(Zawgyi/Unicode)
ကပ္ေရာဂါ အေရးေပၚအေျခအေနေၾကာင့္ အေမရိကန္ျပည္ေထာင္စုမွာ အေသးစား စီးပြားေရးလုပ္ငန္းေတြအတြက္ အစိုးရရဲ႕ ထုတ္ေခ်းေငြ အစီအစဥ္မွာ တကယ္ လုိအပ္ေနတဲ့သူေတြ ဆီ မေရာက္တာ၊ ေခ်းေငြယူဖို႔ အကန္႕အသတ္ေတြရွိေနတာ စတဲ့ ျမန္မာ-အေမရိကန္ အေသးစားလုပ္ငန္းရွင္ေတြ ရဲ႕အေတြ႕အႀကံဳေတြကို ဗီြအိုေအက ဆက္သြယ္ေမးျမန္းခြင့္ရခဲ့ပါတယ္။ မ အင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။
အေမရိကန္ ဗဟိုအစိုးရ အစီအစဥ္ကေန အေသးစားလုပ္ငန္းရွင္ေတြအတြက္ Paycheck Protection Program (PPP) လုိ႔ေခၚတဲ့ အလုပ္သမားေတြပံုမွန္လစာ ရရွိေရး အေထာက္အကူျပဳတဲ့ အစီစဥ္နဲ႔ ေခ်းေငြ ထုတ္ေပးေနရာမွာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါအခံရဆံုးေနရာေတြဆီ မေရာက္ခဲ့ဘူးလို႔ စီးပြားေရးပညာရွင္ေတြရဲ႕ ေလ့လာဆန္းစစ္ခ်က္ အသစ္ေတြက ေဖၚျပေနပါတယ္။
ကပ္ေရာဂါ အေရးေပၚအေျခအေနၾကားထဲက မျဖစ္မေနဖြင့္လွစ္ရတဲ့ Recycling ဖန္ပုလင္း၊ ပလတ္စတစ္ဗူးေတြ ၀ယ္ယူတဲ့ အေသးစားလုပ္ငန္း ပိုင္ရွင္ နယူးေရာက္အထက္ျပည္နယ္ Buffalo ၿမိဳ႕က ဦးေဇာ္ဝင္း ဆိုရင္လည္း အခက္အခဲေတြၾကားက ဆိုင္ (၄) ဆိုင္မွာရွိတဲ့ အလုပ္သမား ၁၀ ဦးထက္မနည္းကို ပံုမွန္လစာေပးေနရတာပါ။ ဒါေပမယ့္ ဒီသတင္းပတ္ သံုးပတ္အတြင္း PPP ထုတ္ေခ်းေငြ ႏွစ္ႀကိမ္ေျမာက္ ရွိလာေပမယ့္ အခုခ်ိန္ထိ တင္ထားတဲ့ ေလ်ာက္လႊာနဲ႔ ပတ္သက္လို႔ ဘာမွ အက်ဳိးအေၾကာင္း မသိရေသးဘူးလို႔ ဦးေဇာ္၀င္းက ဗီြအိုေအကိုေျပာပါတယ္။
"ဒီလိုအေျခအေန အခက္အခဲေတြၾကားထဲမွာ အရင္လိုမေအာင္ျမင္ဘူး။ အရင္လုိမ်ိဳး မဟုတ္ပဲနဲ႔ အသက္ေသမသြားေအာင္ ဖုတ္လုိက္ဖုတ္လိုက္နဲ႔ လည္ပတ္ေနရတယ္။ က်ေနာ္တို႔လို တကယ္ရသင့္ရထိုက္ၿပီးေတာ့၊ အစိုးရဆီက တျပားမေပးလည္း က်ေနာ္က အလုပ္သမားေတြကို ပံုမွန္ေပးထားတာျဖစ္ေတာ့၊ ေလွ်ာက္ဖို႔ လိုအပ္ခ်က္ေတြကို အကုန္လံုးျပႏိုင္ေပမယ့္ အခုခ်ိန္ထိ မရေသးဘူး။ အဲဒါကေတာ့ ျပႆနာရွိပါတယ္။ အစိုးရကေရာ၊ ဘဏ္ေတြကိုေရာ ေျပာခ်င္တာကေတာ့ ရသင့္ရထိုက္တဲ့သူေတြ မရေသးပါဘူး။ မေရာက္သင့္ မေရာက္ထိုက္တဲ့ေနရာေတြကိုေတာ့ ေရာက္သြားတယ္ဆိုေတာ့ ဘက္လိုက္မႈေတြမ်ားရွိေနလား။"
ဒါအျပင္ အစိုးရကထုတ္ေခ်းေငြ အစီအစဥ္မွာ ၾကားက အက်ဴိးေဆာင္ေပးတဲ့ ကုမၸဏီေတြကလည္း သူတို႔၀န္ေဆာင္ခအျဖစ္ အတိုးႏႈန္းပိုၿပီးေပးရမွာျဖစ္တယ္လို႔ တိုက္ရိုက္ဆက္သြယ္ ေျပာဆို တာမ်ဳိးလည္းရွိတယ္လို႔ဦးေဇာ္၀င္းကေျပာပါတယ္။
" ကုမၸဏီတခုက ဆက္သြယ္လာတယ္။ အစီအစဥ္ေတြၾကားမွာေပါ့။ ကိုယ့္ဘာသာကိုယ္ယူရင္ ခက္လိမ့္မယ္။ ကုမၸဏီက ရေအာင္ယူေပးမယ္။ အဲဒါက ၁% အတိုးႏႈန္းေလာက္ပဲ သိထားတာ။ အစိုးရ တရား၀င္ထုတ္ျပန္ခ်က္အရ။ ဒါေပမဲ့ သူတို႔က ၃.၅ ကေန ၄% ေလာက္အထိ သူတို႔ကို အတိုးႏႈန္းေပးရမယ္။ ဆိုေတာ့ အစိုးရက ေခ်းေငြကို သူတို႔ ယူလိုက္တယ္။ ဘဏ္ႀကီးေတြနဲ႔ ခ်ိ္တ္ၿပီးယူလိုက္တယ္။ ၿပီးရင္ တဘက္ကေန ၂%၊ ၃% ယူၿပီး အျမတ္ထုတ္ေနလား။ ၾကားထဲကေန လုပ္စားေနတဲ့ဟာက ေပၚလြင္တယ္ေလ။"
အစိုးရက ပထမအႀကိမ္ ထုတ္ေခ်းတုန္းကဆိုရင္ အေသးစားလုပ္ငန္းေတြအတြက္ ဆိုေပမယ့္ အလုပ္သမား ၅၀၀ ေလာက္ရွိေနတဲ့ ကုမၸဏီေတြြ လက္ထဲကို ေတာ္ေတာ္မ်ားမ်ား ေရာက္သြားေၾကာင္း ဦးေဇာ္၀င္းက ေျပာပါတယ္။ ဒါေၾကာင့္ အေသးစားလုပ္ငန္းဆိုတဲ့ေနရာမွာ အေမရိကန္ အစိုးရဘက္က တိတိက်က် သတ္မွတ္ေပးဖို႔၊ ကပ္ေရာဂါေၾကာင့္ အခက္အခဲ ႀကီးႀကီးမားမားေတြ႕ေနရတဲ့ သူတို႔လို အေသးစား လုပ္ငန္းေတြအတြက္ ဦးစားေပးဖို႔ ဦးေဇာ္၀င္းက အႀကံျပဳ ေျပာဆိုခဲ့ပါတယ္။
COVID-19 ေရာဂါကူးစက္မႈေၾကာင့္ စီးပြားေရးလုပ္ငန္းေတြ အရင္ဆံုးပိတ္ခဲ့တဲ့ Nevada ျပည္နယ္ Las Vegas ၿမိဳ႕က အလုပ္သမား ၃၀ ေလာက္ရွိေနတဲ့ ဆူရွီဆိုင္ လုပ္ငန္းရွင္ ဦးဆန္နီ ဆိုရင္လည္း ေခ်းေငြကို အခုထက္ထိ မရေသးပါဘူး။ သူကေတာ့ PPP ေခ်းေငြ အစီအစဥ္မွာ ရွိေနတဲ့ အကန္႔အသတ္စည္းမ်ဥ္းေတြကို အခုလို ဗီြအိုေအကို ေျပာျပပါတယ္။
" က်ေနာ္သားေတြ ေလ်ာက္ေပးတယ္။ ဒါေပမဲ့ အခုထက္ထိ တျပားမွာ မရေသးဘူး။တခ်ဳိ႕ လုပ္ငန္းအေသးေတြလည္းရတယ္လို႔ ေျပာတယ္။ ရၾကေတာ့လည္း ေနာက္မွာ ကန္႔သတ္ခ်က္ ေတြပါတယ္ေပါ့။ က်ေနာ္ၾကားတာက တခ်ဳိ႕ စားေသာက္ဆိုင္အေသးေတြက ေဒၚလာ ၂ သိန္းရတယ္။ ဒါေပမယ့္ စည္းကမ္းခ်က္က ဘာပါလဲဆိုရင္ ၀န္ထမ္းေတြကုိ ႏွစ္ပတ္အတြင္း ေပးၿပီး ဒါကို ကုန္တဲ့အထိသံုးရမယ္လို႔ ဆိုလာေတာ့ ၀န္ထမ္းေတြကို ဒီေငြေတြ အကုန္ေပးၿပီး ခိုင္းရမယ္ဆိုေတာ့ သေဘာေပါ့။ ဆိုေတာ့ တခ်ဳိ႕ကလည္း သိတဲ့အတိုင္းေပါ့ေလ။ အခြင့္အေရးရေတာ့ ပိုၿပီးေလ်ာက္ၾကတယ္။ ညာၿပီး ေလ်ာက္ၾကတယ္။ ၀န္ထမ္းေတြကို ျပန္ေခၚၿပီးေတာ့ အလကားေပးလို႔ကလည္း မျဖစ္၊ အလကားေပးလို႔ရတယ္ဆိုရင္လည္း ဒီေငြက PPP အေနနဲ႔ အလကားေပးမွာလား။ ေခ်းေငြအေနနဲ႔ေပးတဲ့အတြက္ တခ်ိန္မွာ ျပန္ဆပ္ခိုင္းမွာလား။ တကယ္လို႔ အခ်ိန္အတိုင္းအတာနဲ႔ တခ်ိန္မွာ ျပန္ဆပ္ခိုင္းမယ္ဆိုရင္ စားေသာက္ဆိုင္ အေသးေတြက သူတို႔အိတ္ထဲက ဆိုက္ၿပီးေပးရမယ့္ သေဘာျဖစ္ေနတယ္လို႔ က်ေနာ္တို႔ၾကားရတယ္။"
လက္ရွိ ေကာက္ယူတဲ့ စစ္တမ္းေတြအရ ျပည္နယ္ေတြမွာ ကပ္ေရာဂါေၾကာင့္ အလုပ္ခ်ိန္ေတြ ေလ်ာ့ရတာ၊ လံုး၀ပိတ္ပစ္ရတာ စတဲ့ ကုမၸဏီေတြထဲမွာ ၁၅% ပဲ အစိုးရရဲ႕ PPP ေခ်းေငြ ကို လက္ခံရရွိခဲ့တယ္လို႔ ဆိုပါတယ္။
အေသးစားလုပ္ငန္းေတြအတြက္ ထုတ္ေခ်းဖို႔ ေဒၚလာ ၃၄၉ဘီလီယံကို အစိုးရက ပထမအႀကိမ္ေပးခဲ့ခ်ိန္မွာ ႏွစ္ပတ္အတြင္း ကုန္သြားခဲ့ပါတယ္။ အခုေနာက္တႀကိမ္ ထုတ္ေခ်းတဲ့ ေဒၚလာ ၃၂၀ ဘီလီယံ ကို ၿပီးခဲ့တဲ့ သတင္းပတ္က လႊတ္ေတာ္မွာ အတည္ျပဳလိုက္တဲ့အတြက္ ဒီသတင္းပတ္ တနလၤာေန႔မွာ စတင္ေလွ်ာက္လို႔ရေနပါၿပီ။
အေမရိကန္ျပည္ေထာင္စုမွာ လက္ရွိ COVID-19 ကပ္ေရာဂါ အေရးေပၚအေျခအေနေၾကာင့္ လူေပါင္း ၂၆ သန္းေက်ာ္ အလုပ္လက္မဲ့ခံစားခြင့္ကုိ ေလွ်ာက္ထားၾကၿပီး ျဖစ္ပါတယ္။
................
ကန် အစိုးရ အသေးစားစီးပွားရေး ကူညီရေးအစီအစဉ်နဲ့ လုပ်ငန်းရှင်တွေကြုံရတဲ့ အခက်အခဲများ
(Unicode)
ကပ်ရောဂါ အရေးပေါ်အခြေအနေကြောင့် အမေရိကန်ပြည်ထောင်စုမှာ အသေးစား စီးပွားရေးလုပ်ငန်းတွေအတွက် အစိုးရရဲ့ ထုတ်ချေးငွေ အစီအစဉ်မှာ တကယ် လိုအပ်နေတဲ့သူတွေ ဆီ မရောက်တာ၊ ချေးငွေယူဖို့ အကန့်အသတ်တွေရှိနေတာ စတဲ့ မြန်မာ-အမေရိကန် အသေးစားလုပ်ငန်းရှင်တွေ ရဲ့အတွေ့အကြုံတွေကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။ မ အင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။
အမေရိကန် ဗဟိုအစိုးရ အစီအစဉ်ကနေ အသေးစားလုပ်ငန်းရှင်တွေအတွက် Paycheck Protection Program (PPP) လို့ခေါ်တဲ့ အလုပ်သမားတွေပုံမှန်လစာ ရရှိရေး အထောက်အကူပြုတဲ့ အစီစဉ်နဲ့ ချေးငွေ ထုတ်ပေးနေရာမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခံရဆုံးနေရာတွေဆီ မရောက်ခဲ့ဘူးလို့ စီးပွားရေးပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက် အသစ်တွေက ဖေါ်ပြနေပါတယ်။
ကပ်ရောဂါ အရေးပေါ်အခြေအနေကြားထဲက မဖြစ်မနေဖွင့်လှစ်ရတဲ့ Recycling ဖန်ပုလင်း၊ ပလတ်စတစ်ဗူးတွေ ဝယ်ယူတဲ့ အသေးစားလုပ်ငန်း ပိုင်ရှင် နယူးရောက်အထက်ပြည်နယ် Buffalo မြို့က ဦးဇော်ဝင်း ဆိုရင်လည်း အခက်အခဲတွေကြားက ဆိုင် (၄) ဆိုင်မှာရှိတဲ့ အလုပ်သမား ၁၀ ဦးထက်မနည်းကို ပုံမှန်လစာပေးနေရတာပါ။ ဒါပေမယ့် ဒီသတင်းပတ် သုံးပတ်အတွင်း PPP ထုတ်ချေးငွေ နှစ်ကြိမ်မြောက် ရှိလာပေမယ့် အခုချိန်ထိ တင်ထားတဲ့ လျောက်လွှာနဲ့ ပတ်သက်လို့ ဘာမှ အကျိုးအကြောင်း မသိရသေးဘူးလို့ ဦးဇော်ဝင်းက ဗွီအိုအေကိုပြောပါတယ်။
"ဒီလိုအခြေအနေ အခက်အခဲတွေကြားထဲမှာ အရင်လိုမအောင်မြင်ဘူး။ အရင်လိုမျိုး မဟုတ်ပဲနဲ့ အသက်သေမသွားအောင် ဖုတ်လိုက်ဖုတ်လိုက်နဲ့ လည်ပတ်နေရတယ်။ ကျနော်တို့လို တကယ်ရသင့်ရထိုက်ပြီးတော့၊ အစိုးရဆီက တပြားမပေးလည်း ကျနော်က အလုပ်သမားတွေကို ပုံမှန်ပေးထားတာဖြစ်တော့၊ လျှောက်ဖို့ လိုအပ်ချက်တွေကို အကုန်လုံးပြနိုင်ပေမယ့် အခုချိန်ထိ မရသေးဘူး။ အဲဒါကတော့ ပြဿနာရှိပါတယ်။ အစိုးရကရော၊ ဘဏ်တွေကိုရော ပြောချင်တာကတော့ ရသင့်ရထိုက်တဲ့သူတွေ မရသေးပါဘူး။ မရောက်သင့် မရောက်ထိုက်တဲ့နေရာတွေကိုတော့ ရောက်သွားတယ်ဆိုတော့ ဘက်လိုက်မှုတွေများရှိနေလား။"
ဒါအပြင် အစိုးရကထုတ်ချေးငွေ အစီအစဉ်မှာ ကြားက အကျိူးဆောင်ပေးတဲ့ ကုမ္ပဏီတွေကလည်း သူတို့ဝန်ဆောင်ခအဖြစ် အတိုးနှုန်းပိုပြီးပေးရမှာဖြစ်တယ်လို့ တိုက်ရိုက်ဆက်သွယ် ပြောဆို တာမျိုးလည်းရှိတယ်လို့ဦးဇော်ဝင်းကပြောပါတယ်။
" ကုမ္ပဏီတခုက ဆက်သွယ်လာတယ်။ အစီအစဉ်တွေကြားမှာပေါ့။ ကိုယ့်ဘာသာကိုယ်ယူရင် ခက်လိမ့်မယ်။ ကုမ္ပဏီက ရအောင်ယူပေးမယ်။ အဲဒါက ၁% အတိုးနှုန်းလောက်ပဲ သိထားတာ။ အစိုးရ တရားဝင်ထုတ်ပြန်ချက်အရ။ ဒါပေမဲ့ သူတို့က ၃.၅ ကနေ ၄% လောက်အထိ သူတို့ကို အတိုးနှုန်းပေးရမယ်။ ဆိုတော့ အစိုးရက ချေးငွေကို သူတို့ ယူလိုက်တယ်။ ဘဏ်ကြီးတွေနဲ့ ချိတ်ပြီးယူလိုက်တယ်။ ပြီးရင် တဘက်ကနေ ၂%၊ ၃% ယူပြီး အမြတ်ထုတ်နေလား။ ကြားထဲကနေ လုပ်စားနေတဲ့ဟာက ပေါ်လွင်တယ်လေ။"
အစိုးရက ပထမအကြိမ် ထုတ်ချေးတုန်းကဆိုရင် အသေးစားလုပ်ငန်းတွေအတွက် ဆိုပေမယ့် အလုပ်သမား ၅၀၀ လောက်ရှိနေတဲ့ ကုမ္ပဏီတွေ လက်ထဲကို တော်တော်များများ ရောက်သွားကြောင်း ဦးဇော်ဝင်းက ပြောပါတယ်။ ဒါကြောင့် အသေးစားလုပ်ငန်းဆိုတဲ့နေရာမှာ အမေရိကန် အစိုးရဘက်က တိတိကျကျ သတ်မှတ်ပေးဖို့၊ ကပ်ရောဂါကြောင့် အခက်အခဲ ကြီးကြီးမားမားတွေ့နေရတဲ့ သူတို့လို အသေးစား လုပ်ငန်းတွေအတွက် ဦးစားပေးဖို့ ဦးဇော်ဝင်းက အကြံပြု ပြောဆိုခဲ့ပါတယ်။
COVID-19 ရောဂါကူးစက်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေ အရင်ဆုံးပိတ်ခဲ့တဲ့ Nevada ပြည်နယ် Las Vegas မြို့က အလုပ်သမား ၃၀ လောက်ရှိနေတဲ့ ဆူရှီဆိုင် လုပ်ငန်းရှင် ဦးဆန်နီ ဆိုရင်လည်း ချေးငွေကို အခုထက်ထိ မရသေးပါဘူး။ သူကတော့ PPP ချေးငွေ အစီအစဉ်မှာ ရှိနေတဲ့ အကန့်အသတ်စည်းမျဉ်းတွေကို အခုလို ဗွီအိုအေကို ပြောပြပါတယ်။
" ကျနော်သားတွေ လျောက်ပေးတယ်။ ဒါပေမဲ့ အခုထက်ထိ တပြားမှာ မရသေးဘူး။တချို့ လုပ်ငန်းအသေးတွေလည်းရတယ်လို့ ပြောတယ်။ ရကြတော့လည်း နောက်မှာ ကန့်သတ်ချက် တွေပါတယ်ပေါ့။ ကျနော်ကြားတာက တချို့ စားသောက်ဆိုင်အသေးတွေက ဒေါ်လာ ၂ သိန်းရတယ်။ ဒါပေမယ့် စည်းကမ်းချက်က ဘာပါလဲဆိုရင် ဝန်ထမ်းတွေကို နှစ်ပတ်အတွင်း ပေးပြီး ဒါကို ကုန်တဲ့အထိသုံးရမယ်လို့ ဆိုလာတော့ ဝန်ထမ်းတွေကို ဒီငွေတွေ အကုန်ပေးပြီး ခိုင်းရမယ်ဆိုတော့ သဘောပေါ့။ ဆိုတော့ တချို့ကလည်း သိတဲ့အတိုင်းပေါ့လေ။ အခွင့်အရေးရတော့ ပိုပြီးလျောက်ကြတယ်။ ညာပြီး လျောက်ကြတယ်။ ဝန်ထမ်းတွေကို ပြန်ခေါ်ပြီးတော့ အလကားပေးလို့ကလည်း မဖြစ်၊ အလကားပေးလို့ရတယ်ဆိုရင်လည်း ဒီငွေက PPP အနေနဲ့ အလကားပေးမှာလား။ ချေးငွေအနေနဲ့ပေးတဲ့အတွက် တချိန်မှာ ပြန်ဆပ်ခိုင်းမှာလား။ တကယ်လို့ အချိန်အတိုင်းအတာနဲ့ တချိန်မှာ ပြန်ဆပ်ခိုင်းမယ်ဆိုရင် စားသောက်ဆိုင် အသေးတွေက သူတို့အိတ်ထဲက ဆိုက်ပြီးပေးရမယ့် သဘောဖြစ်နေတယ်လို့ ကျနော်တို့ကြားရတယ်။"
လက်ရှိ ကောက်ယူတဲ့ စစ်တမ်းတွေအရ ပြည်နယ်တွေမှာ ကပ်ရောဂါကြောင့် အလုပ်ချိန်တွေ လျော့ရတာ၊ လုံးဝပိတ်ပစ်ရတာ စတဲ့ ကုမ္ပဏီတွေထဲမှာ ၁၅% ပဲ အစိုးရရဲ့ PPP ချေးငွေ ကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။
အသေးစားလုပ်ငန်းတွေအတွက် ထုတ်ချေးဖို့ ဒေါ်လာ ၃၄၉ဘီလီယံကို အစိုးရက ပထမအကြိမ်ပေးခဲ့ချိန်မှာ နှစ်ပတ်အတွင်း ကုန်သွားခဲ့ပါတယ်။ အခုနောက်တကြိမ် ထုတ်ချေးတဲ့ ဒေါ်လာ ၃၂၀ ဘီလီယံ ကို ပြီးခဲ့တဲ့ သတင်းပတ်က လွှတ်တော်မှာ အတည်ပြုလိုက်တဲ့အတွက် ဒီသတင်းပတ် တနင်္လာနေ့မှာ စတင်လျှောက်လို့ရနေပါပြီ။
အမေရိကန်ပြည်ထောင်စုမှာ လက်ရှိ COVID-19 ကပ်ရောဂါ အရေးပေါ်အခြေအနေကြောင့် လူပေါင်း ၂၆ သန်းကျော် အလုပ်လက်မဲ့ခံစားခွင့်ကို လျှောက်ထားကြပြီး ဖြစ်ပါတယ်။