သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြိမ်းခြောက်မှုတွေကြားက အာဖဂန်ရွေးကောက်ပွဲ ကျင်းပ


အာဖဂန်နစ္စတန် ရွေးကောက်ပွဲတွင် မဲပေးနေသူတဦး။ (စက်တင်ဘာ ၂၈၊ ၂၀၁၉)
အာဖဂန်နစ္စတန် ရွေးကောက်ပွဲတွင် မဲပေးနေသူတဦး။ (စက်တင်ဘာ ၂၈၊ ၂၀၁၉)

အာဖဂန်နစ္စတန်မှာ ဒီကနေ့ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ အာဖဂန်တွေ နေရပ်ရင်းပြန်ပြီး မဲပေးနိုင်ဖို့ ပါကစ္စတန်အစိုးရက နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးလိုက်ပါတယ်။

အာဖဂန်နစ္စတန်ဘက်က အချိန်ကပ်ပြီး အခုလို တောင်းဆိုတာဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ အနှောင့်အယှက် မဖြစ်စေဖို့ ရည်ရွယ်ပြီး နယ်စပ်ကို စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ပိတ်ထားမယ်လို့ ပါကစ္စတန်ဘက်က ပြောထားတာပါ။

တာလီဘန်စစ်သွေးကြွတွေကို ပါကစ္စတန်က အကာအကွယ် ပေးနေတယ်လို့ အာဖဂန်နစ္စတန်က အကြိမ်ကြိမ်စွပ်စွဲထားပြီး ပါကစ္စတန်ဘက်ကလည်း အထပ်ထပ်အခါခါ ငြင်းဆိုထားပါတယ်။ မဲရုံတွေကို တိုက်ခိုက်မယ်လို့ တာလီဘန်တွေက ခြိမ်းခြောက်ထားတဲ့ကြားမှာပဲ အခုလို နယ်စပ်ကို ဖွင့်လိုက်တာလည်း ဖြစ်ပါတယ်။

မဲပေးခွင့်ရှိသူ ၉ သန်းလောက်အနေနဲ့ အန္တရာယ်နဲ့ မကြုံချင်ရင် မဲထွက်မပေးဘဲ အိမ်မှာပဲနေကြဖို့ အစွန်းရောက်တွေက သတိပေးထားပါတယ်။ ဒီကနေ့မှာပဲ တောင်ပိုင်းမြို့ Kandahar က မဲရုံအပြင်ဘက်မှာ ဗုံးပေါက်ကွဲတာကြောင့် လူ ၁၅ ဦးလောက် ဒဏ်ရာရသွားပြီး လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းတုန်းကလည်း သမ္မတရဲ့ မဲဆွယ်စည်းရုံးပွဲမှာ အကြမ်းဖက် တိုက်ခိုက်တာကြောင့် လူ ၂၆ ဦး သေဆုံးသွားပါတယ်။

အခုအခါမှာ နိုင်ငံတဝှမ်းက မဲရုံပေါင်း ၄၀၀၀ လောက်မှာ လုံခြုံရေးတွေ သောင်းနဲ့ချီ ချထားပါတယ်။ ဒီရွေးကောက်ပွဲမှာ သမ္မတ Ashraf Ghani နဲ့ သူ့အစိုးရအဖွဲ့ရဲ့ အကြီးအကဲ ဝန်ကြီးချုပ်ရာထူးမျိုး တာဝန်ထမ်းဆောင်နေသူ Abdullah Abdullah တို့ နှစ်ဦး အဓိက ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

-------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG