သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-တာလီဘန္ ၿငိမ္းခ်မ္းေရး အဖုအထစ္ရွိ


အာဖဂန္သမၼတ Ashraf Ghani. (ေဖေဖာ္ဝါရီ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အာဖဂန္ တာလီဘန္အဖြဲ႔နဲ႔ အေမရိကန္ၾကား ကာတာႏုိင္ငံ ဒိုဟာၿမိဳ႕ေတာ္မွာ သမိုင္း၀င္ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးၿပီး ၂၄ နာရီ မျပည့္ေသးတဲ့ အခ်ိန္မွာပဲ စာခ်ဳပ္အတိုင္း က်င့္သံုးေဆာင္ရြက္မႈမွာ ပထမဆံုးေသာ အခက္အခဲတခုနဲ႔ ႀကံဳေတြ႔ေနရပါၿပီ။

တာလီဘန္နဲ႔ တျခား အာဖဂန္အဖြဲ႔ေတြၾကား ေဆြးေႏြးပြဲစႏုိင္ေရးအတြက္ သတ္မွတ္ခ်က္တခုျဖစ္တဲ့ ေထာင္နဲ႔ခ်ီတဲ့ တာလီဘန္ အက်ဥ္းသားေတြ ျပန္လႊတ္ေပးေရးကို အာဖဂန္အစိုးရဘက္က ကတိျပဳမထားဘူးလို႔ သမၼတ Ashraf Ghani က ကဘူးလ္ၿမိဳ႕ေတာ္မွာ တနဂၤေႏြေန႔က ေၾကညာထားပါတယ္။ အက်ဥ္းသားေတြ လႊတ္ေပးေရးက အေမရိကန္ရဲ႕ အခြင့္အာဏာ မဟုတ္ေၾကာင္း၊ အာဖဂန္အစိုးရရဲ႕ အခြင့္အာဏာျဖစ္ေၾကာင္း သမၼတ Ghani က ေျပာဆိုပါတယ္။

စေနေန႔က လက္မွတ္ထိုးခဲ့တဲ့ အေမရိကန္နဲ႔ တာလီဘန္ၾကား သေဘာတူညီခ်က္အရ ပဋိပကၡမွာ ပတ္သက္ေနတဲ့ အာဖဂန္ အဖြဲ႔အစည္းေတြ အေနနဲ႔ တႏုိင္ငံလံုး အပစ္အခတ္ ရပ္စဲေရးနဲ႔ အနာဂတ္ အာဏာခြဲေ၀မႈ သေဘာတူညီခ်က္အတြက္ တိုက္႐ုိက္ညႇိႏိႈင္းမႈေတြကို မတ္လ ၁၀ ရက္ေန႔ ဒါမွမဟုတ္လည္း အဲဒီအခ်ိန္၀န္းက်င္မွာ ေဆာင္ရြက္ၾကရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီေဆြးေႏြးပြဲ ျဖစ္ေျမာက္ေရးအတြက္ အာဖဂန္ ေထာင္ေတြထဲမွာ ထိန္းသိမ္းထားတဲ့ တာလီဘန္အက်ဥ္းသား ၅,၀၀၀ ကို လႊတ္ေပးရမွာျဖစ္ၿပီး တာလီဘန္ဘက္ကလည္း အစိုးရတပ္ဖြဲ႔၀င္ ၁,၀၀၀ ကို ျပန္လႊတ္ေပးရမွာ အပါအ၀င္ ေဆာင္ရြက္စရာတခ်ိဳ႕ ရွိေနပါတယ္။

တာလီဘန္ဘက္က အခုအခ်ိန္ထိ အာဖဂန္သမၼတ Ghani အစိုးရကို အသိအမွတ္ျပဳဖို႔ ဒါမွမဟုတ္လည္း အစိုးရနဲ႔ တုိက္႐ုိက္ေဆြးေႏြးဖို႔ ျငင္းဆိုထားပါတယ္။

အက်ဥ္းသားလႊတ္ေပးေရးကိစၥကို အေမရိကန္နဲ႔ သေဘာတူထားတာ ျဖစ္ေၾကာင္း တာလီဘန္ဘက္က ေျပာဆိုေနပါတယ္။

အေမရိကန္န႔ဲ တာလီဘန္ၾကား လက္မွတ္ေရးထိုးပြဲ အႀကိဳမွာ အက်ဥ္းသား လႊတ္ေပးေရး အပါအ၀င္ တျခားကိစၥေတြ ေဆြးေႏြးဖို႔အတြက္ အာဖဂန္အစိုးရ ကိုယ္စားလွယ္အဖြဲ႔က ဒိုဟာကို လာခဲ့ေပမယ့္ တာလီဘန္အဖြဲ႔ဘက္က ေတြ႔ဆံုဖို႔ ျငင္းဆိုခဲ့ပါတယ္။

-------------------------------

(Unicode)

ကန်-တာလီဘန် ငြိမ်းချမ်းရေး အဖုအထစ်ရှိ

အာဖဂန် တာလီဘန်အဖွဲ့နဲ့ အမေရိကန်ကြား ကာတာနိုင်ငံ ဒိုဟာမြို့တော်မှာ သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ၂၄ နာရီ မပြည့်သေးတဲ့ အချိန်မှာပဲ စာချုပ်အတိုင်း ကျင့်သုံးဆောင်ရွက်မှုမှာ ပထမဆုံးသော အခက်အခဲတခုနဲ့ ကြုံတွေ့နေရပါပြီ။

တာလီဘန်နဲ့ တခြား အာဖဂန်အဖွဲ့တွေကြား ဆွေးနွေးပွဲစနိုင်ရေးအတွက် သတ်မှတ်ချက်တခုဖြစ်တဲ့ ထောင်နဲ့ချီတဲ့ တာလီဘန် အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကို အာဖဂန်အစိုးရဘက်က ကတိပြုမထားဘူးလို့ သမ္မတ Ashraf Ghani က ကဘူးလ်မြို့တော်မှာ တနင်္ဂနွေနေ့က ကြေညာထားပါတယ်။ အကျဉ်းသားတွေ လွှတ်ပေးရေးက အမေရိကန်ရဲ့ အခွင့်အာဏာ မဟုတ်ကြောင်း၊ အာဖဂန်အစိုးရရဲ့ အခွင့်အာဏာဖြစ်ကြောင်း သမ္မတ Ghani က ပြောဆိုပါတယ်။

စနေနေ့က လက်မှတ်ထိုးခဲ့တဲ့ အမေရိကန်နဲ့ တာလီဘန်ကြား သဘောတူညီချက်အရ ပဋိပက္ခမှာ ပတ်သက်နေတဲ့ အာဖဂန် အဖွဲ့အစည်းတွေ အနေနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ အနာဂတ် အာဏာခွဲဝေမှု သဘောတူညီချက်အတွက် တိုက်ရိုက်ညှိနှိုင်းမှုတွေကို မတ်လ ၁၀ ရက်နေ့ ဒါမှမဟုတ်လည်း အဲဒီအချိန်ဝန်းကျင်မှာ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အာဖဂန် ထောင်တွေထဲမှာ ထိန်းသိမ်းထားတဲ့ တာလီဘန်အကျဉ်းသား ၅,၀၀၀ ကို လွှတ်ပေးရမှာဖြစ်ပြီး တာလီဘန်ဘက်ကလည်း အစိုးရတပ်ဖွဲ့ဝင် ၁,၀၀၀ ကို ပြန်လွှတ်ပေးရမှာ အပါအဝင် ဆောင်ရွက်စရာတချို့ ရှိနေပါတယ်။

တာလီဘန်ဘက်က အခုအချိန်ထိ အာဖဂန်သမ္မတ Ghani အစိုးရကို အသိအမှတ်ပြုဖို့ ဒါမှမဟုတ်လည်း အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ငြင်းဆိုထားပါတယ်။

အကျဉ်းသားလွှတ်ပေးရေးကိစ္စကို အမေရိကန်နဲ့ သဘောတူထားတာ ဖြစ်ကြောင်း တာလီဘန်ဘက်က ပြောဆိုနေပါတယ်။

အမေရိကန်နဲ့ တာလီဘန်ကြား လက်မှတ်ရေးထိုးပွဲ အကြိုမှာ အကျဉ်းသား လွှတ်ပေးရေး အပါအဝင် တခြားကိစ္စတွေ ဆွေးနွေးဖို့အတွက် အာဖဂန်အစိုးရ ကိုယ်စားလှယ်အဖွဲ့က ဒိုဟာကို လာခဲ့ပေမယ့် တာလီဘန်အဖွဲ့ဘက်က တွေ့ဆုံဖို့ ငြင်းဆိုခဲ့ပါတယ်။

ကန္-တာလီဘန္ ၿငိမ္းခ်မ္းေရး အဖုအထစ္ရွိ
please wait

No media source currently available

0:00 0:01:22 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG