သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သဘောထားကွဲ


နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဆောက်အဦ။ (စက်တင်ဘာ ၂၄၊ ၂၀၁၈)
နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဆောက်အဦ။ (စက်တင်ဘာ ၂၄၊ ၂၀၁၈)

(Zawgyi / Unicode)

COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာရှိတဲ့ ဥရောပနိုင်ငံတွေကြား သဘောထားတွေ ကွဲစေခဲ့ပါတယ်။

အခုလို ကပ်ရောဂါဖြစ်နေစဉ်အတွင်း ပဋိပက္ခတွေဖြစ်နေတဲ့ ဒေသတွေမှာ အပစ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာရှိတဲ့ ဥရောပနိုင်ငံတွေကြား သဘောထားတွေ ကွဲခဲ့ကြတာပါ။

ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါနဲ့ ရင်ဆိုင်ရုန်းကန်နေရတာကြောင့် အာဖဂန်နဲ့ ယီမင်လို နိုင်ငံတွေမှာ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်တရပ် လုံခြုံရေးကောင်စီမှာ ချမှတ်နိုင်ဖို့အတွက် အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာ အပေးအယူ ညှိနှိုင်းမှုတွေလုပ်ဖို့ ပြင်သစ်က လွန်ခဲ့တဲ့ ၂ လအတွင်းမှာ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်က တူနီးရှားနိုင်ငံနဲ့ ပေါင်းပြီးတော့ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို ရေးဆွဲဖို့ ကြိုးပမ်းနေချိန်မှာပဲ တဖက်မှာတော့ ဂျာမနီက အက်စ်တိုးနီးယားနဲ့ ပေါင်းပြီးတော့ နောက်ထပ် ဆုံးဖြတ်ချက်မူကြမ်းတခုကို ရေးဆွဲခဲ့ပြီး အဲဒီထဲမှာ အမေရိကန်အစိုးရကို ပြေရာပြေကြောင်း ဆွေးနွေးဖို့ ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဦးဆောင်ပြီး ကမ္ဘာတဝန်းက ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ပြောနေပေမယ့်လည်း အာဖဂန်၊ လစ်ဗျားနဲ့ ယီမင်နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ရှိနေတဲ့ကြားမှာပဲ အကြမ်းဖက်မှုတွေ လက်နက်ကိုင်ပဋိပက္ခတွေက ဆက်ပြီး ဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)

ကိုဗဈအရေး ကုလသမဂ်ဂ လုံခွုံရေးကောငျစီမှာ သဘောထားကှဲ






XS
SM
MD
LG