သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်ပါတီသမ္မတလောင်း Biden ကို သမ္မတဟောင်း Obama ထောက်ခံ


၂၀၁၇ ဇန်နဝါရီတုန်းက သမ္မတဟောင်း Obama နှင့် ဒုသမ္မတဟောင်း Biden ကို အိမ်ဖြူတော်တွင် တွေ့ရစဉ်
၂၀၁၇ ဇန်နဝါရီတုန်းက သမ္မတဟောင်း Obama နှင့် ဒုသမ္မတဟောင်း Biden ကို အိမ်ဖြူတော်တွင် တွေ့ရစဉ်

(Zawgyi/Unicode)

ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို သမ္မတဟောင်း ဘာရက်အိုဘားမားက ထောက်ခံကြောင်း အင်္ဂါနေ့မှာ ကြေညာလိုက်ပြီး ဘိုင်ဒင်ဟာ နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နေရာကို ရယူဖို့ အကောင်းဆုံးသူတယောက် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ အနာဂတ်ဟာ ဒီရွေးကောက်ပွဲပေါ် မူတည်နေကြောင်းနဲ့ ဒီရွေးကောက်ပွဲမှာ သမ္မတ ထရမ့်ကိုလွယ်လွယ် နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ သတိပေးခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်သူတွေ ပိုကောင်းမွန်တဲ့ အခြေနေကို ရောက်ဖို့် ဘိုင်ဒင်ရဲ့ မဲဆွယ်အဖွဲ့ကို ထောက်ခံကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး လူနာတွေကို သတ္တိရှိရှိ ကျွမ်းကျွမ်းကျင်ကျင် ပြုစု စောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးလုပ်သားတွေကို သမ္မတဟောင်း အိုဘားမားက ချီးကြူးခဲ့ပေမယ့် ထရမ့်အစိုးရအဖွဲ့ ဒီရောဂါကိုဦးဆောင် ဖြေရှင်းပေးမှု မရှိဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။

သူ့သမ္မတသက်တမ်းမှာ ဘိုင်ဒင့်ကို ဒုသမ္မတ အဖြစ် ရွေးချယ်ခဲ့တာဟာ သူ့ဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက် တခု ဖြစ်ခဲ့ကြောင်းနဲ့. အခုလို အချိန်မျိုးမှာ အမေရိကန်ပြည်သူတွေ လိုအပ်တဲ့ သမ္မတတွေမှာ ရှိရမယ့် အရည်အချင်းမျိုး ဂျိုးဘိုင်ဒင်မှာ ရှိတယ်လို့ သူယုံကြည်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒီမိုကရက်တစ်ပါတီက အများအပြား ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး မနှစ်က နှစ်လည်လောက်မှာ မဲဆွယ်ပွဲတွေ စတင်ခဲ့တာ ဖြစ်ပေမယ့် သမ္မတဟောင်း ဘားရက်အိုဘားမားဟာ ဝင်ရောက်ယှဉ်ပြိုင်သူ အများအပြားနဲ့ သီးသန့် ဆွေးနွေးမှုတွေပဲ လုပ်ခဲ့တာ ဖြစ်ပြီ။ အခုမှ ဂျိုးဘိုင်ဒင်ကို ထောက်ခံကြောင်း ပထမဆုံး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............

ဒီမိုကရကျပါတီသမ်မတလောငျး Biden ကို သမ်မတဟောငျး Obama ထောကျခံ

(Unicode)






XS
SM
MD
LG