သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေဘးအေရး သမၼတ Trump ကို ႏိုင္ငံေရးၿပိဳင္ဘက္ Biden ထိုးႏွက္ေ၀ဖန္


ဒီမိုကရက္ပါတီ သမၼတေလာင္း ျဖစ္လာဖုိ႔ အလားအလာရွိေနသည့္ Joe Biden.

(Zawgyi / Unicode)

အေမရိကန္သမၼတ Donald Trump ဟာ ကို႐ုိနာဗိုင္းရပ္စ္ ၿခိမ္းေျခာက္မႈကို တံု႔ျပန္ကိုင္တြယ္ဖို႔ ေႏွးေကြးေနတယ္၊ အခုအခ်ိန္ထိလည္း ဒီ ကပ္ေရာဂါေဘးကို ကိုင္တြယ္ေျဖရွင္းဖို႔ ဆႏၵမရွိဘူးလို႔ အေမရိကန္ ဒီမိုကရက္ပါတီရဲ႕ သမၼတေလာင္း ျဖစ္လာဖို႔ အလားအလာရွိတဲ့ ဒုတိယသမၼတေဟာင္း Joe Biden က တနဂၤေႏြေန႔မွာ စြပ္စြဲလိုက္ပါတယ္။

ဒီအေျခအေနက အေရးေပၚအေျခအေနျဖစ္ၿပီး ကိုင္တြယ္ေဆာင္ရြက္မႈက လံုေလာက္တယ္လို႔ မထင္ဘူးလို႔ ဒုတိယသမၼတေဟာင္း Biden က ABC ႐ုပ္သံရဲ႕ This Week အစီအစဥ္မွာ ေျပာဆိုလိုက္တာပါ။

သမၼတ Trump အေနနဲ႔ ဒီျပႆနာကို ကိုင္တြယ္တဲ့ေနရာမွာ ျမန္ျမန္ဆန္ဆန္ သြက္သြက္လက္လက္ရွိဖို႔ လိုတယ္လို႔လည္း ဒီမိုကရက္သမၼတ ကိုယ္စားလွယ္ေလာင္းက ေထာက္ျပသြားပါတယ္။

လူထုၾကားကိုသြားရင္ ႏွာေခါင္းစည္း၀တ္မယ္၊ ဒါေပမယ့္ သူ႔ရဲ႕ Delaware ျပည္နယ္က အိမ္မွာေတာ့ တခုမွမရွိေတာ့ဘူးလို႔ ဒုသမၼတေဟာင္း Biden က ေျပာပါတယ္။

အျပင္သြားတဲ့အခ်ိန္မွာ Mask တပ္ဖို႔ က်န္းမာေရးဆိုင္ရာ တာ၀န္ရွိသူေတြက တိုက္တြန္းထားတာပါ။ ဒါေပမယ့္ မျဖစ္မေနေတာ့ မဟုတ္ပါဘူး။

သမၼတ Trump ကေတာ့ Mask တပ္ဖို႔ တိုက္တြန္းခ်က္ကို လိုက္နာမွာ မဟုတ္ဘူးလို႔ စေနေန႔က ေျပာထားတာပါ။ သမၼတ Trump အေနနဲ႔ Mask တပ္ထားရတဲ့ သူ႔ရဲ႕အသြင္အျပင္ကို ႀကိဳက္ခ်င္မွ ႀကိဳက္မွာ ျဖစ္ေပမယ့္ ပညာရွင္ေတြရဲ႕ အႀကံျပဳခ်က္ကို လိုက္နာဖို႔သင့္ပါတယ္လို႔လည္း ဒီမိုကရက္ ပါတီရဲ႕ သမၼတ ကိုယ္စားလွယ္ေလာင္းက တိုက္တြန္းသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအရေး သမ္မတ Trump ကို နိုင်ငံရေးပြိုင်ဘက် Biden ထိုးနှက်ဝေဖန်

အမေရိကန်သမ္မတ Donald Trump ဟာ ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကို တုံ့ပြန်ကိုင်တွယ်ဖို့ နှေးကွေးနေတယ်၊ အခုအချိန်ထိလည်း ဒီ ကပ်ရောဂါဘေးကို ကိုင်တွယ်ဖြေရှင်းဖို့ ဆန္ဒမရှိဘူးလို့ အမေရိကန် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ဖြစ်လာဖို့ အလားအလာရှိတဲ့ ဒုတိယသမ္မတဟောင်း Joe Biden က တနင်္ဂနွေနေ့မှာ စွပ်စွဲလိုက်ပါတယ်။

ဒီအခြေအနေက အရေးပေါ်အခြေအနေဖြစ်ပြီး ကိုင်တွယ်ဆောင်ရွက်မှုက လုံလောက်တယ်လို့ မထင်ဘူးလို့ ဒုတိယသမ္မတဟောင်း Biden က ABC ရုပ်သံရဲ့ This Week အစီအစဉ်မှာ ပြောဆိုလိုက်တာပါ။

သမ္မတ Trump အနေနဲ့ ဒီပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ မြန်မြန်ဆန်ဆန် သွက်သွက်လက်လက်ရှိဖို့ လိုတယ်လို့လည်း ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်းက ထောက်ပြသွားပါတယ်။

လူထုကြားကိုသွားရင် နှာခေါင်းစည်းဝတ်မယ်၊ ဒါပေမယ့် သူ့ရဲ့ Delaware ပြည်နယ်က အိမ်မှာတော့ တခုမှမရှိတော့ဘူးလို့ ဒုသမ္မတဟောင်း Biden က ပြောပါတယ်။

အပြင်သွားတဲ့အချိန်မှာ Mask တပ်ဖို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက တိုက်တွန်းထားတာပါ။ ဒါပေမယ့် မဖြစ်မနေတော့ မဟုတ်ပါဘူး။

သမ္မတ Trump ကတော့ Mask တပ်ဖို့ တိုက်တွန်းချက်ကို လိုက်နာမှာ မဟုတ်ဘူးလို့ စနေနေ့က ပြောထားတာပါ။ သမ္မတ Trump အနေနဲ့ Mask တပ်ထားရတဲ့ သူ့ရဲ့အသွင်အပြင်ကို ကြိုက်ချင်မှ ကြိုက်မှာ ဖြစ်ပေမယ့် ပညာရှင်တွေရဲ့ အကြံပြုချက်ကို လိုက်နာဖို့သင့်ပါတယ်လို့လည်း ဒီမိုကရက် ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်းက တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG