သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် နိုင်ငံရေးသမားတွေကြား မပြေလည်လို့ အမေရိကန် ထောက်ပံ့ငွေလျှော့


အာဖဂန်နစ္စတန် သမ္မမတ Ashraf Ghani နှင့် သွားရောက်တွေ့ဆုံ ညှိနှိုင်းခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo. (မတ် ၂၃၊ ၂၀၂၀)
အာဖဂန်နစ္စတန် သမ္မမတ Ashraf Ghani နှင့် သွားရောက်တွေ့ဆုံ ညှိနှိုင်းခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo. (မတ် ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

အာဖဂန်နစ္စတန်နိုင်ငံအတွက် အမေရိကန်ရဲ့ နိုင်ငံတကာ အကူအညီဟာဆိုရင် အာဖဂန်ရဲ့ နိုင်ငံရေးပဋိပက္ခ ပြေလည်ရေးနဲ့ ဆက်စပ်နေပါတယ်။

စစ်ဒဏ်သင့် အာဖဂန်မှာ နိုင်ငံရေးအရ ရှေ့မတိုး နောက်မဆုတ် အခြေအနေနဲ့ ရင်ဆိုင်နေရသလို တာလီဘန်သူပုန်နဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အစပျိုး သဘောတူညီချက်ကလည်း လမ်းလွဲသွားနိုင်တဲ့ ခြိမ်းခြောက်မှု ရှိနေပါတယ်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့က လက်မှတ်ထိုးတဲ့ အမေရိကန်-တာလီဘန် သဘောတူညီချက်ကို အမေရိကန်တို့ ချိုးဖောက်တယ်လို့ တာလီဘန်က စွပ်စွဲထားပြီး အမေရိကန်စစ်တပ် ပြောခွင့်ရက ငြင်းဆိုထားတာပါ။

အာဖဂန်နိုင်ငံရေးပိုင်းမှာတော့ သမ္မတ Ashraf Ghani နဲ့ သူ့ရဲ့ပြိုင်ဘက် Abdullah Abdullah တို့ စက်တင်ဘာ ၂၈ ရွေးကောက်ပွဲ အငြင်းပွားမှုကို မဖြေရှင်းနိုင် ဖြစ်နေကြပါတယ်။ သမ္မတ Ghani နိုင်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပေမယ့် ပြိုင်ဘက် Abdullah ကတော့ မသမာမှုဆိုပြီး လက်မခံပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့လ အစောပိုင်းမှာပဲ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲတွေကို အသီးသီး ကျင်းပခဲ့ကြတာပါ။

မတ်လ ၂၃ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အာဖဂန်မြို့တော် ကဘူးလ်ကို သွားပြီး နိုင်ငံရေး စင်ပြိုင် ၂ ဦးကြား ကြားဝင်ညှိနှိုင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒါကြောင့်လည်း ဒီနှစ်အတွင်း အမေရိကန်ဘက်က အာဖဂန်ကိုပေးမယ့် အထောက်အပံ့ထဲက ဒေါ်လာ သန်း ၁ ထောင် လျှော့မယ်လို့ ဝန်ကြီး Pompeo က ချက်ချင်းပဲ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------------

(Unicode)









XS
SM
MD
LG