သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္မွာ သတင္းေထာက္ ၇၀ ထက္မနည္း ကုိဗစ္ကူးစက္ေန


Mirwais Bezhan

Zawgyi/Unicode

ႏွစ္ေပါင္းမ်ားစြာ အၾကမ္းဖက္မႈေတြနဲ႔ အၾကမ္းဖက္ဝါဒစြဲ ဆိုင္ရာ ျပႆနာေတြ ႀကံဳေတြ႔ ေနရတဲ့ အာဖဂန္ နစ္စတန္ႏိုင္ငံမွာ သတင္းေထာက္ ၇၀ ထက္မနဲ ကိုရိုနာဗိုင္းရပ္စ္ ပိုး အကူးစက္ခံ ေနရတယ္လို႔ RSF နယ္စည္းမျခား သတင္းသမားမ်ားအဖြဲ႔က ေသာၾကာေန႔မွာ ေျပာပါတယ္။

Covid 19 ေရာဂါ အကူးစက္ ခံရသူက ၁၉ ၀၀၀ ေလာက္ ရွိေနၿပီး ေသဆံုးသူက ၃၀၀ ေက်ာ္ရွိေနတယ္လိုု႔ အာဖဂန္ အရာရွိေတြ အတည္ျပဳ ေျပာဆိုုတဲ့ ေန႔မွာပဲ RSF က သူတုုိ႔ေကာက္ယူတဲ့ အခ်က္အလက္ ေတြအရ အာဖဂန္နစ္စတန္ႏိုုင္ငံမွာ ဒီေရာဂါ စျဖစ္ပြါးတဲ့ မတ္လကုုန္ေလာက္က စၿပီး သတင္းေထာက္ အနဲဆံုုး ၇၀ ေလာက္ ေရာဂါအကူးစက္ ခံေနရတာ ေတြ႔ရတယ္လိုု႔ ေျပာၾကားလိုုက္တာပါ။ ဒါကိုုၾကည့္ရင္ အာဖဂန္သတင္းသမားေတြဟာ ကမာၻ႔ တျခားႏုုိင္ငံေတြက သတင္းသမားေတြထက္ ကိုုရိုုနာဗုုိင္းရပ္စ္ ကပ္ေရာဂါဒဏ္ကိုု ပိုုခံေနရတာလိုု႔လည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ အာဖဂန္သတင္းေထာက္ ၂ ဦး အိုင္အက္စ္ စစ္ေသြးၾကြေတြရဲ့ ဗံုးခြဲ တိုက္ခိုက္မႈေၾကာင့္ ေသဆံုးခဲ့ရသလို Covid 19 ေၾကာင့္ ေသဆံုးရတဲ့ သတင္းသမားလည္း ၂ ဦးရွိေနေၾကာင္း RSF က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ Kabul ေဒသမွာ ဒီကပ္ေရာဂါ အကူးစက္ ခံေနရတဲ့ သတင္းေထာက္ က ၅၀ နီးပါးေလာက္ ရွိေနၿပီး သူတို႔ဟာ ေဆးကုသမႈ ေကာင္းေကာင္း မခံယူရတာ အျပင္ ေဆးပစၥည္း မရွိတာ ျဖစ္ေစ၊ ဝယ္ယူဖို႔ ေငြမရွိတာ ျဖစ္ေစ ႀကံဳေနရတယ္လို႔လည္း ေဖၚျပထာားပါတယ္။

Kabul က သတင္းေထာက္ေတြကေတာ့ သူတုိ႔ကို သူတို႔ရဲ့ သတင္းဌာန ေတြက ဒီေရာဂါဆိုင္ရာ အကာကြယ္ ပစၥည္း ေတြ မေပးသလို အစိုးရ ဆီကလည္း ေထာက္ပံ ကူညီတာမ်ိဳး မရဘူးလို႔ေျပာပါတယ္။

ဒါေၾကာင့္ အာဖဂန္အာဏာပိုင္ေတြ အေနနဲ႔ အၾကမ္းဖက္မႈေတြရဲ့ အႏၱရာယ္ေရာ၊ Covid 19 အႏၱရာယ္ ပါ ၂ မ်ိဳးစလံုးနဲ႔ ရင္ဆိုင္ေနတဲ့ ၾကားက အလုပ္လုပ္ေနရတဲ့ သတင္သမားေတြကို အကာကြယ္ေပးေရး လုပ္ေဆာင္ၾကဖုိ႔ RSF က တိုက္တြန္းလိုက္ပါတယ္။

အာဖဂန္နစ္စတန္ႏိုင္ငံမွာ ဒီေရာဂါပိုးအကူးစက္ခံရသူဟာ ေမလထဲမွာ ရာခိုင္ႏႈန္း (၆၈၄) ၇ ရာနီးပါး တက္လာခဲ့သလို ဒီကပ္ေရာဂါ ရွိမရွိ စမ္သပ္စစ္ေဆးမႈေတြ ေကာင္းေကာင္း မလုပ္ႏုိင္တဲ့ အတြက္ ဒီ့ထက္ ထပ္ၿပီး တိုးလာဖုိ႔ ရွိတယ္လို႔ IRC ႏိုင္ငံတကာ ၾကက္ေျခနီ အဖြဲ႔ႀကီးက သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

နှစ်ပေါင်းများစွာ အကြမ်းဖက်မှုတွေနဲ့ အကြမ်းဖက်ဝါဒစွဲ ဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ နေရတဲ့ အာဖဂန် နစ်စတန်နိုင်ငံမှာသတင်းထောက် ၇၀ ထက်မနဲ ကိုရိုနာဗိုင်းရပ်စ် ပိုး အကူးစက်ခံ နေရတယ်လို့ RSF နယ်စည်းမခြား သတင်းသမားများအဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။

Covid 19 ရောဂါ အကူးစက် ခံရသူက ၁၉ ၀၀၀ လောက် ရှိနေပြီး သေဆုံးသူက ၃၀၀ ကျော်ရှိနေတယ်လို့ အာဖဂန် အရာရှိတွေ အတည်ပြု ပြောဆိုတဲ့ နေ့မှာပဲ RSF ကသူတို့ကောက်ယူတဲ့ အချက်အလက် တွေအရ အာဖဂန်နစ်စတန်နိုင်ငံမှာ ဒီရောဂါ စဖြစ်ပွါးတဲ့ မတ်လကုန်လောက်က စပြီး သတင်းထောက် အနဲဆုံး ၇၀ လောက် ရောဂါအကူးစက် ခံနေရတာ တွေ့ရတယ်လို့ ပြောကြားလိုက်တာပါ။ ဒါကိုကြည့်ရင် အာဖဂန်သတင်းသမားတွေဟာ ကမ္ဘာ့ တခြားနိုင်ငံတွေက သတင်းသမားတွေထက် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ကို ပိုခံနေရတာလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အာဖဂန်သတင်းထောက် ၂ ဦး အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသလို Covid 19 ကြောင့် သေဆုံးရတဲ့ သတင်းသမားလည်း ၂ ဦးရှိနေကြောင်း RSF က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင်Kabul ဒေသမှာ ဒီကပ်ရောဂါ အကူးစက် ခံနေရတဲ့ သတင်းထောက် က ၅၀ နီးပါးလောက် ရှိနေပြီး သူတို့ဟာ ဆေးကုသမှု ကောင်းကောင်း မခံယူရတာ အပြင်ဆေးပစ္စည်း မရှိတာ ဖြစ်စေ၊ ဝယ်ယူဖို့ ငွေမရှိတာ ဖြစ်စေ ကြုံနေရတယ်လို့လည်း ဖေါ်ပြထာားပါတယ်။

Kabul က သတင်းထောက်တွေကတော့ သူတို့ကို သူတို့ရဲ့ သတင်းဌာန တွေက ဒီရောဂါဆိုင်ရာ အကာကွယ် ပစ္စည်း တွေ မပေးသလို အစိုးရ ဆီကလည်း ထောက်ပံ ကူညီတာမျိုး မရဘူးလို့ပြောပါတယ်။

ဒါကြောင့် အာဖဂန်အာဏာပိုင်တွေ အနေနဲ့ အကြမ်းဖက်မှုတွေရဲ့ အန္တရာယ်ရော၊ Covid 19 အန္တရာယ် ပါ ၂ မျိုးစလုံးနဲ့ ရင်ဆိုင်နေတဲ့ ကြားက အလုပ်လုပ်နေရတဲ့ သတင်သမားတွေကို အကာကွယ်ပေးရေး လုပ်ဆောင်ကြဖို့ RSF က တိုက်တွန်းလိုက်ပါတယ်။

အာဖဂန်နစ်စတန်နိုင်ငံမှာ ဒီရောဂါပိုးအကူးစက်ခံရသူဟာ မေလထဲမှာ ရာခိုင်နှုန်း (၆၈၄) ၇ ရာနီးပါး တက်လာခဲ့သလိုဒီကပ်ရောဂါ ရှိမရှိ စမ်သပ်စစ်ဆေးမှုတွေကောင်းကောင်း မလုပ်နိုင်တဲ့ အတွက် ဒီ့ထက် ထပ်ပြီး တိုးလာဖို့ ရှိတယ်လို့ IRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီးက သတိပေးထားပါတယ်။

XS
SM
MD
LG