(Zawgyi / Unicode)
အိႏၵိယႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မႈ ဒီကေန႔မွာ ေနာက္ထပ္ စံခ်ိန္တင္ေလာက္ေအာင္ မ်ားခဲ့တာေၾကာင့္ အိႏၵိယဟာ အခုဆိုရင္ အီတလီႏိုင္ငံကိုေက်ာ္ၿပီး ကမာၻေပၚမွာ ကို႐ုုိုနာဗုိင္းရပ္စ္ကူးစက္မႈ ဆ႒မေျမာက္ အဆုိးဆုံးႏုိင္ငံ ျဖစ္လာပါတယ္။
အိႏၵိယမွာ ဒီေန႔ ဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၉,၈၈၇ ေယာက္ရွိတာေၾကာင့္ အခုဆုိရင္ ကူးစက္ခံရသူ စုစုေပါင္း ၂၃၆,၆၅၇ ေယာက္ထက္မနည္း ရွိသြားၿပီျဖစ္တယ္လို႔ အိႏၵိယ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။
အခု ေနာက္ထပ္ကူးစက္ခံရသူ အမ်ားစုဟာ ေက်းလက္ေဒသေတြက ျဖစ္တယ္လို႔ ေျပာပါတယ္။
အိႏၵိယနဲ႔ အိမ္နီးခ်င္း ပါကစၥတန္ႏုိင္ငံမွာလည္း ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ဒီေန႔မွာ ေသဆုံးတဲ့သူ ေနာက္ထပ္ ၉၇ ေယာက္ရွိၿပီး ဒါဟာ တရက္တည္းမွာ ဗုိင္းရပ္စ္ေၾကာင့္ အမ်ားဆုံးေသဆုံးတာ ျဖစ္ပါတယ္။
ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္သူ ၄,၇၃၄ ေယာက္ထက္မနည္း ရွိတာေၾကာင့္ အခုဆိုရင္ စုစုေပါင္း ၉၃,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ စုစုေပါင္းက ၁,၉၃၅ ေယာက္ထက္မနည္း ရွိသြားၿပီျဖစ္ပါတယ္။
ဗုိင္းရပ္စ္ကူးစက္မႈေတြ မျဖစ္ရေအာင္ လူေတြအေနနဲ႔ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြအတိုင္း ခပ္ခြာခြာေနေအာင္ ေစတနာ့၀န္ထမ္းေတြအေနနဲ႔ လႈံ႔ေဆာ္ၾကဖို႔ အာဏာပိုင္ေတြက တုိက္တြန္းေနပါတယ္။
ေတာင္ကိုရီးယားႏုိင္ငံမွာေတာ့ ကို႐ုိနာဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၅၁ ေယာက္ရွိၿပီး အမ်ားစုက ဆုိးလ္ၿမိဳ႕တ၀ုိက္က ျဖစ္ပါတယ္။ အာဏာပိုင္ေတြဘက္က ဗုိင္းရပ္စ္ကူးစက္မႈေတြ မျဖစ္ေအာင္ အပူတျပင္း လုပ္ေဆာင္ေနၿပီး အခုဆုိရင္ ေတာင္ကိုရီးယားႏုိင္ငံမွာ ဗုိင္ရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၁၁,၇၁၉ ေယာက္ထက္မနည္း ရွိၿပီး ေသဆုံးသူ ၂၇၃ ေယာက္ ရွိပါတယ္။
တ႐ုတ္ႏုိင္ငံ ေဘဂ်င္းၿမိဳ႕ေတာ္မွာေတာ့ ကို႐ုိနာဗုိင္းရပ္စ္ ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး အေရးေပၚတုံ႔ျပန္မႈအဆင့္ကို ဒီေန႔ကစၿပီး ဒုတိယအနိမ့္ဆုံးအဆင့္ထိ ျပန္ၿပီး ခ်မွတ္လိုက္ပါတယ္။ ဒါေၾကာင့္ ၀ူဟန္နဲ႔ ဟူေဘးျပည္နယ္တ၀ိုက္ကေန ေဘဂ်င္းၿမိဳ႕ကို လာတဲ့သူေတြအေပၚ ခ်မွတ္ထားတဲ့ ကန္႔သတ္ခ်က္ အေတာ္မ်ားမ်ားကို ဖယ္ရွားေပးသြားမွာျဖစ္ၿပီး သူတုိ႔အေနနဲ႔ ၁၄ ရက္ၾကာ သီးသန္႔ခဲြေနတာေတြနဲ႔ တျခား ေစာင့္ၾကည့္စစ္ေဆးခံတာေတြကို လုပ္ရေတာ့မွာ မဟုတ္ပါဘူး။
--------------------------------
(Unicode)
အိန္ဒိယ COVID-19 ကူးစက်မှု ကမ္ဘာ့ နံပါတ် ၆ အများဆုံးနိုင်ငံဖြစ်လာ
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒီကနေ့မှာ နောက်ထပ် စံချိန်တင်လောက်အောင် များခဲ့တာကြောင့် အိန္ဒိယဟာ အခုဆိုရင် အီတလီနိုင်ငံကိုကျော်ပြီး ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမမြောက် အဆိုးဆုံးနိုင်ငံ ဖြစ်လာပါတယ်။
အိန္ဒိယမှာ ဒီနေ့ ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၉,၈၈၇ ယောက်ရှိတာကြောင့် အခုဆိုရင် ကူးစက်ခံရသူ စုစုပေါင်း ၂၃၆,၆၅၇ ယောက်ထက်မနည်း ရှိသွားပြီဖြစ်တယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အခု နောက်ထပ်ကူးစက်ခံရသူ အများစုဟာ ကျေးလက်ဒေသတွေက ဖြစ်တယ်လို့ ပြောပါတယ်။
အိန္ဒိယနဲ့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့မှာ သေဆုံးတဲ့သူ နောက်ထပ် ၉၇ ယောက်ရှိပြီး ဒါဟာ တရက်တည်းမှာ ဗိုင်းရပ်စ်ကြောင့် အများဆုံးသေဆုံးတာ ဖြစ်ပါတယ်။
နောက်ထပ် ဗိုင်းရပ်စ်ကူးစက်သူ ၄,၇၃၄ ယောက်ထက်မနည်း ရှိတာကြောင့် အခုဆိုရင် စုစုပေါင်း ၉၃,၀၀၀ ကျော်နဲ့ သေဆုံးသူ စုစုပေါင်းက ၁,၉၃၅ ယောက်ထက်မနည်း ရှိသွားပြီဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှုတွေ မဖြစ်ရအောင် လူတွေအနေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ခပ်ခွာခွာနေအောင် စေတနာ့ဝန်ထမ်းတွေအနေနဲ့ လှုံ့ဆော်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၅၁ ယောက်ရှိပြီး အများစုက ဆိုးလ်မြို့တဝိုက်က ဖြစ်ပါတယ်။ အာဏာပိုင်တွေဘက်က ဗိုင်းရပ်စ်ကူးစက်မှုတွေ မဖြစ်အောင် အပူတပြင်း လုပ်ဆောင်နေပြီး အခုဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်ရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁၁,၇၁၉ယောက်ထက်မနည်း ရှိပြီး သေဆုံးသူ ၂၇၃ ယောက် ရှိပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး အရေးပေါ်တုံ့ပြန်မှုအဆင့်ကို ဒီနေ့ကစပြီး ဒုတိယအနိမ့်ဆုံးအဆင့်ထိ ပြန်ပြီး ချမှတ်လိုက်ပါတယ်။ ဒါကြောင့် ဝူဟန်နဲ့ ဟူဘေးပြည်နယ်တဝိုက်ကနေ ဘေဂျင်းမြို့ကို လာတဲ့သူတွေအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက် အတော်များများကို ဖယ်ရှားပေးသွားမှာဖြစ်ပြီး သူတို့အနေနဲ့ ၁၄ ရက်ကြာ သီးသန့်ခွဲနေတာတွေနဲ့ တခြား စောင့်ကြည့်စစ်ဆေးခံတာတွေကို လုပ်ရတော့မှာ မဟုတ်ပါဘူး။