သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID ကူးစက်ခံ ရိုဟင်ဂျာတချို့ ထွက်ပြေးတိမ်းရှောင်

ကုတုပလောင် ဒုက္ခသည်စခန်းတွင်း ဈေးဝယ်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (မေ ၁၅၊ ၂၀၂၀)
ကုတုပလောင် ဒုက္ခသည်စခန်းတွင်း ဈေးဝယ်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (မေ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိထားတဲ့ လူနာတချို့ Quarantine ဝင်ရမှာစိုးလို့ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။ ကိုဗစ်ပိုး စမ်းသပ်တွေ့ရှိထားတဲ့ ရိုဟင်ဂျာ အနည်းဆုံး ၂ ဦး ထွက်ပြေးနေတာပါ။

ဘင်္ဂလားပင်လယ်အော်ထဲက လူသူဝေးတဲ့ Bhashan Char ကျွန်းကို အပို့ခံရမှာ စိုးတဲ့အတွက် အခုလို တိမ်းရှောင်နေတာ ဖြစ်တယ်လို့ စခန်းတွင်း ရပ်ရွာခေါင်းဆောင်တွေက ပြောပါတယ်။ ခုချိန်ထိတော့ ဒုက္ခသည်စခန်းထဲမှာ Quarantine လုပ်ထားတဲ့ ရိုဟင်ဂျာ ၁၆,၀၀၀ ရှိပြီး သူတို့ထဲက ၂၉ ဦးဆီမှာ ကိုဗစ်ပိုး တွေ့ရှိ အတည်ပြုထားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပေမယ့် ဒီဒုက္ခသည်တွေ ပြန်လာနိုင်ရေးကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတောာ့ COVID-19 ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ၂ ဦး ထပ်တွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၄၂ ယောက် ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ခွဲနမူနာ ၁,၂၀၀ ကို စစ်ဆေးခဲ့တဲ့အထဲက အိန္ဒိယနဲ့ ထိုင်းက ပြန်လာသူ ၂ ဦးဆီမှာ COVID-19 ရောဂါပိုး တွေ့ရှိတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ဆက်လက်ရင်ဆိုင်နေရတဲ့ အာရှနိုင်ငံတွေထဲက ဖိလစ်ပိုင်နိုင်ငံမှာတော့ တနင်္ဂနွေနေ့က အတည်ပြုလူနာသစ် ၅၅၅ ယောက်နဲ့ စုစုပေါင်း ၂၁,၀၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ တနင်္ဂနွေနေ့က သေဆုံးသူ ၉ ယောက်ရှိတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၁,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ မနေ့က အတည်ပြုလူနာသစ် ၈ ယောက် တွေ့ရတဲ့အတွက် ကူးစက်သူစုစုပေါင်း ၃,၁၀၀ ကျော်နဲ့ သေဆုံးသူ ၅၈ ယောက် ဖြစ်သွားပါတယ်။ ကူးစက်မှုအသစ်တွေဟာ UAE၊ ကူဝိတ်၊ အိန္ဒိယနိုင်ငံတွေက ပြန်လာသူတွေဆီမှာ တွေ့ရပါတယ်။ ပြည်တွင်းကူးစက်မှု မရှိတာ ၁၃ ရက်ဆက်တိုက် ရှိပြီလို့ ထိုင်း COVID-19 ထိန်းချုပ်ရေးစင်တာက ပြောပါတယ်။

COVID ကူးစက်ခံ ရိုဟင်ဂျာတချို့ ထွက်ပြေးတိမ်းရှောင်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)









This item is part of
XS
SM
MD
LG