွားမႈေတြ ပိုအားေကာင္းလာခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာဆိုရင္လည္း ဥတုရာသီ ေျပာင္းလဲမႈရဲ႕ အက်ိဳးဆက္ကို လူငယ္အေတာ္မ်ားမ်ား နားလည္လက္ခံလာသလို တက္တက္ႂကြႂကြ ဦးေဆာင္လႈပ္ရွားမႈေတြမွာပါ ေတြ႔လာရပါတယ္။ အျပည့္အစုံကို နန္းေလာင္ဝ္က စုစည္းတင္ျပထားပါတယ္။

ဆြစ္္ဇာလန္ႏုိင္ငံ Davos ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ကမၻာ့စီးပြားေရးဖိုရမ္မွာ တက္ေရာက္လာၾကတဲ့ ႏုိင္ငံေခါင္းေဆာင္ေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ ဥတုရာသီအေရး တက္ႂကြလႈပ္ရွားသူေတြ တက္ေရာက္ခဲ့ၿပီး ကမၻာႀကီးပူးေႏြးမႈ ျဖစ္လာေစတဲ့ ဥတုရာသီအေရး အဓိကထား ေဆြးေႏြးခဲ့ၾကပါတယ္။ ညီလာခံကို တက္ေရာက္ခဲ့သူထဲမွာ တန္ဇန္းနီးယားႏုိင္ငံက ေဘးမဲ့ေမ်ာက္၀ံေတြနဲ႔ အႏွစ္ ၅၀ နီးပါး ေနထိုင္ခဲ့တဲ့ နာမည္ႀကီး ၿဗိတိသွ်ႏိုင္ငံသူ Jane Goodall ကေတာ့ ဥတုရာသီေျပာင္းလဲမႈ တားဆီးေရး တက္ႂကြလႈပ္ရွားေနၾကတဲ့ အနာဂတ္မ်ိဳးဆက္ေတြြအေပၚ ခုလိုျမင္ပါတယ္။

“က်မတို႔ ဒီကေန႔ ရင္ဆုိင္ေနရတဲ့ အဓိက ျပႆနာႀကီးတခုကေတာ့ လူငယ္အေတာ္မ်ားမ်ား အနာဂတ္ေပ်ာက္ေနတဲ့ ကိစၥပါ။ လူငယ္ေတြ ေမွ်ာ္လင့္ခ်က္ မပ်က္ၾကဖို႔ သူတို႔ေလးေတြနဲ႔ ေတြ႔ၿပီး က်မ အားေပးတုိက္တြန္းပါတယ္။ က်မေတြ႔ခဲ့၊ ျမင္ခဲ့၊ သိကၽြမ္းခြင့္ရခဲ့တဲ့ လူငယ္တခ်ိဳ ႔ ႀကိဳးပမ္းလုပ္ကုိင္ခဲ့ၾကတဲ့ ရလဒ္ေတြ ခုေတာ့ ျမင္ေနရပါၿပီ။ သဘာ၀ပတ္၀န္းက်င္အေရးနဲ႔ ပတ္သက္ၿပီး စီးပြားေရးလုပ္ငန္းေတြ၊ ေကာ္ပိုေရးရွင္းႀကီးေတြနဲ႔ အစိုးရအဖြဲ႔တခ်ိဳ႕ကလည္း လိုလိုလားလားနဲ႔ အေျပာင္းအလဲေတြ လုပ္လာၾကတာကို ေတြ႔ရပါတယ္။ က်မတုိ႔ရဲ႕ ကမၻာေျမကို ကယ္တင္ဖို႔ လူငယ္ေတြရဲ႕ ဆႏၵသေဘာထားေတြ၊ ေျပာခ်င္တဲ့ သတင္းစကားေတြကိုလည္း က်မတို႔အားလုံး ျမင္ေန ၾကားေနၾကရၿပီလို႔ ထင္ပါတယ္။”

ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္ခဲ့သည့္ ရာသီဥတုကပ္ေဘး တုိက္ဖ်က္ေရးလႈပ္ရွားမႈ။ (စက္တင္ဘာ ၂၂၊ ၂၀၁၉)
ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္ခဲ့သည့္ ရာသီဥတုကပ္ေဘး တုိက္ဖ်က္ေရးလႈပ္ရွားမႈ။ (စက္တင္ဘာ ၂၂၊ ၂၀၁၉)

ကမၻာႀကီးပူေႏြးၿပီး ဥတုရာသီ ေျပာင္းလဲမႈကို ျဖစ္ေစတဲ့ ဖန္လုံအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈကို ေလွ်ာ့ခ်ေရး တကို္ယ္ေတာ္ဆႏၵျပရာက ကမၻာတ၀ွမ္း သန္းနဲ႔ခ်ီတဲ့ ေက်ာင္းသားလူငယ္ေတြ ပါ၀င္လာတဲ့အထိ စြမ္းေဆာင္ႏုိင္ခဲ့တဲ့ ဆီြဒင္ ဆယ္ေက်ာ္သက္မိန္းကေလး Greta Thunberg လည္း ညီလာခံကို တက္ေရာက္ခဲ့ပါတယ္။ သူ႔လႈပ္ရွားမႈေၾကာင့္ပဲ ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈ တားဆီးေရး ဒီထက္ပိုၿပီး လုပ္ေဆာင္ေပးဖို႔ ဥေရာပနဲ႔ အာရွတေလွ်ာက္ ၿမိဳ႕ႀကီးေတြမွာ Friday for Future အနာဂတ္အတြက္ ေသာၾကာလို႔ နာမည္ေပးထားတဲ့ ဆႏၵျပပြဲေတြ ႏုိင္ငံေပါင္း ၁၅၀ ေက်ာ္မွာ ေပၚေပါက္လာခ့ဲပါတယ္။

ခုလို ကမၻာ့အေရးအခင္းေတြကို လူမႈကြန္ရက္ေတြကေန ေတြ႔ျမင္လာၾကတဲ့ ျမန္မာႏုိင္ငံက လူငယ္လူရြယ္ေတြ အေနနဲ႔ကလည္း သစ္ေတာျပဳန္းတီးမႈကအစ ေက်ာက္မီးေသြးထုတ္လုပ္ေရးနဲ႔ သယံဇာတတူးေဖာ္ေရး၊ စက္႐ုံစြန္႔ ေရဆိုးေတြေၾကာင့္ ေရအရင္းအျမစ္ေတြအေပၚ သက္ေရာက္ေနတဲ့ ကိစၥမ်ိဳးလို သဘာ၀ပတ္၀န္းက်င္နဲ႔ဆုိင္တဲ့ ကိစၥေတြမွာ စိတ္ပါ၀င္စားလာၾကၿပီး သူတို႔တတ္ႏုိင္တဲ့ နည္းလမ္းေတြနဲ႔ ပါ၀င္လုုပ္ကိုင္လာၾကတာပါ။

မိုးရာသီကာလေရာက္တုိင္း ျမန္မာႏုိင္ငံအႏွံ႔အျပားမွာ ျမစ္ေရတက္ၿပီး ေရႀကီးေရလွ်ံတာ၊ ကမ္းပါးၿပိဳတာေတြ အျဖစ္မ်ားလာသလို ၿမိဳ႕ႀကီးေတြမွာ ဆိုရင္လည္း ေခ်ာင္းေတြေျမာင္းေတြမွာ အမႈိက္ေတြဆို႔ၿပီး ေရစီးေရလာ ပိတ္တဲ့ဒဏ္ေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။ လူ႔က်န္းမာေရးနဲ႔ တုိက္႐ုိက္ပတ္သက္ေနတဲ့ ဒီျပႆနာေတြကို ေစတနာ့၀န္ထမ္း လူငယ္ေတြရဲ႕အားနဲ႔ ေျဖရွင္းေပးေနၾကတဲ့ လူမႈေရးအဖြဲ႔ေတြအတြက္ သက္ဆုိင္ရာအစိုးရရဲ႕ ပူးေပါင္းကူညီမႈနဲ႔ ပတ္သက္လို႔ “မဂၤလာပါလူငယ္” ပရဟိတအသင္းက မသၪၨာေအးရဲ ႔အျမင္ကေရာ ဘယ္လိုရွိပါသလဲ။

“အစိုးရဘက္ပုိင္းကက်ေတာ့ တာ၀န္ယူမႈ၊ တာ၀န္ခံမႈေလးေတြနဲ႔ပါ ပူးေပါင္းပါ၀င္လာဖို႔က အရမ္းကို အေရးႀကီးပါတယ္။ အခု ဒီလိုမ်ိဳး က်မတို႔ ကင္မ္ပိန္း(လႈပ္ရွားမႈ) ေတြလုပ္တယ္၊ အမႈိက္ေတြေကာက္ေပးတယ္၊ စိတ္ဓာတ္ေတြ ျပဳျပင္ေပးတယ္ ဆုိေပမယ့္ ညီမတို႔က ဘယ္ေလာက္ပဲ စိတ္ဓာတ္ေတြ ျပဳျပင္ေပးေပး အေရးယူသင့္တဲ့ေနရာမွာ အေရးမယူဘူး၊ စည္းကမ္းနဲ႔ ၾကပ္ၾကပ္မတ္မတ္ လုပ္သင့္တဲ့ေနရာမွာ မလုပ္ဘူးဆိုလို႔ရွိရင္ ဥပေဒပိုင္းအရေပါ့၊ ေသေသခ်ာခ်ာ အေနာက္ကေန ထက္ၾကပ္မကြာ မလုိက္နာႏုိင္ေသးဘူး ဆိုလို႔ရွိရင္ေတာ့ ေရွ႕က ဘယ္ေလာက္လုပ္လုပ္ အေနာက္က ဖ႐ိုဖရဲ ျဖစ္ေနဦးမွာပဲ။ ျပည္သူေတြဘက္ကလည္း စည္းကမ္းလုိက္နာဖို႔ လိုသလို အစိုးရဘက္ကလည္း ဒီစည္းကမ္းေတြကို ၾကပ္ၾကပ္မတ္မတ္ ထိန္းေက်ာင္းဖို႔ေတာ့ လိုအပ္ေနပါေသးတယ္။”

“မဂၤလာပါလူငယ္” အဖြဲ႔က ၿမိဳ႕နယ္အလိုက္ ေကာက္ယူသိမ္းဆည္းလာတဲ့ အမႈိက္ေတြကို သက္ဆုိင္ရာ စည္ပင္ကိုပဲ လႊဲေပးသလို ျပန္သုံးလို႔ရတဲ့ ေရသန္႔ဘူးလို ပလတ္စတစ္ေတြကိုေတာ့ အမႈိက္ေတာင္းေတြ၊ ပလတ္စတစ္ဖ်ာေတြ၊ ပလတ္စတစ္ျခင္းေတာင္းလို ပစၥည္းေတြအျဖစ္ ျပန္ၿပီး ဖန္တီးေနပါတယ္လို႔လည္း မသၪၨာေအးက ေျပာပါတယ္။

ဆယ္စုႏွစ္နဲ႔ခ်ီ ဥတုရာသီအေရး လႈပ္ရွားေဆာင္ရြက္လာတ့ဲ နယူးဇီလန္ ဝန္ႀကီးခ်ဳပ္ေဟာင္း Helen Clark ကေတာ့ လူငယ္လူရြယ္ေတြနဲ႔အတူ စီးပြားေရးလုပ္ငန္းဘက္ကပါ ဥတုရာသီအေရး ပူးေပါင္းလုပ္ကုိင္လာတဲ့အေပၚ ႀကိဳဆိုခဲ့ပါတယ္။

“ဥတုရာသီ ေျပာင္းလဲေရးမွာ ႏုိင္ငံေရးေခါင္းေဆာင္ေတြထက္ ႏုိင္ငံတကာ စီးပြားေရးလုပ္ငန္းေတြက ေရွ႕ကဦးေဆာင္ လုပ္ကိုင္ေနၾကတယ္လို႔ က်မေတာ့ ျမင္ပါတယ္။ Sustainable Development Goals လို႔ေခၚတဲ့ ကုလသမဂၢရဲ႕ ေရရွည္ခံတဲ့ ဖြံ႔ၿဖိဳးတိုးတက္ေရးဆုိင္ရာ ရည္မွန္းခ်က္ျပည့္မီဖို႔နဲ႔ ဥတုရာသီအေရးနဲ႔ ပတ္သက္လို႔ ျပင္သစ္သေဘာတူညီမႈစာခ်ဳပ္ကို အေကာင္အထည္ ေဖာ္တဲ့ေနရာမွာ ဘဏ္လုပ္ငန္းရွင္ေတြလည္း ပါ၀င္လုပ္ကိုင္ဖို႔ ကုလသမဂၢက ကမ္းလွမ္းခဲ့ပါတယ္။ ဒါေၾကာင့္ ဥတုရာသီအေရးနဲ႔ ပတ္သက္ၿပီး ဘက္ေပါင္းစုံကေန ပူးေပါင္းလုပ္ကုိင္မယ့္ အလားအလာေကာင္းေတြ ေတြ႔ရေတာ့မွာပါ။”

ဥတုရာသီအေရး ဆႏၵျပေနၾကတဲ့ ကမၻာတ၀ွမ္းက လူငယ္လူရြယ္ေတြက ဖန္လုံအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ မ်ားလွတဲ့ တြင္းထြက္ေလာင္စာ သုံးစြဲမႈ ေလွ်ာ့ခ်ေရး၊ ေက်ာက္မီးေသြးထုတ္လုပ္မႈ ရပ္တန္႔ေရး အပါအ၀င္ ဥတုရာသီေျပာင္းလဲမႈ တားဆီးဖို႔ အစိုးရဘက္က မူ၀ါဒခ်မွတ္ေပးဖို႔ ေတာင္းဆိုေနၾကတာပါ။ Jane Goodall ကေတာ့ လူငယ္လူရြယ္ေတြကို ခုလို အႀကံျပဳပါတယ္။

“ေရွ႕ကလူေတြရဲ႕ လုပ္ရပ္ေၾကာင့္ ဥတုရာသီ ေျပာင္းလဲမႈေတြ ခုလိုျဖစ္ေနရတာပါ ဆိုၿပီး လူငယ္ေတြဘက္က လက္ညႇဳိးထိုး အျပစ္တင္ေနမယ္ဆိုရင္ ထိေရာက္မႈရွိမွာ မဟုတ္ပါဘူး။ ဥတုရာသီ ေျပာင္းလဲမႈနဲ႔ ပတ္သက္ၿပီး လုပ္ကိုင္မယ္ဆိုရင္ေတာ့ လူေတြ ေသခ်ာနားလည္ သေဘာေပါက္ေအာင္ လုပ္ေပးတဲ့နည္းတခုပဲ ရွိပါတယ္။ က်မနဲ႔ ေတြ႔ခဲ့ဖူးတဲ့ လူငယ္တခ်ိဳ႕ဆိုရင္ အတင္းအက်ပ္ ဖိအားေပးတာမ်ိဳးမဟုတ္ဘဲ လူေတြရဲ ႔ အေတြးအေခၚ အျပဳအမူေတြ ေျပာင္းလဲသြားေအာင္ ထိထိေရာက္ေရာက္ လုပ္ကုိင္ႏုိင္ခဲ့ၾကတာကို ေတြ႔႔ရပါတယ္။ က်မတို႔အားလုံးနဲ႔ဆုိင္တဲ့ အနာဂတ္အေရးကို တတ္အားသမွ် ၀ုိင္း၀န္းလုပ္ကုိင္ေနၾကတာပါ။”

