သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ သဘာဝဝန်းကျင်အတွက် R ၃ ခု


karen state flood (MOI)
karen state flood (MOI)

၂၀၁၈ ဟာ မြန်မာနိုင်ငံတလွှား ရေကြီးမှုဒဏ်ကို ပိုပြီး ခံစားကြရတဲ့နှစ်ပါ။ အခုလို ခံစားရတာဟာ သဘာဝဝန်းကျင် ထိန်းသိမ်းမှုနဲ့ ဘယ်လိုဆက်နွယ်နေပါသလဲ။ ထိန်းသိမ်းရေး အင်ဂျင်နီယာ ဦးသိန်းမော်ရဲ့ အမြင်ကို ဒီတပတ်မှာ ပြောပြပေးမှာပါ။

မြန်မာ့ သဘာဝဝန်းကျင်အတွက် R ၃ ခု
please wait

No media source currently available

0:00 0:07:36 0:00
တိုက်ရိုက် လင့်ခ်

၂၀၁၈ ဟာ မြန်မာနိုင်ငံတလွှား ရေကြီးမှုဒဏ်ကို ပိုပြီး ခံစားကြရတဲ့နှစ်ပါ။ ပြည်နယ်နဲ့ တိုင်း အားလုံးလိုလိုမှာ ရေကြီးတဲ့ဒဏ် ခံစားနေရချိန်မှာပဲ သြဂုတ်လထဲမှာတော့ ချောင်း ၄ ချောင်း ဆုံဆင်းတဲ့ ရေပြင်ဧရိယာ အတော်ကျယ်ပြန့်တဲ့ ဆွာချောင်းတမံကြီး ရေလျှံတဲ့အတွက် တောင်ငူ ခရိုင်အတွင်း သောင်းနဲ့ချီ ဒုက္ခရောက်ရသလို ရန်ကုန်မန္တလေး အမြန်လမ်းမကြီးပါ ပိတ်ခဲ့ရတာပါ။

အခုလိုခံစားရတာဟာ သဘာဝဝန်းကျင် ထိန်းသိမ်းမှုနဲ့ ဘယ်လိုဆက်နွယ်နေပါသလဲ။ ထိန်းသိမ်းရေး အင်ဂျင်နီယာ ဦးသိန်းမော်ရဲ့ အမြင်ကို ဒီတပတ်မှာ ပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ ရေကြီးရေလျှံပြီး အခုဆို တော်တော်လေး ဒုက္ခတွေ ရောက်ကြပါတယ်ဆရာ။ ဒါဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ညံ့ဖျင်းလို့လို့ ပြောကြပါတယ်။ ဆိုတော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ကောင်းလာအောင် မြန်မာနိုင်ငံမှာ ဘာတွေ လုပ်သင့်တယ်ဆိုတဲ့ အချက်ကလေးတွေ ပြောပြပေးပါ ဆရာ။

။“တကယ်တော့ မြန်မာနိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အတွက် တကယ်တမ်း တိတိကျကျ လုပ်နေတာ မရှိဘူးလို့ပဲ ကျွန်တော်မြင်တာပေါ့နော်။ အဲမရှိတဲ့ အထဲမှာ ပေါ်လစီကလည်း ပထမဆုံး ပေါ်လစီက ၁၉၉၄ လောက်မှာ သူတို့ ထုတ်တယ်။ နောက် ၂၀၁၂ ကျမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ ထွက်တယ်ပေါ့။ အခု ဒီဥပဒေကလည်း နောက်ထပ် ပေါ်လစီ တခုအသစ်ကို ပြန်ဆွဲနေတာ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာမူဝါဒကို။ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက ပြီးပြီလို့ ပြောပေမယ့် ဒီကနေ့ အထိတော့ ထွက်မလာသေးဘူး။ ဦးသိန်းမော်။

ဒါပေမယ့် ကျွန်တော်က ဒီ ထိန်းသိမ်းရေး အင်ဂျင်နီယာ ပညာရပ်နဲ့ ကြည့်လိုက်တဲ့ အချိန်မှာ တကယ့်ကို ဒီမူဝါဒ တွေမှာ တကယ် လိုအပ်တဲ့ အဓိက ကျတဲ့ အမြင် သဘောထား ရှိတာကို မတွေ့ရဘူး။ အဲဒီ သဘောထားက ဘာလဲ ဆိုတော့ ကျွန်တော်တို့က ပျက်မှ ပြင်မှာလား၊ ဒါမှ မဟုတ် မပျက်အောင် ထိန်းမှာလား။ အဲဒီ ၂ ခုမှာ အရမ်း ကွာသွားပြီ။ အခု ဖြစ်နေတာက ပျက်မှပဲ ပြင်မယ် ဆိုတာကြီး ဖြစ်နေတယ်ပေါ့။ ဒါက သဘာဝ ပတ်ဝန်းကျင်တင် မကဘူး။ တံတားကျိုးတာ၊ ဆည်ကျိုးတာ က စပြီး အားလုံးက ပျက်မှ ပြင်မယ် ဆိုတဲ့ ဖလော်ဆော်ဖီ ထဲမှာပဲ သွားနေတယ်။ အဲဒီ အတိုင်း သွားလို့ ရှိရင်တော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဒုက္ခတွေကတော့ ဆက်ပြီး ဆိုးဆိုး ဝါးဝါး ခံစား နေကြရအုံးမှာပေါ့နော်။

ဆိုတော့ အဲဒါကြောင့် မို့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ကောင်းအောင် စံနစ်တကျ ထိန်းမလဲ၊ စဉ်းစားတဲ့ အချိန်မှာ နည်းလမ်း ၃ ခုကို တပြိုင်နက်ထဲ ပြင်းပြင်း ထန်ထန် ဆောင်ရွက်မှပဲ ရမယ်လို့ ကျွန်တော်မြင်ပါတယ်။”

ဟုတ်ကဲ့ပါ။ အဲဒီ တပြိုင်နက်ထဲ လုပ်ဖို့ လိုအပ်တဲ့ နည်းလမ်း ၃ ခုက ဘာပါလဲ ဆရာ။

။“အဲဒါက အင်္ဂလိပ်လို R နဲ့ ၃ ခုလုံးက စတယ်။ ပထမဆုံး R က Rain Water Harvesting မိုးရေကို ရအောင်ယူ၊ မိုးရေကို ထိန်းချုပ်ပေးတာ ပေါ့လေ။ ဒုတိယ နည်းကတော့ မြစ်ထဲမှာ ဖို့နေတဲ့ သဲန ုန်းတွေကို ဖယ်ထုတ်ရမယ်။ မြစ်ထဲမှာ ရေအတွက် စီးစရာ နေရာရှိအောင် လုပ်ပေးရမယ်။ အဲဒါကတော့ Room for the River လို့ခေါ်တယ်ပေါ့နော်။ နောက်ဆုံး တနည်း ကတော့ သမရိုးကျဖြစ်တဲ့ Reforestation လို့ခေါ်တဲ့ သစ်ပင် သစ်တောတွေ ပြန်ဖြစ်လာအောင် လုပ်တာပေါ့နော်။” ဦးသိန်းမော်။

ရာသီဥတု ပြောင်းလဲမှုကြောင့် အပူချိန် မြင့်လာ ပြီးတော့ လေထုတဲမှာ ရေငွေ့ ထိန်းထားတာမျိုး မရတဲ့ အတွက် တကြိမ်မှာ ရွာချတဲ့ မိုးရဲ့ ထုထည်ကလည်း အရင်ထက် ပိုပြီး များလာတယ်။ ရေတွေကလည်း များလာတယ်။ မြစ်ထဲမှာ စီးစရာ နေရာကလည်း မရှိဘူး ဆိုရင် ဘေးတွေကိုပဲ ဖြန့်စီးမှာပေါ့။ အဲဒီအခါ ရေကြီးရေလျှံမှုတွေက ဆက်ပြီး ဖြစ်နေမှာပဲ။” ရုပ်သွင် အနေနဲ့ အမြင့်ပိုင်းက သဲမြေတွေက မိုးရေတွေနဲ့ အတူ အနိမ့်ပိုင်းကို ရောက်သွားပြီးတော့ ချောင်းတွေ မြစ်တွေ ထဲမှာ ပို့ချနေတာပေါ့နော်။ အဲဒီဖြစ်စဉ်က တောက်လျှောက် ဖြစ်နေတယ်။ ထိမ်းမနိုင် သိမ်းမရလည်း ဖြစ်နေတယ်။ အဲဒါကို တကယ် ထိထိရောက်ရောက် ဘယ်သူမှ မလုပ်သေးဘူး။ မလုပ်လို့ရှိရင် ကျွန်တော်တို့ ရေကြီးရေလျှံဖြစ်နေတာ ကတော့ နှစ်တိုင်း နှစ်တိုင်း ဒီထက်ဒီ ပိုပိုပြိး ဆိုးလာမှာပေါ့။ ဘာ့ကြောင့်လည်း ဆိုတော့ မြစ်တွေ ထဲမှာ ရေစီးစရာ နေရာ မရှိတဲ့ အတွက်။ ဒီလိုမရှိတဲ့ အချိန်မှာ ရေတွေက ဘေးတွေကို ဖြန့်ဖြန့်ပြီးတော့ ရေကြီးမှုတွေ ဖြစ်တယ်။ ဒါ့အပြင် “အဲဒီ နည်းလမ်းတွေ မပြောခင် ကျွန်တော်က ဒီ သဘာဝ ပတ်ဝန်းကျင်ပေါ့နော်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးတဲ့ ဖြစ်စဉ်တွေကို ကြည့်တဲ့ အခါမှာ ကျွန်တော်မြင်တာ ကတော့

ဟုတ်ကဲ့ပါ။ ဒါမျိုူးမဖြစ်အောင် ပထမဦးဆုံး ဆရာပြောတဲ့ 3 R ထဲက မိုးရေကို ထိန်းချုပ်တဲ့ Rain Water Harvesting နည်းကို နဲနဲ ပြောပြပေးပါ။ ဘာတွေ လုပ်သင့်တယ်။ ဘာ့ကြောင့် လုပ်ရတယ် ဆိုတာကို ပြောပြပါ။

အဲဒီတော့ မိုးရေကို ဘာကြောင့် မထိန်းချုပ်နိုင် သလဲ ဆိုတော့ မိုးရေကို သဘာဝ အလျှောက် ထိန်းချုပ်ပေးမယ့်၊ သစ်ပင် သစ်တောတွေ မရှိတော့လို့ ပေါ့နော်။ ဆိုတော့ သစ်ပင်သစ်တောတွေ မရှိတဲ့အတွက် ဖြစ်နေတာ ဆိုတော့ သူ့ကို ဘယ်လို ကုမလဲ ဆိုတော့ သစ်ပင်သစ်တောတွေ ပြန်စိုက်ဖို့ပဲ ပေါ့နော်။ သို့သော် သစ်ပင် တပင် ဖြစ်လာဖို့က အနှစ် ၂၀ - ၃၀ ကြာမယ်။ သစ်တောဖြစ်လာဖို့က နှစ် ၅၀ လောက် ကြာမယ်။ နေပျောက်မထိုးတဲ့ သစ်တောမျိုး ဖြစ်လာဖို့က အနှစ် ၁၅၀ လောက် ကြာမယ်လို့ ပြောကြတာပေါ့။ အဲဒီတော့ ကျွန်တော်တို့က အဲဒီ အချိန် မစောင့်နိုင်ဘူး။ အဲဒီတော့ အဲဒီလို အချိန် မစောင့်နိုင်တဲ့အတွက် ဘာလုပ်ရမှာလဲ ဆိုတော့ သစ်ပင်တွေ အစား အလုပ်လုပ်ပေးနိုင်မယ့်နည်းကို ရှာပြီးတော့ သုံးကြတာပေါ့။ အဲဒီနည်းလမ်းက တော့ Rain Water Harvesting မိုးရေကို စုပြီးတော့ ထိန်းချုပ်တဲ့ နည်းပေါ့နော်။” ။“Rain Water Harvesting ဘာကြောင့် လုပ်ရသလဲ ဆိုတော့။ ခုနက ဖြစ်နေတဲ့ ပြဿနာ တွေရဲ့ အဓိက အကြောင်းရင်းက တကယ့်ရောဂါပေါ့နော်။ အဲဒီ ရောဂါက ဘာလဲ ဆိုတော့ မိုးရေကို မထိန်းချုပ်နိုင်တဲ့ ရောဂါကြောင့်ပေါ့နော်။ ဦးသိန်းမော်။

မြစ်အတွက် စီးဖို့ နေရာပေးရတာ ပေါ့နော်။ ဟုတ်ကဲ့ပါဆရာ။ ဒုတိယ နည်းလမ်းကတော့ Room for the river

ဦးသိန်းမော်။ ။“ဟုတ်ကဲ့။ ဟုတ်ကဲ့။ Room for the river က Netherlands မိုးရွာချမှုတွေက များလာတယ်။ နောက်ပိုင်း ပိုဆိုးလာရင် သူတို့ အတွက် ခံနိုင်ရည် မရှိဘူး ပေါ့နော်။ သူတို့ ဘာလုပ်မလဲလို့ စဉ်းစားတဲ့ အချိန်မှာ ဒီမြစ်တွေနဲ့ အတူ ယှဉ်တွဲပြီး နေနိုင်ဖို့ ပဲပေါ့နော်။ ရေနဲ့ အတူယှဉ်တွဲပြီး၊ သဘာဝ တရားနဲ့ လိုက်လျောညီထွေ နေဖို့ပဲ ရှိတယ် ဆိုပြီးတော့ သူတို့ မြစ်တွေ အတွက် နေရာပိုပေးဖို့ ဆုံးဖြတ်လိုက်တယ် ပေါ့နော်။ မြစ်တွေကို တူးဖေါ်တယ်၊ မြစ်ကြောင်းတွေကို ချဲ့တယ်။ နောက်ပြီးတော့ တမံတွေကို ကုန်းဖက်ကို ဆုတ်ပေးတယ်။ နောက်ပြီး မိုးများလာလို့ ရှိရင် မိုးရေလှောင်စရာ ကန်ကြီးတွေ၊ လှောင်စရာ နေရာကြီးတွေကို ဖန်တီးပေးတယ်ပေါ့နော်။ အဲဒီတော့ သူက ရေအတွက် နေရာတွေကို ထုတ်လိုက်တယ်။ ဒီစီမံကိန်းကို သူတို့ ခေါ်လိုက်တဲ့ နံမယ်ကတော့ မြစ်အတွက် နေရာပေးပါ ပေါ့နော်။ Room for the river ပါ။“” နိုင်ငံမှာ ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းကြီး တခုပေါ့နော်။ လက်ရှိလည်း မပြီးသေးဘူး။ သူတို့ ဆောင်ရွက်နေတယ်။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာမှုနဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့်

“ဆိုတော့ ကျွန်တော်တို့ မြန်မာပြည်မှာကလည်းပဲ ချောင်း တွေ မြစ်တွေက ခုနက သဲနှုန်းတွေ ပို့တာက အရမ်းကို ဆိုးနေပြီ။ အဲဒီအတွက် ဘာဖြစ်သလဲ။ မိုးမှာ ရေလျှံတယ်။ နွေမှာ ရေမရှိဘူး။ ဒီ မြစ်ကြောင်းထဲမှာ သွားဖို့ လာဖို့တောင် အဆင်မပြေတော့ဘူး ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့က မြစ်ကြောင်းကို ဖေါ်မှ ရမယ်။”

Reforestation

“နောက်ဆုံး တခုကတော့ သမရိုးကျ လုပ်နေတဲ့ Reforestation သစ်ပင်သစ်တောတွေ ပြန်စိုက်နေတာ ပေါ့နော်။ ကျွန်တော်တို့ ဆီမှာ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းဖို့ သစ်ပင် စိုက်ရမယ် ဆိုတာ လူတိုင်းမှာ အသိတော့ရှိတယ်။ သစ်ပင်စိုက် ပွဲတော်တွေ လုပ်ကြတယ်။ ဒါပေမယ့် တကယ်တမ်း သဘာဝ ပတ်ဝန်းကျင် ထိထိရောက်ရောက် အကျိုးရှိ လာတဲ့အထိ စိုက်လာတဲ့ လူကို မတွေ့ရဘူး။ ဆိုတော့ သစ်ပင်ကလည်း တကယ်တမ်းကျတော့ ခုနပြောတဲ့ မြေကြီးကို တိုက်စားမှုတွေကို သစ်ပင် တပင်ထဲက ကာကွယ် မပေးနိုင်ဘူး။”

သူတို့တွေ အပင်တွေ ဘယ်လောက်အထိ စိုက်ကြသလဲ ဆိုပြီး ကြည့်လိုက်တဲ့ အချိန်မှာ အနဲဆုံး လူက အပင် တသောင်း တထောင် စိုက်တယ်။ အကျယ်အဝန်းက ဧက တရာလောက် ပေါ့နော်။ ဧက တရာ လောက် အတွင်းမှာ အပင် တသောင်းလောက် စိုက်မှ တကယ် အကျိုး ဖြစ်တာကို တွေ့ရတယ်ပေါ့နော်။” ရှိတယ်။ “ဆိုလိုတာက သစ်ပင် စိုက်တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် တကယ် အကျိုးရှိအောင် သစ်ပင် ဘယ်လောက် စိုက်ရမလဲ ဆိုတာ အဲကမ္ဘာတဝှမ်းမှာ သစ်ပင်စိုက်နေတဲ့ လူတွေ

“အဲဒီတော့ ကျွန်တော်တို့ကလည်း တပင် ၂ ပင် စိုက်နေတာထက် အနဲဆုံး သောင်းဂဏန်းတော့ စိုက်မှ ဖြစ်မယ်ပေါ့နော်။ ဒီသစ်ပင် စိုက်တာကိုလည်း ဒီ ပြည်သူတွေကရော၊ အစိုးရကပါ၊ အင်တိုက်အားလုပ်နိုင်မှ ဖြစ်မယ်။ ဖြစ်နိုင်သမျှ ခုန နည်းသုံးလမ်း စလုံးကို ပေါင်းပြီးမှ ထိထိ ရောက်ရောက် လုပ်မှ သဘာဝ ပတ်ဝန်းကျင်က ပြန်ပြီးကောင်းလာနိုင်မှာပါ။”

ထိန်းသိမ်းရေး အင်ဂျင်နီယာ ဦးသိန်းမော် ပြောသွားတာပါ။

XS
SM
MD
LG