သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမယ့်ကိစ္စ တရုတ်ကို အမေရိကန်သတိပေး


တရုတ်နိုင်ငံ ဟောင်ကောင်မြို့ရှိ ဈေးဝယ်စင်တာ တခုမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲဖြစ်ပွဲအတွင်းတွေ့ရတဲ့ ရဲများ။ (မေ ၁၆၊ ၂ ၀၂၀)
တရုတ်နိုင်ငံ ဟောင်ကောင်မြို့ရှိ ဈေးဝယ်စင်တာ တခုမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲဖြစ်ပွဲအတွင်းတွေ့ရတဲ့ ရဲများ။ (မေ ၁၆၊ ၂ ၀၂၀)

[Zawgyi/Unicode]

ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အားနည်းစေနိုင်တဲ့ လုပ်ရပ်တခုမှ မလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို သတိပေးခဲ့ပါတယ်။

ဟောင်ကောင်က ဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲတွေမှာ မကြာခဏ အကြမ်းဖက်ဆန္ဒပြမှုတွေဖြစ်ခဲ့တာကြောင့် အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမယ်လို့ တရုတ်လွှတ်တော်က ကြာသပတေးနေ့က ပြောကြားခဲ့ပြီးနောက် အမေရိကန်က ခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။

တကယ်လို့ ပြဌာန်းခဲ့ရင် အမေရိကန်က ပြင်းပြင်ထန်ထန် ကိုင်တွယ်မယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Morgan Ortagus
နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Morgan Ortagus

ဟောင်ကောင်ပြည်သူတွေရဲ့ ဆန္ဒကိုဆန့်ကျင်တဲ့ အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းခဲ့မယ်ဆိုရင် တည်ငြိမ်မှု အကြီးအကျယ်ပျက်ပြားသွားနိုင်ပြီး အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်မှုခံရမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Morgan Ortagus ကလည်း ပြောကြားခဲ့ပါတယ်။

ဒီဥပဒေပြဌာန်းမယ့် အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ဟောင်ကောင်မှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ လွှတ်တော်အမတ်တွေဟာ ဒီကနေ့ ပြည်မကြီးအစိုးရ ဆက်ဆံရေးရုံးရှိတဲ့နေရာကို ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဟောင်ကောင်ဟာ ရှင်ကျန်းလိုဖြစ်လာနေပြီလို့ ကြွေးကြော်ခဲ့ကြသလို တနိုင်ငံ စနစ် ၂ ခုမူကို အဆုံးသတ်မယ့် ဥပဒေဖြစ်တယ်လို့ ပြောဆိုကန့်ကွက်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေကို လုံခြုံရေးတွေက အစပိုင်းတားဆီးခဲ့ပေမဲ့ နောက်ပိုင်း ၈ ယောက်တဖွဲ့ချီတက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဟောင်ကောင်လွှတ်တော်ထဲမှာလည်း လွှတ်တော်အမတ်တချို့ ဆန္ဒပြခဲ့ကြတဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမယ့်ကိစ္စ တရုတ်ကို အမေရိကန်သတိပေး
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]




အမေရိကန်သမ္မတ Donald Trump
အမေရိကန်သမ္မတ Donald Trump





XS
SM
MD
LG