ဥတုရာသီ ေျပာင္းလဲမႈေၾကာင့္ မိုးေခါင္ေရရွားတာ၊ ေရႀကီးေရလွ်ံတာ၊ ပင္လယ္ေရျမင့္တက္တာ၊ သစ္ေတာျပဳန္းတီးတာ၊ ေလထုညစ္ညမ္းတာ၊ ေတာမီးေလာင္တာေတြနဲ႔ မုန္တုိင္းေတြပါ ကမၻာတ၀ွမ္း အျဖစ္မ်ားလာၿပီး လူ႔က်န္းမာေရးနဲ႔ ႏုိင္ငံစီးပြားေရးကိုပါ ထိခိုက္ေနရပါတယ္။

ကုလသမဂၢ အဖြဲ႔အစည္းႀကီးကလည္း ၂၀၂၀ ခုႏွစ္မွာ က်ေရာက္တဲ့ ၇၅ ႏွစ္ေျမာက္ ႏွစ္ပတ္လည္အျဖစ္ UN75 ဆိုတဲ့ အနာဂတ္ဖန္တီးေရး လႈပ္ရွားမႈကို စတင္လိုက္ပါတယ္။ ဒီလႈပ္ရွားမႈမွာေတာ့ ေက်ာင္းစာသင္ခန္း၊ ကုမၸဏီဘုတ္အဖြဲ႔၊ လႊတ္ေတာ္အမတ္ေတြနဲ႔ ေက်းရြာက လူထုေတြထိပါ ဆင္းၿပီး လူတုိင္း ေတြ႔ျမင္ခ်င္တဲ့ အနာဂတ္မ်ိဳး ၀ိုင္း၀န္းဖန္တီးေရး ေဆြးေႏြးၾကမွာလည္း ျဖစ္ပါတယ္။

----------------------------------

(Unicode)

ဥတုရာသီပြောင်းလဲမှု တားဆီးရေး လှုပ်ရှားမှုနဲ့ လူငယ်မျိုးဆက်

တကမ္ဘာလုံး အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ဥတုရာသီ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ လုပ်တဲ့နေရာမှာ ဆွီဒင်နိုင်ငံက ဆယ်ကျော်သက်အရွယ် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ Greta Thunberg လို လူငယ်မျိုးဆက်တွေ ပါဝင်လာကြပြီး ဒီလို ပါဝင်လာမှုကြောင့်လည်း လှုပ်ရှားမှုတွေ ပိုအားကောင်းလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်းဥတုရာသီ ပြောင်းလဲမှုရဲ့ အကျိုးဆက်ကို လူငယ်အတော်များများ နားလည်လက်ခံလာသလို တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားမှုတွေမှာပါ တွေ့လာရပါတယ်။ အပြည့်အစုံကို နန်းလောင်ဝ်က စုစည်းတင်ပြထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ တက်ရောက်လာကြတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဥတုရာသီအရေး တက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ပြီး ကမ္ဘာကြီးပူးနွေးမှု ဖြစ်လာစေတဲ့ ဥတုရာသီအရေး အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ ညီလာခံကို တက်ရောက်ခဲ့သူထဲမှာ တန်ဇန်းနီးယားနိုင်ငံက ဘေးမဲ့မျောက်ဝံတွေနဲ့ အနှစ် ၅၀ နီးပါး နေထိုင်ခဲ့တဲ့ နာမည်ကြီး ဗြိတိသျှနိုင်ငံသူ Jane Goodall ကတော့ ဥတုရာသီပြောင်းလဲမှု တားဆီးရေး တက်ကြွလှုပ်ရှားနေကြတဲ့ အနာဂတ်မျိုးဆက်တွေအပေါ် ခုလိုမြင်ပါတယ်။

“ကျမတို့ ဒီကနေ့ ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာကြီးတခုကတော့ လူငယ်အတော်များများ အနာဂတ်ပျောက်နေတဲ့ ကိစ္စပါ။ လူငယ်တွေ မျှော်လင့်ချက် မပျက်ကြဖို့ သူတို့လေးတွေနဲ့ တွေ့ပြီး ကျမ အားပေးတိုက်တွန်းပါတယ်။ ကျမတွေ့ခဲ့၊ မြင်ခဲ့၊ သိကျွမ်းခွင့်ရခဲ့တဲ့ လူငယ်တချို့ ကြိုးပမ်းလုပ်ကိုင်ခဲ့ကြတဲ့ ရလဒ်တွေ ခုတော့ မြင်နေရပါပြီ။ သဘာဝပတ်ဝန်းကျင်အရေးနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းတွေ၊ ကော်ပိုရေးရှင်းကြီးတွေနဲ့ အစိုးရအဖွဲ့တချို့ကလည်း လိုလိုလားလားနဲ့ အပြောင်းအလဲတွေ လုပ်လာကြတာကို တွေ့ရပါတယ်။ ကျမတို့ရဲ့ ကမ္ဘာမြေကို ကယ်တင်ဖို့ လူငယ်တွေရဲ့ ဆန္ဒသဘောထားတွေ၊ ပြောချင်တဲ့ သတင်းစကားတွေကိုလည်း ကျမတို့အားလုံး မြင်နေ ကြားနေကြရပြီလို့ ထင်ပါတယ်။”

ကမ္ဘာကြီးပူနွေးပြီး ဥတုရာသီ ပြောင်းလဲမှုကို ဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချရေး တကိုယ်တော်ဆန္ဒပြရာက ကမ္ဘာတဝှမ်း သန်းနဲ့ချီတဲ့ ကျောင်းသားလူငယ်တွေ ပါဝင်လာတဲ့အထိ စွမ်းဆောင်နိုင်ခဲ့တဲ့ ဆွီဒင် ဆယ်ကျော်သက်မိန်းကလေး Greta Thunberg လည်း ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ သူ့လှုပ်ရှားမှုကြောင့်ပဲ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု တားဆီးရေး ဒီထက်ပိုပြီး လုပ်ဆောင်ပေးဖို့ ဥရောပနဲ့ အာရှတလျှောက် မြို့ကြီးတွေမှာ Friday for Future အနာဂတ်အတွက် သောကြာလို့ နာမည်ပေးထားတဲ့ ဆန္ဒပြပွဲတွေ နိုင်ငံပေါင်း ၁၅၀ ကျော်မှာပေါ်ပေါက်လာခဲ့ပါတယ်။

ခုလို ကမ္ဘာ့အရေးအခင်းတွေကို လူမှုကွန်ရက်တွေကနေ တွေ့မြင်လာကြတဲ့ မြန်မာနိုင်ငံက လူငယ်လူရွယ်တွေ အနေနဲ့ကလည်း သစ်တောပြုန်းတီးမှုကအစ ကျောက်မီးသွေးထုတ်လုပ်ရေးနဲ့ သယံဇာတတူးဖော်ရေး၊ စက်ရုံစွန့် ရေဆိုးတွေကြောင့် ရေအရင်းအမြစ်တွေအပေါ် သက်ရောက်နေတဲ့ ကိစ္စမျိုးလို သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ စိတ်ပါဝင်စားလာကြပြီး သူတို့တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ပါဝင်လုပ်ကိုင်လာကြတာပါ။

မိုးရာသီကာလရောက်တိုင်း မြန်မာနိုင်ငံအနှံ့အပြားမှာ မြစ်ရေတက်ပြီး ရေကြီးရေလျှံတာ၊ ကမ်းပါးပြိုတာတွေ အဖြစ်များလာသလို မြို့ကြီးတွေမှာ ဆိုရင်လည်း ချောင်းတွေမြောင်းတွေမှာ အမှိုက်တွေဆို့ပြီး ရေစီးရေလာ ပိတ်တဲ့ဒဏ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ လူ့ကျန်းမာရေးနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ဒီပြဿနာတွေကို စေတနာ့ဝန်ထမ်း လူငယ်တွေရဲ့အားနဲ့ ဖြေရှင်းပေးနေကြတဲ့ လူမှုရေးအဖွဲ့တွေအတွက် သက်ဆိုင်ရာအစိုးရရဲ့ ပူးပေါင်းကူညီမှုနဲ့ ပတ်သက်လို့ “မင်္ဂလာပါလူငယ်” ပရဟိတအသင်းက မသဉ္ဇာအေးရဲ့အမြင်ကရော ဘယ်လိုရှိပါသလဲ။

“အစိုးရဘက်ပိုင်းကကျတော့ တာဝန်ယူမှု၊ တာဝန်ခံမှုလေးတွေနဲ့ပါ ပူးပေါင်းပါဝင်လာဖို့က အရမ်းကို အရေးကြီးပါတယ်။ အခု ဒီလိုမျိုး ကျမတို့ ကင်မ်ပိန်း(လှုပ်ရှားမှု) တွေလုပ်တယ်၊ အမှိုက်တွေကောက်ပေးတယ်၊ စိတ်ဓာတ်တွေ ပြုပြင်ပေးတယ် ဆိုပေမယ့် ညီမတို့က ဘယ်လောက်ပဲ စိတ်ဓာတ်တွေ ပြုပြင်ပေးပေး အရေးယူသင့်တဲ့နေရာမှာ အရေးမယူဘူး၊ စည်းကမ်းနဲ့ ကြပ်ကြပ်မတ်မတ် လုပ်သင့်တဲ့နေရာမှာ မလုပ်ဘူးဆိုလို့ရှိရင် ဥပဒေပိုင်းအရပေါ့၊ သေသေချာချာ အနောက်ကနေ ထက်ကြပ်မကွာ မလိုက်နာနိုင်သေးဘူး ဆိုလို့ရှိရင်တော့ ရှေ့က ဘယ်လောက်လုပ်လုပ် အနောက်က ဖရိုဖရဲ ဖြစ်နေဦးမှာပဲ။ ပြည်သူတွေဘက်ကလည်း စည်းကမ်းလိုက်နာဖို့ လိုသလို အစိုးရဘက်ကလည်း ဒီစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ် ထိန်းကျောင်းဖို့တော့ လိုအပ်နေပါသေးတယ်။”

“မင်္ဂလာပါလူငယ်” အဖွဲ့က မြို့နယ်အလိုက် ကောက်ယူသိမ်းဆည်းလာတဲ့ အမှိုက်တွေကို သက်ဆိုင်ရာ စည်ပင်ကိုပဲ လွှဲပေးသလို ပြန်သုံးလို့ရတဲ့ ရေသန့်ဘူးလို ပလတ်စတစ်တွေကိုတော့ အမှိုက်တောင်းတွေ၊ ပလတ်စတစ်ဖျာတွေ၊ ပလတ်စတစ်ခြင်းတောင်းလို ပစ္စည်းတွေအဖြစ် ပြန်ပြီး ဖန်တီးနေပါတယ်လို့လည်း မသဉ္ဇာအေးက ပြောပါတယ်။

ဆယ်စုနှစ်နဲ့ချီ ဥတုရာသီအရေး လှုပ်ရှားဆောင်ရွက်လာတဲ့ နယူးဇီလန် ဝန်ကြီးချုပ်ဟောင်း Helen Clark ကတော့ လူငယ်လူရွယ်တွေနဲ့အတူ စီးပွားရေးလုပ်ငန်းဘက်ကပါ ဥတုရာသီအရေး ပူးပေါင်းလုပ်ကိုင်လာတဲ့အပေါ် ကြိုဆိုခဲ့ပါတယ်။

“ဥတုရာသီ ပြောင်းလဲရေးမှာ နိုင်ငံရေးခေါင်းဆောင်တွေထက် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေက ရှေ့ကဦးဆောင် လုပ်ကိုင်နေကြတယ်လို့ ကျမတော့ မြင်ပါတယ်။ Sustainable Development Goals လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်ပြည့်မီဖို့နဲ့ ဥတုရာသီအရေးနဲ့ ပတ်သက်လို့ ပြင်သစ်သဘောတူညီမှုစာချုပ်ကို အကောင်အထည် ဖော်တဲ့နေရာမှာ ဘဏ်လုပ်ငန်းရှင်တွေလည်း ပါဝင်လုပ်ကိုင်ဖို့ ကုလသမဂ္ဂက ကမ်းလှမ်းခဲ့ပါတယ်။ ဒါကြောင့် ဥတုရာသီအရေးနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံကနေ ပူးပေါင်းလုပ်ကိုင်မယ့် အလားအလာကောင်းတွေ တွေ့ရတော့မှာပါ။”

ဥတုရာသီအရေး ဆန္ဒပြနေကြတဲ့ ကမ္ဘာတဝှမ်းက လူငယ်လူရွယ်တွေက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု များလှတဲ့ တွင်းထွက်လောင်စာ သုံးစွဲမှု လျှော့ချရေး၊ ကျောက်မီးသွေးထုတ်လုပ်မှု ရပ်တန့်ရေး အပါအဝင် ဥတုရာသီပြောင်းလဲမှု တားဆီးဖို့ အစိုးရဘက်က မူဝါဒချမှတ်ပေးဖို့ တောင်းဆိုနေကြတာပါ။ Jane Goodall ကတော့ လူငယ်လူရွယ်တွေကို ခုလို အကြံပြုပါတယ်။

“ရှေ့ကလူတွေရဲ့ လုပ်ရပ်ကြောင့် ဥတုရာသီ ပြောင်းလဲမှုတွေ ခုလိုဖြစ်နေရတာပါ ဆိုပြီး လူငယ်တွေဘက်က လက်ညှိုးထိုး အပြစ်တင်နေမယ်ဆိုရင် ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။ ဥတုရာသီ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး လုပ်ကိုင်မယ်ဆိုရင်တော့ လူတွေ သေချာနားလည် သဘောပေါက်အောင် လုပ်ပေးတဲ့နည်းတခုပဲ ရှိပါတယ်။ ကျမနဲ့ တွေ့ခဲ့ဖူးတဲ့ လူငယ်တချို့ဆိုရင် အတင်းအကျပ် ဖိအားပေးတာမျိုးမဟုတ်ဘဲ လူတွေရဲ့ အတွေးအခေါ် အပြုအမူတွေ ပြောင်းလဲသွားအောင် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ခဲ့ကြတာကို တွေ့ရပါတယ်။ ကျမတို့အားလုံးနဲ့ဆိုင်တဲ့ အနာဂတ်အရေးကို တတ်အားသမျှ ဝိုင်းဝန်းလုပ်ကိုင်နေကြတာပါ။”

ဥတုရာသီ ပြောင်းလဲမှုကြောင့် မိုးခေါင်ရေရှားတာ၊ ရေကြီးရေလျှံတာ၊ ပင်လယ်ရေမြင့်တက်တာ၊ သစ်တောပြုန်းတီးတာ၊ လေထုညစ်ညမ်းတာ၊ တောမီးလောင်တာတွေနဲ့ မုန်တိုင်းတွေပါ ကမ္ဘာတဝှမ်း အဖြစ်များလာပြီး လူ့ကျန်းမာရေးနဲ့ နိုင်ငံစီးပွားရေးကိုပါ ထိခိုက်နေရပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းကြီးကလည်း ၂၀၂၀ ခုနှစ်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်အဖြစ် UN75 ဆိုတဲ့ အနာဂတ်ဖန်တီးရေး လှုပ်ရှားမှုကို စတင်လိုက်ပါတယ်။ ဒီလှုပ်ရှားမှုမှာတော့ ကျောင်းစာသင်ခန်း၊ ကုမ္ပဏီဘုတ်အဖွဲ့၊ လွှတ်တော်အမတ်တွေနဲ့ ကျေးရွာက လူထုတွေထိပါ ဆင်းပြီး လူတိုင်း တွေ့မြင်ချင်တဲ့ အနာဂတ်မျိုး ဝိုင်းဝန်းဖန်တီးရေး ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG