သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်မြို့တော် ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ

George Floyd သေဆုံးမှုအတွက် လန်ဒန်မြို့မှာ ဆန္ဒပြနေသူများ။ (ဇွန် ၆၊ ၂၀၂၀)
George Floyd သေဆုံးမှုအတွက် လန်ဒန်မြို့မှာ ဆန္ဒပြနေသူများ။ (ဇွန် ၆၊ ၂၀၂၀)

(Zawgyi / Unicode)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ စနေနေ့က ပြုလုပ်ခဲ့တဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင် ၁၄ ယောက် ဒဏ်ရာရသွားတဲ့အပေါ် အံ့သြတုန်လှုပ်မိပြီး ဒါဟာ လုံးဝလက်ခံနိုင်စရာ မကောင်းတဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ အကြီးအကဲ Cressida Dick က ဒီနေ့ ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု Minneapolis မြို့မှာ လူမည်းအမျိုးသား George Floyd သေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတွေရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေအပေါ်မှာ ကန့်ကွက်တဲ့အနေနဲ့ လူတွေထောင်နဲ့ချီပြီး လန်ဒန်မြို့မှာ မနေ့က စုဝေး ဆန္ဒပြခဲ့ကြတာပါ။

မနေ့က ဆန္ဒပြပွဲမှာ အများအားဖြင့် အေးအေးဆေးဆေး ရှိခဲ့ပေမယ့် ဆန္ဒပြတဲ့သူ အနည်းငယ်ကတော့ ရဲတပ်ဖွဲ့နဲ့ ခေတ္တ ထိပ်တိုက်တွေ့တာတွေ ရှိခဲ့ပါတယ်။

“မနေ့ညနေပိုင်းက လန်ဒန်မြို့အလယ်ပိုင်းမှာ ဆန္ဒပြတဲ့သူ အနည်းစုဟာ ရဲတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်တိုက်ခိုက်တာတွေ လုပ်ခဲ့တဲ့အတွက် အလွန်ပဲ ဝမ်းနည်း စိတ်မကောင်း ဖြစ်မိကြောင်း၊ အဲဒီဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ယောက် ဒဏ်ရာရခဲ့ပြီး ဒီအတွက် အံ့သြတုန်လှုပ်မိပြီး လုံးဝကို လက်ခံနိုင်စရာ မကောင်းဘူး” လို့ လန်ဒန်ရဲတပ်ဖွဲ့ အကြီးအကဲက ကြေညာချက်မှာ ပြောထားပါတယ်။

George Floyd သေဆုံးမှု ကမ္ဘာတဝန်းက ဆန္ဒပြပွဲ မြင်ကွင်းများ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၅၊ ၂၀၂၀)
1/6 တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၅၊ ၂၀၂၀)
George Floyd သေဆုံးမှု ကမ္ဘာတဝန်းက ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
Australia နိုင်ငံ Sydney မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၂၊ ၂၀၂၀)
2/6 Australia နိုင်ငံ Sydney မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၂၊ ၂၀၂၀)
George Floyd သေဆုံးမှု ကမ္ဘာတဝန်းက ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၅၊ ၂၀၂၀)
3/6 တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၅၊ ၂၀၂၀)
George Floyd သေဆုံးမှု ကမ္ဘာတဝန်းက ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
Texas ပြည်နယ် Addison မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၄၊ ၂၀၂၀)
4/6 Texas ပြည်နယ် Addison မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၄၊ ၂၀၂၀)
George Floyd သေဆုံးမှု ကမ္ဘာတဝန်းက ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
New York ပြည်နယ် နယူးယောက်မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၄၊ ၂၀၂၀)
5/6 New York ပြည်နယ် နယူးယောက်မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၄၊ ၂၀၂၀)
George Floyd သေဆုံးမှု ကမ္ဘာတဝန်းက ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
Washington မြို့ သမ္မတ အိမ်ဖြူတော်နားက ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၄၊ ၂၀၂၀)
6/6 Washington မြို့ သမ္မတ အိမ်ဖြူတော်နားက ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၄၊ ၂၀၂၀)
George Floyd သေဆုံးမှု ကမ္ဘာတဝန်းက ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ဒီသီတင်းပတ် အစောပိုင်းတုန်းက ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၁၃ ယောက် ဒဏ်ရာရသွားပြီး ဖမ်းဆီးမှုတချို့လည်း လုပ်ခဲ့တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။ မနေ့ကတော့ ရဲတပ်ဖွဲ့ဝင်တယောက်ဟာ မြင်းပေါ်က ပြုတ်ကျခဲ့တာကြောင့် ဆေးရုံတင်ထားရကြောင်း၊ ဒါပေမယ့် အသက်အန္တရာယ်တော့ မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လန်ဒန်မှာ ဒီနေ့လည်း ဆန္ဒပြပွဲတွေလုပ်ဖို့ စီစဉ်ထားပြီး ဗိုင်းရပ်စ်ကူးစက်မှု ပြဿနာ ရှိနေတာကြောင့် ဆန္ဒပြတဲ့သူတွေအနေနဲ့ သူတို့ရဲ့ သဘောထား အသံတွေကို ကြားနိုင်ဖို့အတွက် ဒီနည်းလမ်းကို မသုံးဘဲ တခြားနည်းလမ်းတခုခုကို ပြောင်းသုံးကြဖို့ လန်ဒန်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။

လန်ဒန်မြို့တော် ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

------------------------------------

(Unicode)




မနေ့က ဆန်ဒပွပှဲမှာ အမြားအားဖွင့ျ အေးအေးဆေးဆေး ရှိခဲ့ပမေယ့ျ ဆန်ဒပွတဲ့သူ အနညျးငယျကတော့ ရဲတပျဖှဲ့နဲ့ ခတေ်တ ထိပျတိုကျတှေ့တာတှေ ရှိခဲ့ပါတယျ။




XS
SM
MD
LG