(Zawgyi / Unicode)
အေမရိကန္သမၼတေဟာင္း Barack Obama က COVID-19 ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး လက္ရွိ အေမရိကန္သမၼတ Donald Trump အစိုးရရဲ႕ ကိုင္တြယ္ေဆာင္ရြက္ပုံေတြကို ရည္ရြယ္ၿပီး ေဖန္ေျပာၾကားလို္က္ပါတယ္။
“ဒီကပ္ေရာဂါက ေခါင္းေဆာင္လုပ္တဲ့သူေတြ အေတာ္မ်ားမ်ားဟာ သူတုိ႔အလုပ္သူတုိ႔ နားလည္သေဘာေပါက္ၾကတယ္ဆုိတဲ့ ထင္ျမင္ယူဆခ်က္ေတြကုိ လုံး၀ခြာခ်ပစ္လုိက္ၿပီး တာ၀န္ရွိတဲ့သူေတြ အေနနဲ႔လည္း ဟန္ေဆာင္ပန္ေဆာင္နဲ႔ေတာင္ သူတုိ႔မွာ တာ၀န္ရွိတယ္ဆုိတာကုိ မေျပာႏုိင္တဲ့ အျဖစ္မ်ဳိးနဲ႔ ႀကံဳၾကရတယ္” လုိ႔ သမၼတေဟာင္း Obama က အြန္လုိင္းက မိန္႔ခြန္းထဲမွာ ေျပာဆုိလုိက္တာပါ။
စေနေန႔တုန္းက အေမရိကန္မွာရွိတဲ့ လူမည္းေတြ အမ်ားစုတက္တဲ့ တကၠသိုလ္ေတြ ဘဲြ႔ႏွင္းသဘင္ အခမ္းအနားကို အင္တာနက္ကေန မိန္႔ခြန္းေျပာၾကားခဲ့စဥ္အတြင္း သမၼတေဟာင္း Obama က အဲဒီလို ေ၀ဖန္သြားခဲ့တာျဖစ္ၿပီး သမၼတ Trump ရဲ႕ နာမည္ကိုေတာ့ ထည့္မေျပာသြားခဲ့ပါဘူး။
COVID-19 ကပ္ေရာဂါေၾကာင့္ လူေတြ အိမ္ထဲကေန အျပင္မထြက္ဘဲ ေနေနၾကတာေၾကာင့္ အဲဒီ ဘဲြ႔ႏွင္းသဘင္ အခမ္းအနားေတြကိုလည္း အင္တာနက္ကေနပဲ လုပ္ခဲ့ၾကတာပါ။
---------------------------
(Unicode)
ကိုဗစ်အရေး အမေရိကန်အစိုးရ ကိုင်တွယ်ပုံ သမ္မတဟောင်း Obama ဝေဖန်
အမေရိကန်သမ္မတဟောင်း Barack Obama က COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး လက်ရှိ အမေရိကန်သမ္မတ Donald Trump အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေကို ရည်ရွယ်ပြီး ဖေန်ပြောကြားလိုက်ပါတယ်။
“ဒီကပ်ရောဂါက ခေါင်းဆောင်လုပ်တဲ့သူတွေ အတော်များများဟာ သူတို့အလုပ်သူတို့ နားလည်သဘောပေါက်ကြတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကို လုံးဝခွာချပစ်လိုက်ပြီး တာဝန်ရှိတဲ့သူတွေ အနေနဲ့လည်း ဟန်ဆောင်ပန်ဆောင်နဲ့တောင် သူတို့မှာ တာဝန်ရှိတယ်ဆိုတာကို မပြောနိုင်တဲ့ အဖြစ်မျိုးနဲ့ ကြုံကြရတယ်” လို့ သမ္မတဟောင်း Obama က အွန်လိုင်းက မိန့်ခွန်းထဲမှာ ပြောဆိုလိုက်တာပါ။
စနေနေ့တုန်းက အမေရိကန်မှာရှိတဲ့ လူမည်းတွေ အများစုတက်တဲ့ တက္ကသိုလ်တွေ ဘွဲ့နှင်းသဘင် အခမ်းအနားကို အင်တာနက်ကနေ မိန့်ခွန်းပြောကြားခဲ့စဉ်အတွင်း သမ္မတဟောင်း Obama က အဲဒီလို ဝေဖန်သွားခဲ့တာဖြစ်ပြီး သမ္မတ Trump ရဲ့ နာမည်ကိုတော့ ထည့်မပြောသွားခဲ့ပါဘူး။
COVID-19 ကပ်ရောဂါကြောင့် လူတွေ အိမ်ထဲကနေ အပြင်မထွက်ဘဲ နေနေကြတာကြောင့် အဲဒီ ဘွဲ့နှင်းသဘင် အခမ်းအနားတွေကိုလည်း အင်တာနက်ကနေပဲ လုပ်ခဲ့ကြတာပါ။