သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID အလြန္ ျပင္သစ္စီးပြားေရးကုိ သဘာ၀ပတ္၀န္းက်င္နဲ႔ လုိက္ေလ်ာညီေထြေအာင္လုပ္မည္


(Zawgyi/Unicode)

ျပင္သစ္နိုင္ငံမွာ ၂ လၾကာ အသြားအလာ ပိတ္ပင္ထားတာေတြ ျပန္ဖြင့္ေပးခ်ိန္မွာပဲ ခၽြတ္ျခဳံက်ေနတဲ့ တိုင္းျပည္ရဲ့ စီးပြားေရးကို အစိမ္းေရာင္ စီးပြားေရးအျဖစ္ ျပန္လည္ တည္ေဆာက္မယ္လို႔ ျပင္သစ္ အစိုးရက ေျပာပါတယ္။ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းမယ့္ စီးပြားေရးကို အေျပာနဲ႔အညီ တကယ္ေကာ တည္ေဆာက္မွာပါလား။ ပါရီၿမိဳ႕က Lisa Bryant ရဲ့ သတင္းလႊာကို ကိုရဲမင္းထြန္း ေျပာျပပါမယ္။

ပါရီၿမိဳ႕သားေတြေတာ့ အသစ္တဖန္ျပန္ရလာတဲ့ လြတ္လပ္မႈကို ေတးဂီတေလး ၿငိမ့္ၿငိမ့္နဲ႔ ေနေရာင္ေဖြးေဖြးေအာက္မွာ ပီပီျပင္ျပင္ ခံစားေနၾကပါၿပီ။ အထူးသျဖင့္ စက္ဘီးေလးေတြ စီးရင္းနဲ႔ေပါ့။

ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ႀကိဳးပမ္းခ်က္အျဖစ္ ပါရီၿမိဳ႕ေတာ္ထဲ လူသြားလမ္းေတြ တိုးခ်ဲ႕ဖို႔နဲ႔ စက္ဘီးလမ္းေတြ အသစ္ေဖာက္ေပးဖို႔ စီစဥ္ေနပါတယ္။ ယာဥ္အသြားအလာ အရႈပ္ဆုံး ေနရာျဖစ္တဲ့ Rue de Rivoli အဝိုင္းကို ပိတ္ပစ္မယ့္ အစီအစဥ္လည္းပါပါတယ္။

ဒါေပမဲ့ စီးပြားေရးက ဒုတိယကမၻာစစ္ ေနာက္ပိုင္း အဆိုးရြားဆုံး ၅.၈ ရာခိုင္ႏႈန္းအထိ က်သြားတာ ျဖစ္လို႔ အစိမ္းေရာင္ စီးပြားေရးကို ဘယ္လိုမ်ား စတင္နိုင္မွာလဲ။

ျပင္သစ္တို႔ ေထာက္ျပတဲ့အခ်က္တခ်က္ကေတာ့ Air France ေလေၾကာင္းလိုင္းကို ကာဗြန္မိုေနာက္ဆိုဒ္ ထုတ္လႊင့္မႈ ေလၽွာ့ခ်နိုင္ဖို႔ အေမရိကန္ ေဒၚလာ ၇ ဒႆမ ၆ ဘီလီယံ ျပင္သစ္အစိုးရက ထုတ္ေခ်းထားတယ္ဆိုတာပါ။

စစ္တမ္းေတြအရလည္း ျပင္သစ္နိုင္ငံသားေတြက ကိုဗစ္လြန္ကာလ ပို သန္႔ရွင္းတဲ့ ပတ္ဝန္းက်င္ကို လိုလားေနၾကပါတယ္။

ဒါေပမဲ့ သမၼတ Emmanuel Macron အစိုးရကအေပၚ သံသယရွိေနၾကသူေတြလည္း ရွိေနပါတယ္။

ျပင္သစ္ Greenpeace အဖြဲ႔က ေျပာေရးဆိုခြင့္ရွိသူ Clement Senechal က အခုလိုေျပာပါတယ္။

“ဥတုရာသီေျပာင္းလဲေနတဲ့ျပႆနာကို ေျဖရွင္းဖို႔ တကယ္လိုအပ္ေနတာေတြကို သမၼတ Macron လုပ္လိမ့္မယ္လို႔ မထင္မိပါဘူး။”

ျပင္သစ္နိုင္ငံတင္မကဘဲ ဥေရာပတစ္လႊားမွလည္း စီးပြားေရးလုပ္ငန္းေတြ ျပန္စႏိုင္ေရးနဲ႔ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ရည္မွန္းခ်က္ ေတြအၾကား ညႇိရခက္ေနတာပါ။ ဥေရာပေကာ္မရွင္ကေတာ့ Green Deal လို႔ေခၚတဲ့ ဥေရာပ တိုက္ထဲ ၂၀၅၀ ျပည့္ႏွစ္အေရာက္ ဖန္လုံ အိမ္ဓါတ္ေငြ႕ လုံးဝကြယ္ေပ်ာက္သြားေရးကို ေျပာေနပါတယ္။

