သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ပိတ္ထားရတဲ့ ဘာသာေရး အေဆာက္အဦးေတြ ျပန္ဖြင့္ဖုိ႔ သမၼတ Trump အမိန္႔ထုတ္


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ပိတ္ထားရတဲ့ ဘာသာေရးဝတ္ျပဳဆုေတာင္းတဲ႔ ေနရာေတြကို ဒီသီတင္းပတ္ကုန္မွာ ျပန္ၿပီး ဖြင့္ေပးဖို႔ သမၼတေဒၚနယ္ထရမ့္က ျပည္နယ္ အုပ္ခ်ဳပ္ေရးမႈး ေတြကို တုိ္က္တြန္းလိုက္ၿပီး ဒီတိုက္တြန္းခ်က္ကို ျပည္နယ္အုပ္ခ်ဳပ္ေရးမႈးေတြက မလိုက္နာပဲ ဖြင့္မေပးရင္လည္း သမၼတ ကပဲ ဖြင့္ေပးမွာ ျဖစ္ေၾကာင္း ေသာၾကာေန႔ သမၼတအိမ္ျဖဴ သတင္းစာရွင္းလင္းပြဲမွာ သမၼတက သတိေပး လိုက္ပါတယ္။

“ဘာသာေရး ဝတ္ျပဳတဲ့ ေနရာေတြ၊ ခရစ္ယာန္ဘုရားေက်ာင္းေတြ၊ ဂ်ဴးဘုရားေက်ာင္းေတြနဲ႔ ဗလီဝတ္ေက်ာင္းေတြကို မရွိမျဖစ္ လုိအပ္တဲ့ ဝန္ေဆာင္မႈေတြ ေပးရမယ့္ လိုအပ္တဲ့ေနရာေတြ အျဖစ္ ဒီကေန႔ သတ္မွတ္လိုက္တယ္” လို႔ သမၼတက ေျပာသြားတာပါ။

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါကူးစက္မႈ မရွိေအာင္ ကန္႔သတ္ပိတ္ပင္မႈေတြကို ႏိုင္ငံတြင္းမွာ တေျဖးေျဖး ေျဖေလွ်ာ့ ေပးေနရာမွာ မရွိမျဖစ္ အေရးပါတဲ့ ေနရာေတြကို ျပန္ဖြင့္ေပးေနတာ ျဖစ္ပါတယ္။

တခ်ိဳ႕အုပ္ခ်ဳပ္ေရးမွဴးေတြက ဘာသာေရးဝတ္ျပဳတဲ့ ေနရာေတြကို အရက္ဆိုင္ေတြ ေလာက္ အေရးပါတဲ့ ေနရာ အျဖစ္မသတ္မွတ္ၾကတဲ့ အတြက္ အခုလို သတ္မွတ္ေပးတာ ျဖစ္ေၾကာင္း သမၼတက ေျပာခဲ့သလို အဲဒီ ဘာသာေရး ဝတ္ျပဳဆုေတာင္းတဲ့ ေနရာေတြကို အတတ္ႏိုင္ဆံုး အျမန္ ျပန္ဖြင့္ေပးဖို႔ပါ အုပ္ခ်ဳပ္ေရးမွဴး ေတြကို ေတာင္းဆိုလိုက္ပါတယ္။

ဒါ့အျပင္ အေမရိကန္ ႏိုင္ငံသား သန္းေပါင္းမ်ားစြာရဲ့ လူမႈဘဝအတြက္ ဘာသာတရား လက္ကိုင္ ထားမႈဟာ အေရးပါေၾကာင္းနဲ႔ ဘာသာအသီးသီးက ဘာသာေရးဝန္ေဆာင္မႈ ေပးေနသူေတြ ကလည္း သူတုိ႔ရဲ့ ဝတ္ျပဳဆုေတာင္းတဲ့ ေနရာေတြြမွာ ကုိယ့္ပရိတ္သတ္ လာေရာက္စုေဝးတာ ဆုေတာင္းတာေတြကို ေဘးအႏၱရာယ္ကင္းေအာင္ လုပ္ေဆာင္ေပးဖုိ႔လည္း ပန္ၾကားခဲ့ပါတယ္။

သမၼတရဲ့ အခုလိုပန္ၾကားခ်က္ကို မလိုက္နာတဲ့ အုပ္ခ်ဳပ္ေရးမႈး ေတြကိုလည္း သတိေပးခဲ့တာ ျဖစ္ၿပီး ဒီလိုဘာသာေရး အေဆာက္အဦးေနရာေတြကို အတင္းျပန္ဖြင့္ဖို႔ ဘာေတြ လုပ္မယ္ဆိုတာကိုေတာ့ မေျပာပါဘူး။

တိုက္႐ိုက္ လင့္ခ္


.............

ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ ဘာသာရေး အဆောက်အဦးတွေ ပြန်ဖွင့်ဖို့ သမ္မတ Trump အမိန့်ထုတ်

(Unicode)

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ပိတ်ထားရတဲ့ ဘာသာရေးဝတ်ပြုဆုတောင်းတဲ့ နေရာတွေကို ဒီသီတင်းပတ်ကုန်မှာ ပြန်ပြီး ဖွင့်ပေးဖို့ သမ္မတဒေါ်နယ်ထရမ့်က ပြည်နယ် အုပ်ချုပ်ရေးမှုး တွေကို တိုက်တွန်းလိုက်ပြီး ဒီတိုက်တွန်းချက်ကို ပြည်နယ်အုပ်ချုပ်ရေးမှုးတွေက မလိုက်နာပဲ ဖွင့်မပေးရင်လည်း သမ္မတ ကပဲ ဖွင့်ပေးမှာ ဖြစ်ကြောင်း သောကြာနေ့ သမ္မတအိမ်ဖြူ သတင်းစာရှင်းလင်းပွဲမှာ သမ္မတက သတိပေး လိုက်ပါတယ်။

“ဘာသာရေး ဝတ်ပြုတဲ့ နေရာတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဂျူးဘုရားကျောင်းတွေနဲ့ ဗလီဝတ်ကျောင်းတွေကို မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပေးရမယ့် လိုအပ်တဲ့နေရာတွေ အဖြစ် ဒီကနေ့ သတ်မှတ်လိုက်တယ်” လို့ သမ္မတက ပြောသွားတာပါ။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကူးစက်မှု မရှိအောင် ကန့်သတ်ပိတ်ပင်မှုတွေကို နိုင်ငံတွင်းမှာ တဖြေးဖြေး ဖြေလျှော့ ပေးနေရာမှာ မရှိမဖြစ် အရေးပါတဲ့ နေရာတွေကို ပြန်ဖွင့်ပေးနေတာ ဖြစ်ပါတယ်။

တချို့အုပ်ချုပ်ရေးမှူးတွေက ဘာသာရေးဝတ်ပြုတဲ့ နေရာတွေကို အရက်ဆိုင်တွေ လောက် အရေးပါတဲ့ နေရာ အဖြစ်မသတ်မှတ်ကြတဲ့ အတွက် အခုလို သတ်မှတ်ပေးတာ ဖြစ်ကြောင်း သမ္မတက ပြောခဲ့သလို အဲဒီ ဘာသာရေး ဝတ်ပြုဆုတောင်းတဲ့ နေရာတွေကို အတတ်နိုင်ဆုံး အမြန် ပြန်ဖွင့်ပေးဖို့ပါ အုပ်ချုပ်ရေးမှူး တွေကို တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် အမေရိကန် နိုင်ငံသား သန်းပေါင်းများစွာရဲ့ လူမှုဘဝအတွက် ဘာသာတရား လက်ကိုင် ထားမှုဟာ အရေးပါကြောင်းနဲ့ ဘာသာအသီးသီးက ဘာသာရေးဝန်ဆောင်မှု ပေးနေသူတွေ ကလည်း သူတို့ရဲ့ ဝတ်ပြုဆုတောင်းတဲ့ နေရာတွေမှာ ကိုယ့်ပရိတ်သတ် လာရောက်စုဝေးတာ ဆုတောင်းတာတွေကို ဘေးအန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးဖို့လည်း ပန်ကြားခဲ့ပါတယ်။

သမ္မတရဲ့ အခုလိုပန်ကြားချက်ကို မလိုက်နာတဲ့ အုပ်ချုပ်ရေးမှုး တွေကိုလည်း သတိပေးခဲ့တာ ဖြစ်ပြီး ဒီလိုဘာသာရေး အဆောက်အဦးနေရာတွေကို အတင်းပြန်ဖွင့်ဖို့ ဘာတွေ လုပ်မယ်ဆိုတာကိုတော့ မပြောပါဘူး။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG