သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Apollo အာကာသယာဉ်


Astronaut Edwin E. "Buzz" Aldrin Jr. poses for a photograph beside the U.S. flag deployed on the moon during the Apollo 11 mission on July 20, 1969. (AP Photo/NASA/Neil A. Armstrong)
Astronaut Edwin E. "Buzz" Aldrin Jr. poses for a photograph beside the U.S. flag deployed on the moon during the Apollo 11 mission on July 20, 1969. (AP Photo/NASA/Neil A. Armstrong)

လွန်ခဲ့တဲ့ အနှစ် ၅၀ တုန်းက လူသားတွေ လကမ္ဘာပေါ်မှာ ခြေချနိုင်ဖို့ အဓိက သယ်ယူပို့ဆောင် ပေးခဲ့တဲ့ Apollo အာကာသယာဉ် အကြောင်း ဒီတပတ်မှာ ပြောပြပေးမှာပါ။

Apollo အာကာသယာဉ်
please wait

No media source currently available

0:00 0:07:03 0:00
တိုက်ရိုက် လင့်ခ်

လွန်ခဲ့တဲ့ အနှစ် ၅၀ တုန်းက လူသားတွေ လကမ္ဘာပေါ်မှာ ခြေချနိုင်ဖို့ အဓိက သယ်ယူပို့ဆောင် ပေးခဲ့တဲ့ Apollo အာကာသယာဉ် အကြောင်း ဒီတပတ်မှာ ပြောပြပေးမှာပါ။

လူသားတွေရဲ့ ကြီးမားတဲ့ အောင်မြင်မှု တခုကတော့ လပေါ်ကို ရောက်အောင်သွားပြီး ခြေချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုဟာ NASA အမေရိကန် အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ရဲ့ ကြီးမားတဲ့ အောင်မြင်မှု တခုလို့ နာဆာသိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။ ဒီ Apollo အစီအစဉ်ကို ဘယ်လို စတင်ခဲ့တာပါလဲ။

ဒေါက်တာ ပဒေသာတင်။ ။“အမေရိက န်ပြည်ထောင်စုရဲ့ ၃၄ ယောက်မြောက်သမ္မတ ဒွိုက် အိုက်ဆင်ဟောင်ဝါ လက်ထက်က ဒီအပိုလို အစီအစဉ်နဲ့ လပေါ်ကို လူသားတွေ ခြေချဖို့ စတင် ကြံစည်ခဲ့ပါတယ်။ ၃၅ ယောက်မြောက် အမေရိကန် သမ္မတ ဂျွန်အက်ဖ် ကနေဒီက အမေရိကန် ကွန်ဂရက်မှာ ကမ္ဘာသိ ကြေညာခဲ့ပါတယ်။ လကမ္ဘာပေါ်ကို လူတွေ သွားရောက် ခြေချ ပြီးတော့ ဘေးအန္တရယ် ကင်းစွာနဲ့ ကမ္ဘာကို ပြန်လာရန် ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အာကာသနဲ့ သိပ္ပံနည်းပညာ အစီအစဉ် အမျိုးသား စီမံကိန်းကို စီစဉ်ခဲ့တာပါ။”

အပိုလို အစီအစဉ်မှာ အာကာသယာဉ်ပေါင်း ဘယ်နှစ်စင်း ရှိပါသလဲ။

ဒေါက်တာပဒေသာတင်။ ။“ဒီ အပိုလိုပရိုဂရမ် ပေါ့နော်။ လကမ္ဘာကို စူးစမ်းလေ့လာဖို့ သွားဖို့ အစီအစဉ်ကို ၁၉၆၁ ခုနှစ်မှာ စတင်ပြီး ၁၉၇၂ ခုနှစ်မှာ အပိုလို ၁၇ အနေနဲ့ လပေါ်ကို လူဆင်းပြီး လပေါ်မှာ သိပ္ပံအချက်အလက် အများဆုံးတိုင်းပြီး လသွားခရီးအစီအစဉ်ကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ အပိုလို ၁ ကနေပြီးတော့ အပိုလို ၁၇ အထိ ကုန်ကျစားရိတ်အားလုံးဟာ အခု လက်ရှိ ၂၀၁၉ ခုနှစ်ငွေနဲ့ တွက်လိုက်လို့ရှိရင် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၅၀ လောက် ကုန်ခဲ့ပြီးတော့မှ လပေါ်ကို လူသားတွေ ခြေချနိုင်ဖို့အတွက် ကြိုးစားခဲ့ရပါတယ်။ တော်တော်ငွေကြေး ကုန်ကျပါတယ်။ ဒါပေမယ့်လည်း ဒီအာကာသ နည်းပညာ အောင်မြင်မှုအတွက် ကုန်ရတာ တန်တယ်လို့ ကျနော်ထင်ပါတယ်။”

အပိုလို အာကာသယာဉ် ၁၁ နဲ့ လပေါ်ဆင်းဖို့ ဘယ်လိုကြိုးစားခဲ့ရတယ် ဆိုတာ ကြည့်ရအောင်ပါ။

ဒေါက်တာပဒေသာတင်။ ။“အပိုလို အမှတ် ၁၁ ခြေချဖို့အတွက် အပိုလို အမှတ် ၁ ကနေ စခဲ့တာပါ။ အဲဒီအပိုလို အမှတ် ၁ မတိုင်ခင်ကတောင် ဒုံးပျံတွေ၊ လဆင်းယာဉ်တွေကို နဲနဲ စစမ်းနေကြ ပါပြီ။ ဒါပေမယ့် အပိုလို ၁ စလိုက်တဲ့ အခါ ကျတော့ ဒီ ယာဉ်မှုး ၃ ဦးကို အာကာသယာဉ်ထဲ ထည့်ပြီး မြေကြီးပေါ်မှာပဲ စမ်းပါသေးတယ်။ ပစ်တောင် မတင်သေးပါဘူး။ အဲဒီ စမ်းတဲ့အချိန်မှာပဲ လျှပ်စစ် ရှော့ ရပြီး အဲဒီ အာကာသယာဉ်မှုး ၃ ဦး ကမ္ဘာပေါ်မှာ ချက်ချင်း မီးလောင်ပြီး ဆုံးသွားကြပါတယ်။ ဒါပေမယ့် သူတို့ ဒီအစီစဉ် ကြီးကို မဖျက်လိုက် ကြပါဘူး။ မဖျက်ပဲနဲ့ လပတ် အာကာသယာဉ်နဲ့ လပေါ် ဆင်းတဲ့ယာဉ်ကို ကမ္ဘာကနေ အမျိုးစုံ စမ်းပြီးတော့ အပိုလို ၄ - ၅ - ၆ ရ တို့နဲ့ ပစ်မယ့် ဒုံးပျံတွေ၊ လဆင်းယာဉ်တွေကို တခုချင်းစီ ကမ္ဘာပတ်လမ်းကြောင်း ထဲမှာ စမ်းသပ်ခဲ့ကြပါတယ်။ ဒါ့အပြင် အပိုလို ၈ ဆိုရင် အာကာသ ယာဉ်မှုး ၃ ဦးကို လကမ္ဘာ အရောက်တောင် ပို့ခဲ့ပါ သေးတယ်။ ဒါပေမယ့် လပေါ်ကိုမဆင်းခဲ့ သေးပါဘူး။ ဆိုတော့ စမ်းတုန်း ရှိပါသေးတယ်။ ဒါပေမယ့် အပိုလို ၈ ဆိုရင် လမျက်နှာပြင် အထက်မှာ နာရီ ၂၀ ကြာ နေခဲ့ပြီး လပတ်လမ်းကြောင်းကို ဆယ်ပတ်လောက် ပတ်ပြီးတော့တောင် ပြန်လာပါတယ်။ ဆင်းဖို့က သိပ်ပြီးတော့ မသေချာ သေးတဲ့အတွက် စမ်းသပ်နေတာပဲ ရှိပါသေးတယ်။ နောက် အပိုလို ၉ ဆိုလို့ရှိရင် လဆင်းယာဉ်၊ လပြန်ယာဉ်တွေကို ကမ္ဘာပတ် လမ်းကြောင်းထဲမှာပဲ ပြန်ပြီးတော့ စီစဉ် ပါသေးတယ်။ အဲဒီတော့ တော်တော်ကို စိတ်ချရ ပြီ ဆိုတော့မှ အပိုလို ၁၁ က လပေါ်ကို ဆင်းတာ ဖြစ်ပါတယ်။ အပိုလို ၁၀ ဆိုလို့ရှိရင် လမျက်နှာပြင် နားကို ပေ ငါးသောင်း ဆိုတာ ကပ်ပြီး ရောက်တောင် ရောက်တော့မယ်။ ဒါပေမယ့် ဆင်းကို မဆင်းခိုင်း သေးပါဘူး။ မသေချာသေးတာနဲ့ ပြန်လာပါတယ်။ အဲဒီ အပိုလို ၁၁ ကျမှ လပေါ်ကို လူသားတွေ ခြေချ နိုင်တာ ဖြစ်ပါတယ်။”

ကမ္ဘာပေါ်ကနေ လပေါ်အရောက်သွားဖို့ အဆင့်ဆင့် စမ်းသပ်မှုတွေ လုပ်ခဲ့ရတာပါ။

ဒေါက်တာပဒေသာတင်။ ။“လပတ် အာကာသယာဉ်နဲ့ လပေါ် ဆင်းတဲ့ယာဉ်တွေ ကမ္ဘာကနေ တန်းဆင်းလို့ မရပါဘူး။ ကမ္ဘာနဲ့ မိုင် ၂ သိန်းခွဲ အကွာ မှာ ရှိတဲ့ အပိုလိုအာကာသ ယာဉ်ကို ပစ်တင်ဖို့ ဒုံးပျံ ဒီဇိုင်း လုပ်ခဲ့တာက little Joe - Saturn 1 – Saturn 1 B နဲ့ နောက်ဆုံး Saturn အမှတ် ၅ ဒုံးယာဉ်နဲ့ ထိပ်ဖူးတွေမှာ ဒီလပတ်ယာဉ်နဲ့ ယာဉ်မှုး ၃ ဦးစလုံးကို ပို့ဆောင် ပေးခဲ့တာပါ။ အပိုလို ၄ - ၅ - ၆ နဲ့ ၇ တွေနဲ့ ပစ်မယ့် ဒုံး ယာဉ်၊ လဆင်းယာဉ် တို့ကို တခု ချင်းစီ ကမ္ဘာပတ် လမ်းကြောင်းထဲမှာ စမ်းသပ်ခဲ့ကြရပါတယ်။ အပိုလို ၈ ဟာ အာကာသယာဉ်မှုး ၃ ဦးကို လကမ္ဘာ အရောက် ပို့ပေးခဲ့ပါတယ်။ ဒါပေမယ့် လမျက်နှာပြင် အထက်မှာ နာရီ ၂၀ အကြာ လကို ၁၁ ပတ်လောက် ပတ်ပြီးတော့မှ ပြန်လာကြပါတယ်။ လပေါ်ကို မဆင်းခဲ့ပါဘူး။ အပိုလို ၉ ဟာ လဆင်းယာဉ်၊ လပေါ်ကနေ ပြန်တက်တဲ့ ယာဉ်တွေကို ကမ္ဘာပတ် လမ်းကြောင်းထဲမှာပဲ စမ်းသပ် ပတ်ခဲ့ပြီးတော့ အပိုလို ၁၀ ဟာ လမျက်နှာပြင်နဲ့ အနီးဆုံး ပေ ငါးသောင်း အထိ ပျံသန်းခဲ့ပါတယ်။ ဒါပေမယ့် အပိုလို ၁၁ ကျမှ လပေါ်ကို လူသားတွေ ခြေချဖို့ လုပ်ခဲ့တာပါ။ အပိုလို ၁၂- ၁၃ - ၁၄ အပိုလို ၁၅ ပေါ်မှာ lunar rover ဆိုတဲ့ ကားလေးနဲ့ လပေါ်မှာ မောင်းနှင်ပြီး သုတေသန လုပ်ခဲ့ကြ ပါသေးတယ်။ အပိုလို ၁၆ နဲ့ ၁၉၇၃ ခုမှာပြီးတော့ အပိုလို ၁၇ နဲ့ ဒီအပိုလို အစီအစဉ်ကို အဆုံးသတ်ခဲ့ကြပါတယ်။”

အပိုလိုအစီစဉ်ကနေ ဘာတွေ လုပ်ဆောင်ခဲ့ပါသလဲ။

ဒေါက်တာပဒေသာတင်။ ။“ လပေါ်က ကျောက် နမူနာ တွေပေါင်း ပေါင် တထောင်ကို အပိုလို အစီစဉ် ၁၁ - ၁၂ - ပြီးတော့ ၁၃ ကတော့ လပေါ် ရောက်ခါနီးမှာ အောက်ဆီဂျင် ပေးတဲ့ စက် ပျက်သွားတဲ့ အတွက် ချက်ချင်း ပြန်လာရတယ်။ အဲဒီတော့ ၁၃ နဲ့ မရောက်ခဲ့ပါဘူး။ ၁၄- ၁၅ - ၁၆ နဲ့ အားလုံးပေါင်း ၆ ကြိမ်အထိ လပေါ်ကို ဆင်းသက်ခဲ့ပြီးတော့ လပေါ်မှာ ရှိတဲ့ ကျောက်နမူနာ ပေါင်း တထောင်ကို သယ်လာတဲ့အပြင် လရဲ့ ဇီဝ ၊ ဘူမိဗေဒ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ ရုပ်သဘောတရား တွေ အကုန်လုံးကို တိုင်းထွာခဲ့ကြပါတယ်။”

အပိုလို ၁၁ ယာဉ်နဲ့ အတူလိုက်ပါသွားတဲ့ ယာဉ်မှုးက ၃ ဦးပါ။

ဒေါက်တာပဒေသာတင်။ ။“အပိုလို ၁၁ ယာဉ်မှုး ၃ ဦးထဲက လပေါ်ကို ပထမဦးဆုံး ခြေချတဲ့ အာကာသ ယာဉ်မှုးက Neil Armstrong ဖြစ်ပါတယ်။ သူက ၂၀၁၂ ခုနှစ် အသက် ၈၂ နှစ်မှာ ဆုံးသွားပါပြီ။ ဒါကြောင့် ထိန်းချုပ် အာကာသယာဉ် လပတ်ယာဉ် မောင်းနှင်တဲ့ ယာဉ်မှုး ဖြစ်တဲ့ ယာဉ်မှုးဖြစ်တဲ့ Michael Collins နဲ့ လပေါ်ကို ဒုတိယ ဆင်းတဲ့ ယာဉ်မှုး Buzz Aldrin တို့ကတော့ ဇူလိုင်လ ၂၀ ရက်နေ့မှာ လပေါ်ကို ဆင်းတဲ့ နှစ် ၅၀ ပြည့် ချိန်မှာတော့ သူတို့ ကနေဒီ space center မှာ ပြန်တွေ့ပြီး နှစ် ၅၀ မြောက် အောင်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ အာကာသ ယာဉ်မှုး Neil Armstrong က လပေါ်ကို ဇူလိုင်လ ၂၀ ရက်နေ့မှာ ခြေချလိုက်တဲ့ အချိန်မှာ လူတယောက်အတွက် ခြေလှမ်း တလှမ်း ဖြစ်ပေမယ့် လူသား အားလုံးအတွက် အလွန်ကြီးမားတဲ့ အောင်မြင်မှု ခြေလှမ်းကြီးလို့ ပြောခဲ့ပါတယ်။”

နာဆာ သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်ပါ။

XS
SM
MD
LG