သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



လွှတ်တင်မယ့် Florida ပြည်နယ် Kennedy အာကာသစခန်းက SpaceX ပုဂ္ဂလိက ကုမ္ပဏီရဲ့ Crew Dragon အာကာသယာဉ်။ (မေ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]






တိုက်ရိုက် လင့်ခ်

[Unicode Version]

SpaceX ကုမ္ပဏီ အာကာသယာဉ် လွှတ်တင်မယ့်အစီအစဉ် စနေနေ့ရွှေ့ဆိုင်းခဲ့ရ

အမေရိကန်ပြည်ထောင်စု သမိုင်းမှာ ပုဂ္ဂလိကပိုင် အာကာသယာဉ်သုံးပြီး အာကာသယာဉ်မှူးတွေ အာကာသကို သွားမယ့် ပထမဆုံးခရီးစဉ်ကို ရာသီဥတုကြောင့် ဗုဒ္ဓဟူးနေ့က ရွှေ့ဆိုင်းခဲ့ရပါတယ်။

အာကာသယာဉ်ပျံတက်ဖို့ စီစဉ်ထားတဲ့ အချိန် ၁၆ မိနစ်အလိုမှာ အမေရိကန်အာကာသ သိပ္ပံ စူးစမ်းရေးတာဝန်ရှိသူတွေက ခရီးစဉ်ကို ဖျက်ခဲ့တာဖြစ်ပါတယ်။ SpaceX ပုဂ္ဂလိက ကုမ္ပဏီရဲ့ Crew Dragon အာကာသယာဉ်ကို လွှတ်တင်မယ့် Florida ပြည်နယ် Kennedy အာကာသစခန်းနားမှာ လ ျှပ်စီးတွေ လက်မယ့်အန္တရာယ်ရှိတာကြောင့် အစီအစဉ်ကို ဖျက်ပြီး စနေနေ့ကျမှ လွှတ်တင်ဖို့ ရွှေ့ဆိုင်းခဲ့ကြတာပါ။

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းဆီသွားကြမယ့် ဝါရင့်အာကာသယာဉ်မှူး Doug Hurley နဲ့ Bob Behnken တို့ကတော့ ဒီကြားထဲ Coronavirus ပိုး မကူးအောင် ဘယ်သူနဲ့မှာ မထိတွေ့ဘဲ သီးခြားနေကြရမှာဖြစ်ပါတယ်။

လူလိုက်ပါတဲ့ အာကာသလွန်းပျံယာဉ်လွှတ်တင်တဲ့ အစီအစဉ်တွေကို NASA က ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပြီးနောက် ဒီခရီးစဉ်ဟာ အမေရိကန်မြေပေါ်ကနေ အမေရိကန်အာကာသယာဉ်မှူးတွေ အာကာသကိုတက်တဲ့ ပထမဆုံး သမိုင်းဝင် ခရီးစဉ်ဖြစ်ပါလိမ့်မယ်။

ဗုဒ္ဓဟူးနေ့က အာကာသယာဉ်လွှတ်တင်တာကို အားပေးကြည့်ရှုဖို့ သမ္မတ Donald Trump လည်း Kennedy အာကာသစခန်းကို သွားရောက်ခဲ့ပါတယ်။

XS
SM
MD
LG