ကိုဗစ်ကာလ မြန်မာလေယာဉ်မယ်တွေရဲ့ အတွေ့အကြုံ
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် လေကြောင်းလိုင်းတွေ အတော်များများ ထိခိုက်ခဲ့ရသလို၊ လေကြောင်းလိုင်းဝန်ထမ်းတွေ အတွက်လည်း အရင်နဲ့မတူတဲ့ အပြောင်းအလဲတွေ၊ အခက်အခဲတွေရှိပါတယ်။ ကိုဗစ်ကာလ လေယာဉ်မယ်တချို့ရဲ့ အတွေ့အကြုံကိုတော့ မြန်မာလေကြောင်းလိုင်းက အကြီးတန်းလေယာဉ်မယ် မဆူးလဲညွှန့်နဲ့ နော်သဇင်ကိုကို တို့ကို မခင်ဖြူထွေးက Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။