သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥတုရာသီပြောင်းလဲမှုညီလာခံ သဘောတူညီချက် မရနိုင်သေး


ဥတုရာသီပြောင်းလဲမှုညီလာခံ ကျင်းပရာနေရာရှေ့တွင် ဆန္ဒပြနေသူများ။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၉)
ဥတုရာသီပြောင်းလဲမှုညီလာခံ ကျင်းပရာနေရာရှေ့တွင် ဆန္ဒပြနေသူများ။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၉)

(Zawgyi / Unicode)

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကျင်းပနေတဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂညီလာခံ COP25 မှာ တက်ရောက်တဲ့ နိုင်ငံတွေကြား အပြင်းအထန် ဆက်တိုက်ဆွေးနွေး ညှိနှိုင်းကြပြီးတဲ့ထိ သဘောတူညီချက် မရတာကြောင့် ညီလာခံ အောင်မြင်မှုမရမယ့်အရေး ရင်ဆိုင်နေရပါတယ်။

ကမ္ဘာကြီး ပူနွေးလာတာကို ဘယ်လိုတိုက်ဖျက်ကြမယ် ဆိုတာနဲ့ ထိခိုက်ပျက်စီးမှုတွေအတွက် ရန်ပုံငွေ ဘယ်လိုထည့်ဝင်ကြမယ် ဆိုတာတွေအပေါ် သဘောထား ကွဲပြားတာဟာ ဘယ်တုန်းကနဲ့မှ မတူအောင် ကြီးမားနေတာပါ။

ချမ်းသာတဲ့နိုင်ငံတွေ၊ တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာနေတဲ့ နိုင်ငံတွေနဲ့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေက သံတမန်တွေဟာ သူတို့ တနိုင်ငံချင်းစီရဲ့ အကြောင်းပြချက်တွေကို ထောက်ပြပြီး သဘောတူညီချက်မူကြမ်းပါ အချက်တွေကို ထောက်နေကြတာပါ။ ညီလာခံကို အိမ်ရှင်အနေအထားနဲ့ ကျင်းပတဲ့ ချီလီနိုင်ငံက ဘုံသဘောတူညီချက် တခုရဖို့ ကြိုးစားတဲ့အနေနဲ့ မူကြမ်းတင်သွင်းထားတာပါ။

သိပ္ပံပညာရှင်တွေရဲ့ သတိပေးချက်တွေ၊ ဥတုရာသီ ပြောင်းလဲမှုကြောင့် လူသေဆုံးရတဲ့ထိ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေ ဖြစ်နေတာ၊ လူငယ်သန်းပေါင်းများစွာရဲ့ သီတင်းပတ်စဉ် ဆန္ဒပြပွဲတွေ စတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒီညီလာခံ စေ့စပ်ညှိနှိုင်းမှုတွေကနေ ဒီအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရတွေအနေနဲ့ နှစ်ဆတိုး ကြိုးစားလိုစိတ် ရှိပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးရမယ့် ဖိအားနဲ့ ကြုံနေရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၁၂ ရက်ကြာ ဆွေးနွေးပွဲတွေဟာ စနေနေ့မှာတော့ အဲဒီရည်မှန်းချက်ကနေ ပိုတောင်ဝေးသွားပါတယ်။

----------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG