သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္က တရားမွ်တမႈရရွိေရး ဆႏၵျပရာက ထြက္ေပၚလာတဲ့ အေျပာင္းအလဲေတြအေပၚ သံုးသပ္ခ်က္


နယူးေယာက္ၿမိဳ႕က ဆႏၵျပပြဲျမင္ကြင္း။ (ဇြန္ ၇၊ ၂၀၂၀)

(Zawgyi / Unicode)

မဂၤလာပါ။ လြန္ခဲ့တဲ့ ၂ ပတ္က အေမရိကန္ျပည္ေထာင္စုမွာ ရဲတပ္ဖြဲ႔က ဖမ္းဆီးစဥ္အတြင္း လူမည္းအမ်ိဳးသား George Floyd ေသဆံုးသြားတဲ့အတြက္ တရားမ်ွတမႈ ေတာင္းဆိုတဲ့ ဆႏၵျပပြဲေတြ ဆက္လက္ ျဖစ္ပြားေနသလို ဒီဆႏၵျပပြဲေတြေၾကာင့္ ဘာေတြ ေျပာင္းလဲသြားသလဲဆိုတာနဲ႔ အက်ိဳးဆက္ေတြအေၾကာင္း မ်က္ျခည္မျပတ္ ေစာင့္ၾကည့္ေနတဲ့ ဗီြအိုေအ ျမန္မာပိုင္း အယ္ဒီတာ ဦးေက်ာ္ဇံသာကို ကိုၿငိမ္းခ်မ္း ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုၿငိမ္းခ်မ္း - မဂၤလာပါ အန္ကယ္။ ဒီအပတ္အတြင္း စေနေန႔က အႀကီးဆံုး ဆႏၵျပပြဲေတြက ေအးေအးခ်မ္းခ်မ္း ျဖစ္လာတာကို ေတြ႔ရပါတယ္။ ဘယ္လိုအေၾကာင္းေတြေၾကာင့္လဲ အန္ကယ္။

ဦးေက်ာ္ဇံသာ - “ဆႏၵျပတဲ့သူေတြကုိ အာဏာပုိင္ေတြဘက္က တုံ႔ျပန္တဲ့ေနရာမွာ လုိက္ေလ်ာမႈေတြ၊ ျငင္သာမႈေတြ ရွိလာလို႔လို႔ အဓိက ေျပာရပါလိမ့္မယ္။ အဲဒီအျပင္ ဆႏၵျပသူေတြ လိုလားေနတဲ့ အဓိကတာဝန္ရွိတဲ့ ရဲအရာရွိေလးေယာက္ကုိ ျပစ္မႈေတြ တုိးျမႇင့္လိုက္တာ၊ ေနာက္ပုိင္းမွာ နယူးေယာက္ Buffallo မွာ ဟိုေန႔က အသက္ႀကီးတဲ့ ပုဂၢိဳလ္တေယာက္ကုိ တြန္းလုိက္တဲ့ကိစၥ၊ အဲဒီလူေတြကိုပါ အေရးယူတာ လုပ္လာတဲ့ကိစၥကိုလည္း ဆႏၵျပသမားေတြ အေတာ္အသင့္ ေက်နပ္မႈ ရပါလိမ့္မယ္။ တခါ နယူးေယာက္တို႔ ဘာတို႔မွာလည္း လုံၿခဳံေရးတပ္ဖြဲ႔ေတြ ခ်ထားတာကို ျပန္႐ုပ္သိမ္းဖို႔ သမၼတက ေျပာပါတယ္။ အရန္တပ္ဖြဲ႔ ခ်ထားတဲ့ဟာကုိ။ ၿပီးေတာ့ အိမ္ျဖဴေတာ္နားမွာပဲရွိတဲ့ ေနရာတခုကိုလည္း ဒီလႈပ္ရွားမႈကို ဂုဏ္ျပဳေသာအားျဖင့္ Black Lives Matter ဆုိၿပီးေတာ့ Plaza နာမည္ ေပးလုိက္တယ္။ ဒီဟာေတြက အာဏာပုိင္ေတြဘက္က လုိက္ေလ်ာမႈေတြ ျပလာတဲ့အတြက္ေၾကာင့္ ဒါ ၿငိမ္သက္တဲ့သေဘာလုိ႔ ေတြ႔ရပါတယ္။ ဆူပူ ႐ုန္းရင္းဆန္ခတ္မႈ သိပ္မရွိေတာ့ဘူး။ ဒါေပမယ့္ ဆႏၵျပပြဲေတြကေတာ့ ဆက္လက္ရွိေနဆဲပါပဲ ကုိၿငိမ္းခ်မ္း။”

ကုိၿငိမ္းခ်မ္း - ဒါနဲ႔ပတ္သက္ၿပီး အျပဳသေဘာေဆာင္တဲ့ ျပဳျပင္ေျပာင္းလဲမႈတခ်ိဳ႕ကို ေတြ႔ရပါတယ္။ တာဝန္ရွိတဲ့ ရဲေတြကို တရားစြဲထားတာမ်ိဳးပါ။ ဒီျပဳျပင္ေျပာင္းလဲေရးေတြ ေရရွည္ခံေအာင္ ဘာေတြ လုပ္ေဆာင္ေနတာ ရွိပါသလဲခင္ဗ်ာ။

ဦးေက်ာ္ဇံသာ - “အခုေလာေလာဆယ္မွာေတာ့ ေအာက္လႊတ္ေတာ္က ဒီမိုကရက္ ကိုယ္စားလွယ္ အမ်ဳိးသမီး သူ႔နာမည္က Karen Bass၊ သူက Black Caucus လုိ႔ေခၚတဲ့ လူမည္းကိုယ္စားလွယ္မ်ားအဖြဲ႔ရဲ႕ ဥကၠ႒ ျဖစ္ပါတယ္။ သူကေနၿပီးေတာ့ ရဲလုပ္ထုံးလုပ္နည္း ျပဳျပင္ေရး ဥပေဒၾကမ္းတရပ္ကုိ တင္သြင္းဖို႔ ေရးဆြဲေနပါတယ္။ အဲဒါက ျပည္ေထာင္စုရဲ႕ ကြန္ဂရက္လႊတ္ေတာ္မွာ တင္သြင္းမယ့္ဟာဆုိေတာ့ ေတာ္ေတာ္ေလး ထိေရာက္တဲ့ ဥပေဒ ျဖစ္ပါတယ္။ အဲဒီထဲမွာ သူက ဘာကိုထည့္သြင္းခ်င္သလဲဆုိရင္ ရဲေတြဟာ ဒီကိစၥေတြမွာ ႏွိမ္နင္း ကိုင္တြယ္တဲ့အခါမွာ လြန္ကၽြံမႈရွိရင္ တာဝန္ခံမႈ ရွိေစရမယ္။ Accountability ကို သူက အဓိက Focus လုပ္မယ္။ နမူနာတခုအေနနဲ႔ Chokehold လုိ႔ ေခၚတဲ့ လည္ပင္းကိုညႇစ္ၿပီး ဖမ္းတာမ်ဳိး မလုပ္ရဘူးဆုိတာမ်ဳိးကုိ တိတိက်က် ကန္႔သတ္ပါလိမ့္မယ္၊ အဲဒီမွာ။ ဒါ့အျပင္ တျခားအေရးႀကီးတဲ့ ကိစၥေတြကို တုိးခ်ဲ႕ၿပီးေတာ့ လုပ္သြားမယ္လို႔ ဒီအမ်ဳိးသမီးက ဒီေန႔မွာပဲ သတင္းေထာက္ေတြနဲ႔ ေတြ႔ဆုံေမးျမန္းခန္းေတြမွာ ေျပာေနတာ ေတြ႔ရပါတယ္။”

ကုိၿငိမ္းခ်မ္း - အဲဒီလို တန္းတူညီမွ်ေရးအတြက္ ေတာင္းဆုိတဲ့ ဆႏၵျပပြဲေတြ ျဖစ္သြားတဲ့အတြက္ ေနာင္လာမယ့္ ႏုိဝင္ဘာလ သမၼတ ေရြးေကာက္ပြဲၾကရင္ ဘယ္လုိ သက္ေရာက္ႏုိင္ေျခေတြမ်ား ရွိပါဦးမလဲ ခင္ဗ်။

ဦးေက်ာ္ဇံသာ - “အမ်ားႀကီး သက္ေရာက္ႏုိင္မယ္လို႔ ထင္ပါတယ္။ အစတုန္းကေတာ့ သမၼတေရြးေကာက္ပြဲမွာ လက္ရွိအစိုးရ အထူးသျဖင့္ သမၼတ Donald Trump ရဲ႕ COVID-19 ကုိ ကုိင္တြယ္တာကအစ အလြဲလြဲ အမွားမွား ေျပာတာေတြနဲ႔ ပတ္သက္ၿပီးေတာ့ သူ႔ကုိ ေတာ္ေတာ္ေလး ထုိးႏွက္ေနၾကပါတယ္။ ႏုိင္ငံေရးဆုိေတာ့ အခု ဒီကိစၥနဲ႔ပတ္သက္ၿပီး သူကိုင္တြယ္တာကိုလည္း ထုိးႏွက္စရာ ေျပာစရာ အမ်ားႀကီး ျဖစ္လာပါတယ္။ အထူးသျဖင့္ အေမရိကန္ စစ္တပ္အသုိင္းအဝိုင္းကဆုိရင္ ကာကြယ္ေရးဝန္ႀကီးကအစ၊ ကာကြယ္ေရးဝန္ႀကီး အေဟာင္းေတြေရာ၊ ဗုိလ္ခ်ဳပ္ႀကီးေဟာင္းေတြေရာ ဒါ မျဖစ္သင့္တဲ့ကိစၥလုိ႔ ေျပာပါတယ္။ အခုေနာက္ဆုံး ေျပာလာတဲ့ ပုဂၢိဳလ္ကေတာ့ Colin Powell ျဖစ္ပါတယ္။ သူက တကယ္တမ္း ရီပတ္ဘလစ္ကန္ပါတီရဲ႕ ဝန္ႀကီးတေယာက္ ျဖစ္ခဲ့ေပမယ့္၊ အစုိးရရဲ႕ ဝန္ႀကီးတေယာက္ ျဖစ္ခဲ့ေပမယ့္ အခုအခါမွာ ဒီမုိကရက္ သမၼတေလာင္းျဖစ္တဲ့ Joe Biden ကို သူက ေထာက္ခံမယ္လို႔ေတာင္မွ ေျပာသြားတယ္ဆုိေတာ့ ႏုိင္ငံေရးမွာလည္း အမ်ားႀကီး အက်ဳိးသက္ေရာက္မႈ ရွိလာလိမ့္မယ္လုိ႔ ထင္ရပါတယ္။”

ဒါကေတာ့ ဆႏၵျပပြဲ ေနာက္ဆံုးအေျခအေနနဲ႔ အမ်ားျပည္သူ လံုၿခံဳေရးအတြက္ ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲေရး ဥပေဒၾကမ္းနဲ႔ ႏိုဝင္ဘာ သမၼတေရြးေကာက္ပြဲအေပၚ သက္ေရာက္ႏိုင္ေျခေတြကို ေမးျမန္းတင္ဆက္ခဲ့တာပါ။ ေျဖၾကားေပးခဲ့တဲ့ အယ္ဒီတာ ဦးေက်ာ္ဇံသာကိုလည္း ေက်းဇူးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

အမေရိကန်က တရားမျှတမှုရရှိရေး ဆန္ဒပြရာက ထွက်ပေါ်လာတဲ့ အပြောင်းအလဲတွေအပေါ် သုံးသပ်ချက်

မင်္ဂလာပါ။ လွန်ခဲ့တဲ့ ၂ ပတ်က အမေရိကန်ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်အတွင်း လူမည်းအမျိုးသား George Floyd သေဆုံးသွားတဲ့အတွက် တရားမျှတမှု တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို ဒီဆန္ဒပြပွဲတွေကြောင့် ဘာတွေ ပြောင်းလဲသွားသလဲဆိုတာနဲ့ အကျိုးဆက်တွေအကြောင်း မျက်ခြည်မပြတ် စောင့်ကြည့်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာကို ကိုငြိမ်းချမ်း ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုငြိမ်းချမ်း - မင်္ဂလာပါ အန်ကယ်။ ဒီအပတ်အတွင်း စနေနေ့က အကြီးဆုံး ဆန္ဒပြပွဲတွေက အေးအေးချမ်းချမ်း ဖြစ်လာတာကို တွေ့ရပါတယ်။ ဘယ်လိုအကြောင်းတွေကြောင့်လဲ အန်ကယ်။

ဦးကျော်ဇံသာ - “ဆန္ဒပြတဲ့သူတွေကို အာဏာပိုင်တွေဘက်က တုံ့ပြန်တဲ့နေရာမှာ လိုက်လျောမှုတွေ၊ ငြင်သာမှုတွေ ရှိလာလို့လို့ အဓိက ပြောရပါလိမ့်မယ်။ အဲဒီအပြင် ဆန္ဒပြသူတွေ လိုလားနေတဲ့ အဓိကတာဝန်ရှိတဲ့ ရဲအရာရှိလေးယောက်ကို ပြစ်မှုတွေ တိုးမြှင့်လိုက်တာ၊ နောက်ပိုင်းမှာ နယူးယောက် Buffallo မှာ ဟိုနေ့က အသက်ကြီးတဲ့ ပုဂ္ဂိုလ်တယောက်ကို တွန်းလိုက်တဲ့ကိစ္စ၊ အဲဒီလူတွေကိုပါ အရေးယူတာ လုပ်လာတဲ့ကိစ္စကိုလည်း ဆန္ဒပြသမားတွေ အတော်အသင့် ကျေနပ်မှု ရပါလိမ့်မယ်။ တခါ နယူးယောက်တို့ ဘာတို့မှာလည်း လုံခြုံရေးတပ်ဖွဲ့တွေ ချထားတာကို ပြန်ရုပ်သိမ်းဖို့ သမ္မတက ပြောပါတယ်။ အရန်တပ်ဖွဲ့ ချထားတဲ့ဟာကို။ ပြီးတော့ အိမ်ဖြူတော်နားမှာပဲရှိတဲ့ နေရာတခုကိုလည်း ဒီလှုပ်ရှားမှုကို ဂုဏ်ပြုသောအားဖြင့် Black Lives Matter ဆိုပြီးတော့ Plaza နာမည် ပေးလိုက်တယ်။ ဒီဟာတွေက အာဏာပိုင်တွေဘက်က လိုက်လျောမှုတွေ ပြလာတဲ့အတွက်ကြောင့် ဒါ ငြိမ်သက်တဲ့သဘောလို့ တွေ့ရပါတယ်။ ဆူပူ ရုန်းရင်းဆန်ခတ်မှု သိပ်မရှိတော့ဘူး။ ဒါပေမယ့် ဆန္ဒပြပွဲတွေကတော့ ဆက်လက်ရှိနေဆဲပါပဲ ကိုငြိမ်းချမ်း။”

ကိုငြိမ်းချမ်း - ဒါနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတချို့ကို တွေ့ရပါတယ်။ တာဝန်ရှိတဲ့ ရဲတွေကို တရားစွဲထားတာမျိုးပါ။ ဒီပြုပြင်ပြောင်းလဲရေးတွေ ရေရှည်ခံအောင် ဘာတွေ လုပ်ဆောင်နေတာ ရှိပါသလဲခင်ဗျာ။

ဦးကျော်ဇံသာ - “အခုလောလောဆယ်မှာတော့ အောက်လွှတ်တော်က ဒီမိုကရက် ကိုယ်စားလှယ် အမျိုးသမီး သူ့နာမည်က Karen Bass၊ သူက Black Caucus လို့ခေါ်တဲ့ လူမည်းကိုယ်စားလှယ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ သူကနေပြီးတော့ ရဲလုပ်ထုံးလုပ်နည်း ပြုပြင်ရေး ဥပဒေကြမ်းတရပ်ကို တင်သွင်းဖို့ ရေးဆွဲနေပါတယ်။ အဲဒါက ပြည်ထောင်စုရဲ့ ကွန်ဂရက်လွှတ်တော်မှာ တင်သွင်းမယ့်ဟာဆိုတော့ တော်တော်လေး ထိရောက်တဲ့ ဥပဒေ ဖြစ်ပါတယ်။ အဲဒီထဲမှာ သူက ဘာကိုထည့်သွင်းချင်သလဲဆိုရင် ရဲတွေဟာ ဒီကိစ္စတွေမှာ နှိမ်နင်း ကိုင်တွယ်တဲ့အခါမှာ လွန်ကျွံမှုရှိရင် တာဝန်ခံမှု ရှိစေရမယ်။ Accountability ကို သူက အဓိက Focus လုပ်မယ်။ နမူနာတခုအနေနဲ့ Chokehold လို့ ခေါ်တဲ့ လည်ပင်းကိုညှစ်ပြီး ဖမ်းတာမျိုး မလုပ်ရဘူးဆိုတာမျိုးကို တိတိကျကျ ကန့်သတ်ပါလိမ့်မယ်၊ အဲဒီမှာ။ ဒါ့အပြင် တခြားအရေးကြီးတဲ့ ကိစ္စတွေကို တိုးချဲ့ပြီးတော့ လုပ်သွားမယ်လို့ ဒီအမျိုးသမီးက ဒီနေ့မှာပဲ သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ ပြောနေတာ တွေ့ရပါတယ်။”

ကိုငြိမ်းချမ်း - အဲဒီလို တန်းတူညီမျှရေးအတွက် တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ဖြစ်သွားတဲ့အတွက် နောင်လာမယ့် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲကြရင် ဘယ်လို သက်ရောက်နိုင်ခြေတွေများ ရှိပါဦးမလဲ ခင်ဗျ။

ဦးကျော်ဇံသာ - “အများကြီး သက်ရောက်နိုင်မယ်လို့ ထင်ပါတယ်။ အစတုန်းကတော့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိအစိုးရ အထူးသဖြင့် သမ္မတ Donald Trump ရဲ့ COVID-19 ကို ကိုင်တွယ်တာကအစ အလွဲလွဲ အမှားမှား ပြောတာတွေနဲ့ ပတ်သက်ပြီးတော့ သူ့ကို တော်တော်လေး ထိုးနှက်နေကြပါတယ်။ နိုင်ငံရေးဆိုတော့ အခု ဒီကိစ္စနဲ့ပတ်သက်ပြီး သူကိုင်တွယ်တာကိုလည်း ထိုးနှက်စရာ ပြောစရာ အများကြီး ဖြစ်လာပါတယ်။ အထူးသဖြင့် အမေရိကန် စစ်တပ်အသိုင်းအဝိုင်းကဆိုရင် ကာကွယ်ရေးဝန်ကြီးကအစ၊ ကာကွယ်ရေးဝန်ကြီး အဟောင်းတွေရော၊ ဗိုလ်ချုပ်ကြီးဟောင်းတွေရော ဒါ မဖြစ်သင့်တဲ့ကိစ္စလို့ ပြောပါတယ်။ အခုနောက်ဆုံး ပြောလာတဲ့ ပုဂ္ဂိုလ်ကတော့ Colin Powell ဖြစ်ပါတယ်။ သူက တကယ်တမ်း ရီပတ်ဘလစ်ကန်ပါတီရဲ့ ဝန်ကြီးတယောက် ဖြစ်ခဲ့ပေမယ့်၊ အစိုးရရဲ့ ဝန်ကြီးတယောက် ဖြစ်ခဲ့ပေမယ့် အခုအခါမှာ ဒီမိုကရက် သမ္မတလောင်းဖြစ်တဲ့ Joe Biden ကို သူက ထောက်ခံမယ်လို့တောင်မှ ပြောသွားတယ်ဆိုတော့ နိုင်ငံရေးမှာလည်း အများကြီး အကျိုးသက်ရောက်မှု ရှိလာလိမ့်မယ်လို့ ထင်ရပါတယ်။”

ဒါကတော့ ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေနဲ့ အများပြည်သူ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းနဲ့ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲအပေါ် သက်ရောက်နိုင်ခြေတွေကို မေးမြန်းတင်ဆက်ခဲ့တာပါ။ ဖြေကြားပေးခဲ့တဲ့ အယ်ဒီတာ ဦးကျော်ဇံသာကိုလည်း ကျေးဇူးတင်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG