သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID 19 နဲ႔ အာကာသယာဥ္မႈးမ်ား


Space Station Astronauts Coming Home

ကမာၻတဝွမ္း ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါခံစားေနရခ်ိန္မွာ အျပည္ျပည္ဆိုင္ရာ အာကာသစခန္းကို ေရာက္ေနတဲ့ အာကာသယာဥ္မႈးေတြရဲ့ အေျခေနကိုသိရေအာင္ နာဆာအာကာသစူးစမ္းေရးဌာနက ေဒါက္တာပေဒသာတင္ကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

COVID 19 နဲ႔ အာကာသယာဥ္မႈးမ်ား
please wait

No media source currently available

0:00 0:06:50 0:00
တိုက္႐ိုက္ လင့္ခ္


(Zawgyi/ Unicode)

Zawgyi

ကမာၻတဝွမ္း ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါခံစားေနရခ်ိန္မွာ အျပည္ျပည္ဆိုင္ရာ အာကာသစခန္းကို ေရာက္ေနတဲ့ အာကာသယာဥ္မႈးေတြရဲ့ အေျခေနကိုသိရေအာင္ နာဆာအာကာသစူးစမ္းေရးဌာနက ေဒါက္တာပေဒသာတင္ကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

ေဒါက္တာပေဒသာတင္။ ။“အခု ေလာေလာဆယ္ အျပည္ျပည္ဆိုင္ရာ အာကာသစခန္းမွာ လြန္ခဲ့တဲ့ ၂ လ ေ လာက္ကေနၿပီးေတာ့ အရင္၆ ေယာက္ ၇ ေယာက္ေလာက္ ရွိတဲ့ ထဲက ၃ ေယာက္ပဲ အလုပ္လုပ္ဖို႔ စီစဥ္ပါတယ္။ မၾကာေသးခင္က ၃ ေယာက္ ကမာၻေျမျပင္ကို ျပန္ေရာက္လာပါတယ္။ ရုရွားအာကာသ ေအဂ်င္စီက ဒံုးပ်ံနဲ႔ သြားေခၚ ခဲ့ပါတယ္။ အဲဒီ ၃ ဦးထဲမွာ တဦးကေတာ့ အေမရိကန္ အမ်ိဳးသမီး အာကာသယာဥ္မႈးပါ။ အျပည္ျပည္ဆိုင္ရာ အာကာသ စခန္းမွာ ၆ ေယာက္ ၇ ေယာက္ အလုပ္လုပ္တာက လူအျပည့္လုပ္တာ full participation ေပါ့ေနာ္ ။ ဒါေပမယ့္ က်ေနာ္တို႔ နာဆာေရာ၊ ဥေရာပ အာကာသ ေအဂ်င္စီ၊ ရုရွား၊ ဂ်ပန္စတဲ့ အာကာသ ေအဂ်င္စီ အေတာ္မ်ားမ်ားက ပိတ္ထားရတဲ့ အတြက္ ဒီအာကာသ စခန္းမွာ လူအမ်ားႀကီး ထားၿပီး အလုပ္လုပ္ဖုိ႔အတြက္က အဆင္မေျပေတာ့ ပါဘူး။ ဒီမွာလည္း လုပ္ႏိုင္တဲ့ေျမျပင္ထိန္းခ်ဳပ္ေရး စခန္းေတြမွာ လူအင္အား အရမ္းကို ေလ ွ်ာ့ခ် လိုက္ရတဲ့ အတြက္ ဟိုမွာ ၃ ဦးပဲထား ဖို႔ စီစဥ္ၿပီးေတာ့မွ ျပန္ေခၚလာတာပါ။”

ေမး။ ။ “အဲဒီလို ျပန္လာတဲ့ အခါမွာ ဒီအာကာသယာဥ္မႈးေတြ ဒီကမာၻမွာ ႀကံဳေနရတဲ့ ကိုရိုနာဗုိင္းရပ္စ္ ေရာဂါပိုး ဒဏ္နဲ႔ပတ္သက္ၿပီးေတာ့ ရင္ဆိုင္ႏုိင္ေအာင္ နာဆာကေန ဘယ္လို လုပ္ေပးပါသလဲ။”

ေဒါက္တာပေဒသာတင္။ ။“ကိုရိုနာဗိုင္းရစ္ပ္ စျဖစ္တာက ဒီဇင္ဘာေလာက္မွာ စျဖစ္ေနပါၿပီ။ တကမာၻလံုးက သိလာတဲ့ ဇန္နဝါရီလ ေလာက္မွာ ၆ ေယာက္ ၇ ေယာက္ ထား ၿပီး အလုပ္လုပ္လို႔က မျဖစ္ႏိုင္ေတာ့ဘူး။ အာကာသထိန္းခ်ဳပ္ေရး စခန္းေတြ အကုန္လံုး ကလည္း လူေလ ွ်ာ့ခ် ရမယ္ ဆိုတာ သိလာပါၿပီ။ အဲေတာ့ ၃ ေယာက္ပဲ ထားရေတာ့မယ္ ဆိုေတာ့ က်န္တဲ့. ၃- ၄ ေယာက္ကို ျပန္ေခၚရေတာ့မယ္ ေပါ့ေနာ္။မေခၚလို႔ မျဖစ္ဘူး။ အဲဒီထဲမွာ ထူးျခားတာက အမ်ိဳးသမီး အာကာသယာဥ္မႈးChristina Koch ဆိုလို႔ရွိရင္ သူက အဲဒီ အျပည္ျပည္ဆိုင္ရာ အာကာသစခန္းမွာ တင္ထားတာ ဆိုရင္ ရက္ေပါင္း ၃၂၈ ရက္ရွိပါၿပီ။ ျပန္ေခၚဖို႔ကလည္း အခ်ိန္ကိုက္ ျဖစ္ေနတာမို႔ သူ႔ကို ေဖေဖၚဝါရီ လဆန္းမွာ ျပန္ေခၚတာ ေပါ့ေနာ္။

အ ဲဒီေတာ့ ျပန္ေခၚမယ္ ဆိုလို႔ရွိရင္ ဒီက သြားႀကိဳတဲ့ လူေတြမွာ ေရာဂါလံုးဝ ရွိလို႔ မျဖစ္ဖူး။ဘာျဖစ္လို႔လည္း ဆိုေတာ့ပို႔လိုက္တဲ့ အာကာသယာဥ္မႈးေတြက ဒီအာကာသထဲမွာ ျဖစ္တဲ့ ေရာဂါ၊ ကိုယ္ခံအားက်တဲ့ေရာဂါလို ေရာဂါေတြကိုသုေတသနလုပ္ခ်င္လို႔ တင္ထားရ တာပါ။ဒါေၾကာင့္ ေရာဂါ ကူးမသြားဖို႔ ေတာ္ေတာ္ကို စီစဥ္ရပါတယ္။ဒါေၾကာင့္ သူတို႔ကို ဘာလုပ္ထားသလဲ ဆိုေတာ့ သြားႀကိဳတဲ့ အဖြဲ႔ကို ေသခ်ာ quarantine လုပ္ထားရပါတယ္။ သူတို႔ရဲ့ က်န္းမာ ေရး အေျခေန လံုးဝ ေကာင္းတယ္ ဆိုတဲ့ အခါက်မွ ဒီယာဥ္မႈး ၃ ဦး ျပန္လာတာကို သြားႀကိဳရတာ ျဖစ္ပါတယ္။ ဒီ ရုရွားႏိုင္ငံ ကာဇတ္စတန္ ျပည္နယ္က မ်က္ခင္းျပင္ႀကီးထဲမွာ အာကာသယာဥ္က ဆင္းတဲ့အခါ သြားႀကိဳရပါတယ္။

တေယာက္ ကေတာ့ ရုရွားျဖစ္တဲ့အတြက္ သူ႕ရဲ့ Star City ဆိုတဲ့ အာကာသ စခန္းကို ျပန္ပို႔တယ္။ ေနာက္ ၂ ဦးကေတာ့နာဆာက အေမရိကန္ အာကာသယာဥ္မႈး ေတြ ျဖစ္တဲ့ Jessica Meir နဲ႔ Andrew Morgan တို႔ပါ။ သူတို႔ကိုေတာ့ နာဆာရဲ့ ေလယာဥ္ပ်ံနဲ႔ ဘာလင္ကို ေခၚသြားပါတယ္။ ဘာလင္မွာ ေခတၱနားၿပီး ေတာ့ သူတုိ႔ကိုအခု တက္စ္ စက္စ္ ျပည္နယ္ Houston မွာရွိတဲ့ Johnson Space Flight စင္တာမွာ သူတုိ႔ကို သီးသန္႔ အခန္းေတြမွာ ထားပါတယ္။ လြန္ခဲ့တဲ ေဖေဖၚဝါရီလ တုန္းက ျပန္လာတဲ့ Christina Koch ကေတာ့ Johnson Space Flight စင္တာကို ျပန္ေရာက္ေနကတည္းက အဲဒီမွာ သုေတသန လုပ္ေနပါၿပီ။”

ေမး။ ။“လူဟာ ကမာၻႀကီးေပၚမွာ ေနတာနဲ႔ အာကာသထဲ ေနတာ မတူပါဘူး။ ေျပာင္းလဲတာေတြ အမ်ားႀကီး ရွိတယ္ လို႔ ေျပာပါတယ္။ ဆိုေတာ့ အျပည္ျပည္ဆိုင္ရာ အာကာသ စခန္းမွာ ေနတဲ့ အာကာသယာဥ္မႈး ေတြဟာ ကမာၻကေန ထြက္သြားတဲ့ အခါ အေျပာင္းအလဲ ဘာေတြ ရွိသလဲ ေျပာျပေပးပါ။”

ေဒါက္တာပေဒသာတင္။.။”အဓိကက ဘာလဲဆိုေတာ့ ကမာၻ႔ဆြဲအား လံုးဝ မရွိေတာ့တဲ့ ေနရာ ေရာက္သြားၿပီ ေပါ့ေနာ္ ။ အဲေတာ့ လူေတြက လမ္းေလ ွ်ာက္စရာ မလိုေတာ့ဘူးေပါ့။ ကမာၻ႔ဆြဲအား မရွိတဲ့အတြက္။ အဲဒီေတာ့ သူတို႔က ေမ်ာေနတဲ့ ပံုစံမ်ိဳး ျဖစ္ေနတာေပါ့။အဲဒါအျပင္ ကမာၻကေန အထက္ မိုင္ သံုးေလးရာေလာက္ ေရာက္သြားတဲ့ ေနရာ ဆိုတဲ့အခါ က်ေတာ့ အျပင္မွာ ရွိတဲ့ ေကာ့စမစ္ ေရာင္ျခည္ Cosmic radiation ဆိုတဲ့ သတၱဝါေတြအတြက္ ဇီဝ အႏၱရာယ္ လံုးဝ ျဖစ္ေစတဲ့ ဓါတ္ေရာင္ျခည္ေတြ ပိုမ်ားလာတဲ့အတြက္ အဲဒီ ေနရာကို ေရာက္သြားၿပီ ဆိုရင္ အဲဒီအေၾကာင္း ၂ ခုေၾကာင့္ ဇီဝ ေျပာင္းလဲမႈ ေတြက အမ်ားႀကီး ျဖစ္သြားတဲ့ အတြက္ ေရာဂါေတြ ေပၚလာတာ ေတြ႔ရပါတတ္။ ဘယ္လို ေရာဂါမ်ိဳးလည္း ဆိုေတာ့ အရိုးပြ ေရာဂါ bone density lost ျဖစ္သြားတာ၊ ေနာက္တခုက လူကို ဖြဲ႔စည္းထားတာက အရည္နဲ႔ ဖြဲ႔စည္းထားတာက ၉ ၀% ျဖစ္ေနပါတယ္။ကမာၻ႔ဆြဲအား လံုးဝ မရွိတဲ့ ေနရာလည္း ေရာက္သြားရင္အရည္ စီးဆင္းမႈဟာ လံုးဝ ေျပာင္းလဲသြားတယ္။ ဆြဲအားမရွိေတာ့ဘူးကိုး။ အဲ့ေတာ့ ေအာက္ကို အေလးခ်ိန္ကမက်ေတာ့ဘူးေပါ့။

ဥပမာ အားျဖင့္ ႏွလံုးေသြးလည္ပတ္မႈက အစ ေသြးလည္ပတ္တဲ့ ႏႈန္းက အစ အကုန္လံုးဝ ေျပာင္းသြားတယ္။ အရည္လည္ပတ္မႈ ေျပာင္းသြားတဲ့ အခါက်ေတာ့ ဖိအားလည္း ေျပာင္းသြားတယ္ေလ။ အဲဒီေတာ့ ႏွလံုး ေရာဂါလိုဟာမ်ိဳး စျဖစ္တာ ေတြ႔ရပါတယ္။ အာကာသယာဥ္မႈး ေတြမွာ။ ေနာက္ အရိုးပြ ေရာဂါ၊ ေမ့တာ၊ ႀကီးလာရင္ ျဖစ္တဲ့ အယ္ဇိုင္းမားေရာဂါလိုဟာမ်ိဳးပါ။ ေနာက္ ကိုယ္ခံအားေတြ။ ဖိအားေျပာင္းသြားတာေၾကာင့္ မ်က္လံုးထဲမွာ ရွိတဲ့ အရည္ မ်က္လံုးအိမ္မွာ ဖိအားက ပိုမ်ားလာတဲ့အတြက္ အျမင္မၾကည္လင္တာေတြ၊ ေနာက္တခုက ကိုယ္ခံအားေတြ က်သြားပါတယ္။ ဘာေၾကာင့္ ကိုယ္ခံအားက်သြားသလဲ ဆိုတာကိုေတာ့ အတိအက် ေျပာလို႔ မရေသးပါဘူး။ အခုထိ သုေတသန လုပ္တုန္း ရွိပါေသးတယ္။ ဒီလို ကုိယ္ခံအား က်သြားျခင္းအားျဖင့္ ေသြးကင္ဆာ မျဖစ္ေအာင္ တိုက္ဖ်က္ေပးႏုိင္တဲ့ ကိုယ္ခံအား စံနစ္ immunity system က်သြားတယ္ ဆိုတာကို ေတြ႔ရပါတယ္။”

ေမး။ ။“နာဆာက ဆိုရင္ ေဆးသုေတသန ေတြ အတြက္ အာကာသထဲမွာ သြားလုပ္ပါတယ္။ အဲဒီေတာ့ ကိုဗစ္ ၁၉ နဲ႔ ပတ္သက္ၿပီးေတာ့ စမ္းသပ္မႈေတြကို အာကာသထဲမွာ လုပ္ဖို႔ အစီအစဥ္ရွိပါသလား။”

ေဒါက္တယပေဒသာတင္။.။“ရွိပါတယ္။ ရွိကိုရွိမွာပါ။ဘာလို႔လည္း ဆိုရင္ space biology နဲ႔space medicine အာကာသေဆး သုေတသနနဲ႔ အာကာသ ဇီဝေဗဒ သုေတသန ေတြ လုပ္ေနတာ ႏွစ္ေပါင္းမ်ားစြာရွိပါၿပီ၊ ဒီလိုသုေတသနေတြ လုပ္လာတာ။ ကမာၻ႔ဆြဲအားမဲ့တဲ့ ေနရာမွာ ေဆးေပါင္းစပ္မႈက ပိုေကာင္းပါတယ္။ ဘာေၾကာင့္လည္း ဆိုေတာ့ ေဆးေတြ စေပါင္းလာၿပီ၊ ေမာ္လီက်ဴးေတြ စၿပီးေတာ့ တခုနဲ႔တခု တြဲလာၿပီ ဆိုလို႔ရွိရင္ သူက သူ႔ရဲ့ သိပ္သည္းဆက မ်ားတဲ့အတြက္ ေဆးေပါင္းစပ္ေနတဲ့ အခ်ိန္မွာ သူ႔ အရည္မွာ အနည္ထိုင္သြားပါတယ္။ အနည္ထိုင္သြားတာက ဘာေၾကာင့္လည္း ဆိုေတာ့ ကမာၻ႔ဆြဲအားေၾကာင့္ေလ။ အာကာသစခန္းထဲမွာ က်ေတာ့ ကမာၻ႔ဆြဲအား မရွိတဲ့အတြက္ အနည္မထိုင္ပါဘူူး။ ဒါေၾကာင့္ ေဆးက ပိုအစြမ္းရွိၿပီး ပိုၿပီးထက္ျမက္တဲ့ေဆး ပံုစံမ်ိဳးေတြကို ထြင္လို႔ ရပါတယ္။ ဒီလို သုေတသနေတြ လုပ္တာကလည္း ၾကာပါၿပီ။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့၊ ကိုရိုနာဗိုင္းရပ္စ္ သုေတသန ေဆးသုေတသနလုပ္ဖုိ႔ မၾကာခင္စၿပီးေတာ့ စီစဥ္မယ္ ဆိုတာ ေသခ်ာပါတယ္။”

ေဒါက္တာပေဒသာတင္ရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္ရဲ့ သိပၸြြၸံနဲ႔နည္းပညာ က႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

Unicode

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါခံစားနေရချိန်မှာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို ရောက်နေတဲ့ အာကာသယာဉ်မှုးတွေရဲ့ အခြေနေကိုသိရအောင် နာဆာအာကာသစူးစမ်းရေးဌာနက ဒေါက်တာပဒေသာတင်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

ဒေါက်တာပဒေသာတင်။ ။“အခု လောလောဆယ် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှာ လွန်ခဲ့တဲ့ ၂ လ ေ လာက်ကနေပြီးတော့ အရင်၆ ယောက် ၇ ယောက်လောက် ရှိတဲ့ ထဲက ၃ ယောက်ပဲ အလုပ်လုပ်ဖို့ စီစဉ်ပါတယ်။ မကြာသေးခင်က ၃ ယောက် ကမ္ဘာမြေပြင်ကို ပြန်ရောက်လာပါတယ်။ ရုရှားအာကာသ အေဂျင်စီက ဒုံးပျံနဲ့ သွားခေါ် ခဲ့ပါတယ်။ အဲဒီ ၃ ဦးထဲမှာ တဦးကတော့ အမေရိကန် အမျိုးသမီး အာကာသယာဉ်မှုးပါ။ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းမှာ ၆ ယောက် ၇ ယောက် အလုပ်လုပ်တာက လူအပြည့်လုပ်တာ full participation ပေါ့နော် ။ ဒါပေမယ့် ကျနော်တို့ နာဆာရော၊ ဥရောပ အာကာသ အေဂျင်စီ၊ ရုရှား၊ ဂျပန်စတဲ့ အာကာသ အေဂျင်စီ အတော်များများက ပိတ်ထားရတဲ့ အတွက် ဒီအာကာသ စခန်းမှာ လူအများကြီး ထားပြီး အလုပ်လုပ်ဖို့အတွက်က အဆင်မပြေတော့ ပါဘူး။ ဒီမှာလည်း လုပ်နိုင်တဲ့မြေပြင်ထိန်းချုပ်ရေး စခန်းတွေမှာ လူအင်အား အရမ်းကို လေ ျှာ့ချ လိုက်ရတဲ့ အတွက် ဟိုမှာ ၃ ဦးပဲထား ဖို့ စီစဉ်ပြီးတော့မှ ပြန်ခေါ်လာတာပါ။”

မေး။ ။ “အဲဒီလို ပြန်လာတဲ့ အခါမှာ ဒီအာကာသယာဉ်မှုးတွေ ဒီကမ္ဘာမှာ ကြုံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ဒဏ်နဲ့ပတ်သက်ပြီးတော့ ရင်ဆိုင်နိုင်အောင် နာဆာကနေ ဘယ်လို လုပ်ပေးပါသလဲ။”

ဒေါက်တာပဒေသာတင်။ ။“ကိုရိုနာဗိုင်းရစ်ပ် စဖြစ်တာက ဒီဇင်ဘာလောက်မှာ စဖြစ်နေပါပြီ။ တကမ္ဘာလုံးက သိလာတဲ့ ဇန်နဝါရီလ လောက်မှာ ၆ ယောက် ၇ ယောက် ထား ပြီး အလုပ်လုပ်လို့က မဖြစ်နိုင်တော့ဘူး။ အာကာသထိန်းချုပ်ရေး စခန်းတွေ အကုန်လုံး ကလည်း လူလေ ျှာ့ချ ရမယ် ဆိုတာ သိလာပါပြီ။ အဲတော့ ၃ ယောက်ပဲ ထားရတော့မယ် ဆိုတော့ ကျန်တဲ့. ၃- ၄ ယောက်ကို ပြန်ခေါ်ရတော့မယ် ပေါ့နော်။မခေါ်လို့ မဖြစ်ဘူး။ အဲဒီထဲမှာ ထူးခြားတာက အမျိုးသမီး အာကာသယာဉ်မှုးChristina Koch ဆိုလို့ရှိရင် သူက အဲဒီ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှာ တင်ထားတာ ဆိုရင် ရက်ပေါင်း ၃၂၈ ရက်ရှိပါပြီ။ ပြန်ခေါ်ဖို့ကလည်း အချိန်ကိုက် ဖြစ်နေတာမို့ သူ့ကို ဖေဖေါ်ဝါရီ လဆန်းမှာ ပြန်ခေါ်တာ ပေါ့နော်။

အ ဲဒီတော့ ပြန်ခေါ်မယ် ဆိုလို့ရှိရင် ဒီက သွားကြိုတဲ့ လူတွေမှာ ရောဂါလုံးဝ ရှိလို့ မဖြစ်ဖူး။ဘာဖြစ်လို့လည်း ဆိုတော့ပို့လိုက်တဲ့ အာကာသယာဉ်မှုးတွေက ဒီအာကာသထဲမှာ ဖြစ်တဲ့ ရောဂါ၊ ကိုယ်ခံအားကျတဲ့ရောဂါလို ရောဂါတွေကိုသုတေသနလုပ်ချင်လို့ တင်ထားရ တာပါ။ဒါကြောင့် ရောဂါ ကူးမသွားဖို့ တော်တော်ကို စီစဉ်ရပါတယ်။ဒါကြောင့် သူတို့ကို ဘာလုပ်ထားသလဲ ဆိုတော့ သွားကြိုတဲ့ အဖွဲ့ကို သေချာ quarantine လုပ်ထားရပါတယ်။ သူတို့ရဲ့ ကျန်းမာ ရေး အခြေနေ လုံးဝ ကောင်းတယ် ဆိုတဲ့ အခါကျမှ ဒီယာဉ်မှုး ၃ ဦး ပြန်လာတာကို သွားကြိုရတာ ဖြစ်ပါတယ်။ ဒီ ရုရှားနိုင်ငံ ကာဇတ်စတန် ပြည်နယ်က မျက်ခင်းပြင်ကြီးထဲမှာ အာကာသယာဉ်က ဆင်းတဲ့အခါ သွားကြိုရပါတယ်။

တယောက် ကတော့ ရုရှားဖြစ်တဲ့အတွက် သူ့ရဲ့ Star City ဆိုတဲ့ အာကာသ စခန်းကို ပြန်ပို့တယ်။ နောက် ၂ ဦးကတော့နာဆာက အမေရိကန် အာကာသယာဉ်မှုး တွေ ဖြစ်တဲ့ Jessica Meir နဲ့ Andrew Morgan တို့ပါ။ သူတို့ကိုတော့ နာဆာရဲ့ လေယာဉ်ပျံနဲ့ ဘာလင်ကို ခေါ်သွားပါတယ်။ ဘာလင်မှာ ခေတ္တနားပြီး တော့ သူတို့ကိုအခု တက်စ် စက်စ် ပြည်နယ် Houston မှာရှိတဲ့ Johnson Space Flight စင်တာမှာ သူတို့ကို သီးသန့် အခန်းတွေမှာ ထားပါတယ်။ လွန်ခဲ့တဲ ဖေဖေါ်ဝါရီလ တုန်းက ပြန်လာတဲ့ Christina Koch ကတော့ Johnson Space Flight စင်တာကို ပြန်ရောက်နေကတည်းက အဲဒီမှာ သုတေသန လုပ်နေပါပြီ။”

မေး။ ။“လူဟာ ကမ္ဘာကြီးပေါ်မှာ နေတာနဲ့ အာကာသထဲ နေတာ မတူပါဘူး။ ပြောင်းလဲတာတွေ အများကြီး ရှိတယ် လို့ ပြောပါတယ်။ ဆိုတော့ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းမှာ နေတဲ့ အာကာသယာဉ်မှုး တွေဟာ ကမ္ဘာကနေ ထွက်သွားတဲ့ အခါ အပြောင်းအလဲ ဘာတွေ ရှိသလဲ ပြောပြပေးပါ။”

ဒေါက်တာပဒေသာတင်။.။”အဓိကက ဘာလဲဆိုတော့ ကမ္ဘာ့ဆွဲအား လုံးဝ မရှိတော့တဲ့ နေရာ ရောက်သွားပြီ ပေါ့နော် ။ အဲတော့ လူတွေက လမ်းလေ ျှာက်စရာ မလိုတော့ဘူးပေါ့။ ကမ္ဘာ့ဆွဲအား မရှိတဲ့အတွက်။ အဲဒီတော့ သူတို့က မျောနေတဲ့ ပုံစံမျိုး ဖြစ်နေတာပေါ့။အဲဒါအပြင် ကမ္ဘာကနေ အထက် မိုင် သုံးလေးရာလောက် ရောက်သွားတဲ့ နေရာ ဆိုတဲ့အခါ ကျတော့ အပြင်မှာ ရှိတဲ့ ကော့စမစ် ရောင်ခြည် Cosmic radiation ဆိုတဲ့ သတ္တဝါတွေအတွက် ဇီဝ အန္တရာယ် လုံးဝ ဖြစ်စေတဲ့ ဓါတ်ရောင်ခြည်တွေ ပိုများလာတဲ့အတွက် အဲဒီ နေရာကို ရောက်သွားပြီ ဆိုရင် အဲဒီအကြောင်း ၂ ခုကြောင့် ဇီဝ ပြောင်းလဲမှု တွေက အများကြီး ဖြစ်သွားတဲ့ အတွက် ရောဂါတွေ ပေါ်လာတာ တွေ့ရပါတတ်။ ဘယ်လို ရောဂါမျိုးလည်း ဆိုတော့ အရိုးပွ ရောဂါ bone density lost ဖြစ်သွားတာ၊ နောက်တခုက လူကို ဖွဲ့စည်းထားတာက အရည်နဲ့ ဖွဲ့စည်းထားတာက ၉ ဝ% ဖြစ်နေပါတယ်။ကမ္ဘာ့ဆွဲအား လုံးဝ မရှိတဲ့ နေရာလည်း ရောက်သွားရင်အရည် စီးဆင်းမှုဟာ လုံးဝ ပြောင်းလဲသွားတယ်။ ဆွဲအားမရှိတော့ဘူးကိုး။ အဲ့တော့ အောက်ကို အလေးချိန်ကမကျတော့ဘူးပေါ့။

ဥပမာ အားဖြင့် နှလုံးသွေးလည်ပတ်မှုက အစ သွေးလည်ပတ်တဲ့ နှုန်းက အစ အကုန်လုံးဝ ပြောင်းသွားတယ်။ အရည်လည်ပတ်မှု ပြောင်းသွားတဲ့ အခါကျတော့ ဖိအားလည်း ပြောင်းသွားတယ်လေ။ အဲဒီတော့ နှလုံး ရောဂါလိုဟာမျိုး စဖြစ်တာ တွေ့ရပါတယ်။ အာကာသယာဉ်မှုး တွေမှာ။ နောက် အရိုးပွ ရောဂါ၊ မေ့တာ၊ ကြီးလာရင် ဖြစ်တဲ့ အယ်ဇိုင်းမားရောဂါလိုဟာမျိုးပါ။ နောက် ကိုယ်ခံအားတွေ။ ဖိအားပြောင်းသွားတာကြောင့် မျက်လုံးထဲမှာ ရှိတဲ့ အရည် မျက်လုံးအိမ်မှာ ဖိအားက ပိုများလာတဲ့အတွက် အမြင်မကြည်လင်တာတွေ၊ နောက်တခုက ကိုယ်ခံအားတွေ ကျသွားပါတယ်။ ဘာကြောင့် ကိုယ်ခံအားကျသွားသလဲ ဆိုတာကိုတော့ အတိအကျ ပြောလို့ မရသေးပါဘူး။ အခုထိ သုတေသန လုပ်တုန်း ရှိပါသေးတယ်။ ဒီလို ကိုယ်ခံအား ကျသွားခြင်းအားဖြင့် သွေးကင်ဆာ မဖြစ်အောင် တိုက်ဖျက်ပေးနိုင်တဲ့ ကိုယ်ခံအား စံနစ် immunity system ကျသွားတယ် ဆိုတာကို တွေ့ရပါတယ်။”

မေး။ ။“နာဆာက ဆိုရင် ဆေးသုတေသန တွေ အတွက် အာကာသထဲမှာ သွားလုပ်ပါတယ်။ အဲဒီတော့ ကိုဗစ် ၁၉ နဲ့ ပတ်သက်ပြီးတော့ စမ်းသပ်မှုတွေကို အာကာသထဲမှာ လုပ်ဖို့ အစီအစဉ်ရှိပါသလား။”

ဒေါက်တယပဒေသာတင်။.။“ရှိပါတယ်။ ရှိကိုရှိမှာပါ။ဘာလို့လည်း ဆိုရင် space biology နဲ့space medicine အာကာသဆေး သုတေသနနဲ့ အာကာသ ဇီဝဗေဒ သုတေသန တွေ လုပ်နေတာ နှစ်ပေါင်းများစွာရှိပါပြီ၊ ဒီလိုသုတေသနတွေ လုပ်လာတာ။ ကမ္ဘာ့ဆွဲအားမဲ့တဲ့ နေရာမှာ ဆေးပေါင်းစပ်မှုက ပိုကောင်းပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဆေးတွေ စပေါင်းလာပြီ၊ မော်လီကျူးတွေ စပြီးတော့ တခုနဲ့တခု တွဲလာပြီ ဆိုလို့ရှိရင် သူက သူ့ရဲ့ သိပ်သည်းဆက များတဲ့အတွက် ဆေးပေါင်းစပ်နေတဲ့ အချိန်မှာ သူ့ အရည်မှာ အနည်ထိုင်သွားပါတယ်။ အနည်ထိုင်သွားတာက ဘာကြောင့်လည်း ဆိုတော့ ကမ္ဘာ့ဆွဲအားကြောင့်လေ။ အာကာသစခန်းထဲမှာ ကျတော့ ကမ္ဘာ့ဆွဲအား မရှိတဲ့အတွက် အနည်မထိုင်ပါဘူူး။ ဒါကြောင့် ဆေးက ပိုအစွမ်းရှိပြီး ပိုပြီးထက်မြက်တဲ့ဆေး ပုံစံမျိုးတွေကို ထွင်လို့ ရပါတယ်။ ဒီလို သုတေသနတွေ လုပ်တာကလည်း ကြာပါပြီ။ ဒါနဲ့ ပတ်သက်ပြီးတော့၊ ကိုရိုနာဗိုင်းရပ်စ် သုတေသန ဆေးသုတေသနလုပ်ဖို့ မကြာခင်စပြီးတော့ စီစဉ်မယ် ဆိုတာ သေချာပါတယ်။”

ဒေါက်တာပဒေသာတင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်ရဲ့ သိပ္ပွ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG