(Zawgyi/ Unicode)
ICJ တရား႐ုံးကို ျမန္မာက အစီရင္ခံစာတင္သြင္းတာဟာ ႏိုင္ငံတကာကို ဟန္ျပသက္သက္လုပ္ေဆာင္တာ ျဖစ္ၿပီး လက္ေတြ႕ေျမျပင္မွာ ႐ိုဟင္ဂ်ာေတြရဲ႕ အေျခအေနဟာ ေျပာင္းလဲမႈမရွိေသးေၾကာင္း ႏိုင္ငံတကာလူ႔အခြင့္အေရး အဖြဲ႕ေတြက ေဝဖန္လိုက္ပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က ဆက္လက္ေျပာျပမွာပါ။
႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုန္းသတ္ျဖတ္မႈကေန အကာအကြယ္ေပးေရး ၾကားျဖတ္အေရးေပၚစီမံခ်က္ ေလးရပ္ကို ျမန္မာအစိုးရအေနနဲ႔ လိုက္နာေဆာင္႐ြက္ဖို႔ ကုလသမဂၢတရား႐ုံးုျဖစ္တဲ့ ICJ ကေန ဇန္နဝါရီလက အမိန႔္ခ်မွတ္ခဲ့ပါတယ္။ ေလးလျပည့္ ပထမဆုံး အစီရင္ခံစာကို ျမန္မာအစိုးရက ေမလ ၂၃ ရက္ေန႔က ICJ ကို တင္သြင္းခဲ့ေပမယ့္ အမ်ားျပည္သူေအာင္ သိေအာင္ ထုတ္ျပန္ျခင္းမရွိခဲ့ပါဘူး။
ျမန္မာရဲ႕ အစီရင္ခံစာမွာ ဘာေတြပါသလဲဆိုတာ အတိအက် မသိရေသးေပမဲ့ လက္ေတြ႕ေျမျပင္က အေျခအေနကိုၾကည့္ရင္ ရခိုင္ျပည္နယ္မွာ ႐ိုဟင္ဂ်ာေတြရဲ႕ အေျခအေန ဘာမွ ေျပာင္းလဲမႈ မရွိေသးဘူးလို႔ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ ႏိုင္ငံတကာ တရားမွ်တမႈအစီစဥ္ တြဲဖက္ ၫြန္ၾကားေရးမႉး Param-Preet Singh က ဗြီအိုေအကို ေျပာပါတယ္။
"က်မတို႔ HRW အဖြဲ႕ႀကီးအေနနဲ႔ ေျမျပင္က အေျခအေနကို ၾကည့္ၿပီးေျပာရရင္ အေျခအေနေတြ ဘာမွ မေျပာင္းလဲေသးပါဘူး။ COVID-19 ကပ္ေရာဂါ အေျခအေနကို အေၾကာင္းျပၿပီး ႐ိုဟင္ဂ်ာေတြအေပၚ ဖိႏွိပ္မႈေတြ ေနာက္ထပ္လုပ္ဖို႔ အခြင့္အလမ္း ဖန္တီးလိုက္သလိုမ်ိဳးလည္း ျဖစ္ေနပါတယ္။"
ေမး။။ ဒါေပမယ့္ ျမန္မာအစိုးရဘက္က ICJ တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္အတိုင္း အစီရင္ခံစာ တင္သြင္းတာကိုၾကည့္ရင္ တရားရဲ႕အမိန႔္ကို လိုက္နာအေကာင္အထည္ေဖၚေနတဲ့သေဘာမ်ိဳး၊ ပူးေပါင္းေဆာင္႐ြက္ေနတာမ်ိဳး၊ အေျပာင္းအလဲ လုပ္တယ္ ဆိုတဲ့ အေကာင္းျမင္စရာ အေၾကာင္းေရာ မရွိဘူးလား။
Param-Preet Singh ။ ။ ဒီအပိုင္းမွာေတာ့ အေကာင္းျမင္စရာ အေၾကာင္းမရွိဘူးလို႔ပဲ က်မအေနနဲ႔ ေျဖရမွာပါ။ ICJ တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္အတိုင္း လိုက္နာပါတယ္ဆိုၿပီး ဟန္ျပသက္သက္ႀကိဳးစားတဲ့ ကိစၥတခုတည္းမဟုတ္ပါဘူး။ျမန္မာႏိုင္ငံမွာ သမၼတရဲ႕ တိုက္႐ိုက္အမိန႔္လမ္းၫြန္ခ်က္ ေတာ္ေတာ္မ်ားမ်ား ထုတ္ျပန္ခဲ့ပါတယ္။ တခုက လူမ်ိဳးတုန္းသတ္ျဖတ္မႈ ကာကြယ္ေရးရည္႐ြယ္တာ၊ ေနာက္တခုက သက္ေသအေထာက္အထားေတြကို ထိန္းသိမ္းဖို႔နဲ႔ ေနာက္ဆုံးတခုကေတာ့ အမုန္းစကားပြားမ်ားမႈကို မလုပ္ဖို႔ တားျမစ္တာ စတာေတြျဖစ္ပါတယ္။ အခုလို သမၼတရဲ႕ ၫြန္ၾကားခ်က္ေတြဟာ ဇန္နဝါရီလက ICJ တရား႐ုံးက ခ်မွတ္ထားတဲ့ အမိန႔္ေတြအတိုင္းပါပဲ။ အေရးႀကီးဆုံးေမးခြန္းက ဒီလို ၫြန္ၾကားခ်က္ေတြဟာ စာ႐ြက္စာတမ္းေတြပဲလား။ တကယ့္လက္ေတြ႕မွာဘာလုပ္သလဲ ဆိုတာပါ။ ဒီအဆင့္မွာေတာ့ တကယ္လုပ္ေဆာင္ ေနတယ္ဆိုတာကို ေျပာဖို႔ ခက္ခဲပါတယ္။ ဟန္ျပသက္သက္လုပ္ေနတယ္လို႔ပဲ ေျပာရမွာပါ။
႐ိုဟင္ဂ်ာေတြအေပၚ ဆန႔္က်င္တဲ့ လူမ်ိဳးတုန္းသတ္ျဖတ္မႈ ဆိုတဲ့ေနရာမွာ ၂၀၁၇၊ ၂၀၁၆ ဒါမွမဟုတ္ ၂၀၁၂ မွာ ျဖစ္ခဲ့တဲ့ အၾကမ္းဖက္ဖိႏွိပ္မႈသက္သက္ကို ဆိုလိုတာမဟုတ္ပဲ၊ ဆယ္စုႏွစ္ ေလးစုအတြင္း တိုင္းျပည္မွာ ႐ိုဟင္ဂ်ာအသိုင္းအဝိုင္းကို ဖ်က္စီးခဲ့တဲ့ အေၾကာင္းအရင္းေတြကို ဆိုလိုတာျဖစ္တယ္လို႔ Param-Preet Singh က ေျပာပါတယ္။ အခုခ်ိန္ထိ ျပည္တြင္း ဒုကၡသည္စခန္းေတြမွာ မြတ္စလင္ဒုကၡသည္ေပါင္း တသိန္းေက်ာ္ ဆက္ၿပီးရွိေနဆဲျဖစ္သလို၊ စခန္းေတြကေန အျပင္ထြက္ခြင့္ကိုလည္း ကန႔္သတ္ထိန္းခ်ဳပ္ထားတာေၾကာင့္ အက်ဥ္းစခန္းသေဘာမ်ိဳးျဖစ္ေနတယ္လို႔ သူက ေဝဖန္ေထာက္ျပခဲ့ပါတယ္။
ျမန္မာဘက္ကၾကားျဖတ္ စီမံေဆာင္႐ြက္ခ်က္ေတြနဲ႔ ပတ္သက္လို႔ ICJ ကို တင္သြင္းထားတဲ့ အစီရင္ခံစာကို အမ်ားျပည္သူသိေအာင္ ထုတ္ျပန္ျခင္းမရွိတဲ့အတြက္ သူတို႔ အေရးကိစၥျဖစ္တာေၾကာင့္ သိပိုင္ခြင့္ရွိတယ္လို႔ ၿဗိတိန္အေျခစိုက္ ျမန္မာ႐ိုဟင္ဂ်ာအဖြဲ႕ ဥကၠဌ ဦးထြန္းခင္ က ဗြီအိုေအကို ေျပာပါတယ္။
"က်ေနာ္တို႔ တရားစီရင္ေရးနဲ႔ ပတ္သက္လို႔ျမန္မာအစိုးရနဲ႔ ဂမ္ဘီယာတို႔ ဘာေတြလုပ္ေနလဲ ဆိုတာ က်ေနာ္တို႔ သိဖို႔ လိုအပ္တယ္။ အဲဒါကေတာ့ က်ေနာ္တို႔ သိပိုင္ခြင့္ရွိတဲ့အေလ်ာက္ အစီရင္ခံစာကို အမ်ားသိေအာင္ ထုတ္ျပန္ဖို႔ က်ေနာ္တို႔က တိုက္တြန္းေနတာပါ။"
လက္ရွိ ရခိုင္ျပည္နယ္မွာရွိေနတဲ့ ႐ိုဟင္ဂ်ာေတြရဲ႕ အေျခအေနဟာလည္းအသက္ေမြးဝမ္းေက်ာင္းခြင့္ မရတဲ့အျပင္ က်န္းမာေရးလိုအပ္ခ်က္ေတြအတြက္ ေဆးဝါး ကုသခြင့္မရသလို၊ ပညာသင္ၾကားခြင့္ကိုလည္း ကန႔္သတ္ထားဆဲျဖစ္တယ္လို႔ ဦးထြန္းခင္က ေျပာပါတယ္။
" အထူးသျဖင့္ ျပည္တြင္းထဲမွာရွိေနတဲ့ IDP အတင္းအဓမၼ အိုးအိမ္ေ႐ႊ႕ေျပာင္းခံရသူေတြရဲ႕ စခန္းေတြမွာရွိေနတဲ့ ႐ိုဟင္ဂ်ာေတြဟာ အခုခ်ိန္ထိ မူလ သူတို႔ ေနရာေဒသ ေနအိမ္ေတြကို ျပန္ခြင့္မရေသးဘူး။ အထူးသျဖင့္ စစ္ေတြမွာဆိုရင္ ေဈးႀကီးကိုလည္း သြားလို႔ မရဘူး။ ေဆး႐ုံႀကီး ကိုလည္း သြားလို႔မရဘူး။ ေက်ာင္းသားေတြလည္း ေက်ာင္းတက္လို႔ မရဘူး။ ရခိုင္ျပည္ ေျမာက္ပိုင္းမွာဆိုရင္လည္း ဒီေန႔ထက္ထိ ႐ိုဟင္ဂ်ာေတြဟာ တ႐ြာကေန တ႐ြာသြားဖို႔ ဆိုရင္ အကန႔္အသတ္နဲ႔ လုပ္ထားတယ္။ သူတို႔လယ္ယာေျမေတြမွာ လယ္ယာထြန္လို႔ မရဘူး။ ေျမျပင္အေျခအေနကို ၾကည့္ျခင္းအားျဖင့္ ျမန္မာအစိုးရေရာ၊ စစ္တပ္ပါ ဘာတခုမွ ၾကားျဖတ္အစီရင္ခံစာနဲ႔ ပတ္သက္လို႔ အေကာင္အထည္ေဖၚခဲ့တာ မရွိဘူး။"
ဒီအေတာအတြင္း ႏိုင္ငံတကာ ဥပေဒပညာရွင္ အဖြဲ႕ျဖစ္တဲ့ the International Commission of Jurists (ICJ) အဖြဲ႕ႀကီးကလည္း ျမန္မာအေနနဲ႔ ICJ ႏိုင္ငံတကာတရား႐ုံးက ခ်မွတ္ထားတဲ့ၾကားျဖတ္အေရးယူစီမံခ်က္ေတြနဲ႔ အညီ ေဆာင္႐ြက္ႏိုင္ဖို႔ဆိုရင္ ျပည္တြင္းမွာ ဥပေဒဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္သင့္ၿပီး ႏိုင္ငံတကာ တာဝန္ခံမႈ လုပ္ငန္းစဥ္ေတြနဲ႔လည္း ပူးေပါင္းေဆာင္႐ြက္သင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
႐ိုဟင္ဂ်ာ ဆိုတဲ့ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ICJ ရဲ႕ ဆုံးျဖတ္ခ်က္ျဖစ္တဲ့ ၾကားျဖတ္အေရးယူစီမံခ်က္ ၄ ခ်က္ကို အေကာင္အထည္ေဖၚေနေၾကာင္း ေလးလျပည့္ ပထမဆုံး အစီရင္ခံစာကို ေမလ ၂၃ ရက္ စေနေန႔က တင္သြင္းခဲ့ၿပီးျဖစ္ပါတယ္။ ဒီအစီရင္ခံစာကို အမ်ားျပည္သူသိေအာင္ ထုတ္ျပန္ျခင္းမရွိေပမယ့္ ICJ တရား႐ုံးဘက္က ထုတ္ျပန္ခ်က္ေတြကိုသာ ေစာင့္ၾကည့္ဖို႔ ျမန္မာအစိုးရတာဝန္ရွိသူတဦးက ဗြီအိုေအကို ေျပာပါတယ္။
..............
ရခိုင်က ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုမရှိသေးကြောင်း လူ့အခွင့်အရေးအဖွဲ့တွေ ထောက်ပြ
(Unicode)
ICJ တရားရုံးကို မြန်မာက အစီရင်ခံစာတင်သွင်းတာဟာ နိုင်ငံတကာကို ဟန်ပြသက်သက်လုပ်ဆောင်တာ ဖြစ်ပြီး လက်တွေ့မြေပြင်မှာ ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ ပြောင်းလဲမှုမရှိသေးကြောင်း နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်လက်ပြောပြမှာပါ။
ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုကနေ အကာအကွယ်ပေးရေး ကြားဖြတ်အရေးပေါ်စီမံချက် လေးရပ်ကို မြန်မာအစိုးရအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ ကုလသမဂ္ဂတရားရုံးုဖြစ်တဲ့ ICJ ကနေ ဇန်နဝါရီလက အမိန့်ချမှတ်ခဲ့ပါတယ်။ လေးလပြည့် ပထမဆုံး အစီရင်ခံစာကို မြန်မာအစိုးရက မေလ ၂၃ ရက်နေ့က ICJ ကို တင်သွင်းခဲ့ပေမယ့် အများပြည်သူအောင် သိအောင် ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။
မြန်မာရဲ့ အစီရင်ခံစာမှာ ဘာတွေပါသလဲဆိုတာ အတိအကျ မသိရသေးပေမဲ့ လက်တွေ့မြေပြင်က အခြေအနေကိုကြည့်ရင် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေရဲ့ အခြေအနေ ဘာမှ ပြောင်းလဲမှု မရှိသေးဘူးလို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ နိုင်ငံတကာ တရားမျှတမှုအစီစဉ် တွဲဖက် ညွန်ကြားရေးမှူး Param-Preet Singh က ဗွီအိုအေကို ပြောပါတယ်။
"ကျမတို့ HRW အဖွဲ့ကြီးအနေနဲ့ မြေပြင်က အခြေအနေကို ကြည့်ပြီးပြောရရင် အခြေအနေတွေ ဘာမှ မပြောင်းလဲသေးပါဘူး။ COVID-19 ကပ်ရောဂါ အခြေအနေကို အကြောင်းပြပြီး ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ နောက်ထပ်လုပ်ဖို့ အခွင့်အလမ်း ဖန်တီးလိုက်သလိုမျိုးလည်း ဖြစ်နေပါတယ်။"
မေး။။ ဒါပေမယ့် မြန်မာအစိုးရဘက်က ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း အစီရင်ခံစာ တင်သွင်းတာကိုကြည့်ရင် တရားရဲ့အမိန့်ကို လိုက်နာအကောင်အထည်ဖေါ်နေတဲ့သဘောမျိုး၊ ပူးပေါင်းဆောင်ရွက်နေတာမျိုး၊ အပြောင်းအလဲ လုပ်တယ် ဆိုတဲ့ အကောင်းမြင်စရာ အကြောင်းရော မရှိဘူးလား။
Param-Preet Singh ။ ။ ဒီအပိုင်းမှာတော့ အကောင်းမြင်စရာ အကြောင်းမရှိဘူးလို့ပဲ ကျမအနေနဲ့ ဖြေရမှာပါ။ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါတယ်ဆိုပြီး ဟန်ပြသက်သက်ကြိုးစားတဲ့ ကိစ္စတခုတည်းမဟုတ်ပါဘူး။မြန်မာနိုင်ငံမှာ သမ္မတရဲ့ တိုက်ရိုက်အမိန့်လမ်းညွန်ချက် တော်တော်များများ ထုတ်ပြန်ခဲ့ပါတယ်။ တခုက လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေးရည်ရွယ်တာ၊ နောက်တခုက သက်သေအထောက်အထားတွေကို ထိန်းသိမ်းဖို့နဲ့ နောက်ဆုံးတခုကတော့ အမုန်းစကားပွားများမှုကို မလုပ်ဖို့ တားမြစ်တာ စတာတွေဖြစ်ပါတယ်။ အခုလို သမ္မတရဲ့ ညွန်ကြားချက်တွေဟာ ဇန်နဝါရီလက ICJ တရားရုံးက ချမှတ်ထားတဲ့ အမိန့်တွေအတိုင်းပါပဲ။ အရေးကြီးဆုံးမေးခွန်းက ဒီလို ညွန်ကြားချက်တွေဟာ စာရွက်စာတမ်းတွေပဲလား။ တကယ့်လက်တွေ့မှာဘာလုပ်သလဲ ဆိုတာပါ။ ဒီအဆင့်မှာတော့ တကယ်လုပ်ဆောင် နေတယ်ဆိုတာကို ပြောဖို့ ခက်ခဲပါတယ်။ ဟန်ပြသက်သက်လုပ်နေတယ်လို့ပဲ ပြောရမှာပါ။
ရိုဟင်ဂျာတွေအပေါ် ဆန့်ကျင်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဆိုတဲ့နေရာမှာ ၂၀၁၇၊ ၂၀၁၆ ဒါမှမဟုတ် ၂၀၁၂ မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်ဖိနှိပ်မှုသက်သက်ကို ဆိုလိုတာမဟုတ်ပဲ၊ ဆယ်စုနှစ် လေးစုအတွင်း တိုင်းပြည်မှာ ရိုဟင်ဂျာအသိုင်းအဝိုင်းကို ဖျက်စီးခဲ့တဲ့ အကြောင်းအရင်းတွေကို ဆိုလိုတာဖြစ်တယ်လို့ Param-Preet Singh က ပြောပါတယ်။ အခုချိန်ထိ ပြည်တွင်း ဒုက္ခသည်စခန်းတွေမှာ မွတ်စလင်ဒုက္ခသည်ပေါင်း တသိန်းကျော် ဆက်ပြီးရှိနေဆဲဖြစ်သလို၊ စခန်းတွေကနေ အပြင်ထွက်ခွင့်ကိုလည်း ကန့်သတ်ထိန်းချုပ်ထားတာကြောင့် အကျဉ်းစခန်းသဘောမျိုးဖြစ်နေတယ်လို့ သူက ဝေဖန်ထောက်ပြခဲ့ပါတယ်။
မြန်မာဘက်ကကြားဖြတ် စီမံဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ICJ ကို တင်သွင်းထားတဲ့ အစီရင်ခံစာကို အများပြည်သူသိအောင် ထုတ်ပြန်ခြင်းမရှိတဲ့အတွက် သူတို့ အရေးကိစ္စဖြစ်တာကြောင့် သိပိုင်ခွင့်ရှိတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင် က ဗွီအိုအေကို ပြောပါတယ်။
"ကျနော်တို့ တရားစီရင်ရေးနဲ့ ပတ်သက်လို့မြန်မာအစိုးရနဲ့ ဂမ်ဘီယာတို့ ဘာတွေလုပ်နေလဲ ဆိုတာ ကျနော်တို့ သိဖို့ လိုအပ်တယ်။ အဲဒါကတော့ ကျနော်တို့ သိပိုင်ခွင့်ရှိတဲ့အလျောက် အစီရင်ခံစာကို အများသိအောင် ထုတ်ပြန်ဖို့ ကျနော်တို့က တိုက်တွန်းနေတာပါ။"
လက်ရှိ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာလည်းအသက်မွေးဝမ်းကျောင်းခွင့် မရတဲ့အပြင် ကျန်းမာရေးလိုအပ်ချက်တွေအတွက် ဆေးဝါး ကုသခွင့်မရသလို၊ ပညာသင်ကြားခွင့်ကိုလည်း ကန့်သတ်ထားဆဲဖြစ်တယ်လို့ ဦးထွန်းခင်က ပြောပါတယ်။
" အထူးသဖြင့် ပြည်တွင်းထဲမှာရှိနေတဲ့ IDP အတင်းအဓမ္မ အိုးအိမ်ရွှေ့ပြောင်းခံရသူတွေရဲ့ စခန်းတွေမှာရှိနေတဲ့ ရိုဟင်ဂျာတွေဟာ အခုချိန်ထိ မူလ သူတို့ နေရာဒေသ နေအိမ်တွေကို ပြန်ခွင့်မရသေးဘူး။ အထူးသဖြင့် စစ်တွေမှာဆိုရင် ဈေးကြီးကိုလည်း သွားလို့ မရဘူး။ ဆေးရုံကြီး ကိုလည်း သွားလို့မရဘူး။ ကျောင်းသားတွေလည်း ကျောင်းတက်လို့ မရဘူး။ ရခိုင်ပြည် မြောက်ပိုင်းမှာဆိုရင်လည်း ဒီနေ့ထက်ထိ ရိုဟင်ဂျာတွေဟာ တရွာကနေ တရွာသွားဖို့ ဆိုရင် အကန့်အသတ်နဲ့ လုပ်ထားတယ်။ သူတို့လယ်ယာမြေတွေမှာ လယ်ယာထွန်လို့ မရဘူး။ မြေပြင်အခြေအနေကို ကြည့်ခြင်းအားဖြင့် မြန်မာအစိုးရရော၊ စစ်တပ်ပါ ဘာတခုမှ ကြားဖြတ်အစီရင်ခံစာနဲ့ ပတ်သက်လို့ အကောင်အထည်ဖေါ်ခဲ့တာ မရှိဘူး။"
ဒီအတောအတွင်း နိုင်ငံတကာ ဥပဒေပညာရှင် အဖွဲ့ဖြစ်တဲ့ the International Commission of Jurists (ICJ) အဖွဲ့ကြီးကလည်း မြန်မာအနေနဲ့ ICJ နိုင်ငံတကာတရားရုံးက ချမှတ်ထားတဲ့ကြားဖြတ်အရေးယူစီမံချက်တွေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ဆိုရင် ပြည်တွင်းမှာ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သင့်ပြီး နိုင်ငံတကာ တာဝန်ခံမှု လုပ်ငန်းစဉ်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ICJ ရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ ကြားဖြတ်အရေးယူစီမံချက် ၄ ချက်ကို အကောင်အထည်ဖေါ်နေကြောင်း လေးလပြည့် ပထမဆုံး အစီရင်ခံစာကို မေလ ၂၃ ရက် စနေနေ့က တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို အများပြည်သူသိအောင် ထုတ်ပြန်ခြင်းမရှိပေမယ့် ICJ တရားရုံးဘက်က ထုတ်ပြန်ချက်တွေကိုသာ စောင့်ကြည့်ဖို့ မြန်မာအစိုးရတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။