သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ၿငိမ္းခ်မ္းေရး အစုိးရအဆုိျပဳခ်က္ တာလီဘန္ပယ္ခ်


ကာတာႏုိင္ငံ ဒိုဟာၿမိဳ႕တြင္ ေမရိကန္ႏွင့္ သေဘာတူညီခ်က္ လက္မွတ္ေရးထုိးရန္ ေရာက္ရွိလာသည့္ တာလီဘန္ကုိယ္စားလွယ္အဖြဲ႔။ (ေဖေဖာ္ဝါရီ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

ႏုိင္ငံတြင္း ၁၈ ႏွစ္ၾကာ ပဋိပကၡ အဆုံးသတ္ဖို႔အေရး ေဆြးေႏြးဖို႔ အာဖဂန္နစၥတန္ အစိုးရက အဆိုျပဳတဲ့ ေစ့စပ္ညႇိႏႈိင္းေရးအဖြဲ႔ကို တာလီဘန္အဖြဲ႔က လက္မခံဘဲ ပယ္ခ်လိုက္ပါတယ္။

အာဖဂန္အစိုးရဟာ လအေတာ္ၾကာ ေႏွာင့္ေႏွးခဲ့ၿပီးတဲ့ေနာက္ အဖြဲ႔ဝင္ အမ်ိဳးသမီး ၅ ဦးပါတဲ့ ၂၁ ေယာက္ပါ ေစ့စပ္ညႇိႏႈိင္းေရးအဖြဲ႔ကို ၾကာသပေတးေန႔က ေၾကာညာခဲ့တာပါ။

တာလီဘန္တပ္ဖြဲ႔ေတြက အာဖဂန္အစိုးရတပ္ေတြကို ႏုိင္ငံရဲ႕ေျမာက္ပိုင္းမွာ ဆက္တိုက္ဆိုသလို ထိုးစစ္သစ္ေတြ ဆင္ႏႊဲ တိုက္ခိုက္ေနခ်ိန္မွာပဲ အခုလို ပယ္ခ်လိုက္တာလည္း ျဖစ္ပါတယ္။

အာဖဂန္နစၥတန္ ၿမိဳ႕ေတာ္ ကဘူးလ္နဲ႔ ႏုိင္ငံအေနာက္ပိုင္းက ဟီရတ္ၿမိဳ႕ေတြမွာေတာ့ COVID-19 ေရာဂါ ကူးစက္ေနတာေၾကာင့္ အဝင္အထြက္ေတြကို တစိတ္တပိုင္း ပိတ္ပင္ထားပါတယ္။

တာလီဘန္အဖြဲ႔ရဲ႕ ေျပာခြင့္ရ Zabihullah Mujahid က အာဖဂန္အစိုးရရဲ႕ ေစ့စပ္ေရးအဖြဲ႔ဟာ အားလုံးကို ကိုယ္စားမျပဳေၾကာင္း၊ ဒါေၾကာင့္ ရရွိထားတဲ့ သေဘာတူညီခ်က္နဲ႔ မကိုက္ညီသလို ခ်မွတ္ထားတဲ့မူေတြ ခ်ိဳးေဖာက္တာျဖစ္ေၾကာင္း စေနေန႔က ေျပာပါတယ္။

အေမရိကန္နဲ႔ တာလီဘန္တို႔ ၿပီးခဲ့တဲ့လက လက္မွတ္ေရးထိုးခဲ့တဲ့ သေဘာတူညီခ်က္မွာ အပစ္အခတ္ ရပ္စဲႏုိင္ဖို႔အေရး တာလီဘန္တို႔အေနနဲ႔ အာဖဂန္အစိုးရနဲ႔ ေဆြးေႏြးပြဲေတြ ျပန္စရမယ္လို႔ ပါရွိပါတယ္။

အျပန္အလွန္အေနနဲ႔ ၁၄ လအတြင္း အေမရိကန္တပ္ေတြ ႐ုပ္သိမ္းထြက္ခြာရမယ္လို႔ သေဘာတူထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------------

(Unicode)

အာဖဂန်ငြိမ်းချမ်းရေး အစိုးရအဆိုပြုချက် တာလီဘန်ပယ်ချ

နိုင်ငံတွင်း ၁၈ နှစ်ကြာ ပဋိပက္ခ အဆုံးသတ်ဖို့အရေး ဆွေးနွေးဖို့ အာဖဂန်နစ္စတန် အစိုးရက အဆိုပြုတဲ့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို တာလီဘန်အဖွဲ့က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

အာဖဂန်အစိုးရဟာ လအတော်ကြာ နှောင့်နှေးခဲ့ပြီးတဲ့နောက် အဖွဲ့ဝင် အမျိုးသမီး ၅ ဦးပါတဲ့ ၂၁ ယောက်ပါ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို ကြာသပတေးနေ့က ကြောညာခဲ့တာပါ။

တာလီဘန်တပ်ဖွဲ့တွေက အာဖဂန်အစိုးရတပ်တွေကို နိုင်ငံရဲ့မြောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ထိုးစစ်သစ်တွေ ဆင်နွှဲ တိုက်ခိုက်နေချိန်မှာပဲ အခုလို ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။

အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်နဲ့ နိုင်ငံအနောက်ပိုင်းက ဟီရတ်မြို့တွေမှာတော့ COVID-19 ရောဂါ ကူးစက်နေတာကြောင့် အဝင်အထွက်တွေကို တစိတ်တပိုင်း ပိတ်ပင်ထားပါတယ်။

တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရ Zabihullah Mujahid က အာဖဂန်အစိုးရရဲ့ စေ့စပ်ရေးအဖွဲ့ဟာ အားလုံးကို ကိုယ်စားမပြုကြောင်း၊ ဒါကြောင့် ရရှိထားတဲ့ သဘောတူညီချက်နဲ့ မကိုက်ညီသလို ချမှတ်ထားတဲ့မူတွေ ချိုးဖောက်တာဖြစ်ကြောင်း စနေနေ့က ပြောပါတယ်။

အမေရိကန်နဲ့ တာလီဘန်တို့ ပြီးခဲ့တဲ့လက လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်မှာ အပစ်အခတ် ရပ်စဲနိုင်ဖို့အရေး တာလီဘန်တို့အနေနဲ့ အာဖဂန်အစိုးရနဲ့ ဆွေးနွေးပွဲတွေ ပြန်စရမယ်လို့ ပါရှိပါတယ်။

အပြန်အလှန်အနေနဲ့ ၁၄ လအတွင်း အမေရိကန်တပ်တွေ ရုပ်သိမ်းထွက်ခွာရမယ်လို့ သဘောတူထားကြပါတယ်။

XS
SM
MD
LG