သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္က ရုိဟင္ဂ်ာဒုကၡသည္စခန္းေတြမွာ ကုိဗစ္ကူးစက္သူတုိးလာတာေၾကာင့္ စည္းကမ္း ပုိတင္းၾကပ္လာ


(Zawgyi/Unicode)

လူသိန္းခ်ီ စုၿပဳံေနထိုင္ရာ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြထဲ ကိုဗစ္၁၉ ေရာဂါပိုးေတြ႕ရွိမႈ ပိုမ်ားျပားလာတဲ့အတြက္ စခန္းတြင္း စည္းကမ္းေတြ ပိုတင္းက်ပ္လာလို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ စိုးရိမ္မႈေတြျမင့္တက္လာေနတဲ့အေၾကာင္းကို မ ဆုမြန္ ေျပာျပေပးမွာပါ။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ Cox's Bazar ေဒသက ႐ိုဟင္ဂ်ာစခန္းေတြထဲမွာ အခုဆိုရင္ေတာ့ ကိုဗစ္ ၁၉ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ အတည္ျပဳလူနာ ၂၉ ဦးအထိရွိလာေနၿပီး ဒုကၡသည္ ၁ေသာင္းငါးေထာင္ေက်ာ္ ကို Quarantine သီးျခားခြဲၿပီး ကန႔္သတ္ေစာင့္ၾကည့္ေန တယ္လို႔ ေကာ့ဇ္ဘဇားခ႐ိုင္ ေဒသဆိုင္ရာအႀကီးတန္းက်န္းမာေရးအရာရွိ Toha Bhuiyan က AFP သတင္းဌာနကို အတည္ျပဳေျပာဆို ထားပါတယ္။

အခုလိုကိုဗစ္၁၉ ေရာဂါကူးစက္သူေတြပိုမ်ားလာတာေၾကာင့္ သူတိုနဲ႔နီးစပ္သူ မိသားစုေတြကို သီးျခားခြဲေစာင့္ၾကည့္ေနၿပီ းဒုကၡသည္ေတြၾကားမွာ စိုးရိမ္မႈေတြပိုတိုးလာေနပါတယ္။ ေကာဇ္ဘဇားခ႐ိုင္ ဘာလုခါေလဒုကၡသည္စခန္းတြင္း ကိုဗစ္ ၁၉ က်န္းမာေရးပညာေပးလႈပ္ရွားမႈေတြမွာ ေစတနာ့ဝန္ထမ္းပါဝင္သူ ႐ိုဟင္ဂ်ာလူငယ္အသင္း လူငယ္တာဝန္ခံလည္းျဖစ္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ Ali JinnahHussin က ဒုကၡသည္စခန္းတြင္း ေရာဂါပိုးေတြ႕ရွိတဲ့ အေျခအေနနဲ႔ မိသားစုဝင္ေတြကို က်န္းမာေရးေစာင့္ေရွာက္မႈေပးေနတဲ့အေနအထားေတြကို သူသိသေလာက္ေျပာျပပါတယ္။

" ေလာေလာဆယ္အထိကေတာ့ ဒီမွာ ကူးစက္သူစုစုေပါင္း ၂၀ေက်ာ္ရွိတယ္လို႔ က်ေနာ္တို႔ၾကားရပါတယ္။ အဲ့ဒီ့ ကူးခံရသူေတြအားလုံးရဲ႕မိသားစုေတြက Quarantine ဝင္ရၿပီး အခု MSF ကေန အဲ့ဒီ့မိသားစုေတြကို အကုန္စုစည္းထားၿပီး က်န္းမာေရးေစာင့္ေရွာက္မႈေပးေနတယ္လို႔ ၾကားရတာပါ။ဒီမွာ ဒုကၡသည္စခန္းေတြထဲမွာMSF ရယ္IOMရယ္ UNHCR ရယ္က ဒုကၡသည္စခန္းအတြင္းမွာIsolation Center ေတြဖြင့္ထားပါတယ္။ အဲ့ဒီ့ Isolation Center စင္တာေတြထဲမွာ သူတို႔ကို Quarantineလုပ္ထားတယ္လို႔ၾကားရပါတယ္။။ အဲ့ဒီ့ကူးစက္ခံရသူေတြရဲ႕ မိသားစု အိမ္ေတြ အနီးအေဝးမွာရွိတဲ့သူေတြကိုလည္း က်န္းမာေရး လိုက္နာဖို႔ ၫႊန္ၾကားတယ္ အဲ့တာကိုလည္း လိုက္နာၾကတယ္လို႔ ၾကားရပါတယ္။ဒီမွာရွိတဲ့ က်ေနာ္တို ႔႐ိုဟင္ဂ်ာCivil Society လူမႈအဖြဲ႕အစည္းေတြ ဘက္ကလည္း ကိုဗစ္ကာကြယ္ေရးပညာေပးတာ တတ္ႏိုင္သေလာက္ဝိုင္းလုပ္ေပးေနၾကပါတယ္။ ဒါေပမဲ့ ဒီလို တတ္ႏိုင္သေလာက္ လုပ္ေနေပမဲ့ က်ေနာ္တို႔ေတြက ေနရတာ က်ပ္ညပ္ေနေတာ့ က်ေနာ္တို႔ရဲ႕ လႈံ႕ေဆာ္မႈေတြက အရမ္းအသုံးက်မယ္လို ႔မယူဆဘူး။ လူဦးေရကလည္း အရမ္းထူထပ္ေနေတာ့ ေရာဂါတကယ္ျဖစ္လာရင္ ကာကြယ္ႏိုင္ဖို႔ ကယ္ဆယ္ဖို႔ဆိုတာ က်ေနာ္တို႔ေတြ အရမ္းကို စိုးရိမ္စရာပါ။"

လူဦးေရသိန္းခ်ီႁပြတ္သိပ္က်ပ္ညပ္ေနထိုင္ေနတဲ့စခန္းေတြထဲမွာ ခိုလႈံေနၾကရတဲ့အတြက္ လူတဦးနဲ႔တဦးၾကား ခပ္ခြာခြာေနထိုင္ဖို႔နဲ႔ကိုဗစ္၁၉ ကူးစက္မႈကို လုံေလာက္တဲ့ပညာေပးမႈေတြနဲ႔ ကာကြယ္ႏိုင္ပါ့မလားလို႔ စိုးရိမ္ေနၾကရတယ္လို႔ ဘာလုခါလီစခန္းႀကီးနားက ဂ်န္သူေလဒုကၡသည္စခန္းေန ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေမာင္ေက်ာ္ျမင့္က ေျပာပါတယ္။

"ကိုဗစ္က အမ်ားႀကီးကိုေတြ႕ေနပါတယ္။ အခုက NGOေတြဘက္က Isolation Center တို႔ Quarantine စင္တာတို႔ လုပ္ေပးေနတာေတြရွိပါတယ္ခင္ဗ်ာ။ ဒါေပမဲ့ စိတ္လည္းစိတ္ပူပါတယ္ခင္ဗ်။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီမွာက အရမ္းလူက ထူထပ္ေနတာ ဆိုေတာ့ ကိုဗစ္ေတြ႕တဲ့ေနရာကို အစိုးရနဲ႔NGO ဘက္က အစီအစဥ္ေတြ လုပ္ထားတာေတြ လုပ္ထားတယ္ ဒါေပမဲ့ ဒီမွာက လူေတြက လိုက္နာတာမရွိဘူးခင္ဗ်။အခုက စည္းကမ္းခ်က္ေတြ ထုတ္ထားတယ္ ကမ့္ထဲကေန အျပင္ထြက္လို႔မရဘူး။ ကမ့္ထဲမွာ လူစူလူေဝး မလုပ္ဘူး ေက်ာင္းေတြ ေဈးေတြ ဗလီေတြ အာရဗီေက်ာင္းတို႔ ဖြင့္လို႔မရဘူး။ အဓိကကေတာ့ ကြန္ျမဴနတီကို ပညာေပးမွရမယ္။ ကြန္ျမဴနတီကို ကိုဗစ္၁၉ ကာကြယ္ဖို႔ လိုအပ္တဲ့ပစၥည္းေတြ ကူေပးရမယ္။ တကယ္လို႔မ်ား ကိုဗစ္ပ်ံ႕သြားမွာကို က်ေနာ္တို႔ တကယ္ကို တအားစိတ္ပူတယ္။"

ကုတုပေလာင္ဒုကၡသည္စခန္းက ဦးအီစလံကေတာ့ ဒုကၡသည္စခန္းတခုနဲ႔ တခုၾကား အသြားအလာ ပိတ္ပင္တားဆီးထားတာ အင္တာနက္ ပိတ္ပင္ထားတာေၾကာင့္ ကိုဗစ္၁၉ နဲ႔ပတ္သက္ၿပီး လုံေလာက္တဲ့ သတင္းအခ်က္အလက္မရတဲ့အေပၚမွာ စိုးရိမ္မႈေတြရွိပါတယ္။

