သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန် အကျဉ်းသားတွေလွှတ်ပေးရေး အာဖဂန်အစိုးရ ငြင်းဆန်


တာလီဘန် သောင်းကျန်းသူတွေ (မှတ်တမ်းဓါတ်ပုံ-ဧပြီ ၁၁ယ ၂၀၁၁)

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုနဲ့ အာဖဂန် တာလီဘန်တို့အကြား ရရှိလိုက်တဲ့ သဘောတူညီချက်သစ်အရ အာဖဂန်အစိုးရက လက်ရှိ ထိန်းချုပ်ထားတဲ့ တာလီဘန်အကျဉ်းသား ၅,၀၀၀ ကို သဘောတူ ထားတဲ့အတိုင်း ပြန်လွှတ်ပေးဖို့ အာဖဂန် တာလီဘန်အဖွဲ့က တနင်္လာနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အာဖဂန်အစိုးရအနေနဲ့ တာလီဘန် သောင်းကျန်းသူတွေကို ပြန်လွှတ်ပေးဖို့ ကတိပေးထားခြင်း မရှိကြောင်း၊ ဒါကြောင့် ပြန်လွှတ်ပေးဖို့ ဖိအားပေး တောင်းဆိုတာတွေကိုလည်း လိုက်နာမှာ မဟုတ်ကြောင်း အာဖဂန်သမ္မတ Ashraf Ghani က တနင်္ဂနွေနေ့မှာ ပြောကြားအပြီး တာလီဘန်တို့ရဲ့ အခုလို တောင်းဆိုမှု ထွက်လာတာပါ။

သမ္မတ Ghani က အဲဒီလို ပြောကြားလိုက်တာကြောင့် တာလီဘန်နဲ့ အမေရိကန် အစိုးရတို့ စနေနေ့က ကာတာနိုင်ငံမှာ လက်မှတ်ရေးလိုက်တဲ့ ၁၈ ကျော်ကြာလာပြီ ဖြစ်တဲ့ အာဖဂန်စစ်ပွဲ အဆုံးသတ်စေမယ့် သမိုင်းဝင် သဘောတူညီချက်အပေါ် ထိခိုက်စေမယ့် လက္ခဏာ ပေါ်လာခဲ့ပါတယ်။

အာဖဂန်အချင်းချင်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်မယ့် မတ်လ ၁၀ နေ့မတိုင်ခင် တာလီဘန် အကျဉ်းသားတွေကို အပြီးသတ် ပြန်လွှတ်ပေးမယ်လို့ အမေရိကန်တို့က ကတိပြုထားကြောင်း တာလီဘန်ပြောခွင့်ရ Zabihullah Mujahid က တနင်္လာနေ့မှာ Twitter ကနေ ရေးသားခဲ့ပါတယ်။

အမေရိကန်နဲ့ တာလီဘန်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဖိတ်ကြားခြင်းမခံခဲ့ရတဲ့ သမ္မတ Ghani ရဲ့ အစိုးရကတော့ အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စကို မကြာခင်ပြုလုပ်မယ့် အာဖဂန်တွေ အချင်းချင်းကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ထည့်သွင်း ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)






XS
SM
MD
LG