ဥေရာပ ေကာ္မရွင္ဥကၠ႒ Ursula Von Der Leyen က အခုလိုေျပာပါတယ္။

“ဥေရာပ အစိမ္းေရာင္ သေဘာတူညီခ်က္ကို ကၽြန္မတို႔ရဲ့ လမ္းညႊန္ခ်က္အေနနဲ႔ ၾကည့္မယ္ဆိုရင္ အခု ကပ္ေရာဂါ အက်ပ္အတည္း ကို အခြင့္အလမ္းအျဖစ္ ေျပာင္းလဲပစ္လိုက္နိုင္ပါတယ္။ ခံႏိုင္ရည္ရွိတဲ့ စီးပြားေရးအျဖစ္ တစ္မ်ိဳးတည္ေဆာက္ နိုင္ပါတယ္။”

တစ္ခ်ိဳ႕ေသာဥေရာပအစိုးရေတြက သူေျပာသလို လုပ္မယ္လို႔ လက္မွတ္ေရးထိုးထားေတာ့ ဒါဟာ စကားအျဖစ္ေတာ့ အနည္းဆုံး ေျပာနိုင္တာေပါ့ လို႔လည္း ေလ့လာသူေတြက ဆိုပါတယ္။

ဥေရာပမူ၀ါဒစင္တာက Annika Ahtonen က အခုလို ျမင္ပါတယ္။

“ျပင္သစ္နဲ႔ ဂ်ာမနီတို႔ကေန ဒီလို သတင္းေကာင္းေတြ ထြက္လာတာကို ကၽြန္မတို႔ ျမင္ေတြ႕ေနရပါတယ္။ ဒါေပမဲ့ သူတို႔တစ္ေတြ ေနာက္မွာ စက္မႈလုပ္ငန္းရွင္ေတြက သူတို႔လိုရာရဖို႔ ဆြယ္တရားေဟာေနဦးမွာ ျဖစ္လို႔ အဲဒီ ေခါင္းေဆာင္ေတြ အေနနဲ႔ အေျပာနဲ႔အညီ လုပ္ႏိုင္ ဖို႔က ခဲယဥ္းပါတယ္။”

ေခါင္းေဆာင္ေတြအေနနဲ႔ စီးပြားေရးနိုးထေရးအတြက္ သုံးမယ့္ေငြေတြကို စီးပြားေရး နာလန္ထူေရးမွာ အေျဖရွာဖို႔ လြယ္ကူမယ့္ လုပ္ငန္း ေတြကိုပဲ​ ဦးစားေပး ေထာက္ပံ့ေပးသြားႏိုင္တာလည္း ျဖစ္လာႏိုင္ပါတယ္။

ျပည္သူေတြက လြတ္လပ္မႈ အရသာကို ျပန္လည္ ခံစားေနခ်ိန္မွာ ျပင္သစ္နဲ႔ ဥေရာပက အစိုးရေတြအတြက္ကေတာ့ ခက္ခက္ခဲခဲ ခ်မွတ္ရမယ့္ ဆုံးျဖတ္ခ်က္ေတြက ေရွ႕မွာ ေစာင့္ႀကိဳလို႔ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................

COVID အလွန် ပြင်သစ်စီးပွားရေးကို သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်လုပ်မည်

(Unicode)

ပြင်သစ်နိုင်ငံမှာ ၂ လကြာ အသွားအလာ ပိတ်ပင်ထားတာတွေ ပြန်ဖွင့်ပေးချိန်မှာပဲ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးကို အစိမ်းရောင် စီးပွားရေးအဖြစ် ပြန်လည် တည်ဆောက်မယ်လို့ ပြင်သစ် အစိုးရက ပြောပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမယ့် စီးပွားရေးကို အပြောနဲ့အညီ တကယ်ကော တည်ဆောက်မှာပါလား။ ပါရီမြို့က Lisa Bryant ရဲ့ သတင်းလွှာကို ကိုရဲမင်းထွန်း ပြောပြပါမယ်။

ပါရီမြို့သားတွေတော့ အသစ်တဖန်ပြန်ရလာတဲ့ လွတ်လပ်မှုကို တေးဂီတလေး ငြိမ့်ငြိမ့်နဲ့ နေရောင်ဖွေးဖွေးအောက်မှာ ပီပီပြင်ပြင် ခံစားနေကြပါပြီ။ အထူးသဖြင့် စက်ဘီးလေးတွေ စီးရင်းနဲ့ပေါ့။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြိုးပမ်းချက်အဖြစ် ပါရီမြို့တော်ထဲ လူသွားလမ်းတွေ တိုးချဲ့ဖို့နဲ့ စက်ဘီးလမ်းတွေ အသစ်ဖောက်ပေးဖို့ စီစဉ်နေပါတယ်။ ယာဉ်အသွားအလာ အရှုပ်ဆုံး နေရာဖြစ်တဲ့ Rue de Rivoli အဝိုင်းကို ပိတ်ပစ်မယ့် အစီအစဉ်လည်းပါပါတယ်။

ဒါပေမဲ့ စီးပွားရေးက ဒုတိယကမ္ဘာစစ် နောက်ပိုင်း အဆိုးရွားဆုံး ၅.၈ ရာခိုင်နှုန်းအထိ ကျသွားတာ ဖြစ်လို့ အစိမ်းရောင် စီးပွားရေးကို ဘယ်လိုများ စတင်နိုင်မှာလဲ။

ပြင်သစ်တို့ ထောက်ပြတဲ့အချက်တချက်ကတော့ Air France လေကြောင်းလိုင်းကို ကာဗွန်မိုနောက်ဆိုဒ် ထုတ်လွှင့်မှု လျှော့ချနိုင်ဖို့ အမေရိကန် ဒေါ်လာ ၇ ဒဿမ ၆ ဘီလီယံ ပြင်သစ်အစိုးရက ထုတ်ချေးထားတယ်ဆိုတာပါ။

စစ်တမ်းတွေအရလည်း ပြင်သစ်နိုင်ငံသားတွေက ကိုဗစ်လွန်ကာလ ပို သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို လိုလားနေကြပါတယ်။

ဒါပေမဲ့ သမ္မတ Emmanuel Macron အစိုးရကအပေါ် သံသယရှိနေကြသူတွေလည်း ရှိနေပါတယ်။

ပြင်သစ် Greenpeace အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ Clement Senechal က အခုလိုပြောပါတယ်။

“ဥတုရာသီပြောင်းလဲနေတဲ့ပြဿနာကို ဖြေရှင်းဖို့ တကယ်လိုအပ်နေတာတွေကို သမ္မတ Macron လုပ်လိမ့်မယ်လို့ မထင်မိပါဘူး။”

ပြင်သစ်နိုင်ငံတင်မကဘဲ ဥရောပတစ်လွှားမှလည်း စီးပွားရေးလုပ်ငန်းတွေ ပြန်စနိုင်ရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်မှန်းချက် တွေအကြား ညှိရခက်နေတာပါ။ ဥရောပကော်မရှင်ကတော့ Green Deal လို့ခေါ်တဲ့ ဥရောပ တိုက်ထဲ ၂၀၅၀ ပြည့်နှစ်အရောက် ဖန်လုံ အိမ်ဓါတ်ငွေ့ လုံးဝကွယ်ပျောက်သွားရေးကို ပြောနေပါတယ်။

ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula Von Der Leyen က အခုလိုပြောပါတယ်။

“ဥရောပ အစိမ်းရောင် သဘောတူညီချက်ကို ကျွန်မတို့ရဲ့ လမ်းညွှန်ချက်အနေနဲ့ ကြည့်မယ်ဆိုရင် အခု ကပ်ရောဂါ အကျပ်အတည်း ကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။ ခံနိုင်ရည်ရှိတဲ့ စီးပွားရေးအဖြစ် တစ်မျိုးတည်ဆောက် နိုင်ပါတယ်။”

တစ်ချို့သောဥရောပအစိုးရတွေက သူပြောသလို လုပ်မယ်လို့ လက်မှတ်ရေးထိုးထားတော့ ဒါဟာ စကားအဖြစ်တော့ အနည်းဆုံး ပြောနိုင်တာပေါ့ လို့လည်း လေ့လာသူတွေက ဆိုပါတယ်။

ဥရောပမူဝါဒစင်တာက Annika Ahtonen က အခုလို မြင်ပါတယ်။

“ပြင်သစ်နဲ့ ဂျာမနီတို့ကနေ ဒီလို သတင်းကောင်းတွေ ထွက်လာတာကို ကျွန်မတို့ မြင်တွေ့နေရပါတယ်။ ဒါပေမဲ့ သူတို့တစ်တွေ နောက်မှာ စက်မှုလုပ်ငန်းရှင်တွေက သူတို့လိုရာရဖို့ ဆွယ်တရားဟောနေဦးမှာ ဖြစ်လို့ အဲဒီ ခေါင်းဆောင်တွေ အနေနဲ့ အပြောနဲ့အညီ လုပ်နိုင် ဖို့က ခဲယဉ်းပါတယ်။”

ခေါင်းဆောင်တွေအနေနဲ့ စီးပွားရေးနိုးထရေးအတွက် သုံးမယ့်ငွေတွေကို စီးပွားရေး နာလန်ထူရေးမှာ အဖြေရှာဖို့ လွယ်ကူမယ့် လုပ်ငန်း တွေကိုပဲ ဦးစားပေး ထောက်ပံ့ပေးသွားနိုင်တာလည်း ဖြစ်လာနိုင်ပါတယ်။

ပြည်သူတွေက လွတ်လပ်မှု အရသာကို ပြန်လည် ခံစားနေချိန်မှာ ပြင်သစ်နဲ့ ဥရောပက အစိုးရတွေအတွက်ကတော့ ခက်ခက်ခဲခဲ ချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေက ရှေ့မှာ စောင့်ကြိုလို့နေပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG