သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏိၵယနဲ႔ တ႐ုတ္ၾကား ေစ့စပ္ေပးဖို႔ Trump ကမ္းလွမ္းခ်က္ ႏွစ္နုိင္ငံလံုး ပယ္ခ်


အိႏၵိယႏိုင္ငံ အလံနဲ႔ တရုတ္ႏိုင္ငံ အလံ

[Zawgyi/Unicode]

အိႏၵိယနဲ႔ တ႐ုတ္ႏုိင္ငံၾကား လက္ရွိျဖစ္ေနတဲ့ နယ္နိမိတ္အျငင္းပြားမႈ ျပႆနာကို ၾကား၀င္ေဆာင္ရြက္ေပးခ်င္တယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္လ္ထရမ့္က ကမ္းလွမ္းလိုက္တဲ့အေပၚမွာ ႏွစ္ ႏုိင္ငံစလုံးက လက္မခံဘဲ ပယ္ခ်လိုက္ပါတယ္။

အိႏၵိယအေနနဲ႔ ဒီကိစၥကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းႏုိင္ဖို႔အတြက္ တ႐ုတ္ႏုိင္ငံနဲ႔ ေဆြးေႏြးေနတယ္လို႔ အိႏၵိယႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရ Anurag Srivastava သတင္းေထာက္ေတြကို ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ေျပာခြင့္ရ Zhao Lijian
တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ေျပာခြင့္ရ Zhao Lijian

ဒါ့အျပင္ တ႐ုတ္ႏုိင္ငံကလည္း အိႏၵိယ နဲ႔ တ႐ုတ္ ႏွစ္ ႏုိင္ငံ နယ္နိမိတ္ျပႆနာ အျငင္းပြားမႈမွာၾကားက တတိယႏုိင္ငံတခုက ၀င္ေရာက္ေျဖရွင္းေပးစရာ မလိုဘူးလို႔ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ေျပာခြင့္ရ Zhao Lijian က ဒီကေန႔ ျပဳလုပ္တဲ့ ေန႔စဥ္သတင္းစာရွင္းလင္းပဲြအတြင္း ေျပာပါတယ္။

ဟိမ၀ႏာၱေတာင္တန္းေဒသမွာရွိတဲ့ အိႏၵိယ နဲ႔ တ႐ုတ္နုိင္ငံ နယ္စပ္က နယ္ေျမပိုင္ဆုိင္မႈ အျငင္းပြားေနတဲ့ Ladakh ေဒသမွာႏွစ္ဘက္တပ္ေတြ စခန္းေတြေဆာက္ေနၾကတာေၾကာင့္ ထိပ္တုိက္ေတြ႔ေနၾကတာပါ။ ႏွစ္ဘက္စလုံးကလည္း တဘက္နဲ႔ တဘက္ နယ္စပ္ျဖတ္ေက်ာ္တယ္ဆုိၿပီး အျပန္အလွန္စြပ္စဲြေနၾကပါတယ္။

အဲဒီေဒသမွာ ၂ ႏုိင္ငံၾကား နယ္ေျမပိုင္ဆုိင္မႈ အျငင္းပြားတာေတြဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက ရွိလာခဲ့တာျဖစ္ၿပီး အခုတႀကိမ္ကေတာ့ ၁၉၆၂ ခုႏွစ္ ေနာက္ပိုင္း နဲ႔ အခုလတ္တေလာႏွစ္ေတြအတြင္း စိုးရိမ္စရာ အေကာင္းဆုံးအေျခအေနျဖစ္ပါတယ္။

ႏွစ္ဘက္ စစ္ဘက္တာ၀န္ရွိသူေတြနဲ႔ သံတမန္ေတြ ေဆြးေႏြးမႈေတြ ရွိေနေပမဲ့လည္း တင္းမာမႈေတြေလ်ာ့က်တဲ့ အရိပ္လကၡဏာေတာ့ မေတြ႔ရေသးဘူးလို႔ အိႏၵိယဘက္က ေလ့လာေစာင့္ၾကည့္သူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယနဲ့ တရုတ်ကြား စေ့စပ်ပေးဖို့ Trump ကမ်းလှမ်းချက် နှစ်နိုင်ငံလုံးပယ်ချ

အေမရိကန္သမၼတ Donald Trump
အေမရိကန္သမၼတ Donald Trump

အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား လက်ရှိဖြစ်နေတဲ့ နယ်နိမိတ်အငြင်းပွားမှု ပြဿနာကို ကြားဝင်ဆောင်ရွက်ပေးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ကမ်းလှမ်းလိုက်တဲ့အပေါ်မှာ နှစ် နိုင်ငံစလုံးက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

အိန္ဒိယအနေနဲ့ ဒီကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့အတွက် တရုတ်နိုင်ငံနဲ့ ဆွေးနွေးနေတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Anurag Srivastava သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံကလည်း အိန္ဒိယ နဲ့ တရုတ် နှစ် နိုင်ငံ နယ်နိမိတ်ပြဿနာ အငြင်းပွားမှုမှာကြားက တတိယနိုင်ငံတခုက ဝင်ရောက်ဖြေရှင်းပေးစရာ မလိုဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရ Zhao Lijian က ဒီကနေ့ ပြုလုပ်တဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

ဟိမဝန္တာတောင်တန်းဒေသမှာရှိတဲ့ အိန္ဒိယ နဲ့ တရုတ်နိုင်ငံ နယ်စပ်က နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Ladakh ဒေသမှာနှစ်ဘက်တပ်တွေ စခန်းတွေဆောက်နေကြတာကြောင့် ထိပ်တိုက်တွေ့နေကြတာပါ။ နှစ်ဘက်စလုံးကလည်း တဘက်နဲ့ တဘက် နယ်စပ်ဖြတ်ကျော်တယ်ဆိုပြီး အပြန်အလှန်စွပ်စွဲနေကြပါတယ်။

အဲဒီဒေသမှာ ၂ နိုင်ငံကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားတာတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိလာခဲ့တာဖြစ်ပြီး အခုတကြိမ်ကတော့ ၁၉၆၂ ခုနှစ် နောက်ပိုင်း နဲ့ အခုလတ်တလောနှစ်တွေအတွင်း စိုးရိမ်စရာ အကောင်းဆုံးအခြေအနေဖြစ်ပါတယ်။

နှစ်ဘက် စစ်ဘက်တာဝန်ရှိသူတွေနဲ့ သံတမန်တွေ ဆွေးနွေးမှုတွေ ရှိနေပေမဲ့လည်း တင်းမာမှုတွေလျော့ကျတဲ့ အရိပ်လက္ခဏာတော့ မတွေ့ရသေးဘူးလို့ အိန္ဒိယဘက်က လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

XS
SM
MD
LG