သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယူးေဒလီမွာ ကိုယ္ပိုင္ကားအသံုးျပဳမႈ ေလွ်ာ႔ခ်ကန္႔သတ္


(Zawgyi / Unicode)

အိႏၵိယ ႏုိင္ငံ ၿမိဳ႕ေတာ္ နယူးေဒလီမွာ အဆိပ္အေတာက္ျဖစ္တဲ႔ မီးခိုးျမဴ ဖံုးအုပ္မႈကို ဆက္လက္ ကိုင္တြယ္ ေဆာင္ရြက္ ေနရတာနဲ႔ အတူဘဲ ၿမိဳ႕ေတာ္က လမ္းေတြေပၚမွာ ကိုယ္ပိုင္ကား ေမာင္းႏွင္ အသံုးျပဳမႈကို ထက္၀က္ ေလွ်ာ့ခ် ကန္႔သတ္လိုက္ပါတယ္။

နယူးေဒလီရဲ႕ ေလထုညစ္ညမ္းမႈက သံုးႏွစ္အတြင္း အျမင့္ဆံုး ျဖစ္လာၿပီး ၿမိဳ႕ခံေတြ မ်က္လံုးက်ိန္းစပ္၊ လည္ေခ်ာင္းနာၿပီး အသက္ရႈၾကပ္ စတာေတြ ခံစားေနၾကရပါတယ္။ ကားနံပတ္ျပားမွာ မ ဂဏန္းနဲ႔ အဆံုးသတ္တဲ႔ ကိုယ္ပိုင္ကားေတြ လမ္းေတြေပၚမွာ မေမာင္းၾကဖို႔ အာဏာပိုင္ေတြက တားျမစ္ထားၿပီး တားျမစ္ခ်က္ကို ခ်ိဳးေဖာက္သူေတြကို ေဒၚလာ ၆၀ နီးပါး ဒဏ္ေငြတပ္မယ္လို႔ သတိေပးထားပါတယ္။

ကားေမာင္းသူ ၁၈ သန္းေက်ာ္ရွိၿပီး ကားအစီးေရ ၈ ဒသမ ၈ သန္း မွတ္ပံုတင္ထားတဲ႔ နယူးေဒလီ ၿမိဳ႕ေတာ္မွာ ကားနံပတ္ျပားေတြမွာ မ ဂဏန္း၊ စံု ဂဏန္း ခြဲျခားခ်က္နဲ႔ ႏုိ၀င္ဘာလ ၁၅ ရက္ေန႔ထိ အလွည့္က် ေမာင္းႏွင္ဖို႔ ညႊန္ၾကားထားပါတယ္။ ဒီအစီအစဥ္ အရ ကားနံပတ္ျပားမွာ အဆံုးသတ္ စံု၊ မ ဂဏန္းကို လိုက္ၿပီး စံု ရက္ မရက္ ခြဲျခား အသံုးျပဳရမွာ ျဖစ္ပါတယ္။

နယူးေဒလီ အနီးက Uttar Pradesh ျပည္နယ္မွာေတာ့ ခရီးသည္ေတြ အလာမ်ားရာ Taj Mahal အနီးမွာ ေလသန္႔စင္ေပးတဲ႔ ကားႀကီး တစင္းကို တနလာၤေန႔မွာ အာဏာပိုင္တို႔က ခ်ထားေပးပါတယ္။ ၿမိဳ႕ေတာ္မွာ မီးခိုးျမဴေတြေၾကာင့္ ျမင္ကြင္းမရွင္းလင္းတဲ႔ အတြက္ ေလေၾကာင္း ခရီးစဥ္ ၾကန္႔ၾကာတာေတြ၊ ဖ်က္သိမ္းတာေတြေၾကာင့္ Indira Gandhi ႏုိင္ငံတကာ ေလဆိပ္မွာ လူေတြနဲ႔ ျပည့္က်ပ္ေနခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

နယူးဒေလီမှာ ကိုယ်ပိုင်ကားအသုံးပြုမှု လျှော့ချကန့်သတ်

(Zawgyi / Unicode)

အိန္ဒိယ နိုင်ငံ မြို့တော် နယူးဒေလီမှာ အဆိပ်အတောက်ဖြစ်တဲ့ မီးခိုးမြူ ဖုံးအုပ်မှုကို ဆက်လက် ကိုင်တွယ် ဆောင်ရွက် နေရတာနဲ့ အတူဘဲ မြို့တော်က လမ်းတွေပေါ်မှာ ကိုယ်ပိုင်ကား မောင်းနှင် အသုံးပြုမှုကို ထက်ဝက် လျှော့ချ ကန့်သတ်လိုက်ပါတယ်။

နယူးဒေလီရဲ့ လေထုညစ်ညမ်းမှုက သုံးနှစ်အတွင်း အမြင့်ဆုံး ဖြစ်လာပြီး မြို့ခံတွေ မျက်လုံးကျိန်းစပ်၊ လည်ချောင်းနာပြီး အသက်ရှုကြပ် စတာတွေ ခံစားနေကြရပါတယ်။ ကားနံပတ်ပြားမှာ မ ဂဏန်းနဲ့ အဆုံးသတ်တဲ့ ကိုယ်ပိုင်ကားတွေ လမ်းတွေပေါ်မှာ မမောင်းကြဖို့ အာဏာပိုင်တွေက တားမြစ်ထားပြီး တားမြစ်ချက်ကို ချိုးဖောက်သူတွေကို ဒေါ်လာ ၆၀ နီးပါး ဒဏ်ငွေတပ်မယ်လို့ သတိပေးထားပါတယ်။

ကားမောင်းသူ ၁၈ သန်းကျော်ရှိပြီး ကားအစီးရေ ၈ ဒသမ ၈ သန်း မှတ်ပုံတင်ထားတဲ့ နယူးဒေလီ မြို့တော်မှာ ကားနံပတ်ပြားတွေမှာ မ ဂဏန်း၊ စုံ ဂဏန်း ခွဲခြားချက်နဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ အလှည့်ကျ မောင်းနှင်ဖို့ ညွှန်ကြားထားပါတယ်။ ဒီအစီအစဉ် အရ ကားနံပတ်ပြားမှာ အဆုံးသတ် စုံ၊ မ ဂဏန်းကို လိုက်ပြီး စုံ ရက် မရက် ခွဲခြား အသုံးပြုရမှာ ဖြစ်ပါတယ်။

နယူးဒေလီ အနီးက Uttar Pradesh ပြည်နယ်မှာတော့ ခရီးသည်တွေ အလာများရာ Taj Mahal အနီးမှာ လေသန့်စင်ပေးတဲ့ ကားကြီး တစင်းကို တနလာၤနေ့မှာ အာဏာပိုင်တို့က ချထားပေးပါတယ်။ မြို့တော်မှာ မီးခိုးမြူတွေကြောင့် မြင်ကွင်းမရှင်းလင်းတဲ့ အတွက် လေကြောင်း ခရီးစဉ် ကြန့်ကြာတာတွေ၊ ဖျက်သိမ်းတာတွေကြောင့် Indira Gandhi နိုင်ငံတကာ လေဆိပ်မှာ လူတွေနဲ့ ပြည့်ကျပ်နေခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG