သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အသားထုတ္လုပ္ငန္းေတြ ဆက္လုပ္ဖို႔ သမၼတထရမ့္ပ္ အမိန္႔ထုတ္


အေမရိကန္သမၼတ Donald Trump

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြနဲ႔ စားေသာက္ကုန္ ထုတ္လုပ္မႈေတြအေပၚ စုိးရိမ္မႈေတြ တုိးလာေနေပမဲ့လည္း အသားထုတ္လုပ္ငန္းေတြ ဆက္လက္ လုပ္ကုိင္ခြင့္ေပးသြားဖုိ႔ သမၼတ Donald Trump က အမိန္႔ထုတ္လုိက္ပါတယ္။

ေစ်းဆုိင္ေတြမွာ ၾကက္၊ ၀က္နဲ႔ တျခားအသားေတြ ျပတ္လပ္မသြားေအာင္ ကာကြယ္ေရးဆုိင္ရာ ကုန္ထုတ္လုပ္မႈ အက္ဥပေဒအရ အသားထုတ္လုပ္ငန္းကုိ မရွိမျဖစ္လုိအပ္တဲ့ ကုန္ထုတ္လုပ္ငန္းအျဖစ္ သတ္မွတ္လုိက္တဲ့ အမိန္႔ကုိေတာ့ မေန႔ကပဲ သမၼတ Trump လက္မွတ္ေရးထုိး အတည္ျပဳလုိက္တာပါ။

အလုပ္သမားသမဂၢေတြကေတာ့ အလုပ္သမားေတြရဲ႕ က်န္းမာေရးနဲ႔ အသက္အႏၱရာယ္ကုိ အေလးမထားတဲ့ လုပ္ရပ္အျဖစ္ ကန္႔ကြက္ခဲ့ၾကပါတယ္။ အေမရိကန္မွာ အႀကီးဆုံး အသားထုပ္ပုိးလုပ္ငန္းေတြျဖစ္တဲ့ အုိင္အုိ၀ါနဲ႔ ေတာင္ဒါကုိတာ ျပည္နယ္ေတြက စက္႐ုံေတြအပါအ၀င္ စက္႐ုံေပါင္း ၂၀ ေက်ာ္ကေတာ့ ေဒသခံအာဏာပုိင္ေတြနဲ႔ အလုပ္သမားေတြရဲ႕ ဖိအားေတြေၾကာင့္ ပိတ္ထားရပါတယ္။

တျခားစက္႐ုံေတြမွာလည္း အလုပ္သမားေတြ ေနထုိင္မေကာင္းျဖစ္တာ၊ ေရာဂါမကူးေအာင္ အိမ္မွာပဲ ေနၾကရတာေၾကာင့္ လုပ္ငန္းေတြကုိ ေလွ်ာ့ခ်ထားရတာပါ။ သမၼတ အမိန္႔မွာေတာ့ လုပ္ငန္းေတြ ရပ္ဆုိင္းလုိက္မယ္ဆုိရင္ တုိင္းျပည္ရဲ႕ အသားထုတ္လုပ္ငန္း လည္ပတ္မႈေတြကုိ ထိခုိက္ႏုိင္သလုိ အေရးေပၚ အေျခအေနမ်ဳိးမွာ အေရးႀကီးတဲ့ ကုန္ထုတ္လုပ္ငန္းကုိ ထိခုိက္ႏုိင္ေၾကာင္း ေျပာဆုိထားပါတယ္။

အစားအေသာက္နဲ႔ လက္လီလုပ္ငန္းက အလုပ္သမား ၁,၃၀၀,၀၀၀ ကုိ ကုိယ္စားျပဳထားတဲ့ အေမရိကန္ အလုပ္သမားသမဂၢ အဖဲြ႔တခုျဖစ္တဲ့ UFCW ကေတာ့ အေမရိကန္က စားေသာက္ကုန္ ထုတ္လုပ္ေရးနဲ႔ ထုပ္ပုိးေရးလုပ္ငန္းေတြက သမဂၢအဖဲြ႔၀င္ အလုပ္သမား ၂၀ ဟာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ ေသဆုံးခဲ့ရေၾကာင္း မေန႔တုန္းကပဲ ေျပာဆုိခဲ့တာပါ။

ေနထုိင္မေကာင္းျဖစ္တာ ဒါမွမဟုတ္ရင္လည္း ေရာဂါပုိးရွိသူနဲ႔ နီးနီးကပ္ကပ္ ေနခဲ့ၾကတဲ့ အလုပ္သမား အေရအတြက္ဟာလည္း ခန္႔မွန္းေခ် ၆,၅၀၀ ေလာက္ရွိေနေၾကာင္း အလုပ္သမားသမဂၢအဖဲြ႔က ေျပာဆုိထားပါတယ္။

[Unicode Version]

အသားထုတ်လုပ်ငန်းတွေ ဆက်လုပ်ဖို့ သမ္မတထရမ့်ပ် အမိန့်ထုတ်

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ စားသောက်ကုန် ထုတ်လုပ်မှုတွေအပေါ် စိုးရိမ်မှုတွေ တိုးလာနေပေမဲ့လည်း အသားထုတ်လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ခွင့်ပေးသွားဖို့ သမ္မတ Donald Trump က အမိန့်ထုတ်လိုက်ပါတယ်။

ဈေးဆိုင်တွေမှာ ကြက်၊ ဝက်နဲ့ တခြားအသားတွေ ပြတ်လပ်မသွားအောင် ကာကွယ်ရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု အက်ဥပဒေအရ အသားထုတ်လုပ်ငန်းကို မရှိမဖြစ်လိုအပ်တဲ့ ကုန်ထုတ်လုပ်ငန်းအဖြစ် သတ်မှတ်လိုက်တဲ့ အမိန့်ကိုတော့ မနေ့ကပဲ သမ္မတ Trump လက်မှတ်ရေးထိုး အတည်ပြုလိုက်တာပါ။

အလုပ်သမားသမဂ္ဂတွေကတော့ အလုပ်သမားတွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို အလေးမထားတဲ့ လုပ်ရပ်အဖြစ် ကန့်ကွက်ခဲ့ကြပါတယ်။ အမေရိကန်မှာ အကြီးဆုံး အသားထုပ်ပိုးလုပ်ငန်းတွေဖြစ်တဲ့ အိုင်အိုဝါနဲ့ တောင်ဒါကိုတာ ပြည်နယ်တွေက စက်ရုံတွေအပါအဝင် စက်ရုံပေါင်း ၂၀ ကျော်ကတော့ ဒေသခံအာဏာပိုင်တွေနဲ့ အလုပ်သမားတွေရဲ့ ဖိအားတွေကြောင့် ပိတ်ထားရပါတယ်။

တခြားစက်ရုံတွေမှာလည်း အလုပ်သမားတွေ နေထိုင်မကောင်းဖြစ်တာ၊ ရောဂါမကူးအောင် အိမ်မှာပဲ နေကြရတာကြောင့် လုပ်ငန်းတွေကို လျှော့ချထားရတာပါ။ သမ္မတ အမိန့်မှာတော့ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်မယ်ဆိုရင် တိုင်းပြည်ရဲ့ အသားထုတ်လုပ်ငန်း လည်ပတ်မှုတွေကို ထိခိုက်နိုင်သလို အရေးပေါ် အခြေအနေမျိုးမှာ အရေးကြီးတဲ့ ကုန်ထုတ်လုပ်ငန်းကို ထိခိုက်နိုင်ကြောင်း ပြောဆိုထားပါတယ်။

အစားအသောက်နဲ့ လက်လီလုပ်ငန်းက အလုပ်သမား ၁,၃၀၀,၀၀၀ ကို ကိုယ်စားပြုထားတဲ့ အမေရိကန် အလုပ်သမားသမဂ္ဂ အဖွဲ့တခုဖြစ်တဲ့ UFCW ကတော့ အမေရိကန်က စားသောက်ကုန် ထုတ်လုပ်ရေးနဲ့ ထုပ်ပိုးရေးလုပ်ငန်းတွေက သမဂ္ဂအဖွဲ့ဝင် အလုပ်သမား ၂၀ ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးခဲ့ရကြောင်း မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။

နေထိုင်မကောင်းဖြစ်တာ ဒါမှမဟုတ်ရင်လည်း ရောဂါပိုးရှိသူနဲ့ နီးနီးကပ်ကပ် နေခဲ့ကြတဲ့ အလုပ်သမား အရေအတွက်ဟာလည်း ခန့်မှန်းချေ ၆,၅၀၀ လောက်ရှိနေကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့က ပြောဆိုထားပါတယ်။

XS
SM
MD
LG