သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမှာ ကိုဗစ်ကြောင့်အလုပ်ပြုတ်သွားတဲ့ ဆင်းရဲနွမ်းပါးသူတွေကို ဆန်ဝေပေး


(Zawgyi/Unicode)

ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်တားဆီးရေး အသွားအလာတွေ ပိတ်ပင်ထားတာကြောင့် အင်ဒိုနီးရှား ပြည်သူတစ်ချို့ အလုပ်လက်မဲ့ ဖြစ်ကြရပါတယ်။ အဲဒီလို အလုပ်ပြုတ်သွားသူတွေ ခံသာစေဖို့ အင်ဒိုနီးရှား အစိုးရက ဆန် အခမဲ့ ဝေငှပေးနေပါတယ်။ အခမဲ့ပေးတဲ့ ဆန်တွေကို ATM စက်က ငွေထုတ်ပေးသလိုမျိုး ဆန်ကို ချိန်ပြီးထုတ်ပေးတဲ့စက်နဲ့ ပေးဝေနေတာပါ။ ရိုက်တာ သတင်းတစ်ရပ်ကို ကိုရဲမင်းထွန်းက ပြောပြပါမယ်။

ဒီလို အစိုးရထုတ်ပေးတဲ့ အခမဲ့ရတဲ့ ဆန်ကြောင့် သက်သာရာ ရသူတွေထဲ Lynda Syafri တစ်ယောက်လည်း ပါပါတယ်။ သူကော သူ့ယောကျ်ားပါ အလုပ် မရှိဖြစ်ခဲ့ရတာပါ။ Lynda မှာ ကိုယ်ဝန်ကလည်း ၃ လ ရှိနေတာပါ။ အခုတော့ မြို့တော် ဂျာကာတာ အပြင်ဘက် Depok အရပ်က အင်ဒိုနီးရှား စစ်တပ်စခန်းတစ်ခုထဲ ဆန်ဝေတဲ့ နေရာမှာ တန်းစီရင်း သူ့အလှည့်ကို စောင့်နေပါ တယ်။ နှာခေါင်းစည်းကို စည်းပြီး လူချင်း ခွပ်ခွာခွာနဲ့ စိတ်ရှည်ရှည်စောင့်ပြီးတဲ့ နောက်မှာတော့ သူ ဒီနေ့ ဆန် တကီလိုခွဲ ရခဲ့ပါတယ်။

“ကျွန်မ ယောက်ျားရော ကျွန်မပါ လျော်ကြေးငွေ မရဘဲ အလုပ်က ထုတ်ခံရတာပါ။ အခုရတဲ့ ဆန်က နည်းပေမဲ့လို့ ဒီလို အခြေအနေ မှာ သိပ်ကို တန်ဖိုးရှိပါတယ်။” လို့ ပြောပါတယ်။

COIVD-19 ဒဏ်ကို တုံ့ပြန်နေရတဲ့ တစ်ခြားနိုင်ငံတွေလိုပဲ အင်ဒိုနီးရှားနိုင်ငံကလည်း မတ်လထဲ အမေရိကန် ဒေါ်လာ ၂၄ ဒဿမ ၉ ဘီလီယံ ပမာဏရှိတဲ့ စီးပွားရေး နိုးထရေး စီမံကိန်းတစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အိမ်ထောင်စုပေါင်း ၁၀ သန်းအတွက် လူမှုဖူလုံ ရေး ခံစားခွင့်တွေ ထောက်ပံ့ပေးဖို့၊ စားစရာတွေ ကူညီဖို့နဲ့ လျှပ်စစ်မီတာခနဲ့ အခွန် လျှော့ချပေးတဲ့ အစီအစဉ်တွေလည်း ပါဝင် ပါတယ်။

အလကား ဝေတဲ့ဆန်ကို ရယူနိုင်သူတွေကတော့ နေ့စား လုပ်သားတွေ၊ အလုပ်လက်လွတ် သွားရသူတွေ၊ အိမ်ပိုင် မရှိသူတွေနဲ့ ဆင်းရဲ နွမ်းပါးမှုအဆင့်အောက်ကို ရောက်နေသူတွေ ဖြစ်ပါတယ်။

“နေ့တိုင်း ကျွန်တော်တို့ လူ ၁ ထောင်စာအတွက် ဆန် ၁ တန်ခွဲလောက် ပြင်ထားပါတယ်။ နှစ်လစာအတွက်ဆိုရင် တွက်သာကြည့် ပါဗျာ။ ဒီလိုပဲ နေ့တိုင်း ကျွန်တော်တို့ မနားတမ်း လုပ်သွားမှာ။ ရုံးပိတ်ရက်တွေတောင် မချန်ဘဲ မရပ်မနား လုပ်သွားမှာပါ။” လို့ အင်ဒိုနီးရှား စစ်တပ်အရာရှိတယောက်က ပြောပါတယ်။

အင်ဒိုနီးရှား စစ်တပ်နဲ့ စိုက်ပျိုးရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေက အခမဲ့ ဆန်ရမယ့် စာရင်းဝင်သူတွေကို ဆန် ATM ကဒ်တွေ ထုတ်ပေးသွားမယ်လို့ ပြောပါတယ်။ အဲဒီ ကဒ်နဲ့ ဆန်ထုတ်ပေးတဲ့ စက်ရှိရာကို သွားပြီး ဆန်ထုတ်နိုင်သလို ဆန်ထုတ်သူတွေလည်း social distancing အကြောင်းကို လက်တွေ့သိကြရပါတယ်။

“ဒီ အစီအစဉ်က ထိခိုက်ခံစားနေရတဲ့ သူတွေကို အကူအညီ ပေးဖို့ ရည်ရွယ်သလိုပဲ ဒုတိယအချက်အနေနဲ့ကလည်း လူချင်း ခပ်ခွာခွာနေတာ ဘယ်လောက် အရေးကြီးသလဲဆိုတာကို လူတွေ နားလည်နိုင်စေပါတယ်။” လို့ အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာနက စားသောက်ကုန်ထုတ်လုပ်ရေးနဲ့ ဖြန့်ချိရေးဌာန ညွန်ကြားရေးမှူး Gatut Sumbogodjati က ပြောပါတယ်။

COVID- 19 ရောဂါဒဏ်ကြောင့် ကူးစက်မှု ၁ သောင်းခွဲလောက်နဲ့ သေဆုံးသူ တစ်ထောင်နီးပါးရှိလို့ အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်နိုင်ငံ ပြင်ပ အရှေ့အာရှဒေသမှာ အသေအပျောက် အများဆုံး နိုင်ငံ ဖြစ်ပါတယ်။

ရောဂါ ကူးစက်မှု ကျဆင်းနေတယ်ဆိုတဲ့ ရလဒ်တွေက မရေရာ မသေချာ ရှင်းရှင်းလင်းလင်း မရှိသေးပေမဲ့ မြို့တော် ဂျာကာတာ အစိုးရက တော့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ ဆန္ဒပြင်းပြနေပါတယ်။

အင်ဒိုနီးရှား ဘဏ္ဍာရေး ဝန်ကြီး Sri Mulyani Indrawati ကတော့ လွန်ခဲ့တဲ့ ၆ ပတ်ထဲ လူ ၂ သန်း အလုပ် မရှိဖြစ်သွားရတာနဲ့ အတူ တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အစီအစဉ်ကို ၁၀ နှစ်လောက် နောက်ကျသွားစေခဲ့တယ်လို့ ဆိုပါတယ် ။

တိုက်ရိုက် လင့်ခ်

..............

(Unicode)












XS
SM
MD
LG