သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ အေနာက္ႏိုင္ငံသား ၂ ေယာက္န႔ဲ တာလီဘန္ အက်ဥ္းသားလဲလွယ္


သမၼတ Ashraf Ghani

(Zawgyi/Unicode)

တာလီဘန္ေတြ အခ်ိန္အေတာ္ၾကာ ဖမ္းဆီးခံထားရတဲ့ အေနာက္ႏုိင္ငံသား ၂ ဦးနဲ႔ အက်ဥ္းသားခ်င္း အလဲအလွယ္လုပ္ဖုိ႔ အဆင့္ျမင့္ တာလီဘန္ အက်ဥ္းသား ၃ ေယာက္ကုိ အာဖဂန္အစုိးရက ျပန္လႊတ္ေပးမွာျဖစ္ေၾကာင္း သမၼတ Ashraf Ghani က ဒီကေန႔ပဲ ေၾကညာလုိက္ပါတယ္။

တာလီဘန္ေတြနဲ႔ တုိက္႐ုိက္ေဆြးေႏြးမႈေတြ ျဖစ္လာေအာင္ ရည္ရြယ္ၿပီး အက်ဥ္းသားလဲလွယ္မွာ ျဖစ္ေၾကာင္းလည္း ႐ုပ္ျမင္သံၾကားကေန ႏုိင္ငံကုိေျပာၾကားတဲ့ မိန္႔ခြန္းမွာ သမၼတ Ghani က ေျပာဆုိလုိက္တာပါ။

အာဖဂန္လူထုအက်ဳိးကုိ ေရွ႕႐ႈၿပီး ခ်မွတ္ခဲ့ရတဲ့ ခက္ခဲ့တဲ့ ဆုံးျဖတ္ခ်က္တခု အျဖစ္နဲ႔လည္း ေျပာဆုိခဲ့ပါတယ္။ ျပန္လႊတ္ေပးမယ့္ တာလီဘန္ အက်ဥ္းသား ၃ ေယာက္ထဲမွာေတာ့

တာလီဘန္ေတြနဲ႔ ဆက္ႏြယ္တဲ့ Haqqani အၾကမ္းဖက္အဖဲြ႔ ေခါင္းေဆာင္ရဲ႕ ညီျဖစ္သူ Anas Haqqani လည္း ပါ၀င္မွာပါ။ သူ႔ကုိေတာ့ တာလီဘန္ တပ္မွဴး ၂ ဦးျဖစ္တဲ့ Haji Mali Khan, Hafiz Rashid တုိ႔နဲ႔အတူ ၂၀၁၄ ခုႏွစ္ကတည္းက အာဖဂန္အစုိးရက ဖမ္းဆီးထားတာ ျဖစ္ပါတယ္။

အေမရိကန္ႏုိင္ငံသား Kevin King နဲ႔ ၾသစေၾတးလ်ႏုိင္ငံသား Timothy Weekes တုိ႔ကုိေတာ့ သူတုိ႔ ၂ ဦး ပါေမာကၡေတြအျဖစ္ စာသင္ၾကားပုိ႔ခ်ေနတဲ့ ကာဘူးၿမိဳ႕ေတာ္က အေမရိကန္တကၠသုိလ္ေက်ာင္း၀င္း အျပင္ဘက္မွာ ၂၀၁၆ ၾသဂုတ္လက တာဘီဘန္ေတြ ဖမ္းဆီးသြားတာပါ။

အေမရိကန္ ျပည္ေထာင္စုမွာ ၂၀၀၁ ခုႏွစ္ စက္တင္ဘာ ၁၁ ရက္ေန႔တုန္းက အၾကမ္းဖက္ တုိက္ခုိက္မႈေတြကုိ ႀကိဳးကုိင္စီစဥ္ခဲ့တဲ့ al Qaida အၾကမ္းဖက္အဖဲြ႔ေခါင္းေဆာင္ Osama bin Laden ကုိ လက္ခံထားခဲ့တဲ့ တာလီဘန္ စစ္ေသြးၾကြေတြကုိ အေမရိကန္ ဦးေဆာင္တဲ့ တပ္ဖဲြ႔ေတြက ၂၀၀၁ ခုႏွစ္မွာ ေခ်မႈန္းခဲ့ၿပီး ေနာက္ပုိင္း အာဖဂနစၥတန္ႏုိင္ငံမွာ အုပ္ခ်ဳပ္ခဲ့ၾကတဲ့ သေဘာထား တင္းမာသူ အစုိးရေတြကေတာ့ ႏုိင္ငံတြင္း ပုန္ကန္ေသာင္းက်န္းမႈေတြကုိ ျပင္းျပင္းထန္ထန္ ႏွိမ္နင္းခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တာလီဘန်တွေ အချိန်အတော်ကြာ ဖမ်းဆီးခံထားရတဲ့ အနောက်နိုင်ငံသား ၂ ဦးနဲ့ အကျဉ်းသားချင်း အလဲအလှယ်လုပ်ဖို့ အဆင့်မြင့် တာလီဘန် အကျဉ်းသား ၃ ယောက်ကို အာဖဂန်အစိုးရက ပြန်လွှတ်ပေးမှာဖြစ်ကြောင်း သမ္မတ Ashraf Ghani က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

တာလီဘန်တွေနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ ဖြစ်လာအောင် ရည်ရွယ်ပြီး အကျဉ်းသားလဲလှယ်မှာ ဖြစ်ကြောင်းလည်း ရုပ်မြင်သံကြားကနေ နိုင်ငံကိုပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတ Ghani က ပြောဆိုလိုက်တာပါ။

အာဖဂန်လူထုအကျိုးကို ရှေ့ရှုပြီး ချမှတ်ခဲ့ရတဲ့ ခက်ခဲ့တဲ့ ဆုံးဖြတ်ချက်တခု အဖြစ်နဲ့လည်း ပြောဆိုခဲ့ပါတယ်။ ပြန်လွှတ်ပေးမယ့် တာလီဘန် အကျဉ်းသား ၃ ယောက်ထဲမှာတော့

တာလီဘန်တွေနဲ့ ဆက်နွယ်တဲ့ Haqqani အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ရဲ့ ညီဖြစ်သူ Anas Haqqani လည်း ပါဝင်မှာပါ။ သူ့ကိုတော့ တာလီဘန် တပ်မှူး ၂ ဦးဖြစ်တဲ့ Haji Mali Khan, Hafiz Rashid တို့နဲ့အတူ ၂၀၁၄ ခုနှစ်ကတည်းက အာဖဂန်အစိုးရက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား Kevin King နဲ့ သြစတြေးလျနိုင်ငံသား Timothy Weekes တို့ကိုတော့ သူတို့ ၂ ဦး ပါမောက္ခတွေအဖြစ် စာသင်ကြားပို့ချနေတဲ့ ကာဘူးမြို့တော်က အမေရိကန်တက္ကသိုလ်ကျောင်းဝင်း အပြင်ဘက်မှာ ၂၀၁၆ သြဂုတ်လက တာဘီဘန်တွေ ဖမ်းဆီးသွားတာပါ။

အမေရိကန် ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့တုန်းက အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကြိုးကိုင်စီစဉ်ခဲ့တဲ့ al Qaida အကြမ်းဖက်အဖွဲ့ခေါင်းဆောင် Osama bin Laden ကို လက်ခံထားခဲ့တဲ့ တာလီဘန် စစ်သွေးကြွတွေကို အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့တွေက ၂၀၀၁ ခုနှစ်မှာ ချေမှုန်းခဲ့ပြီး နောက်ပိုင်း အာဖဂနစ္စတန်နိုင်ငံမှာ အုပ်ချုပ်ခဲ့ကြတဲ့ သဘောထား တင်းမာသူ အစိုးရတွေကတော့ နိုင်ငံတွင်း ပုန်ကန်သောင်းကျန်းမှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ကြပါတယ်။


XS
SM
MD
LG