သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid 19 အဆိုုးထဲက အေကာင္းတခုု


NASA Earth Observatory images by Joshua Stevens, using modified Copernicus Sentinel 5P data processed by the European Space Agency)

Covid 19 ကပ္ေရာဂါဆိုုးဒဏ္ကိုု ခံေနရခ်ိန္မွာ အဆိုုးထဲက အေကာင္းေလး တခုုေတြ႔လာရတာကေတာ့ သဘာဝဝန္းက်င္နဲ႔ လူသားေတြကိုု အင္မတန္ ဒုုကၡေပးတတ္တဲ့ ညစ္ညမ္းဓါတုုအဆိပ္ေငြ႔ေတြ အမႈန္အမႊားေတြ ကမာၻ႔ေကာင္းကင္ယံမွာ အေတာ္ကင္းစင္ သြားတာပဲ ျဖစ္ပါတယ္။ သဘာဝဝန္းက်င္ အင္ဂ်င္နီယာ ေဒၚေအးေအးၾကည္ကိုု ေမးျမန္းၿပီး တင္ျပေပးမွာပါ။

Covid 19 အဆိုုးထဲက အေကာင္းတခုု
please wait

No media source currently available

0:00 0:07:06 0:00
တိုက္႐ိုက္ လင့္ခ္


(ZAWGYI)

Covid 19 ကပ္ေရာဂါဆိုုးဒဏ္ကိုု ခံေနရခ်ိန္မွာ အဆိုုးထဲက အေကာင္းေလး တခုုေတြ႔လာရတာကေတာ့ သဘာဝဝန္းက်င္နဲ႔ လူသားေတြကိုု အင္မတန္ ဒုုကၡေပးတတ္တဲ့ ညစ္ညမ္းဓါတုုအဆိပ္ေငြ႔ေတြ အမႈန္အမႊားေတြ ကမာၻ႔ေကာင္းကင္ယံမွာ အေတာ္ကင္းစင္ သြားတာပဲ ျဖစ္ပါတယ္။ ဒီအေၾကာင္း သဘာဝဝန္းက်င္ အင္ဂ်င္နီယာ ေဒၚေအးေအးၾကည္ကိုု ေမးျမန္းၿပီး တင္ျပေပးမွာပါ။

ညစ္ညမ္းေနတဲ့ ကမာၻ႔ ေလထုု သန္႔စင္သြားတာ ဘာ့ေၾကာင့္ပါလဲ။

ေဒၚေအးေအးၾကည္။ ။“ဘာျဖစ္လိုု႔လည္း ဆိုုေတာ့ အေၾကာင္းက ၃ - ၄ ခ်က္ေလာက္ ရွိတယ္။ တစ္အခ်က္က လူေတြရဲ့ ကားသြားကားလာ မရွိေတာ့ဘူး။ ရွင္းသြားၿပီ။ ေနာက္ စက္မႈ လုုပ္ငန္း လုုပ္တာေတြလည္း နဲသြားၿပီ။ အဲဒီေတာ့ ကားအသြားအလာ မရွိဘူး ဆိုုရင္၊ ဘာနဲသြားသလဲ ဆိုုေတာ့ ေရြ႕လ်ားၿပီး သြားေနတဲ့ ယာဥ္ေတြက ထုုတ္လႊတ္လိုုက္တဲ့ ညစ္ညမ္း ဓါတုုပစၥည္းေတြက နဲသြားတယ္။ အဲဒီေတာ့ တစ္အခ်က္ ႏုုိင္ထရိုုဂ်င္ ေအာက္ဆိုုဒ္၊ ကားေတြရဲ့ အိတ္ေဇာေတြက ထုုတ္တဲ့ ႏုုိက္ထရိုုဂ်င္ ေအာက္ဆိုုဒ္ နဲသြားၿပီ။ ကာဗြန္မိုုေနာက္ဆိုုဒ္ ထုုတ္တာ နဲသြားၿပီ။ အဲဒါတင္ မကဘူး ဒီကားေတြမ်ားရင္၊ ႏိုုက္ထရိုုဂ်င္ ေအာက္ဆိုုဒ္ေတြ၊ ဆာလဖာဒိုုင္ ေအာက္ဆိုုဒ္ ေတြက ေကာင္းကင္ထဲမွာပဲသူက အမႈန္အမႊား အျဖစ္နဲ႔လည္း က်ႏုုိင္ေသးတယ္။ အဲဒါေၾကာင့္ အမႈန္အမႊားမွာလည္း သူတုုိ႔က ပါလာႏုုိင္ေသးတယ္ေလ။ အဲဒါ နဲသြားၿပီ။

ေနာက္တခုုက ဒုုတိယ ညစ္ညမ္းမႈတခုု ရွိေသးတယ္။ အဲဒါက ဘာလည္း ဆိုုေတာ့ ေျမျပင္မွာ လူလုုပ္တဲ့ ozone အိုုဇံုုး။ အဲဒီ အိုုဇံုုးကလည္း ႏိုုက္ထရိုုဂ်င္ေအာက္ဆိုုဒ္နဲ႔ အေငြ႔ပ်ံႏိုုင္တဲ့ ေအာ္ဂဲနစ္ ျဒပ္ေပါင္းေတြ၊ သူတုုိ႔ ၂ခုုက ေနေရာင္ရွိရင္ ေပါင္းၿပီးေတာ့ျဖစ္တဲ့ အိုုဇံုုး ဆိုုတာရွိတယ္။ အဲဒီ အိုုဇံုုးကလည္း လူအတြက္ အႏၱရာယ္ျဖစ္ေစတယ္။ အဲဒီ လူလုုပ္တဲ့ အိုုဇံုုးက နဲသြားၿပီ။ အဲဒီလုုိ နဲသြားတဲ့ အခါက်ေတာ့ ေလထုု အရည္အေသြးက ေကာင္းလာမယ္။ ေနာက္ၿပီးေတာ့ အမႈန္အမႊားေတြ နဲသြားတဲ့ အခါ က်ေတာ့ ျမင္ႏိုုင္ေခ်ကလည္း ပိုုၿပီးမ်ားလာတယ္။ ေနာက္ အမႈန္အမႊားမ်ားျခင္းက ျမင္ကြင္းကိုု ေဝဝါးေစတာေပါ့ေနာ္။ အဲဒါေၾကာင့္လည္း ေကာင္းကင္ ၾကည္လင္သြားေစတာ ျဖစ္တယ္။ ေနာက္တခ်က္က စက္ရံုု အလုုပ္ရံုုေတြ ပိတ္ေတာ့လည္း အခိုုးအေငြ႔ေတြက နဲသြားမယ္။ အဲဒါေတြကလည္း ၾကည္လင္သြားေစတဲ့ အေၾကာင္းရင္း ျဖစ္ပါတယ္။”

ေလထုုညစ္ညမ္းမႈ အေျခေန သိပ္ဆိုုးဝါးတဲ့ တရုုတ္ႏုုိင္ငံဟာ ဒီေရာဂါ စတင္ျပန္႔ပြါးခဲ့တဲ့ ေနာက္ အသြားါအလာေတြ ပိတ္၊ စက္ရံုုေတြ မီးခိုုးတိတ္သြားခ်ိန္မွာေတာ့ သူ႔ေကာင္းကင္ျပင္ဟာ မႀကံဳစဖူး သန္႔စင္ေနတာကိုု နာဆာ အေမရိကန္အာကာသစူးစမ္းေရး သိပၺံက ထုုတ္ျပန္တဲ့ ေကာင္းကင္ဓါတ္ပံုုေတြမွာ ေတြ႔လာရပါတယ္။

အလားတူ ေတြ႔ရွိခ်က္ေတြကိုု ၿဗိတိန္နဲ႔ အေမရိကန္ႏုုိင္ငံမွာလည္း ေတြ႔႕ရတယ္လုုိ႔ ေဒၚေအးေအးၾကည္က ေျပာပါတယ္။

ေဒၚေအးေအးၾကည္။ ။“အခုု သူတိုု႔ မထင္မွတ္ပဲနဲ႔ ေတြ႔တာ ေပါ့ေနာ္။ အင္ဂလန္မွာ ဆိုုရင္ အင္ဂလန္ရဲ့ သဘာဝပတ္ဝန္းက်င္ နဲ႔ ပတ္သက္တဲ့ အဖြဲ႔ကေန သူတိုု႔ ႏႈိင္းၾကည့္လိုုက္တယ္။ မႏွစ္က အေျခေနနဲ႔ ဒီႏွစ္ အိမ္ထဲမွာပဲ ေနၾကပါဆိုုတဲ့ အမိန္႔ကိုု ခ်လိုုက္တဲ့ အခ်ိန္ အဲဒီအခ်ိန္က စၿပီး ဧၿပီလ ၅ ရက္ေန႔အထိ ထင္တယ္ အဲဒီလိုုမ်ိဳး အခ်ိန္နဲ႔ မႏွစ္က အဲဒီေလာက္ အခ်ိန္ပိုုင္း အတြင္းမွာ ဘယ္လုုိ ေျပာင္းလဲသလဲ လိုု႔ ၾကည့္လိုုက္တဲ့ အခါ သိသိသာသာေလ်ာ့နဲ သြားတာကိုု ေတြ႔တယ္။ ဒါဟာ သြားေရးလာေရးေတြ နဲသြားလိုု႔ျဖစ္တာပဲ ဒါနဲ႔ပတ္သက္တယ္ လိုု႔သူတိုု႔က ေကာက္ခ်က္ခ်တယ္။ အင္ဂလန္တျပည္လံုုးမွာ သူတုုိ႔တိုုင္းတဲ့ စခန္း ၁၀ ခုုေလာက္ ရွိတယ္။ အဲဒီကဟာေတြကိုု ပ်မ္းမ်ွယူၿပီးေတာ့ ႏိုုင္ထရိုုဂ်င္ ဒိုုင္ေအာက္ဆိုုဒ္က ဘယ္ေလာက္ နဲသြားသလဲ၊ ဆိုုတာကိုု ၾကည့္တဲ့အခါမွာ အဲဒီလိုု အေျဖ ထြက္လာတယ္။ အဲဓါက အင္ဂလန္မွာ။

အေမရိကားကိုု ၾကည့္မယ္ ဆိုုရင္ ဥပမာ ေကာ္လိုုရာဒိုု ျပည္နယ္မွာ Danver ဆိုုတဲ့ ၿမိဳ႕ ရွိတယ္။ သူက ေတာင္နဲ႔ျမင့္မားတဲ့ ေနရာ ျဖစ္တယ္။ အဲဒီမွာလည္း သြားေရးလာေရးေတြ ေလ်ာ့ သြားတယ္။ ေနာက္ စက္မႈ လုုပ္ငန္းေတြ ေလ်ွာ့ခ်လိုုက္တဲ့အတြက္ေၾကာင့္ မိုု႔လိုု႔ သူတိုု႔မွာ ေလထုုညစ္ညမ္းမႈ ေလ်ာ့သြားတယ္ ဆိုုတာကိုု က်န္းမာေရးနဲ႔ သဘာဝပတ္ဝန္းက်င္ ဆိုုင္ရာ ကိုုင္တဲ့ ဌာနကေန ေတြ႔တယ္။ သူတုုိ႔က ဒါကိုု အဓီက တုုိင္းတာေတာ့ မဟုုတ္ဖူး။ သိုု႔ေသာ္လည္း ဒါဟာ ေတာ္ေတာ္ ေလ်ာ့သြားပါလား။ ဒါဆိုုရင္ ဒါေၾကာင့္ပဲ လိုု႔သူတို႔ ေကာက္ခ်က္ခ်မိတာေပါ့ေနာ္။ ဒါေပမယ့္ ဒါပဲလိုု႔ တအားႀကီးေျပာႏုုိင္ေလာက္ေအာင္ ကေတာ့ data ေကာက္တဲ့ ဟာက နဲေနေသးတာကိုုး။

ေနာက္တခုုကေတာ့ LA လိုု႔ေခၚတဲ့ Los Angeles ၿမိဳ႕ေပါ့ေနာ္။ ဒါကေတာ့ အေမရိကန္ရဲ့ အေနာက္ဖက္ကမ္းေျခမွာ ရွိတယ္။ အဲဒီၿမိဳ႕ႀကီးဟာ အင္မတန္မွ လူဦးေရ ထူထပ္တယ္။ နယူးေရာက္ ၿပီးရင္ လူဦးေရ အထူထပ္ဆံုုးပဲ။ သူကလည္း အေမရိကန္ ျပည္ေထာင္စုုမွာ ဆိုုရင္ ေလထုုညစ္ညမ္းမႈနဲ႔ ပတ္သက္ရင္ ေတာ္ေတာ္ႀကီးကိုု အခက္အခဲေတြျဖစ္ေနတယ္။ ေတာ္ေတာ္ႀကီးကိုု ေလထုုအေျခေနက ဆိုုးဝါးေနတယ္။ ဘာလိုု႔လည္း ဆိုုေတာ့ သူက ကားေတြ အရမ္းမ်ားတယ္။ ကယ္လီဖိုုးနီးယား မွာဆိုုရင္ ေတာင္ကုုန္းေတြ ကလည္း လူေ လမ်ားတယ္။ အဲဒီေတာ့ ေလထုုကလည္း ထြက္ေပါက္မရွိပဲ ညပ္ေနတာ ေပါ့ေနာ္။ အဲဒီလိုုလည္း ျဖစ္ေတာ့။ အခုုလည္း က်ေရာ Covid ကာလမွာ က်ေတာ့ သြားတာလာတာေတြက မရွိေတာ့ တဲ့ အခါက်ေတာ့ ထူးျခားစြာပဲ ၁၉ ၉ ၂ ခုုႏွစ္ကတည္းက ျပႆနာ ျဖစ္ခဲ့တဲ့ ၿမိဳ႕ႀကီးက အသန္႔ရွင္းဆံုုး ၿမိဳ႕ႀကီး ျဖစ္ေနတယ္။ ေကာင္းကင္ေတြကလည္း ၾကည္လင္ေနတယ္။ LA မွာဆိုု က်မေရာက္ခဲ့တုုန္းက ေကာင္းကင္မွာဆိိုု အေရာင္က နီညိဳညိဳႀကီးေတြ ျဖစ္ေနတယ္။ အဲဒါဘာလဲ ဆိုုရင္ ႏုုိက္ထရိုုဂ်င္ ေအာက္ဆိုုဒ္ေတြ သူတုုိ႔က smog လိုု႔ ေခၚတာေပါ့ေနာ္။ ျမဴမႈန္ေတြလိုု ဆိုုင္းေနတယ္။ အဲဒါ မ်ိဳးေတြ ျဖစ္တဲ့ ေနရာက အခုုဆိုု ၾကည္လင္ေနတယ္။ LA တကၠသိုုလ္က သဘာဝ ပတ္ဝန္းက်င္နဲ႔ ဆိုုင္တဲ့ လူေတြကလည္း ေျပာတယ္။ ဒီလိုုျဖစ္တာဟာ ေတာ္ေတာ္ေလးကိုု ထူးဆန္းတယ္ ေပါ့ေနာ္။ အဓီက ကေတာ့ လူသားေတြနဲ႔ ပတ္သက္ေနတာေပါ့ေနာ္။ ဒီေတာ့ Covid ေၾကာင့္ လူေတြ ၿငိမ္သြားျခင္းဟာ တနည္းအားျဖင့္ေတာ့ သဘာဝ ပတ္ဝန္းက်င္ကိုု ေကာင္းလာေစတယ္။”

ဒီေရာဂါဒဏ္ ဆိုုးဆိုုးဝါးဝါး ခံစားခဲ့ရတဲ့ အီတလီမွာလည္း မတ္လ ပထမ ပတ္ထဲ ရိုုက္ကူးထားတဲ့ Copernicus Sentinel - 5P Satellite ေကာင္းကင္ၿဂိဳဟ္တုု ဓါတ္ပံုု ေတြမွာဆိုု ညစ္ညမ္းဓါတုုအဆိပ္ အထူးသျဖင့္ ကားေတြ၊ ဓါတ္အားေပး စက္ရံုုေတြ၊ စက္မႈလုုပ္ငန္းေတြ ကထြက္တဲ့ ႏိုုင္ထရိုုဂ်င္ဒိုုင္ေအာက္ဆိုုဒ္ ေလထုုထဲ ပါဝင္မႈ သိသိသာသာ နဲေနတာ ေတြ႔ခဲ့ရတာပါ။

ဒါဟာ သဘာဝဝန္းက်င္အတြက္ သိပ္ကိုုအေရးပါတဲ့ သတိထားသင့္တဲ့ အခ်က္လိုု႔ေဒၚေအးေအးၾကည္က ေျပာပါတယ္။

ေဒၚေအးေအးၾကည္။ ။“က်မတိုု႔ ႀကံဳေတြ႔ေနရတဲ့ ညစ္ညမ္းမႈေတြ ေတာ္ေတာ္မ်ားမ်ားဟာ လူလုုပ္လိုု႔လိုု႔ ေျပာလိုု႔ရတာေပါ့ေနာ္။ ကမာၻမွာ အားလံုုးၿငိမ္သြားတဲ့ ကာလမွာ သဘာဝ ပတ္ဝန္းက်င္က ေျပာလိုုက္တာကိုု လူေတြ သိလာေစတာေပါ့။ အတတ္ႏိုုင္ဆံုုး အသန္႔ရွင္းဆံုုး ေလကိုု ရႈႏိုုင္မွပဲ လူေတြရဲ့ က်န္းမာေရးက ေကာင္းမယ္။ အခုုဆိုုရင္ ကိုုဗစ္ ျဖစ္တဲ့ အခါမွာ ဆိုုရင္ နဂိုုေလထုု ညစ္ညမ္းမႈ ရွိတဲ့ ေဒသမွာ ေနတဲ့ သူေတြက ပိုုၿပီးေတာ့ ခံေနရတယ္ဆိုုတဲ့ သုုေတသနေတြ ထြက္လာတယ္။ အဲဒီေတာ့ ျပန္စဥ္းစားရမွာက ေလထုုအရည္အေသြးေတြ ေကာင္းေအာင္ ေနာ္။ ကမာၻႀကီးကိုုလည္း အထူူးသျဖင့္ ကမာၻႀကီးရဲ့ခံႏိုုင္ရည္အား ေကာင္းလာေအာင္ လုုပ္ၾကမွာလား ဆိုုတာက ေမးစရာ ျဖစ္လာတယ္။”

ဒီကပ္ေရာဂါဟာ ကမာၻ႔စီးပြါးေရး ကိုု ထိခိုုက္ေစတာ လက္ေတြ႔ ျမင္ေနရေပမယ့္ က်န္းမာေရး ဆိုုင္ရာမွာေတာ့ တရုုတ္ႏုုိင္ငံမွာ ဝန္းက်င္ညစ္ညမ္းမႈေၾကာင့္ ေသဆံုုးရသူက ဒီေရာဂါေၾကာင့္ ေသဆံုုးရသူထက္ မ်ားေနႏိုုင္တယ္လိုု႔ Stanford တကၠသိုုလ္ သဘာဝဝန္းက်င္ဆိုုင္ရာ စီးပြါးေရးပညာရွင္ Marshall Burke က တြက္ခ်က္ထားေၾကာင္း Science Alert မွာ ေဖၚျပထားပါတယ္။

မတ္လလယ္ေလာက္က သူ႔ရဲ့ ဆန္းစစ္ခ်က္အရ အသြားအလာ ပိတ္ပင္လိုုက္တဲ့ ၂ လအတြင္္း တရုုတ္ႏုုိင္ငံမွာ ညစ္ညမ္းဓါတ္ပစၥည္း ေလထုုထဲပါဝင္မႈ ေလ်ာ့က် သြားတဲ့အတြက္ အသက္ ၅ ႏွစ္ေအာက္ ကေလးငယ္ေပါင္း ၄၀၀၀ နဲ႔ အသက္ ၇၀ အထက္ လူႀကီး ၇၃ ၀၀၀ အသက္ကိုု ကယ္တင္ႏုုိင္မယ္လိုု႔ တြက္ထားေၾကာင္း တင္ျပရင္း ဒီသီတင္းပတ္အတြက္ သိပၺံနဲ႔နည္းပညာ က႑ကိုု ဒီမွာပဲ ရပ္နားလိုုက္ပါရေစ။

(UNICODE)

Covid 19 ကပ်ရောဂါဆိုးဒဏ်ကို ခံနေရချိန်မှာ အဆိုးထဲက အကောင်းလေး တခုတွေ့လာရတာကတော့ သဘာဝဝန်းကျင်နဲ့ လူသားတွေကို အင်မတန် ဒုက္ခပေးတတ်တဲ့ ညစ်ညမ်းဓါတုအဆိပ်ငွေ့တွေ အမှုန်အမွှားတွေ ကမ္ဘာ့ကောင်းကင်ယံမှာ အတော်ကင်းစင် သွားတာပဲ ဖြစ်ပါတယ်။ ဒီအကြောင်း သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

ညစ်ညမ်းနေတဲ့ ကမ္ဘာ့ လေထု သန့်စင်သွားတာ ဘာ့ကြောင့်ပါလဲ။

ဒေါ်အေးအေးကြည်။ ။“ဘာဖြစ်လို့လည်း ဆိုတော့ အကြောင်းက ၃ - ၄ ချက်လောက် ရှိတယ်။ တစ်အချက်က လူတွေရဲ့ ကားသွားကားလာ မရှိတော့ဘူး။ ရှင်းသွားပြီ။ နောက် စက်မှု လုပ်ငန်း လုပ်တာတွေလည်း နဲသွားပြီ။ အဲဒီတော့ ကားအသွားအလာ မရှိဘူး ဆိုရင်၊ ဘာနဲသွားသလဲ ဆိုတော့ ရွေ့လျားပြီး သွားနေတဲ့ ယာဉ်တွေက ထုတ်လွှတ်လိုက်တဲ့ ညစ်ညမ်း ဓါတုပစ္စည်းတွေက နဲသွားတယ်။ အဲဒီတော့ တစ်အချက် နိုင်ထရိုဂျင် အောက်ဆိုဒ်၊ ကားတွေရဲ့ အိတ်ဇောတွေက ထုတ်တဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ် နဲသွားပြီ။ ကာဗွန်မိုနောက်ဆိုဒ် ထုတ်တာ နဲသွားပြီ။ အဲဒါတင် မကဘူး ဒီကားတွေများရင်၊ နိုက်ထရိုဂျင် အောက်ဆိုဒ်တွေ၊ ဆာလဖာဒိုင် အောက်ဆိုဒ် တွေက ကောင်းကင်ထဲမှာပဲသူက အမှုန်အမွှား အဖြစ်နဲ့လည်း ကျနိုင်သေးတယ်။ အဲဒါကြောင့် အမှုန်အမွှားမှာလည်း သူတို့က ပါလာနိုင်သေးတယ်လေ။ အဲဒါ နဲသွားပြီ။

နောက်တခုက ဒုတိယ ညစ်ညမ်းမှုတခု ရှိသေးတယ်။ အဲဒါက ဘာလည်း ဆိုတော့ မြေပြင်မှာ လူလုပ်တဲ့ ozone အိုဇုံး။ အဲဒီ အိုဇုံးကလည်း နိုက်ထရိုဂျင်အောက်ဆိုဒ်နဲ့ အငွေ့ပျံနိုင်တဲ့ အော်ဂဲနစ် ဒြပ်ပေါင်းတွေ၊ သူတို့ ၂ခုက နေရောင်ရှိရင် ပေါင်းပြီးတော့ဖြစ်တဲ့ အိုဇုံး ဆိုတာရှိတယ်။ အဲဒီ အိုဇုံးကလည်း လူအတွက် အန္တရာယ်ဖြစ်စေတယ်။ အဲဒီ လူလုပ်တဲ့ အိုဇုံးက နဲသွားပြီ။ အဲဒီလို နဲသွားတဲ့ အခါကျတော့ လေထု အရည်အသွေးက ကောင်းလာမယ်။ နောက်ပြီးတော့ အမှုန်အမွှားတွေ နဲသွားတဲ့ အခါ ကျတော့ မြင်နိုင်ချေကလည်း ပိုပြီးများလာတယ်။ နောက် အမှုန်အမွှားများခြင်းက မြင်ကွင်းကို ဝေဝါးစေတာပေါ့နော်။ အဲဒါကြောင့်လည်း ကောင်းကင် ကြည်လင်သွားစေတာ ဖြစ်တယ်။ နောက်တချက်က စက်ရုံ အလုပ်ရုံတွေ ပိတ်တော့လည်း အခိုးအငွေ့တွေက နဲသွားမယ်။ အဲဒါတွေကလည်း ကြည်လင်သွားစေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။”

လေထုညစ်ညမ်းမှု အခြေနေ သိပ်ဆိုးဝါးတဲ့ တရုတ်နိုင်ငံဟာ ဒီရောဂါ စတင်ပြန့်ပွါးခဲ့တဲ့ နောက် အသွားါအလာတွေ ပိတ်၊ စက်ရုံတွေ မီးခိုးတိတ်သွားချိန်မှာတော့ သူ့ကောင်းကင်ပြင်ဟာ မကြုံစဖူး သန့်စင်နေတာကို နာဆာ အမေရိကန်အာကာသစူးစမ်းရေး သိပ္ဗံက ထုတ်ပြန်တဲ့ ကောင်းကင်ဓါတ်ပုံတွေမှာ တွေ့လာရပါတယ်။

အလားတူ တွေ့ရှိချက်တွေကို ဗြိတိန်နဲ့ အမေရိကန်နိုင်ငံမှာလည်း တွေ့ရတယ်လို့ ဒေါ်အေးအေးကြည်က ပြောပါတယ်။

ဒေါ်အေးအေးကြည်။ ။“အခု သူတို့ မထင်မှတ်ပဲနဲ့ တွေ့တာ ပေါ့နော်။ အင်ဂလန်မှာ ဆိုရင် အင်ဂလန်ရဲ့ သဘာဝပတ်ဝန်းကျင် နဲ့ ပတ်သက်တဲ့ အဖွဲ့ကနေ သူတို့ နှိုင်းကြည့်လိုက်တယ်။ မနှစ်က အခြေနေနဲ့ ဒီနှစ် အိမ်ထဲမှာပဲ နေကြပါဆိုတဲ့ အမိန့်ကို ချလိုက်တဲ့ အချိန် အဲဒီအချိန်က စပြီး ဧပြီလ ၅ ရက်နေ့အထိ ထင်တယ် အဲဒီလိုမျိုး အချိန်နဲ့ မနှစ်က အဲဒီလောက် အချိန်ပိုင်း အတွင်းမှာ ဘယ်လို ပြောင်းလဲသလဲ လို့ ကြည့်လိုက်တဲ့ အခါ သိသိသာသာလျော့နဲ သွားတာကို တွေ့တယ်။ ဒါဟာ သွားရေးလာရေးတွေ နဲသွားလို့ဖြစ်တာပဲ ဒါနဲ့ပတ်သက်တယ် လို့သူတို့က ကောက်ချက်ချတယ်။ အင်ဂလန်တပြည်လုံးမှာ သူတို့တိုင်းတဲ့ စခန်း ၁၀ ခုလောက် ရှိတယ်။ အဲဒီကဟာတွေကို ပျမ်းမျှယူပြီးတော့ နိုင်ထရိုဂျင် ဒိုင်အောက်ဆိုဒ်က ဘယ်လောက် နဲသွားသလဲ၊ ဆိုတာကို ကြည့်တဲ့အခါမှာ အဲဒီလို အဖြေ ထွက်လာတယ်။ အဲဓါက အင်ဂလန်မှာ။

အမေရိကားကို ကြည့်မယ် ဆိုရင် ဥပမာ ကော်လိုရာဒို ပြည်နယ်မှာ Danver ဆိုတဲ့ မြို့ ရှိတယ်။ သူက တောင်နဲ့မြင့်မားတဲ့ နေရာ ဖြစ်တယ်။ အဲဒီမှာလည်း သွားရေးလာရေးတွေ လျော့ သွားတယ်။ နောက် စက်မှု လုပ်ငန်းတွေ လျှော့ချလိုက်တဲ့အတွက်ကြောင့် မို့လို့ သူတို့မှာ လေထုညစ်ညမ်းမှု လျော့သွားတယ် ဆိုတာကို ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကိုင်တဲ့ ဌာနကနေ တွေ့တယ်။ သူတို့က ဒါကို အဓီက တိုင်းတာတော့ မဟုတ်ဖူး။ သို့သော်လည်း ဒါဟာ တော်တော် လျော့သွားပါလား။ ဒါဆိုရင် ဒါကြောင့်ပဲ လို့သူတို့ ကောက်ချက်ချမိတာပေါ့နော်။ ဒါပေမယ့် ဒါပဲလို့ တအားကြီးပြောနိုင်လောက်အောင် ကတော့ data ကောက်တဲ့ ဟာက နဲနေသေးတာကိုး။

နောက်တခုကတော့ LA လို့ခေါ်တဲ့ Los Angeles မြို့ပေါ့နော်။ ဒါကတော့ အမေရိကန်ရဲ့ အနောက်ဖက်ကမ်းခြေမှာ ရှိတယ်။ အဲဒီမြို့ကြီးဟာ အင်မတန်မှ လူဦးရေ ထူထပ်တယ်။ နယူးရောက် ပြီးရင် လူဦးရေ အထူထပ်ဆုံးပဲ။ သူကလည်း အမေရိကန် ပြည်ထောင်စုမှာ ဆိုရင် လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ရင် တော်တော်ကြီးကို အခက်အခဲတွေဖြစ်နေတယ်။ တော်တော်ကြီးကို လေထုအခြေနေက ဆိုးဝါးနေတယ်။ ဘာလို့လည်း ဆိုတော့ သူက ကားတွေ အရမ်းများတယ်။ ကယ်လီဖိုးနီးယား မှာဆိုရင် တောင်ကုန်းတွေ ကလည်း လူေ လများတယ်။ အဲဒီတော့ လေထုကလည်း ထွက်ပေါက်မရှိပဲ ညပ်နေတာ ပေါ့နော်။ အဲဒီလိုလည်း ဖြစ်တော့။ အခုလည်း ကျရော Covid ကာလမှာ ကျတော့ သွားတာလာတာတွေက မရှိတော့ တဲ့ အခါကျတော့ ထူးခြားစွာပဲ ၁၉ ၉ ၂ ခုနှစ်ကတည်းက ပြဿနာ ဖြစ်ခဲ့တဲ့ မြို့ကြီးက အသန့်ရှင်းဆုံး မြို့ကြီး ဖြစ်နေတယ်။ ကောင်းကင်တွေကလည်း ကြည်လင်နေတယ်။ LA မှာဆို ကျမရောက်ခဲ့တုန်းက ကောင်းကင်မှာဆို အရောင်က နီညိုညိုကြီးတွေ ဖြစ်နေတယ်။ အဲဒါဘာလဲ ဆိုရင် နိုက်ထရိုဂျင် အောက်ဆိုဒ်တွေ သူတို့က smog လို့ ခေါ်တာပေါ့နော်။ မြူမှုန်တွေလို ဆိုင်းနေတယ်။ အဲဒါ မျိုးတွေ ဖြစ်တဲ့ နေရာက အခုဆို ကြည်လင်နေတယ်။ LA တက္ကသိုလ်က သဘာဝ ပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ လူတွေကလည်း ပြောတယ်။ ဒီလိုဖြစ်တာဟာ တော်တော်လေးကို ထူးဆန်းတယ် ပေါ့နော်။ အဓီက ကတော့ လူသားတွေနဲ့ ပတ်သက်နေတာပေါ့နော်။ ဒီတော့ Covid ကြောင့် လူတွေ ငြိမ်သွားခြင်းဟာ တနည်းအားဖြင့်တော့ သဘာဝ ပတ်ဝန်းကျင်ကို ကောင်းလာစေတယ်။”

ဒီရောဂါဒဏ် ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့ အီတလီမှာလည်း မတ်လ ပထမ ပတ်ထဲ ရိုက်ကူးထားတဲ့ Copernicus Sentinel - 5P Satellite ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံ တွေမှာဆို ညစ်ညမ်းဓါတုအဆိပ် အထူးသဖြင့် ကားတွေ၊ ဓါတ်အားပေး စက်ရုံတွေ၊ စက်မှုလုပ်ငန်းတွေ ကထွက်တဲ့ နိုင်ထရိုဂျင်ဒိုင်အောက်ဆိုဒ် လေထုထဲ ပါဝင်မှု သိသိသာသာ နဲနေတာ တွေ့ခဲ့ရတာပါ။

ဒါဟာ သဘာဝဝန်းကျင်အတွက် သိပ်ကိုအရေးပါတဲ့ သတိထားသင့်တဲ့ အချက်လို့ဒေါ်အေးအေးကြည်က ပြောပါတယ်။

ဒေါ်အေးအေးကြည်။ ။“ကျမတို့ ကြုံတွေ့နေရတဲ့ ညစ်ညမ်းမှုတွေ တော်တော်များများဟာ လူလုပ်လို့လို့ ပြောလို့ရတာပေါ့နော်။ ကမ္ဘာမှာ အားလုံးငြိမ်သွားတဲ့ ကာလမှာ သဘာဝ ပတ်ဝန်းကျင်က ပြောလိုက်တာကို လူတွေ သိလာစေတာပေါ့။ အတတ်နိုင်ဆုံး အသန့်ရှင်းဆုံး လေကို ရှုနိုင်မှပဲ လူတွေရဲ့ ကျန်းမာရေးက ကောင်းမယ်။ အခုဆိုရင် ကိုဗစ် ဖြစ်တဲ့ အခါမှာ ဆိုရင် နဂိုလေထု ညစ်ညမ်းမှု ရှိတဲ့ ဒေသမှာ နေတဲ့ သူတွေက ပိုပြီးတော့ ခံနေရတယ်ဆိုတဲ့ သုတေသနတွေ ထွက်လာတယ်။ အဲဒီတော့ ပြန်စဉ်းစားရမှာက လေထုအရည်အသွေးတွေ ကောင်းအောင် နော်။ ကမ္ဘာကြီးကိုလည်း အထူူးသဖြင့် ကမ္ဘာကြီးရဲ့ခံနိုင်ရည်အား ကောင်းလာအောင် လုပ်ကြမှာလား ဆိုတာက မေးစရာ ဖြစ်လာတယ်။”

ဒီကပ်ရောဂါဟာ ကမ္ဘာ့စီးပွါးရေး ကို ထိခိုက်စေတာ လက်တွေ့ မြင်နေရပေမယ့် ကျန်းမာရေး ဆိုင်ရာမှာတော့ တရုတ်နိုင်ငံမှာ ဝန်းကျင်ညစ်ညမ်းမှုကြောင့် သေဆုံးရသူက ဒီရောဂါကြောင့် သေဆုံးရသူထက် များနေနိုင်တယ်လို့ Stanford တက္ကသိုလ် သဘာဝဝန်းကျင်ဆိုင်ရာ စီးပွါးရေးပညာရှင် Marshall Burke က တွက်ချက်ထားကြောင်း Science Alert မှာ ဖေါ်ပြထားပါတယ်။

မတ်လလယ်လောက်က သူ့ရဲ့ ဆန်းစစ်ချက်အရ အသွားအလာ ပိတ်ပင်လိုက်တဲ့ ၂ လအတွင်း တရုတ်နိုင်ငံမှာ ညစ်ညမ်းဓါတ်ပစ္စည်း လေထုထဲပါဝင်မှု လျော့ကျ သွားတဲ့အတွက် အသက် ၅ နှစ်အောက် ကလေးငယ်ပေါင်း ၄၀၀၀ နဲ့ အသက် ၇၀ အထက် လူကြီး ၇၃ ၀၀၀ အသက်ကို ကယ်တင်နိုင်မယ်လို့ တွက်ထားကြောင်း တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ဗံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG