သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ COVID-19 လူနာသစ် ၂ ဦး အတည်ပြု၊ စုစုပေါင်း ၂၄၂ ဦးရှိ


ရန်ကုန်မြို့မှာ လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပြီးနောက် စားသုံးနေသူအချို့။ (မေ ၁၈၊ ၂၀၂၀)
ရန်ကုန်မြို့မှာ လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပြီးနောက် စားသုံးနေသူအချို့။ (မေ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ၂ ယောက် ဒီနေ့ ထပ်တွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၄၂ ယောက် ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီနေ့ ဓာတ်ခွဲနမူနာ ၁,၂၀၀ ကို စစ်ဆေးခဲ့တာမှာ COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ ၂ ယောက် ထပ်တွေ့ခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၇ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၇ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်။

ဒီကနေ့တွေ့ရှိတဲ့ ၂ ယောက်စလုံးကတော့ ရောဂါပိုး ကူးစက်ခံထားရတဲ့ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိပေမယ့် ပြည်ပနိုင်ငံတွေကနေ ပြန်လာတဲ့သူတွေ ဖြစ်ကြပါတယ်။

ပထမတယောက်ကတော့ ရန်ကုန်တိုင်း တာမွေမြို့နယ်က အသက် ၅၈ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး သူဟာ အိန္ဒိယနိုင်ငံကနေ ပြန်လာပြီး ရောဂါပိုးရှိမရှိ စောင့်ကြည့်ခံထားရတဲ့လူနာ ဖြစ်ပါတယ်။ နောက်တဦးကတော့ မကွေးတိုင်း သရက်မြို့နယ်က အသက် ၃၆ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး သူကတော့ မကြာသေးခင်က ထိုင်းနိုင်ငံကနေ ပြန်လာပြီး အသွားအလာ ကန့်သတ်ခံထားရတဲ့သူ ဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာတွေထဲက ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ဘဲ ရောဂါပိုးကင်းစင်သူ ၁၅၆ ယောက်ရှိပြီး အဲဒီထဲက ၁၃၆ ယောက်ကို ဆေးရုံဆင်းခွင့် ပေးလိုက်ပြီးတော့ သတ်မှတ်ထားတဲ့ နေရာတွေမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်တာတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ ၆ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)








XS
SM
MD
LG