သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသခရီးသွား


NASA file image shows Neil Armstrong on the moon next to the Lunar Module Eagle
NASA file image shows Neil Armstrong on the moon next to the Lunar Module Eagle

၂၀၁၉ ခုနှစ်ဟာ လူသားတွေ လပေါ်ခြေချနိုင်ခဲ့တဲ့ အနှစ် ၅၀ မြောက်နှစ် ဖြစ်ပါတယ်။ စူးစမ်းရှာဖွေမှုကို နှစ်သက်တဲ့ လူသားတွေ အာကာသအထိ စူးစမ်းဖို့ ကြိုးစားနေကြတဲ့အကြောင်း ဒီတပတ်မှာ ပြောပြမှာပါ။

space travel အာကာသ ခရီးသွား
please wait

No media source currently available

0:00 0:07:36 0:00
တိုက်ရိုက် လင့်ခ်

၂၀၁၉ ခုနှစ်ဟာ လူသားတွေ လပေါ်ခြေချနိုင်ခဲ့တဲ့ အနှစ် ၅၀ မြောက်နှစ် ဖြစ်ပါတယ်။ စူးစမ်းရှာဖွေမှုကို နှစ်သက်တဲ့ လူသားတွေ အာကာသအထိ စူးစမ်းဖို့ ကြိုးစားနေကြတဲ့အကြောင်း ဒီတပတ်မှာ ပြောပြမှာပါ။

အပိုလို ၁၁ နဲ့ လပေါ် ပထမဆုံး ရောက်ခဲ့တဲ့ လူသား ၃ ဦးထဲက Neil Armstrong ကို လပေါ်ရောက် တာနဲ့ နှိုင်းယှဉ်လို့ရတဲ့ တခြားလူ့သမိုင်းက ထူးခြားတဲ့ အဖြစ်အပျက်ကို မေးတဲ့အခါ Austronesians expansion ပါလို့ဖြေခဲ့တာကြောင့် အံ့သြရတယ်လို့ ပါမောက္ခ James Hansen က သူ့စာထဲမှာ ရေးပါတယ်။

Austronesians တွေဟာ ပင်လယ်သမုဒ္ဒရာကို ရွက်လွှင့်ကျော်ဖြတ်တဲ့ နည်းပညာကို ပထမဆုံး သုံးခဲ့ကြတဲ့ အရှေ့တောင်အာရှအပါအဝင် အင်ဒိုပစိဖိတ်ဒေသတွေမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။

ခရစ်မပေါ်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်လောက်တုန်းက တရုတ်အရှေ့တောင်ပိုင်းကနေ ပင်လယ်ပြင်ကို ဖြတ်ပြီး စွန့်စားရွက်လွှင့်ခဲ့တဲ့ ဒီစူးစမ်းသူတွေဟာ တိုင်ဝမ်ကျွန်းအထိ ရောက်သွားသလို နောက် နှစ်ပေါင်း ၂၅၀၀ လောက်မှာ သူတို့ဟာ ပိုကျယ်ပြောတဲ့ သမုဒ္ဒရာကို ဖြတ်ပြီး ဖိလစ်ပိုင်ကျွန်းတွေ၊ နောက် ပစိဖိတ်သမုဒ္ဒရာထဲက ဟာဝိုင်ရီအပါအဝင် ကျွန်းစုတွေ အထိရောက်သွားတယ်လို့ သုတေသနမှတ်တမ်းတွေမှာ ဖေါ်ပြပါတယ်။

အဆင့်ဆင့်တိုးပြီး စွန့်စားသွားလာဖို့ ကြိုးစားတဲ့ Austronesians တွေလိုပဲ နောင်လာ နောက်သားတွေဟာလည်း ရေပြင်၊ မြေပြင်မှာသာမက အာကာသ အထိသွားဖို့ လုပ်လာကြတာပါ။ အခုတော့ အာကာသသွားဖို့ ကြံဆလာကြပြီး အမေရိကန်အစိုးရကလည်း ကိုယ်ပိုင်ကုမ္ပဏီတွေပါ ပေါ်လာအောင် အားပေးလာတယ်လို့ နာဆာ က သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပါတယ်။

ဒေါက်တာပဒေသာတင်။ ။“အခုဆိုရင် ကမ္ဘာအနှံ့ ၂၄ နာရီအတွင်း တနိုင်ငံက တနိုင်ငံကို လေယာဉ်ပျံစီးပြီး ခရီးသွား တာကတော့ ရိုးသွားပြီ။ ဒီ ၂၁ ရာစု ရောက်တဲ့အခါ မှာတော့ ကိုယ်ပိုင် အစ အဆုံး အာကာသ ရောက်တဲ့အထိ ခရီးသွားတဲ့ ဒုံးပျံတွေ ဆောက်တဲ့ ကုမ္ပဏီတွေပါ ပေါ်လာပါပြီ။”

အာကာသအတွက် နယ်နိမိတ်ကို သတ်မှတ်ထားပါတယ်။

ဒေါက်တာပဒေသာတင်။ ။“ဒီအာကာသ ခရီးစဉ်ကို Karmin Line လိုင်းလို့ခေါ်တဲ့ ကမ္ဘာ့မြေမျက်နှာပြင် အထက် ၆၂ မိုင်ကို သတ်မှတ် ထားပါတယ်။ ကီလိုမီတာက တရာကျော်ပေါ့။ အာကာသရဲ အစလို့ သတ်မှတ်ထားတဲ့ နေရာရဲ့ အထက်ကို လူသား ခရီးထွက်ခဲ့တာ ၆၀၀ လောက်ပဲ ရှိပါသေးတယ်။ ပေ ၃ သိန်းကျော်လောက် မြင့်တဲ့ အမြင့်ကို အရပ်သား လေယာဉ်ပျံတွေ၊ ကော်မာရှယ်ပေါ့နော်။ ဒါမှမဟုတ် စစ်တပ်က လေယာဉ်တောင်မှ မတက်နိုင်ပါဘူး။ ဒီ အရပ်ဖက် လေယာဉ် တွေဟာ ပေ ၄ သောင်း အောက် တချို့ လေယာဉ်- မောင်းသူမဲ့တွေက ဆိုလို့ ရှိရင် ပေ ၆ သောင်းခွဲ ထက် ပို မမောင်းနိုင်ပါဘူး။”

အပိုလို အစီစဉ်အပြီးမှာ အာကာသစူးစမ်းရေးအတွက် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို စတင်ခဲ့သလို နောင်မှာ အင်္ဂါဂြိုဟ်အထိ သွားဖို့လုပ်နေတာပါ။

ဒေါက်တာပဒေသာတင်။ ။“အပိုလို အစီအစဉ်ကို ၁၉၇၂ ခုနှစ်မှာ ရပ်ပြီးတော့ အပြည်ပြည်ဆိုင်ရာ အာကာသ သုတေသန စခန်းကို ၁၉၈၀ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ဒီ အာကာသ သုတေသန စခန်းကို အမေရိကန်နိုင်ငံရဲ့ လွန်းပျံ အာကာသယာဉ် ဒါမှ မဟုတ် ရုရှားက ဆိုယုဇ် နဲ့ တင်ပေးရပါတယ်။ ဒီအာကာသယာဉ်မှုးတွေကို။ ဒီလို တင်ပေးတဲ့ လုပ်ငန်း စတင်ခဲ့တဲ့ ၁၉၈၀ ကနေ ဒီအပြည်ပြည်ဆိုင်ရာ အာကာသစခန်းက နောက် ၂၀၁၃ လောက် ကျရင်တော့ ရပ်လိုက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ၂၀၂၄ ခုနှစ်မှာ Ultimate ဆိုတဲ့ အစီအစဉ်ကို ချမှတ်ထားပါတယ်။ အမေရိကန်အစိုးရနဲ့ နာဆာကနေပြီးတော့။ သူက အင်္ဂါဂြိုဟ်ကို မရောက်ခင်စပ်ကြားမှာ ပထမဦးဆုံး လကမ္ဘာကို အရင် အပိုလို ၁၁ လူသားတွေ ချခဲ့သလိုပေါ့နော်။ အဲဒီ ၁၁ -၁၂ - ၁၃ - အဲဒီ ၁၃ ကတော့ မရောက်ပါဘူး။ ၁၄- ၁၅- ၁၆ - ၁၇ ကို ၁၉၇၂ ခု အထိ ချခဲ့သလို အခု လူသားတွေ ပြန်သွားမှာဖြစ်ပါတယ်။ ဒီတခေါက် သွားလို့ ရှိရင်တော့ နာရီပိုင်းနဲ့ နေမှာ မဟုတ်တော့ဘူး။ သူက လပေါ်မှာ လနဲ့နှစ်နဲ့ချီ နေပြီး လပေါ်မှာ ရှိတဲ့ သယံဇာတတွေ ဘယ်လို ထုတ်လို့ရမလဲ၊ လူတွေ ဘယ်လိုတွေ နေကြမလဲ၊ ဆိုတဲ့ဟာကို အဲဒီမှာ သုတေသန စခန်း တွေ ဆောက်ပြီး လနဲ့ နှစ်နဲ့ ချီပြီး နေကြ အလုပ်လုပ်ကြမယ့် အစီအစဉ် ဖြစ်ပါတယ်။”

ဒီအာကာသ စခန်းအတွက် လူနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ဘယ်လို ပို့ဆောင်ပေးနေပါသလဲ

ဒေါက်တာပဒေသာတင်။ ။“နာဆာနဲ့ တွဲပြီးတော့ အစိုးရ ထောက်ပံ့မှုနဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ပုဂ္ဂလိကပိုင် Bigelow Aerospace ကော်ပိုရေးရှင်းက အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းအတွက် လူနေဖို့အခန်း၊ စက်ကရိယာ သိုလှောင်ဖို့နဲ့ သုတေသန အတွက် တိုးချဲ့ဆောင်တွေ အဲဒီစခန်းမှာ တွဲဆောက်ဖို့အတွက် လုပ်ခဲ့ပါတယ်။ ဒီတိုးချဲ့ဆောင်တွေကိုတော့ Space X လို့ခေါ်တဲ့ ပုဂ္ဂလိကပိုင် ဒုံးယာဉ်နဲ့ တင်ပို့ပေးနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က။ နောက်လာမယ့် ၃ နှစ်လောက် ဆိုလို့ ရှိရင် အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းကို Space X ဒုံးယာဉ် Falcon နဲ့ အာကာသ ယာဉ်မှုးတွေကို ပို့ဆောင်ပေး မှာ ဖြစ်ပါတယ်။ လပေါ်ကို လူဆင်းလို့ ရအောင် တင်ပေးလိုက်တဲ့ Saturn အမှတ် ၅ ဒုံးပျံထက် ကြီးတဲ့ BFR - Big Falcon Rocket ဆိုတဲ့ ဒုံးပျံကို စပြီးတော့ Space X က အခု စတင်အကောင်ထည် ဖေါ်နေပါပြီ။ သူ့ရဲ့ အချင်းက ပေ ၄၀ လောက်ရှိမယ်။ အင်္ဂါဂြိုဟ်ကို လူတရာလောက်တောင် အလည်ပို့ပေး နိုင်မယ်လို့တောင် သူတို့ တွက်ထားတာပါ။ လောလောဆယ်မှာတော့ နာဆာက ဒီအာကာသယာဉ်မှုးတွေကို Falcon 9 လို ဒုံးပျံနဲ့ ကြိုဖို့ ပို့ဖို့ ၂၀၂၀ လောက်မှာ စမှာ ဖြစ်ပါတယ်။”

ဒုံးပျံ တွေကလည်း တခါသုံး မဟုတ်တော့ပါဘူး

ဒေါက်တာပဒေသာတင်။ ။“နာဆာနဲ့ ရုရှားရဲ့ အာကာသ သုတေသနဌာန ဖြစ်တဲ့ ရော့စ် ကော့စ်မော့စ် ရဲ့ ဒုံးပျံတွေက တခါသုံး တွေပဲ ဖြစ်ပါတယ်။ အခု ဒုံးယာဉ်တွေကတော့ reusable launch ဆိုတဲ့ ဒုံးပျံဖြစ်ပြီးတော့ ဒီဒုံးပျံကို ပစ်တင်လိုက် ပြီးရင် ပထမအဆင့်၊ ဒုတိယအဆင့်တွေ ကမ္ဘာပေါ်ကို ငြင်သာစွာ ပြန်ကျအောင် လုပ်ထားနိုင်တယ်။ ပြီးတော့ လောင်စာပြန်ဖြည့်၊ ပြန်သုံးနိုင်အောင် လုပ်ထားတဲ့ ကုန်ကျစားရိတ် အင်မတန် သက်သာအောင် လုပ်ထားတဲ့ ယာဉ် ဖြစ်ပါတယ်။”

နံမယ်ကြီး အာကာသ ခရီးသွားကုမ္ပဏီတွေ တဖြေးဖြေး များလာနေပါပြီ။

ဒေါက်တာပဒေသာတင်။ ။“Space X Exploration ဟာ ပုဂ္ဂလိကပိုင် အာကာသ ခရီးသွား လုပ်ငန်းနဲ့ ဒုံးပျံဆောက်လုပ် တာ အတော်ကို အောင်မြင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီ တခု ဖြစ်ပါတယ်။ ဦးဆောင်တဲ့ လူကတော့ Tesla လျှပ်စစ်ကား ထုတ်လုပ်သူ တောင်အာဖရိကဖွား Elon Musk ဖြစ်ပါတယ်။ သူနဲ့အပြိုင် အာကာသ ခရီးသွား လုပ်ငန်းကို အပြိုင်လုပ်နေတာက Blue Origin ပါ။ သူ့ပိုင်ရှင်ကတော့ Jeff Bezos ပါ။ သူဟာ အွန်လိုင်းကုန်ရောင်းရာမှာ နံမယ်ကြီးတဲ့ Amazon ကို စတင်တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ အာကာသ ခရီးသွားလုပ်ငန်းကို ဇောက်ချ လုပ်မယ့် ကုမ္ပဏီ ဖြစ်ပြီးတော့ Blue Origin ကို ၂၀၀၀ ခုနှစ်က စခဲ့ပါတယ်။ သူ့ရဲ့ ဒီဇိုင်းက VTVL လို့ခေါ်ပါတယ်။ သူက မတ်မတ်တက်၊ မတ်မတ်ဆင်းတဲ့ ဒုံးယာဉ်မျိုး ဖြစ်ပါတယ်။ နောက် အာကာသ ကုမ္ပဏီ တခုက Sir Richard Branson ရဲ့ Virgin Galactic လို့ခေါ်ပါတယ်။ အခုအချိန်မှာ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲပေးရင် အာကာသ နယ်နိမိတ်အထိ ဒုံးပျံလို လေယာဉ်မျိုးနဲ့ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အာကာသထဲက အလေးချိန်မဲ့တဲ့ နေရာကနေ ကမ္ဘာကြီး တခုလုံးကို ပြန်မြင်ရလောက်တဲ့ အထိ တင်ပေးမှာ ဖြစ်ပါတယ်။ အဲဒါဆိုရင် စောစောက ပြောတဲ့ Karmin line ကို ကျော်သွားပြီ ပေါ့နော်။ အမြင့်ပေ ၆၂ မိုင် ကျော်သွားပြီ။ အဲဒီ လေယာဉ်ပျံက မပျံရသေးပါဘူး။ ဒါပေမယ့် စာရင်းပေးထားကြပါတယ်။ Virgin Galactic ရဲ့ အာကာသ ဒုံးယာဉ်ကတော့ Spaceship Two လို့နံမယ်ပေးထားပါတယ်။ အမြင့်ပေး ၅ သောင်း- ၆ သောင်း ကျော်လောက် အမြင့်မှာ ဆယ်မိနစ် ပျံသန်းပေးမှာ ဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်မှာ Space Adventures ဆိုတဲ့ ကုမ္ပဏီပေါ့နော်။ သူကတော့ ပွဲစား ကုမ္ပဏီမျိုးပါ။ သူကနေ အာကာသခရီးသွား ၇ ဦးကို ရုရှားနိုင်ငံရဲ့ ဆိုယုဇ် ဒုံးပျံနဲ့ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းကို တင်ပေးခဲ့ဘူးပါတယ်။”

အာကာသထဲ ခရီးသွားဖို့ စာရင်းပေးထားသူတွေဟာ ၂၀၁၉ အထိဆို လူပေါင်း တထောင်လောက် ရှိနေပါပြီ။ နောင်ဆို အာကာသထဲကို လူရာနဲ့ချီပြီး တစုတဝေးကြီး ခရီးသွားနိုင်တဲ့အထိ ဖြစ်လာနိုင်မယ်လို့ တွက်ဆထားကြတာပါ။

XS
SM
MD
LG