သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန် ၂၀၀၀ ကျော် တပတ်အတွင်းသေဆုံး


အာဖဂန်နစ်စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တာလီဘန်တိုက်ခိုက်ရေးသမား ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဖဂန်သမ္မတ Ashraf Ghani က သောကြာနေ့ ရွေးကောက်ပွဲ လူထုစုဝေးပွဲမှာ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံရေးအရ ပြတ်သားတဲ့ အဖြေရှာနိုင်ရေးအတွက့် အာဖဂန်အစိုးရနဲ့ အတူလုပ်ဆောင်ဖို့လည်း တာလီဘန်သူပုန်တွေကို ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။

အာဖဂန်နစ်စတန်နိုင်ငံထဲမှာ အမေရိကန်တပ်တွေ နောင်မှာ ထားရှိမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ Donald Trump က တာလီဘန်တွေနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ အချိန်ယူ စီစဉ်ထားခဲ့တာကို ရုတ်တရက် ဖျက်သိမ်းခဲ့ပြီး တပတ်လောက် အကြာမှာပဲ အာဖဂန်သမ္မတ က အခုလို ပြောကြားလိုက်တာပါ။ တာလီဘန်တွေက လက်နက်ကိုင်သူပုန်ဖြစ်နေတဲ့အတွက် အဲဒီဆွေးနွေးပွဲမှာ အာဖဂန်အစိုးရကိုတော့ ဖယ်ထားခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆွေးနွေးပွဲ ဖျက်သိမ်းရတာဟာ အမေရိကန်စစ်သားတဦးအပါအဝင် လူပေါင်း ၁၂ ဦးသေဆုံးခဲ့ရတဲ့ အာဖဂန်မြို့တော် Kabul က မကြာသေးခင်က ကားဗုံးခွဲ တိုက်ခိုက်မှုကို တာလီဘန်တွေ လုပ်ဆောင်ခဲ့တာကြောင့် ဖြစ်ပြီး ဒီသူပုန်တွေကို ခြေမှုန်းဖို့ စစ်ရေးတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း သမ္မတ Trump က ကတိပြုခဲ့ပါတယ်။

တာလီဘန် အယောက် ၂၀၀၀ လောက်သေဆုံးခဲ့တယ်လို့ ပြောတာနဲ့ ပတ်သက်ပြီး အာဖဂန်သမ္မတ Ashraf Ghani က အသေးစိတ်ကို မပြောပါဘူး။ သမ္မတ Ghani ရဲ့ ဒီစာရင်းထဲမှာ လွန်ခဲ့တဲ့ ဆယ်ရက်အတွင်း အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ အမေရိကန်ဘက်က ပြောထားတဲ့ တာလီဘန် တထောင်ကျော် ပါမပါတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

တချိန်ထဲမှာပဲ တာလီဘန်ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို သွားရောက်ပြီး ရုရှားအရာရှိတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ရုရှားအရာရှိတွေက သောကြာနေ့မှာ ပြောပါတယ်။ တာလီဘန်အဖွဲ့ဟာ ရုရှားသမ္မတရဲ့ အာဖဂန်ဆိုင်ရာ သံတမန် Zamir Kabulov နဲ့ တွေ့ဆုံပြီး အာဖဂန်နစ်စတန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နဲ့ ပတ်သက်ပြီး တိုးတက်မှု အခြေနေတွေကို ဆွေးနွေးခဲ့တယ်လို့ တာလီဘန်ပြောခွင့်ရ Suhail Shaheen ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရုရှားသတင်းမှာဖေါ်ပြထားပါတယ်။

..................

[Unicode Version]






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG