သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြမွာ ကိုဗစ္ေရာဂါကုဖို႔ ေဆးနဲ႔ အေထာက္အပံ့ေတြ လိုအပ္ေန


ကုတုပေလာင္ ဒုကၡသည္စခန္းတြင္း ေဈးဝယ္ေနၾကသည့္ ႐ုိဟင္ဂ်ာဒုကၡသည္မ်ား။ (ေမ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာရွိတဲ့ ႐ုိဟင္ဂ်ာ ဒုကၡသည္စခန္းေတြမွာ လာမယ့္သီတင္းပတ္ေတြနဲ႔ လေတြအတြင္း ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈႀကီး ျဖစ္ပြားခဲ့မယ္ဆုိရင္ ေရာဂါကုသဖို႔အတြက္ ၀န္ထမ္းေတြနဲ႔ ေဆးပစၥည္း အေထာက္အပံ့ေတြ လိုအပ္လာႏုိင္တယ္လို႔ ဒုကၡသည္စခန္းမွာ အကူအညီေပးေနတဲ့ လူသားခ်င္းစာနာမႈ အကူအညီေပးေရး အဖဲြ႔ေတြက ေျပာလိုက္ပါတယ္။ အဲဒီ လိုအပ္တဲ့ အေထာက္အပံ့ေတြ မရဘူးဆိုရင္ေတာ့ သူတုိ႔အေနနဲ႔လည္း ေရာဂါကူးစက္မႈ ျပင္းထန္ၿပီး အသက္ရွင္ဖို႔အတြက္ ကုသမႈလုပ္ဖုိ႔ လိုတဲ့လူကို ေရြးခ်ယ္ၿပီး ခဲြတမ္းနဲ႔ ကုသဖို႔ ဆုံးျဖတ္သြားရမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေတာင္ပိုင္းက Cox’s Bazaar ေဒသမွာ စုစုေပါင္း လူဦးေရ ၃ သန္းေက်ာ္ရွိၿပီး အဲဒီက ဒုကၡသည္စခန္းေတြမွာ ႐ုိဟင္ဂ်ာဒုကၡသည္ ၈၆၀,၀၀၀ ေလာက္ရွိတယ္လို႔ ကုလသမဂၢနဲ႔ လူသားစာနာမႈ အကူအညီေပး အဖြဲ႔ေတြက ေျပာထားပါတယ္။

ေသာၾကာေန႔ကအထိ စာရင္းေတြအရေတာ့ အဲဒီ ဒုကၡသည္စခန္းေတြမွာ COVID-19 ေရာဂါပိုး ကူးစက္ခံထားရသူ ၂၉ ေယာက္ရွိၿပီး ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁ ေယာက္ရွိတယ္လို႔ အတည္ျပဳထားပါတယ္။

က်န္းမာေရးအဖဲြ႔ေတြကေတာ့ ဒုကၡသည္စခန္းေတြမွာ ဗုိင္းရပ္စ္ကူးစက္မႈေတြ တုိးလာမယ့္ အေျခအေနအတြက္ ျပင္ဆင္ထားၿပီး ဒီဒုကၡသည္စခန္းေတြဟာ ဗုိင္းရပ္စ္ကူးစက္မႈေတြျဖစ္ဖို႔ အေကာင္းဆုံးအေနအထား ျဖစ္ေနတယ္လို႔ Save the Children အဖဲြ႔က Athena Rayburn က ေျပာပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပိုင္းမွာ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးေတြအတြင္း အဲဒီမွာရွိတဲ့ ႐ုိဟင္ဂ်ာ မြတ္စလင္ သိန္းနဲ႔ခ်ီၿပီး ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကို ထြက္ေျပးခဲ့ၾကတာ ျဖစ္ပါတယ္။ ျမန္မာအစိုးရကေတာ့ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကို အခုခ်ိန္ထိ အသိအမွတ္ျပဳမထားပါဘူး။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ရောဂါကုဖို့ ဆေးနဲ့ အထောက်အပံ့တွေ လိုအပ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ လာမယ့်သီတင်းပတ်တွေနဲ့ လတွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြီး ဖြစ်ပွားခဲ့မယ်ဆိုရင် ရောဂါကုသဖို့အတွက် ဝန်ထမ်းတွေနဲ့ ဆေးပစ္စည်း အထောက်အပံ့တွေ လိုအပ်လာနိုင်တယ်လို့ ဒုက္ခသည်စခန်းမှာ အကူအညီပေးနေတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေက ပြောလိုက်ပါတယ်။ အဲဒီ လိုအပ်တဲ့ အထောက်အပံ့တွေ မရဘူးဆိုရင်တော့ သူတို့အနေနဲ့လည်း ရောဂါကူးစက်မှု ပြင်းထန်ပြီး အသက်ရှင်ဖို့အတွက် ကုသမှုလုပ်ဖို့ လိုတဲ့လူကို ရွေးချယ်ပြီး ခွဲတမ်းနဲ့ ကုသဖို့ ဆုံးဖြတ်သွားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းက Cox’s Bazaar ဒေသမှာ စုစုပေါင်း လူဦးရေ ၃ သန်းကျော်ရှိပြီး အဲဒီက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည် ၈၆၀,၀၀၀ လောက်ရှိတယ်လို့ ကုလသမဂ္ဂနဲ့ လူသားစာနာမှု အကူအညီပေး အဖွဲ့တွေက ပြောထားပါတယ်။

သောကြာနေ့ကအထိ စာရင်းတွေအရတော့ အဲဒီ ဒုက္ခသည်စခန်းတွေမှာ COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ ၂၉ ယောက်ရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ ယောက်ရှိတယ်လို့ အတည်ပြုထားပါတယ်။

ကျန်းမာရေးအဖွဲ့တွေကတော့ ဒုက္ခသည်စခန်းတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာမယ့် အခြေအနေအတွက် ပြင်ဆင်ထားပြီး ဒီဒုက္ခသည်စခန်းတွေဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေဖြစ်ဖို့ အကောင်းဆုံးအနေအထား ဖြစ်နေတယ်လို့ Save the Children အဖွဲ့က Athena Rayburn က ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေအတွင်း အဲဒီမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အခုချိန်ထိ အသိအမှတ်ပြုမထားပါဘူး။

XS
SM
MD
LG