"အခု ဘဂၤလားဘက္က က်ေနာ္တို႔စခန္းေတြထဲ လူေပါင္း ၂၀ေက်ာ္ ေရာဂါပိုးေတြ႕ရွိတယ္လို႔ေၾကညာခ်က္ထုတ္တယ္ စည္းကမ္းေတြလည္း ေတာ္ေတာ္ေလးၾကပ္မတ္ေနတာေတြ႕ရပါတယ္။ အခုက ကုတုပေလာင္ စခန္းထဲမွာ Quarantine စင္တာကို MSFက စီစဥ္ထားတာေတြ႔ရပါတယ္။ ေနာက္IOMကလည္း စီစဥ္ေပးထားတယ္။ အခုက အင္တာနက္လိုင္းေတြကလည္း မရွိ ေနာက္ စခန္းတခုနဲ႔တခုၾကား အသြားအလာလည္း ဒီေလာက္မလုပ္ႏိုင္ဘူးဆိုေတာ့ က်ေနာ္တို႔က သတင္းအခ်က္အလက္ရဖို႔ အေတာ္ေလး အခက္အခဲျဖစ္ေနပါတယ္။ အဖြဲ႕အစည္းေတြက ထုတ္ျပန္ခ်က္ကိုပဲ က်ေနာ္တို႔ေစာင့္ေနရတာပါ။ ႏိုင္ငံတကာအဖြဲ႕အစည္းေရာ ကုလသမဂၢေရာ အျမန္ဆုံး ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ အဓိက က်န္းမာေရးပိုင္းဆိုင္ရာေပါ့ ဒါကို အျမန္ဆုံးကာကြယ္ေစာင့္ေရွာက္မႈ မလုပ္ဘူးဆိုရင္ ေနာက္က်ရင္ အမ်ားႀကီးျဖစ္လာမွာကို အင္မတန္မွ စိုးရိမ္ေနၾကပါတယ္။"

အခုအခ်ိန္အထိကေတာ့ ႐ိုဟင္ဂ်ာစခန္းတြင္း ကူးစက္မႈ ၃၀ နီးပါးအပါအဝင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတဝွမ္း ကိုဗစ္၁၉ ကူးစက္သူေပါင္း သုံးေသာင္းခြဲေက်ာ္သြားၿပီျဖစ္ၿပီး ကိုဗစ္ေၾကာင့္ ေသဆုံးသူက ၅၀၀ေက်ာ္ေနၿပီျဖစ္ပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္ခံမထားတဲ့ျမန္မာအစိုးရဘက္ကေတာ့ ဒုကၡသည္ေတြျပန္လက္ခံဖို႔ အစီအစဥ္ ေတြလုပ္ထားပါတယ္။ ဒါေပမယ့္လည္း COVID-19 ဗိုင္းရပ္ေရာဂါကူးစက္မႈ ကာကြယ္တဲ့အေနနဲ႔ ဘဂၤလားေဒ့ရွ္နယ္စပ္ကို ဧၿပီလဆန္းကစၿပီး ယာယီပိတ္ထားတယ္လို႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ စည္ပင္သာယာေရးဝန္ႀကီးက ဗြီအိုေအျမန္မာပိုင္းကိုေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကူးစက်သူတိုးလာတာကြောင့် စည်းကမ်း ပိုတင်းကြပ်လာ
(Unicode)

လူသိန်းချီ စုပြုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲ ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိမှု ပိုများပြားလာတဲ့အတွက် စခန်းတွင်း စည်းကမ်းတွေ ပိုတင်းကျပ်လာလို့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ စိုးရိမ်မှုတွေမြင့်တက်လာနေတဲ့အကြောင်းကို မ ဆုမွန် ပြောပြပေးမှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ဒေသက ရိုဟင်ဂျာစခန်းတွေထဲမှာ အခုဆိုရင်တော့ ကိုဗစ် ၁၉ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာ ၂၉ ဦးအထိရှိလာနေပြီး ဒုက္ခသည် ၁သောင်းငါးထောင်ကျော် ကို Quarantine သီးခြားခွဲပြီး ကန့်သတ်စောင့်ကြည့်နေ တယ်လို့ ကော့ဇ်ဘဇားခရိုင် ဒေသဆိုင်ရာအကြီးတန်းကျန်းမာရေးအရာရှိ Toha Bhuiyan က AFP သတင်းဌာနကို အတည်ပြုပြောဆို ထားပါတယ်။

အခုလိုကိုဗစ်၁၉ ရောဂါကူးစက်သူတွေပိုများလာတာကြောင့် သူတိုနဲ့နီးစပ်သူ မိသားစုတွေကို သီးခြားခွဲစောင့်ကြည့်နေပြီ းဒုက္ခသည်တွေကြားမှာ စိုးရိမ်မှုတွေပိုတိုးလာနေပါတယ်။ ကောဇ်ဘဇားခရိုင် ဘာလုခါလေဒုက္ခသည်စခန်းတွင်း ကိုဗစ် ၁၉ ကျန်းမာရေးပညာပေးလှုပ်ရှားမှုတွေမှာ စေတနာ့ဝန်ထမ်းပါဝင်သူ ရိုဟင်ဂျာလူငယ်အသင်း လူငယ်တာဝန်ခံလည်းဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည် Ali JinnahHussin က ဒုက္ခသည်စခန်းတွင်း ရောဂါပိုးတွေ့ရှိတဲ့ အခြေအနေနဲ့ မိသားစုဝင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့အနေအထားတွေကို သူသိသလောက်ပြောပြပါတယ်။

" လောလောဆယ်အထိကတော့ ဒီမှာ ကူးစက်သူစုစုပေါင်း ၂၀ကျော်ရှိတယ်လို့ ကျနော်တို့ကြားရပါတယ်။ အဲ့ဒီ့ ကူးခံရသူတွေအားလုံးရဲ့မိသားစုတွေက Quarantine ဝင်ရပြီး အခု MSF ကနေ အဲ့ဒီ့မိသားစုတွေကို အကုန်စုစည်းထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ ကြားရတာပါ။ဒီမှာ ဒုက္ခသည်စခန်းတွေထဲမှာMSF ရယ်IOMရယ် UNHCR ရယ်က ဒုက္ခသည်စခန်းအတွင်းမှာIsolation Center တွေဖွင့်ထားပါတယ်။ အဲ့ဒီ့ Isolation Center စင်တာတွေထဲမှာ သူတို့ကို Quarantineလုပ်ထားတယ်လို့ကြားရပါတယ်။။ အဲ့ဒီ့ကူးစက်ခံရသူတွေရဲ့ မိသားစု အိမ်တွေ အနီးအဝေးမှာရှိတဲ့သူတွေကိုလည်း ကျန်းမာရေး လိုက်နာဖို့ ညွှန်ကြားတယ် အဲ့တာကိုလည်း လိုက်နာကြတယ်လို့ ကြားရပါတယ်။ဒီမှာရှိတဲ့ ကျနော်တို့ရိုဟင်ဂျာCivil Society လူမှုအဖွဲ့အစည်းတွေ ဘက်ကလည်း ကိုဗစ်ကာကွယ်ရေးပညာပေးတာ တတ်နိုင်သလောက်ဝိုင်းလုပ်ပေးနေကြပါတယ်။ ဒါပေမဲ့ ဒီလို တတ်နိုင်သလောက် လုပ်နေပေမဲ့ ကျနော်တို့တွေက နေရတာ ကျပ်ညပ်နေတော့ ကျနော်တို့ရဲ့ လှုံ့ဆော်မှုတွေက အရမ်းအသုံးကျမယ်လို့မယူဆဘူး။ လူဦးရေကလည်း အရမ်းထူထပ်နေတော့ ရောဂါတကယ်ဖြစ်လာရင် ကာကွယ်နိုင်ဖို့ ကယ်ဆယ်ဖို့ဆိုတာ ကျနော်တို့တွေ အရမ်းကို စိုးရိမ်စရာပါ။"

လူဦးရေသိန်းချီပြွတ်သိပ်ကျပ်ညပ်နေထိုင်နေတဲ့စခန်းတွေထဲမှာ ခိုလှုံနေကြရတဲ့အတွက် လူတဦးနဲ့တဦးကြား ခပ်ခွာခွာနေထိုင်ဖို့နဲ့ကိုဗစ်၁၉ ကူးစက်မှုကို လုံလောက်တဲ့ပညာပေးမှုတွေနဲ့ ကာကွယ်နိုင်ပါ့မလားလို့ စိုးရိမ်နေကြရတယ်လို့ ဘာလုခါလီစခန်းကြီးနားက ဂျန်သူလေဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်ကျော်မြင့်က ပြောပါတယ်။

"ကိုဗစ်က အများကြီးကိုတွေ့နေပါတယ်။ အခုက NGOတွေဘက်က Isolation Center တို့ Quarantine စင်တာတို့ လုပ်ပေးနေတာတွေရှိပါတယ်ခင်ဗျာ။ ဒါပေမဲ့ စိတ်လည်းစိတ်ပူပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက အရမ်းလူက ထူထပ်နေတာ ဆိုတော့ ကိုဗစ်တွေ့တဲ့နေရာကို အစိုးရနဲ့NGO ဘက်က အစီအစဉ်တွေ လုပ်ထားတာတွေ လုပ်ထားတယ် ဒါပေမဲ့ ဒီမှာက လူတွေက လိုက်နာတာမရှိဘူးခင်ဗျ။အခုက စည်းကမ်းချက်တွေ ထုတ်ထားတယ် ကမ့်ထဲကနေ အပြင်ထွက်လို့မရဘူး။ ကမ့်ထဲမှာ လူစူလူဝေး မလုပ်ဘူး ကျောင်းတွေ ဈေးတွေ ဗလီတွေ အာရဗီကျောင်းတို့ ဖွင့်လို့မရဘူး။ အဓိကကတော့ ကွန်မြူနတီကို ပညာပေးမှရမယ်။ ကွန်မြူနတီကို ကိုဗစ်၁၉ ကာကွယ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ ကူပေးရမယ်။ တကယ်လို့များ ကိုဗစ်ပျံ့သွားမှာကို ကျနော်တို့ တကယ်ကို တအားစိတ်ပူတယ်။"

ကုတုပလောင်ဒုက္ခသည်စခန်းက ဦးအီစလံကတော့ ဒုက္ခသည်စခန်းတခုနဲ့ တခုကြား အသွားအလာ ပိတ်ပင်တားဆီးထားတာ အင်တာနက် ပိတ်ပင်ထားတာကြောင့် ကိုဗစ်၁၉ နဲ့ပတ်သက်ပြီး လုံလောက်တဲ့ သတင်းအချက်အလက်မရတဲ့အပေါ်မှာ စိုးရိမ်မှုတွေရှိပါတယ်။

"အခု ဘင်္ဂလားဘက်က ကျနော်တို့စခန်းတွေထဲ လူပေါင်း ၂၀ကျော် ရောဂါပိုးတွေ့ရှိတယ်လို့ကြေညာချက်ထုတ်တယ် စည်းကမ်းတွေလည်း တော်တော်လေးကြပ်မတ်နေတာတွေ့ရပါတယ်။ အခုက ကုတုပလောင် စခန်းထဲမှာ Quarantine စင်တာကို MSFက စီစဉ်ထားတာတွေ့ရပါတယ်။ နောက်IOMကလည်း စီစဉ်ပေးထားတယ်။ အခုက အင်တာနက်လိုင်းတွေကလည်း မရှိ နောက် စခန်းတခုနဲ့တခုကြား အသွားအလာလည်း ဒီလောက်မလုပ်နိုင်ဘူးဆိုတော့ ကျနော်တို့က သတင်းအချက်အလက်ရဖို့ အတော်လေး အခက်အခဲဖြစ်နေပါတယ်။ အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်ကိုပဲ ကျနော်တို့စောင့်နေရတာပါ။ နိုင်ငံတကာအဖွဲ့အစည်းရော ကုလသမဂ္ဂရော အမြန်ဆုံး ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အဓိက ကျန်းမာရေးပိုင်းဆိုင်ရာပေါ့ ဒါကို အမြန်ဆုံးကာကွယ်စောင့်ရှောက်မှု မလုပ်ဘူးဆိုရင် နောက်ကျရင် အများကြီးဖြစ်လာမှာကို အင်မတန်မှ စိုးရိမ်နေကြပါတယ်။"

အခုအချိန်အထိကတော့ ရိုဟင်ဂျာစခန်းတွင်း ကူးစက်မှု ၃၀ နီးပါးအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝှမ်း ကိုဗစ်၁၉ ကူးစက်သူပေါင်း သုံးသောင်းခွဲကျော်သွားပြီဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးသူက ၅၀၀ကျော်နေပြီဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံမထားတဲ့မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေပြန်လက်ခံဖို့ အစီအစဉ် တွေလုပ်ထားပါတယ်။ ဒါပေမယ့်လည်း COVID-19 ဗိုင်းရပ်ရောဂါကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဧပြီလဆန်းကစပြီး ယာယီပိတ်ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက ဗွီအိုအေမြန်မာပိုင်းကိုပြောဆိုထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG