သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်ပါတီသမ္မတလောင်း ယှဉ်ပြိုင်မှုက Bernie Sanders နုတ်ထွက်


Bernie Sanders
Bernie Sanders

(Zawgyi/Unicode)

၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်တို့ ၂ ဦးပဲ အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မယ့် အနေထားကို ရောက်လာပြီ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီ ရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် ရာမှာ ထိပ်ဆုံးက ပြေးနေသူ တဦးဖြစ်တဲ့ ဗားမောင့်ပြည်နယ်ကိုယ်စားပြု အထက်လွှတ်တော် အမတ် ဘာနီဆန်းဒါးစ်က သူ့မဲဆွယ်ပွဲတွေကို ရပ်ဆိုင်းထားလိုက်ကြောင်း ကြေညာလိုက်တာကြောင့် အခုဆို ဒီမိုကရက်တစ်ပါတီဘက်က ဒုသမ္မတဟောင်း ဘိုင်ဒင် ပဲ သမ္မတ ထရမ့်နဲ့ ယှဉ်ပြိုင်ရဖို့ ဖြစ်လာတာပါ။

အခုလို မဲဆွယ်ပွဲတွေ ရပ်ပစ်မယ်လို့ ပြောကြားခဲ့တဲ့ ဘာနီဆန်းဒါးစ်က ဂျိုးဘိုင်ဒင်ဟာ အင်မတန်ရိုးသားသူ တဦးဖြစ်ပြီး သူအနေနဲ့ တိုးတက်မှုအတွက် စံထားရမယ့်ကိစ္စတွေမှာ အတူတကွဆောင်ရွက်သွားမယ်လို့ လည်း ပြောပါတယ်။

မဲဆွယ်ပွဲတွေ ရပ်ဆိုင်းလိုက်ပေမယ့် ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲတွေ ကျင်းပမယ့် ပြည်နယ်ရွေးကောက်ပွဲ မဲပြားတွေပေါ်မှာ Bernie Sanders ရဲ့ နာမည် ကတော့ ယှဉ်ပြိုင်သူအဖြစ် ဆက်ပါနေမှာဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေအပေါ် သူ့ရဲ့ နိုင်ငံရေးအတွေးအခေါ် အယူအဆတွေ လွှမ်းမိုးနိုင်အောင် ဆက်လှုံ့ဆော်နိုင်ဖို့ ရည်ရွယ်ပြီး မဲပြားတွေပေါ်မှာ သူ့နာမည် ဆက်ထားမယ်လို့ Bernie Sanders က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ဒဏ် သိပ်မဆိုးဝါးခင်ကတည်းက ဂျိုးဘိုင်ဒင် က သူ့ကို ထောက်ခံတဲ့ ကိုယ်စားလှယ်ဦးရေ ဘာနီဆန်းဒါးစ် ထက် ပိုရထားတာ ဖြစ်ပါတယ်။ အင်္ဂါနေ့က Wisconsin မှာ ကျင်းပတဲ့ အကြိုရွေးကောက်ပွဲ မှာလည်း ရလဒ်ကို ရှေ့သီတင်းပတ်ထဲ ကြေညာမှာ ဖြစ်ပေမယ့် မဲပေးအပြီး စစ်တမ်းတွေ အရ ဂျိုးဘိုင်ဒင်ကပဲ အသာရနေတာပါ။

ဒါကြောင့် နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပမယ့် သမ္မတလောင်း ရွေးကောက်ပွဲမှာ အသက် ၇၃ နှစ် ရှိပြီဖြစ်တဲ့ ထရမ့်နဲ့ အသက် ၇၇ ရှိပြီဖြစ်တဲ့ ဘိုင်ဒင်တို့ ၂ ဦးသာ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

.............


(Unicode)







XS
SM
MD
LG