သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂ လအတြင္း ကန္ မွာ အလုပ္လက္မဲ့ခံစားခြင့္ေလွ်ာက္ထားသူ ၃၆ သန္းခြဲရွိ


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါ အႏၱရာယ္ေၾကာင့္ ႏိုင္ငံ့စီးပြားေရး ဆက္ၿပီးက်ဆင္းေနတဲ့ အေမရိကန္ႏိုင္ငံမွာ အလုပ္လက္မဲ့ ခံစားခြင့္ေလ ွ်ာက္ထားသူဟာ ၿပီးခဲ့တဲ့သီတင္းပတ္ထဲ နည္းနည္း ေလ်ာ့က် လာေပမဲ့ ေနာက္ထပ္ လူေပါင္း ၃ သန္းေလာက္ ခံစားခြင့္ ေလွ်ာက္ထားဖုိ႔ ရွိေနဆဲပဲလို႔႔ အလုပ္သမားဝန္ႀကီးဌာနက ၾကာသပေတးေန႔မွာ ေျပာပါတယ္။

၂ လအတြင္း ခံစားခြင့္ ေလွ်ာက္ထားသူက ၃၆သန္းခြဲ ရွိေနၿပီျဖစ္တာေၾကာင့္ အေမရိကန္ အလုပ္သမား ၁၆၄ သန္းေက်ာ္ရွိတဲ့အထဲက ၅ ဦးမွာ ခံစားခြင့္ ေလ ွ်ာက္ထားသူက တဦးမက ရွိေနတယ္လို႔ ေျပာပါတယ္။

ဧၿပီလထဲမွာ အလုပ္လက္မဲ့ႏႈန္းက ၁၄.၇% ရွိေနတယ္လို႔ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ တရားဝင္ ထုတ္ျပန္ခဲ့ေပမဲ့ လာမယ့္ သီတင္းပတ္ေတြအတြင္းမွာေတာ့ ဒီ့ထက္ ပိုမ်ားလာႏုိင္ၿပီး ၂၅% အထိ ျဖစ္သြားႏိုင္တယ္လို႔ ထရမ့္အစိုးရအဖြဲ႔ရဲ့ ထိပ္တန္း စီးပြားေရးတာဝန္ရွိသူေတြက ေျပာပါတယ္။

ႏိုင္ငံ့ စီးပြားေရးက်ဆင္းမႈဟာ ပထမ ၄ လပတ္မွာ ၄.၈% ရွိမယ္လုိ႔ တြက္ထားေပမယ့္ ဒါဟာ ဒီကပ္ေရာဂါရဲ႕ ရိုက္ခတ္မႈ ဘယ္အတိုင္းတာထိ ရွိမယ္ဆိုတာကို မသိရေသးခင္မွာ တြက္ထားတာ ျဖစ္ေၾကာင္းလည္း အစိုးရက ေျပာပါတယ္။

လႊတ္ေတာ္ကေရာ သမၼတ ေဒၚနယ္ထရမ့္ကပါ အေမရိကန္အမ်ားစုနဲ႔ စီးပြားေရးလုုပ္ငန္းေတြ အတြက္ အကူအညီအျဖစ္ ေဒၚလာ ၃ ထရီလီယံ ခ်ထားေပးၿပီး ျဖစ္ပါတယ္။ ဒီမိုုကရက္ေတြ ထိန္းခ်ဳပ္ထားတဲ့ ေအာက္လႊတ္ေတာ္က အကူအညီေငြကို တိုးေပးခ်င္ ေနတာပါ။ ဒါေပမဲ့ သမၼတထရမ့္က အေျခအေနကိုု ေစာင့္ၾကည့္ ေနခ်ိန္မို႔ ရီပတ္ဘလစ္ကင္ အမတ္ေတြကလည္း တိုးေပးဖို႔ တုံ႔ဆိုင္းေနၾကပါတယ္။

စက္ရံုုတခ်ိဳ႕ကိုု ေမလကုုန္ေလာက္မွာ ျပန္ဖြင့္ဖိုု႔ လုုပ္ေနၾကေပမယ့္ အလုုပ္သမားေတြ ဒီေရာဂါပိုုး မကူးစက္ေအာင္ ဘယ္ေလာက္အထိ ကိုယ့္ကိုယ္ကို ကာကြယ္ႏိုင္မယ္ ဆိုတာကို ေသေသခ်ာခ်ာ မသိၾကေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


.................

၂ လအတွင်း ကန် မှာ အလုပ်လက်မဲ့ခံစားခွင့်လျှောက်ထားသူ ၃၆ သန်းခွဲရှိ

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အန္တရာယ်ကြောင့် နိုင်ငံ့စီးပွားရေး ဆက်ပြီးကျဆင်းနေတဲ့ အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ခံစားခွင့်လေ ျှာက်ထားသူဟာ ပြီးခဲ့တဲ့သီတင်းပတ်ထဲ နည်းနည်း လျော့ကျ လာပေမဲ့ နောက်ထပ် လူပေါင်း ၃ သန်းလောက် ခံစားခွင့် လျှောက်ထားဖို့ ရှိနေဆဲပဲလို့ အလုပ်သမားဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။

၂ လအတွင်း ခံစားခွင့် လျှောက်ထားသူက ၃၆သန်းခွဲ ရှိနေပြီဖြစ်တာကြောင့် အမေရိကန် အလုပ်သမား ၁၆၄ သန်းကျော်ရှိတဲ့အထဲက ၅ ဦးမှာ ခံစားခွင့် လေ ျှာက်ထားသူက တဦးမက ရှိနေတယ်လို့ ပြောပါတယ်။

ဧပြီလထဲမှာ အလုပ်လက်မဲ့နှုန်းက ၁၄.၇% ရှိနေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တရားဝင် ထုတ်ပြန်ခဲ့ပေမဲ့ လာမယ့် သီတင်းပတ်တွေအတွင်းမှာတော့ ဒီ့ထက် ပိုများလာနိုင်ပြီး ၂၅% အထိ ဖြစ်သွားနိုင်တယ်လို့ ထရမ့်အစိုးရအဖွဲ့ရဲ့ ထိပ်တန်း စီးပွားရေးတာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံ့ စီးပွားရေးကျဆင်းမှုဟာ ပထမ ၄ လပတ်မှာ ၄.၈% ရှိမယ်လို့ တွက်ထားပေမယ့် ဒါဟာ ဒီကပ်ရောဂါရဲ့ ရိုက်ခတ်မှု ဘယ်အတိုင်းတာထိ ရှိမယ်ဆိုတာကို မသိရသေးခင်မှာ တွက်ထားတာ ဖြစ်ကြောင်းလည်း အစိုးရက ပြောပါတယ်။

လွှတ်တော်ကရော သမ္မတ ဒေါ်နယ်ထရမ့်ကပါ အမေရိကန်အများစုနဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် အကူအညီအဖြစ် ဒေါ်လာ ၃ ထရီလီယံ ချထားပေးပြီး ဖြစ်ပါတယ်။ ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က အကူအညီငွေကို တိုးပေးချင် နေတာပါ။ ဒါပေမဲ့ သမ္မတထရမ့်က အခြေအနေကို စောင့်ကြည့် နေချိန်မို့ ရီပတ်ဘလစ်ကင် အမတ်တွေကလည်း တိုးပေးဖို့ တုံ့ဆိုင်းနေကြပါတယ်။

စက်ရုံတချို့ကို မေလကုန်လောက်မှာ ပြန်ဖွင့်ဖို့ လုပ်နေကြပေမယ့် အလုပ်သမားတွေ ဒီရောဂါပိုး မကူးစက်အောင် ဘယ်လောက်အထိ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ် ဆိုတာကို သေသေချာချာ မသိကြသေးပါဘူး။

XS
SM
MD
LG