(Zawgyi/ Unicode)
အာဖဂန္နစၥတန္ ႏုိင္ငံတြင္း စစ္ေျမျပင္မွာ တပ္ဖြဲ႔ေတြ အခ်င္းခ်င္း ဆက္သြယ္ေရးနဲ႔ ေထာက္လွမ္းေရး အခ်က္အလက္ ဖလွယ္ေရး အတြက္ ေဆာင္ရြက္ေပးေနတဲ႔ အေမရိကန္ စစ္တပ္ ေလယာဥ္ တစင္း တာလီဘန္ ထိန္းခ်ဳပ္ရာ ေဒသတြင္းမွာ ပ်က္က်ခဲ႔ေၾကာင္း အေမရိကန္ စစ္တပ္ တာ၀န္ရွိသူေတြ တနလာၤေန႔မွာ အတည္ျပဳပါတယ္။
စစ္ေျမျပင္ ဆက္သြယ္ေရးဆိုင္ရာ စနစ္ တပ္ဆင္ထားတဲ႔ E-11A ေလယာဥ္ျဖစ္ေၾကာင္း အေမရိကန္ ေလတပ္ ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Dave Goldfein က ေျပာပါတယ္။
ဒါေပမယ့္ အေသးစိတ္ အခ်က္အလက္ေတြေတာ့ မေျပာႏုိင္ပါဘူးလို႔လည္း ၀ါရွင္တန္က အခမ္းအနား တခု အတြင္းမွာ ဗိုလ္ခ်ဳပ္ႀကီး Goldfein က ေျပာပါတယ္။ ရန္သူဘက္က ပစ္ခ်လို႔ ပ်က္က်ရတယ္ဆိုတဲ႔ လကၡဏာေတြေတာ့ မေတြ႔ရေၾကာင္း အာဖဂန္ဆိုင္ရာ အေမရိကန္ တပ္ဖြဲ႔ေတြရဲ႕ ေျပာခြင့္ရက တြစ္တာ လူမႈကြန္ရက္မွာ ေဖာ္ျပထားပါတယ္။
အေမရိကန္ ကာကြယ္ေရး ၀န္ႀကီး Mark Esper ကလည္း အေျခအေနကို ေစာင့္ၾကည့္ေနေၾကာင္း ေျပာဆိုထားပါတယ္။ အာဖဂန္ႏုိင္ငံ Ghazni ျပည္နယ္တြင္း ေဒသခံေတြရဲ႕ ေျပာဆိုခ်က္ေတြနဲ႔ ေလယာဥ္ပ်က္က်ေၾကာင္းကို အာဖဂန္က လူမႈကြန္ရက္ မီဒီယာေတြမွာ ပထမဆံုး ေတြ႔ၾကရတာပါ။
အေမရိကန္-တာလီဘန္ ေဆြးေႏြးပြဲ ျပန္စသတင္းကို ဖတ္ရႈႏိုင္ပါၿပီ။
ဒီေနာက္ နာရီပိုင္း အၾကာမွာေတာ့ တာလီဘန္ဘက္က ထုတ္တဲ႔ ေၾကညာခ်က္ထဲမွာ ေလယာဥ္ပ်က္က်ေၾကာင္း အသက္ရွင္ က်န္ရစ္သူ မရွိေၾကာင္း ေဖာ္ျပခဲ႔ပါတယ္။ တာဘီဘန္ဘက္ကေတာ့ ထိခုိက္ေသဆံုးမႈကို လုပ္ႀကံ ဖန္တီး ေျပာဆိုေလ႔ ရွိတတ္ၿပီး တာလီဘန္ ေျပာခြင့္ရ Mujahid ရဲ႕ ေၾကညာခ်က္မွာလည္း သက္ေသ အေထာက္အထား တစံုတရာ မပါပါဘူး။ ေလယာဥ္ ပ်က္က်မႈ အတြင္း ၅ ဦးေလာက္ ေသဆံုးခဲ႔ဖြယ္ ရွိတယ္လို႔ Ghazni ျပည္နယ္ ၾကက္ေျခနီနဲ႔ လျခမ္းနီ အသင္း အႀကီးအကဲ က VOA ကို ေျပာဆိုပါတယ္။
....................
ကန်စစ်လေယာဉ် တာလီဘန်နယ်မြေမှာ ပျက်ကျ
(Unicode)
အာဖဂန်နစ္စတန် နိုင်ငံတွင်း စစ်မြေပြင်မှာ တပ်ဖွဲ့တွေ အချင်းချင်း ဆက်သွယ်ရေးနဲ့ ထောက်လှမ်းရေး အချက်အလက် ဖလှယ်ရေး အတွက် ဆောင်ရွက်ပေးနေတဲ့ အမေရိကန် စစ်တပ် လေယာဉ် တစင်း တာလီဘန် ထိန်းချုပ်ရာ ဒေသတွင်းမှာ ပျက်ကျခဲ့ကြောင်း အမေရိကန် စစ်တပ် တာဝန်ရှိသူတွေ တနလာၤနေ့မှာ အတည်ပြုပါတယ်။ စစ်မြေပြင် ဆက်သွယ်ရေးဆိုင်ရာ စနစ် တပ်ဆင်ထားတဲ့ E-11A လေယာဉ်ဖြစ်ကြောင်း အမေရိကန် လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Dave Goldfein က ပြောပါတယ်။
ဒါပေမယ့် အသေးစိတ် အချက်အလက်တွေတော့ မပြောနိုင်ပါဘူးလို့လည်း ဝါရှင်တန်က အခမ်းအနား တခု အတွင်းမှာ ဗိုလ်ချုပ်ကြီး Goldfein က ပြောပါတယ်။ ရန်သူဘက်က ပစ်ချလို့ ပျက်ကျရတယ်ဆိုတဲ့ လက္ခဏာတွေတော့ မတွေ့ရကြောင်း အာဖဂန်ဆိုင်ရာ အမေရိကန် တပ်ဖွဲ့တွေရဲ့ ပြောခွင့်ရက တွစ်တာ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီး Mark Esper ကလည်း အခြေအနေကို စောင့်ကြည့်နေကြောင်း ပြောဆိုထားပါတယ်။ အာဖဂန်နိုင်ငံ Ghazni ပြည်နယ်တွင်း ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ လေယာဉ်ပျက်ကျကြောင်းကို အာဖဂန်က လူမှုကွန်ရက် မီဒီယာတွေမှာ ပထမဆုံး တွေ့ကြရတာပါ။
အမေရိကန်-တာလီဘန် ဆွေးနွေးပွဲ ပြန်စသတင်းကို ဖတ်ရှုနိုင်ပါပြီ။
ဒီနောက် နာရီပိုင်း အကြာမှာတော့ တာလီဘန်ဘက်က ထုတ်တဲ့ ကြေညာချက်ထဲမှာ လေယာဉ်ပျက်ကျကြောင်း အသက်ရှင် ကျန်ရစ်သူ မရှိကြောင်း ဖော်ပြခဲ့ပါတယ်။ တာဘီဘန်ဘက်ကတော့ ထိခိုက်သေဆုံးမှုကို လုပ်ကြံ ဖန်တီး ပြောဆိုလေ့ ရှိတတ်ပြီး တာလီဘန် ပြောခွင့်ရ Mujahid ရဲ့ ကြေညာချက်မှာလည်း သက်သေ အထောက်အထား တစုံတရာ မပါပါဘူး။ လေယာဉ် ပျက်ကျမှု အတွင်း ၅ ဦးလောက် သေဆုံးခဲ့ဖွယ် ရှိတယ်လို့ Ghazni ပြည်နယ် ကြက်ခြေနီနဲ့ လခြမ်းနီ အသင်း အကြီးအကဲ က VOA ကို ပြောဆိုပါတယ်။