(Zawgyi / Unicode)
အာဖဂန္ တာလီဘန္နဲ႔ အေမရိကန္ၾကား စေနေန႔က ကာတာႏုိင္ငံ ဒိုဟာၿမိဳ႕မွာ သမိုင္း၀င္ သေဘာတူညီခ်က္တရပ္ လက္မွတ္ေရးထိုးပါတယ္။ အေမရိကန္သမၼတ Donald Trump ကလည္း အာဖဂန္ တာလီဘန္နဲ႔ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္အေပၚ စေနေန႔ သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာပါတယ္။
အာဖဂန္ တာလီဘန္ ေခါင္းေဆာင္ေတြနဲ႔ ကိုယ္တိုင္ေတြ႔ဆံုသြားမယ့္ အေၾကာင္း အေမရိကန္သမၼတက ေျပာဆိုလုိက္တာပါ။
ဒီသေဘာတူညီခ်က္အရ ပထမ ၁၃၅ ရက္အတြင္း အာဖဂန္ႏုိင္ငံတြင္းမွာ ရွိေနတဲ့ အေမရိကန္တပ္ဖြဲ႔၀င္ အေရအတြက္ကို ၁၃၀၀၀ ကေန ၈၆၀၀ အထိ ေလွ်ာ့ခ်သြားမွာျဖစ္ၿပီး ဌာေနျပန္ေခၚမွာ ျဖစ္ပါတယ္။
အေမရိကန္တပ္ေတြ အာဖဂန္ကေန လုံး၀႐ုပ္သိမ္းဖို႔ ကိစၥကေတာ့ တာလီဘန္ေတြအေနနဲ႔ အၾကမ္းဖက္၀ါဒမျဖစ္ေအာင္ ဘယ္ေလာက္အထိ ကာကြယ္သြားမလဲ ဆုိတဲ့အေပၚမွာ မူတည္မွာျဖစ္တယ္လို႔ ေျပာပါတယ္။
အေမရိကန္နဲ႔ တာလီဘန္ၾကား ၿငိမ္းခ်မ္းေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထုိးလိုက္တဲ့အေပၚမွာ ေနတုိးအဖဲြ႔ရဲ႕ အတြင္းေရးမွဴးခ်ဳပ္ Jen Stoltenberg ကလည္း ႀကိဳဆုိလိုက္ပါတယ္။
-----------------------------------
(Unicode)
တာလီဘန်ခေါင်းဆောင်နဲ့ အမေရိကန်သမ္မတ Trumpမကြာမီတွေ့မည်
အာဖဂန် တာလီဘန်နဲ့ အမေရိကန်ကြား စနေနေ့က ကာတာနိုင်ငံ ဒိုဟာမြို့မှာ သမိုင်းဝင် သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးပါတယ်။ အမေရိကန်သမ္မတ Donald Trump ကလည်း အာဖဂန် တာလီဘန်နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။
အာဖဂန် တာလီဘန် ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံသွားမယ့် အကြောင်း အမေရိကန်သမ္မတက ပြောဆိုလိုက်တာပါ။
ဒီသဘောတူညီချက်အရ ပထမ ၁၃၅ ရက်အတွင်း အာဖဂန်နိုင်ငံတွင်းမှာ ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို ၁၃၀၀၀ ကနေ ၈၆၀၀ အထိ လျှော့ချသွားမှာဖြစ်ပြီး ဌာနေပြန်ခေါ်မှာ ဖြစ်ပါတယ်။
အမေရိကန်တပ်တွေ အာဖဂန်ကနေ လုံးဝရုပ်သိမ်းဖို့ ကိစ္စကတော့ တာလီဘန်တွေအနေနဲ့ အကြမ်းဖက်ဝါဒမဖြစ်အောင် ဘယ်လောက်အထိ ကာကွယ်သွားမလဲ ဆိုတဲ့အပေါ်မှာ မူတည်မှာဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်နဲ့ တာလီဘန်ကြား ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်တဲ့အပေါ်မှာ နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Jen Stoltenberg ကလည်း ကြိုဆိုလိုက်ပါတယ်။