သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္နဲ႔ တာလီဘန္ ၿငိမ္းခ်မ္းေရး သေဘာတူလက္မွတ္ထိုး


ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ကို လက္မွတ္ေရးထုိးေနသည့္ အေမရိကန္ အထူးကိုယ္စားလွယ္ Zalmay Khalizad (ဝဲ) ႏွင့္ တာလီဘန္ ႏုိင္ငံေရးေခါင္းေဆာင္ Abdul Ghani Baradar. (ေဖေဖာ္ဝါရီ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုနဲ႔ တာလီဘန္ သူပုန္အဖဲြ႔ၾကား သမုိင္း၀င္ ၿငိမ္းခ်မ္းေရး သေဘာတူစာခ်ဳပ္တရပ္ကို ကာတာႏုိင္ငံ ဒိုဟာၿမိဳ႕မွာ ဒီကေန႔ လက္မွတ္ေရးထုိးလိုက္ၾကပါတယ္။

အခုလို အေမရိကန္နဲ႔ တာလီဘန္တို႔ၾကား ၿငိမ္းခ်မ္းေရး လက္မွတ္ေရးထုိးလိုက္တဲ့အတြက္ ၁၈ ႏွစ္ၾကာ အာဖဂန္စစ္ပဲြကို အဆုံးသတ္ေစမွာျဖစ္ၿပီး အေမရိကန္တပ္ေတြကိုလည္း အာဖဂန္ကေန ျဖည္းျဖည္းခ်င္း ျပန္႐ုပ္သိမ္းႏုိင္မွာ ျဖစ္ပါတယ္။

အေမရိကန္အေနနဲ႔ လာမယ့္ ၃ လကေန ၄ လအတြင္းမွာ တပ္ဖဲြ႔၀င္အင္အားကို ၁၃၀၀၀ ကေန ၈၆၀၀ အထိ ေလွ်ာ့ခ်သြားမွာျဖစ္ၿပီး က်န္တဲ့တပ္ဖဲြ႔၀င္ အားလုံးကိုေတာ့ ၁၄ လအတြင္း ျပန္႐ုပ္သိမ္းမွာျဖစ္ပါတယ္။

အေမရိကန္တပ္ေတြ အာဖဂန္ကေန လုံး၀႐ုပ္သိမ္းဖို႔ ကိစၥကေတာ့ တာလီဘန္ေတြအေနနဲ႔ အၾကမ္းဖက္၀ါဒမျဖစ္ေအာင္ ဘယ္ေလာက္အထိ ကာကြယ္သြားမလဲ ဆုိတဲ့အေပၚမွာ မူတည္မွာျဖစ္တယ္လို႔ ေျပာပါတယ္။

အေမရိကန္ အထူးကိုယ္စားလွယ္ Zalmay Khalizad နဲ႔ တာလီဘန္ ႏုိင္ငံေရးေခါင္းေဆာင္ Abdul Ghani Baradar တို႔က အေမရိကန္နဲ႔ တာလီဘန္ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ကို လက္မွတ္ေရးထုိးခဲ့ၾကတာျဖစ္ၿပီး ဒီၿငိမ္းခ်မ္းေရး လက္မွတ္ေရးထုိးတဲ့ အခမ္းအနားကို အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo လည္း တက္ေရာက္ခဲ့ပါတယ္။

အေမရိကန္နဲ႔ တာလီဘန္ၾကား ၿငိမ္းခ်မ္းေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထုိးလိုက္တဲ့အေပၚမွာ ေနတုိးအဖဲြ႔ရဲ႕ အေထြေထြအတြင္းေရးမွဴး Jen Stoltenberg ကလည္း ႀကိဳဆုိလိုက္ပါတယ္။

တခ်ိန္တည္းမွာပဲ အေမရိကန္ ကာကြယ္ေရး၀န္ႀကီး Mark Esper ဟာ အာဖဂန္နစၥတန္ႏုိင္ငံ ကဘူးလ္ၿမိဳ႕ကို သြားေရာက္ခဲ့ၿပီး အေမရိကန္အေနနဲ႔ အာဖဂန္အစုိးရနဲ႔ လုံၿခဳံေရးတပ္ဖဲြ႔ေတြကို ဆက္လက္ အကူအညီေပးသြားမွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အေမရိကန္နဲ႔ တာလီဘန္တုိ႔ၾကားမွာ ၿငိမ္းခ်မ္းေရး သေဘာတူညီမႈ ရလိုက္တဲ့အတြက္ အေမရိကန္အေနနဲ႔ အာဖဂန္အစိုးရကို ပစ္ပယ္ထားသြားမွာမဟုတ္ဘဲ လိုအပ္တဲ့ အကူအညီေတြကို ေပးသြားမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

-------------------------------

(Unicode)

အမေရိကန်ပြည်ထောင်စုနဲ့ တာလီဘန် သူပုန်အဖွဲ့ကြား သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူစာချုပ်တရပ်ကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

အခုလို အမေရိကန်နဲ့ တာလီဘန်တို့ကြား ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးလိုက်တဲ့အတွက် ၁၈ နှစ်ကြာ အာဖဂန်စစ်ပွဲကို အဆုံးသတ်စေမှာဖြစ်ပြီး အမေရိကန်တပ်တွေကိုလည်း အာဖဂန်ကနေ ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ လာမယ့် ၃ လကနေ ၄ လအတွင်းမှာ တပ်ဖွဲ့ဝင်အင်အားကို ၁၃၀၀၀ ကနေ ၈၆၀၀ အထိ လျှော့ချသွားမှာဖြစ်ပြီး ကျန်တဲ့တပ်ဖွဲ့ဝင် အားလုံးကိုတော့ ၁၄ လအတွင်း ပြန်ရုပ်သိမ်းမှာဖြစ်ပါတယ်။

အမေရိကန်တပ်တွေ အာဖဂန်ကနေ လုံးဝရုပ်သိမ်းဖို့ ကိစ္စကတော့ တာလီဘန်တွေအနေနဲ့ အကြမ်းဖက်ဝါဒမဖြစ်အောင် ဘယ်လောက်အထိ ကာကွယ်သွားမလဲ ဆိုတဲ့အပေါ်မှာ မူတည်မှာဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် Zalmay Khalizad နဲ့ တာလီဘန် နိုင်ငံရေးခေါင်းဆောင် Abdul Ghani Baradar တို့က အမေရိကန်နဲ့ တာလီဘန် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး ဒီငြိမ်းချမ်းရေး လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo လည်း တက်ရောက်ခဲ့ပါတယ်။

အမေရိကန်နဲ့ တာလီဘန်ကြား ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်တဲ့အပေါ်မှာ နေတိုးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး Jen Stoltenberg ကလည်း ကြိုဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper ဟာ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ကို သွားရောက်ခဲ့ပြီး အမေရိကန်အနေနဲ့ အာဖဂန်အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ဆက်လက် အကူအညီပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ တာလီဘန်တို့ကြားမှာ ငြိမ်းချမ်းရေး သဘောတူညီမှု ရလိုက်တဲ့အတွက် အမေရိကန်အနေနဲ့ အာဖဂန်အစိုးရကို ပစ်ပယ်ထားသွားမှာမဟုတ်ဘဲ လိုအပ်တဲ့ အကူအညီတွေကို ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG