(Zawgyi / Unicode)
အေမရိကန္သမၼတ အိမ္ျဖဴေတာ္ေရွ႕က ဆႏၵျပတဲ့သူေတြကို ၿပီးခဲ့တဲ့ တနလၤာေန႔တုန္းက လူစုခဲြၿပီး ရွင္းလင္းဖယ္ရွားဖို႔အတြက္ သူအမိန္႔ေပးခဲ့တာ မဟုတ္ဘူးလို႔ အေမရိကန္ေရွ႕ေနခ်ဳပ္ William Barr က ေျပာလိုက္ပါတယ္။
အိမ္ျဖဴေတာ္ေရွ႕ Lafeyette ရင္ျပင္က ဆႏၵျပတဲ့သူေတြကို လူစုခဲြဖို႔ကိစၥကို သူ႔အေနနဲ႔ ေထာက္ခံေပမယ့္ ဒီအမိန္႔ကို သူေပးခဲ့တာမဟုတ္ေၾကာင္း AP သတင္းဌာနနဲ႔ ေသာၾကာေန႔က ေတြ႔ဆုံေမးျမန္းခန္းမွာ အေမရိကန္ေရွ႕ေနခ်ဳပ္က ေျပာလိုက္ပါတယ္။
အဲဒီပန္းၿခံမွာ လာေရာက္ဆႏၵျပေနတဲ့သူေတြကို လူစုခဲြဖို႔အတြက္ ေရွ႕ေနခ်ဳပ္က အမိန္႔ေပးခဲ့တာ ျဖစ္တယ္လို႔ သမၼတအိမ္ျဖဴေတာ္နဲ႔ တျခားလူေတြက ထပ္တလဲလဲ ေျပာဆုိခဲ့ၿပီးတဲ့ေနာက္ အေမရိကန္ေရွ႕ေနခ်ဳပ္က အေသးစိတ္ ရွင္းျပခဲ့တာ ျဖစ္ပါတယ္။
လုံၿခဳံေရးတပ္ဖဲြ႔ေတြက ဆႏၵျပတဲ့သူေတြကို လူစုခဲြၿပီး သိပ္မၾကာခင္မွာပဲ သမၼတ Donald Trump၊ ေရွ႕ေနခ်ဳပ္နဲ႔ အစိုးရအဖဲြ႔၀င္ေတြ၊ အႀကံေပးတခ်ိဳ႕ဟာ ရင္ျပင္ကို ျဖတ္ေလွ်ာက္ၿပီး ဆႏၵျပပဲြေတြအတြင္းမွာ ထိခုိက္သြားတဲ့ အဲဒီနားက ခရစ္ယာန္ဘုရားေက်ာင္းကို သြားၿပီး အဲဒီေရွ႕မွာ ဓာတ္ပုံ႐ုိက္ခဲ့ၾကပါတယ္။
ဒီလုပ္ရပ္အေပၚ သူ႔ရဲ႕ ရီပတ္ဘလစ္ကန္ပါတီထဲက လူတခ်ဳိ႕နဲ႔ Trump အစိုးရလက္ထက္ ပထမဆုံး ကာကြယ္ေရး၀န္ႀကီးျဖစ္တဲ့ Jim Mattis အပါအ၀င္ အေမရိကန္ စစ္တပ္ထိပ္ပိုင္း ေခါင္းေဆာင္ေဟာင္းတခ်ဳိ႕က အႀကီးအက်ယ္ ေ၀ဖန္ျပစ္တင္ခဲ့ၾကပါတယ္။
-----------------------------
(Unicode)
အိမ်ဖြူတော်ရှေ့ ဆန္ဒပြသူတွေကို ရှင်းလင်းမှုအတွက် တာဝန်မရှိကြောင်း ရှေ့နေချုပ် ငြင်းဆို
အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့က ဆန္ဒပြတဲ့သူတွေကို ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက လူစုခွဲပြီး ရှင်းလင်းဖယ်ရှားဖို့အတွက် သူအမိန့်ပေးခဲ့တာ မဟုတ်ဘူးလို့ အမေရိကန်ရှေ့နေချုပ် William Barr က ပြောလိုက်ပါတယ်။
အိမ်ဖြူတော်ရှေ့ Lafeyette ရင်ပြင်က ဆန္ဒပြတဲ့သူတွေကို လူစုခွဲဖို့ကိစ္စကို သူ့အနေနဲ့ ထောက်ခံပေမယ့် ဒီအမိန့်ကို သူပေးခဲ့တာမဟုတ်ကြောင်း AP သတင်းဌာနနဲ့ သောကြာနေ့က တွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန်ရှေ့နေချုပ်က ပြောလိုက်ပါတယ်။
အဲဒီပန်းခြံမှာ လာရောက်ဆန္ဒပြနေတဲ့သူတွေကို လူစုခွဲဖို့အတွက် ရှေ့နေချုပ်က အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်နဲ့ တခြားလူတွေက ထပ်တလဲလဲ ပြောဆိုခဲ့ပြီးတဲ့နောက် အမေရိကန်ရှေ့နေချုပ်က အသေးစိတ် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြတဲ့သူတွေကို လူစုခွဲပြီး သိပ်မကြာခင်မှာပဲ သမ္မတ Donald Trump၊ ရှေ့နေချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ အကြံပေးတချို့ဟာ ရင်ပြင်ကို ဖြတ်လျှောက်ပြီး ဆန္ဒပြပွဲတွေအတွင်းမှာ ထိခိုက်သွားတဲ့ အဲဒီနားက ခရစ်ယာန်ဘုရားကျောင်းကို သွားပြီး အဲဒီရှေ့မှာ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
ဒီလုပ်ရပ်အပေါ် သူ့ရဲ့ ရီပတ်ဘလစ်ကန်ပါတီထဲက လူတချို့နဲ့ Trump အစိုးရလက်ထက် ပထမဆုံး ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ Jim Mattis အပါအဝင် အမေရိကန် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်ဟောင်းတချို့က အကြီးအကျယ် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။