(Zawgyi/Unicode)
ကမာၻတဝန္း COVID-19 ေရာဂါျဖစ္ပြားေနတယ္လို႔ အတည္ျပဳႏိုင္သူ ဒီေန႔ ေသာၾကာေန႔အထိ ၄,၀၀၀,၀၀၀ ခဲြနီးပါးျဖစ္ေနၿပီး ေသဆံုးသူကေတာ့ ၃၀၀,၀၀၀ ေက်ာ္သြားပါၿပီ။
အေမရိကန္ျပည္ေထာင္စုမွာ ေရာဂါကူးစက္မႈ အဆိုးဆံုးျဖစ္ခဲ့တဲ့ New York ျပည္နယ္ထဲက ခ႐ိုင္ ၅ ခုမွာေတာ့ မလိုအပ္ရင္ အျပင္မထြက္ရ တားျမစ္ခ်က္ေတြကို ဒီေန႔ကစၿပီး ဖယ္႐ွားလိုက္ပါတယ္။ အဲဒီထဲမွာ New York ၿမိဳ႕ေတာ့ မပါေသးပါဘူး။
ျပန္ဖြင့္ေပးလိုက္တဲ့ ေနရာေတြက ျပည္သူေတြအေနနဲ႔ သတိထားၾကဖုိ႔ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Andrew Cuomo က အႀကံျပဳပါတယ္။
အေမရိကန္အေနာက္ဘက္ျခမ္းမွာေတာ့ COVID-19 လူနာေတြ မႏိုင္မနင္းျဖစ္ခဲ့တဲ့ California ျပည္နယ္ထဲက ေဆး႐ံုေတြ သက္သာရာရေအာင္ ကူညီခဲ့တဲ့ ေရတပ္ သေဘၤာေဆး႐ံုႀကီး USNS ဟာ Los Angeles ကေန ဒီကေန႔ ျပန္လည္ ထြက္ခြာသြားေတာ့မွာ ျဖစ္ပါတယ္။
မတ္လ ၂၇ ရက္ေန႔ထဲက Los Angeles ဆိပ္ကမ္းမွာ ကမ္းကပ္ ကုသေပးခဲ့တဲ့ ဒီသေဘၤာႀကီးေပၚက ေဆးဝန္ထမ္း ၆၀ ကေတာ့ ေစာင့္ေ႐ွာက္မႈလိုသူေတြကို ထားတဲ့ေနရာေတြမွာ အကူအညီေပးဖုိ႔ ေနခဲ့ၾကမွာျဖစ္ပါတယ္။
အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ျဖစ္ပြားေနသူ ၁.၄ သန္းေက်ာ္၊ ေသဆံုးသူ ၈၆,၀၀၀ ေက်ာ္ ႐ွိပါတယ္။
[Unicode Version]
ကမ္ဘာတဝန်း COVID-19 ကူးစက်သူ ၄ သန်းခွဲနီးပါးရှိပြီ
ကမ္ဘာတဝန်း COVID-19 ရောဂါဖြစ်ပွားနေတယ်လို့ အတည်ပြုနိုင်သူ ဒီနေ့ သောကြာနေ့အထိ ၄,၀၀၀,၀၀၀ ခွဲနီးပါးဖြစ်နေပြီး သေဆုံးသူကတော့ ၃၀၀,၀၀၀ ကျော်သွားပါပြီ။
အမေရိကန်ပြည်ထောင်စုမှာ ရောဂါကူးစက်မှု အဆိုးဆုံးဖြစ်ခဲ့တဲ့ New York ပြည်နယ်ထဲက ခရိုင် ၅ ခုမှာတော့ မလိုအပ်ရင် အပြင်မထွက်ရ တားမြစ်ချက်တွေကို ဒီနေ့ကစပြီး ဖယ်ရှားလိုက်ပါတယ်။ အဲဒီထဲမှာ New York မြို့တော့ မပါသေးပါဘူး။
ပြန်ဖွင့်ပေးလိုက်တဲ့ နေရာတွေက ပြည်သူတွေအနေနဲ့ သတိထားကြဖို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo ကအကြံပြုပါတယ်။
အမေရိကန်အနောက်ဘက်ခြမ်းမှာတော့ COVID-19 လူနာတွေ မနိုင်မနင်းဖြစ်ခဲ့တဲ့ California ပြည်နယ်ထဲက ဆေးရုံတွေ သက်သာရာရအောင် ကူညီခဲ့တဲ့ ရေတပ် သင်္ဘောဆေးရုံကြီး USNS ဟာ Los Angeles ကနေ ဒီကနေ့ ပြန်လည် ထွက်ခွာသွားတော့မှာ ဖြစ်ပါတယ်။
မတ်လ ၂၇ ရက်နေ့ထဲက Los Angeles ဆိပ်ကမ်းမှာ ကမ်းကပ် ကုသပေးခဲ့တဲ့ ဒီသင်္ဘောကြီးပေါ်က ဆေးဝန်ထမ်း ၆၀ ကတော့ စောင့်ရှောက်မှုလိုသူတွေကို ထားတဲ့နေရာတွေမှာ အကူအညီပေးဖို့ နေခဲ့ကြမှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ဖြစ်ပွားနေသူ ၁.၄ သန်းကျော်၊ သေဆုံးသူ ၈၆,၀၀၀ ကျော် ရှိပါတယ်။