သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တရုတ္ႏုိင္ငံေတာ္သီခ်င္းကုိ မေလးမစားျပဳသူေတြကုိ အေရးယူႏုိင္မယ့္ဥပေဒ ေဟာင္ေကာင္လြတ္ေတာ္အတည္ျပဳ


တရုတ္အလံ

Zawgyi/Unicode

တ႐ုတ္နိုင္ငံေတာ္သီခ်င္းကို ေလွာင္ေျပာင္သေရာ္ၿပီး မေလးမစားလုပ္တဲ့သူေတြကို ျပစ္ဒဏ္ခ်မွတ္သြားမယ့္ အျငင္းပြားဖြယ္ရာ ဥပေဒ ၾကမ္းကို ကန္႔ကြက္မႈေတြရွိေနတဲ့ၾကားကပဲ ၾကာသပေတးေန႔က ေဟာင္ေကာင္လႊတ္ေတာ္မွာ အတည္ျပဳလိုက္ပါတယ္။

ဒီ ဥပေဒၾကမ္းကို အတည္ျပဳလိုက္တဲ့ေန႔ဟာ ေမလ ၄ ရက္မွာက်ေရာက္တဲ့ Tiananmen ရင္ျပင္ ဆႏၵျပပြဲ ၃၁ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။

ဒီ ဥပေဒၾကမ္းနဲ႔ ပတ္သက္လို႔ ေဟာင္ေကာင္လႊတ္ေတာ္မွာ ေနာက္ဆုံးအေျခအတင္ေဆြးေႏြးမႈကို မေန႔က စတင္ၿပီး ညေန၅ နာရီ မတိုင္ခင္ မွာ အတည္ျပဳခဲ့တာပါ။ တ႐ုတ္ျပည္မႀကီးကို လိုလားတဲ့ အမတ္အမ်ားစုက အလၽွင္အျမန္ပဲ ေထာက္ခံမဲ ၄၁ မဲ၊ ကန္႔ကြက္မဲ ၁ မဲနဲ႔ အတည္ျပဳေပးလိုက္တာျဖစ္ပါတယ္။

ဥပေဒၾကမ္းကို ေဆြးေႏြးေနခ်ိန္မွာ ဒီမိုကေရစီေရးေထာက္ခံတဲ့ လႊတ္ေတာ္အမတ္ ၂ ေယာက္ကို ေအာ္ဟစ္ဆႏၵျပလို႔ဆိုၿပီး လႊတ္ေတာ္ခန္းမထဲကေန အျပင္ကို ဆြဲေခၚ သြားခဲ့ပါတယ္။ ဒီဥပေဒမူၾကမ္း ျပဌာန္းခြင့္မရေအာင္ မျဖစ္ျဖစ္တဲ့နည္းနဲ႔ လုပ္သြားမယ္လို႔ အဲဒီ အမတ္ ၂ေယာက္က ေျပာထားတာပါ။ သူတို႔ကို ဖမ္းဆီး မိန္႔ ထုတ္ျပန္မွာ မဟုတ္ဘူးလို႔ ျဖစ္စဥ္ကို လာေရာက္စစ္ေဆးတဲ့ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ၾကာသပေတးေန႔ အတည္ျပဳလိုက္တဲ့ ဒီဥပေဒၾကမ္းအရ၊ တ႐ုတ္နိုင္ငံေတာ္သီခ်င္းကို ေလွာင္ေျပာင္သေရာ္တာ ဒါမွမဟုတ္ တျခား နည္းတမ်ိဳးမ်ိဳးနဲ႔ မေလးမစားလုပ္တဲ့သူေတြအေနနဲ႔ ေငြဒဏ္အျဖစ္ အေမရိကန္ေဒၚလာ ၆၅၀၀ အထိ ေပးေဆာင္ရမွာျဖစ္ၿပီး ေထာင္ဒဏ္ ၃ ႏွစ္ အထိ က်ခံရမွာ ျဖစ္ပါတယ္။ ေဘာလုံးပြဲေတြမွာ တ႐ုတ္နိုင္ငံေတာ္သီခ်င္းကို ဖြင့္တဲ့အခ်ိန္မွာ ပရိသတ္ေတြက ပုံမွန္ ေလွာင္ေျပာင္သ ေရာ္တာေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ဒီဥပေဒၾကမ္းကို မႏွစ္က တင္သြင္းခဲ့တာ ျဖစ္ပါတယ္ ။

တိုက္႐ိုက္ လင့္ခ္


[Unicode]

တရုတ်နိုင်ငံတော်သီချင်းကို လှောင်ပြောင်သရော်ပြီး မလေးမစားလုပ်တဲ့သူတွေကို ပြစ်ဒဏ်ချမှတ်သွားမယ့် အငြင်းပွားဖွယ်ရာ ဥပဒေ ကြမ်းကို ကန့်ကွက်မှုတွေရှိနေတဲ့ကြားကပဲ ကြာသပတေးနေ့က ဟောင်ကောင်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ဒီ ဥပဒေကြမ်းကို အတည်ပြုလိုက်တဲ့နေ့ဟာ မေလ ၄ ရက်မှာကျရောက်တဲ့ Tiananmen ရင်ပြင် ဆန္ဒပြပွဲ ၃၁ နှစ်မြောက် နှစ်ပတ်လည်နေ့ နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒီ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဟောင်ကောင်လွှတ်တော်မှာ နောက်ဆုံးအခြေအတင်ဆွေးနွေးမှုကို မနေ့က စတင်ပြီး ညနေ၅ နာရီ မတိုင်ခင် မှာ အတည်ပြုခဲ့တာပါ။ တရုတ်ပြည်မကြီးကို လိုလားတဲ့ အမတ်အများစုက အလျှင်အမြန်ပဲ ထောက်ခံမဲ ၄၁ မဲ၊ ကန့်ကွက်မဲ ၁ မဲနဲ့ အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။

ဥပဒေကြမ်းကို ဆွေးနွေးနေချိန်မှာ ဒီမိုကရေစီရေးထောက်ခံတဲ့ လွှတ်တော်အမတ် ၂ ယောက်ကို အော်ဟစ်ဆန္ဒပြလို့ဆိုပြီး လွှတ်တော်ခန်းမထဲကနေ အပြင်ကို ဆွဲခေါ် သွားခဲ့ပါတယ်။ ဒီဥပဒေမူကြမ်း ပြဌာန်းခွင့်မရအောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်သွားမယ်လို့ အဲဒီ အမတ် ၂ယောက်က ပြောထားတာပါ။ သူတို့ကို ဖမ်းဆီး မိန့် ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ဖြစ်စဉ်ကို လာရောက်စစ်ဆေးတဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကြာသပတေးနေ့ အတည်ပြုလိုက်တဲ့ ဒီဥပဒေကြမ်းအရ၊ တရုတ်နိုင်ငံတော်သီချင်းကို လှောင်ပြောင်သရော်တာ ဒါမှမဟုတ် တခြား နည်းတမျိုးမျိုးနဲ့ မလေးမစားလုပ်တဲ့သူတွေအနေနဲ့ ငွေဒဏ်အဖြစ် အမေရိကန်ဒေါ်လာ ၆၅၀၀ အထိ ပေးဆောင်ရမှာဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် အထိ ကျခံရမှာ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေမှာ တရုတ်နိုင်ငံတော်သီချင်းကို ဖွင့်တဲ့အချိန်မှာ ပရိသတ်တွေက ပုံမှန် လှောင်ပြောင်သ ရော်တာတွေကို တုံ့ပြန်တဲ့အနေနဲ့ ဒီဥပဒေကြမ်းကို မနှစ်က တင်သွင်းခဲ့တာ ဖြစ်ပါတယ် ။

XS
SM
MD
LG