သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူမ်ိဳးတုံးသတ္ျဖတ္မႈ စြပ္စြဲခ်က္အမႈ အတြက္ ICJ ထံ ျမန္မာ အစီရင္ခံစာ တင္သြင္းၿပီ


ႏုိင္ငံတကာတရား႐ုံး (ICJ).

(Zawgyi / Unicode)

ICJ နိုင္ငံတကာတရား႐ုံး သတ္မွတ္ခ်က္နဲ႔အညီ ျမန္မာအစိုးရရဲ႕ ပထမဦးဆုံး အစီရင္ခံစာကို ေမလ ၂၃ ရက္ေန႔မွာ တင္သြင္းလိုက္ပါၿပီ။ ဒီအေၾကာင္း အျပည့္အစံုကို ကိုဉာဏ္ဝင္းေအာင္ တင္ျပထားပါတယ္။

႐ုိဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ စြပ္စြဲခ်က္နဲ႔ ႏုိင္ငံတကာတရား႐ုံး (ICJ) မွာ ဂမ္ဘီယာက တိုင္ၾကားထားတဲ့ အမႈအတြက္ ျမန္မာဘက္က ပထမဆံုး အစီရင္ခံစာကို တင္ထားၿပီျဖစ္ေၾကာင္း ျမန္မာအစိုးရ ႏုိင္ငံျခားေရးဌာန အႀကီးတန္းအရာရွိတဦးက ဗီြအိုေအကို အတည္ျပဳ ေျပာဆိုတာပါ။

ျမန္မာႏိုင္ငံက လိုက္နာေဆာင္ရြက္ရမယ္ဆိုတဲ့ ICJ ရဲ႕ ၾကားျဖတ္စီမံခ်က္ ၄ ခ်က္ကို ဘယ္အတုိင္းအတာထိ အေကာင္အထည္ ေဖာ္ထားသလဲ ဆိုတာနဲ႔ ပတ္သက္လုိ႔ တင္ျပရမယ့္ အစီရင္ခံစာကို ေမလ ၂၃ ရက္ စေနေန႔မွာ တင္ခဲ့ၿပီျဖစ္ေၾကာင္း ႏုိင္ငံျခားေရးဝန္ႀကီးဌာန၊ အျပည္ျပည္ဆိုင္ရာ အဖြဲ႔အစည္းမ်ားနဲ႔ စီးပြားေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခ်မ္းေအးက ဗြီအုိေအကို ေျပာပါတယ္။

"ဒီကေန႔ ၂၃ အၿပီးသတ္တင္တာပါ။ က်ေနာ္က အဲဒီကိစၥ ေျပာခြင့္မရွိပါဘူး။ ေကာင္းတာကေတာ့ ICJ ရဲ႕ ထုတ္ျပန္ခ်က္ေတြကိုပဲ ေစာင့္ၾကည့္တာ ေကာင္းပါတယ္။ က်ေနာ္သိသေလာက္ကေတာ့ တခ်ဳိ႕ဟာေတြက ICJ က Confidential ထားတာရွိတယ္။ အဲဒီလို လွ်ဳိ႕ဝွက္ထိန္းသိမ္းထားတာကို သူက ထုတ္ျပန္လိုက္တဲ့ အခ်ိန္ဆုိရင္ သိလာရမယ္။ ဒါေတြက လုပ္ထုံးလုပ္နည္းေတြ ေၾကာင့္လည္း ပါပါတယ္။ က်ေနာ္ မေျပာေသးဘူး ဆိုတာကေလ။"

႐ုိဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုၿပီး ဂမ္ဘီယာႏိုင္ငံက ICJ တရား႐ုံးမွာ ျမန္မာႏိုင္ငံကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာလထဲ တရားစြဲခဲ့ၿပီး ဒီဇင္ဘာလ အျပန္အလွန္ ၾကားနာမႈေတြအၿပီးမွာ ျမန္မာႏိုင္ငံဘက္က ၾကားျဖတ္စီမံခ်က္ ၄ ခ်က္ကုိ လိုက္နာေဆာင္ရြက္ရမယ္လို႔ ၂၀၂၀ ဇန္နဝါရီ ၂၃ ရက္မွာ ICJ က ခ်မွတ္ခဲ့တာပါ။

ဇန္နဝါရီကေန ေမလ ၄ လတာ ကာလအတြင္း ႐ုိဟင္ဂ်ာအေရးနဲ႔ ပတ္သက္လို႔ ျမန္မာအစိုးရဘက္က အျပဳသေဘာေဆာင္တဲ့ လုပ္ေဆာင္ခ်က္တခ်ဳိ႕ ရွိခဲ့ေပမယ့္ တကယ္တမ္း ျပႆနာေျပလည္ေရးအတြက္ လုံေလာက္မႈ မရွိေသးဘူးလို႔ ျမန္မာႏိုင္ငံေပၚ တရားစြဲထားတဲ့ ဂမ္ဘီယာ တရားေရးအဖြဲ႔မွာ အႀကံေပးအျဖစ္လည္း ပါ၀င္တဲ့ Arakan Rohingay Union (ARU) ရဲ႕ ဥကၠ႒ ေဒါက္တာ ဝါကာအူဒင္က ေျပာပါတယ္။

"ျမန္မာအစုိးရက နည္းနည္းပါးပါးလုပ္႐ုံနဲ႔ မလုံေလာက္ပါဘူး၊ အမ်ားႀကီး လုပ္စရာ ရွိပါတယ္။ ဒီျပႆနာေတြ ဘာျဖစ္လို႔ျဖစ္တာလဲ ရခိုင္ျပည္မွာ။ ျပႆနာက အႀကီးႀကီး Genocide (လူမ်ိဳးတုံးသတ္ျဖတ္မႈ) ပါ။ က်ေနာ္ထင္တယ္ သူတို႔က ဝန္ခံမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ က်ေနာ္တုိ႔က အမုန္းစကား မျပန္႔ပြားေအာင္ လုပ္ေနပါတယ္။ ေနာက္ၿပီး ရခိုင္ေတြ က်ဴးေက်ာ္တာကို တားဆီးဖို႔ ေမာင္းထုတ္ဖို႔အတြက္ လုပ္ေနပါတယ္။ ၿပီးေတာ့ က်ေနာ္တို႔က ေက်ာက္ျဖဴမွာ IDP နဲ႔ပတ္သက္လို႔ ဘာညာလုပ္ေနပါတယ္။ ၿပီးေတာ့ ျမန္မာအစိုးရက ICJ ကို လုိက္နာမယ္ဆိုတဲ့အေၾကာင္း၊ ICJ နဲ႔ ပူးေပါင္းၿပီးေတာ့ လုိက္နာဖို႔အတြက္ လုပ္ေနပါတယ္ဆိုတာ ဥပမာေပးၿပီးေတာ့ အဲဒီအစီရင္ခံစာကို ေရးမယ္ထင္ပါတယ္။"

ICJ က ဇန္နဝါရီလကတည္းက အမိန္႔ခ်ခဲ့တာျဖစ္ေပမယ့္ ျမန္မာအစိုးရက ခ်က္ခ်င္း အေကာင္ထည္ေဖာ္ လုပ္တာမ်ဳိးမရွိဘဲ ၂ လေလာက္ၾကာမွ သမၼတ႐ုံးရဲ႕ အမိန္႔တခ်ဳိ႕ ထြက္လာတာလို႔ ေဒါက္တာ ဝါကာအူဒင္က ေထာက္ျပပါတယ္။ အဲဒီလို ကာလအတြင္းမွာ အစိုးရတပ္က ေမာင္ေတာမွာရွိတဲ့ တရား႐ုံးဆိုင္ရာ သက္ေသခံ အေထာက္ထားတခ်ဳိ႕ကို ဖ်က္ဆီးပစ္ခဲ့တယ္လို႔ ေဒါက္တာ ဝါကာအူဒင္က စြပ္စြဲ ေျပာဆိုပါတယ္။

"ဧၿပီလ ၈ ရက္ေန႔မွာ သမၼတ႐ုံးက ေၾကညာခ်က္ ထုတ္ပါတယ္။ အေထာက္အထားေတြကုိ ေစာင့္ေရွာက္ဖို႔အတြက္ လိုက္နာဖို႔အတြက္။ ဒါေပမယ့္ ICJ ရဲ႕ ၾကားျဖတ္ဆုံးျဖတ္ခ်က္ ေပးတာက ဇန္နဝါရီလ ၂၃ ရက္ေန႔၊ အဲဒါ ၂ လခြဲၾကာမွ အဲဒီအမိန္႔ထုတ္ေတာ့ ေတာ္ေတာ္ ေနာက္က်သြားပါၿပီ။ အဲဒီအတြင္းမွာ ျမန္မာတပ္မေတာ္က အမ်ားႀကီး ဖ်က္ဆီးလိုက္တယ္။”

ICJ က ၾကားျဖတ္အမိန္႔ ထုတ္ခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံက လြတ္လပ္တဲ့ စုံစမ္းေရးေကာ္မရွင္ (ICOE) ကလည္း ေဖေဖာ္ဝါရီလထဲမွာ အစီရင္ခံစာ ထုတ္ျပန္ခဲ့ၿပီး ရခုိင္ျပည္နယ္မွာ ၂၀၁၇ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ျဖစ္စဥ္အတြင္း ခၽြတ္ျပင္ရြာနဲ႔ ေမာင္ႏုရြာေတြမွာ လူရာဂဏန္း အသတ္ခံရတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ အဲဒီကိစၥကို တာဝန္ယူ စစ္ေဆးသြားမယ္လို႔ ေဖေဖာ္ဝါရီ လကုန္ပိုင္း တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒီအေတာတြင္း ICJ အမႈနဲ႔ပတ္သက္လို႔ ျမန္မာအစိုးရဲ႕ လုိအပ္ခ်က္ေတြကို ကူညီေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း တပ္မေတာ္က သတင္းစာရွင္းလင္းပြဲေတြမွာ ေျပာဆိုပါတယ္။ ၿပီးခဲ့တဲ့ သႀကၤန္ကာလတုန္းကလည္း ႐ိုဟင္ဂ်ာ ၈၀၀ ေလာက္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ အစိုးရက ျပန္လႊတ္ေပးခဲ့ပါတယ္။ ဒါ့အျပင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္သြားၾကတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္လာႏိုင္ေရး လုပ္ငန္းစဥ္ ဆက္လက္အေကာင္အထည္ေဖာ္ဖုိ႔ UNHCR/UNDP ကုလသမဂၢ အဖြဲ႔ေတြနဲ႔ လက္တြဲေဆာင္ရြက္ေရး ေနာက္ထပ္ သက္တမ္းတႏွစ္ တုိးထားပါတယ္။ ဒါေပမယ့္ ျမန္မာအစိုးရဘက္ကေတာ့ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံပါဘူး။

ICJ တရား႐ုံးက ခ်မွတ္ထားတဲ့ ျမန္မာအစိုးရ လုိက္နာေဆာင္ရြက္ရမယ့္ ၾကားျဖတ္စီမံခ်က္ ၄ ခ်က္ထဲမွာေတာ့ ၁၊ ႐ုိဟင္ဂ်ာေတြကို လူမ်ဳိးတုံးသတ္ျဖတ္မႈက အကာအကြယ္ေပးဖို႔၊ ၂၊ ျမန္မာ့တပ္မေတာ္နဲ႔ လက္နက္ကိုင္တပ္ဖြဲ႔ေတြက လူမ်ဳိးတုံးသတ္ျဖတ္မႈ မလုပ္ဖုိ႔၊ ၃၊ သက္ေသအေထာက္အထားေတြ မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းထားဖို႔၊ ၄၊ အမိန္႔ခ်မွတ္တဲ့ ေန႔ကစၿပီး ၄ လအတြင္း ျမန္မာႏိုင္ငံက အစီရင္ခံစာ တင္သြင္းဖို႔နဲ႔ အဲဒီေနာက္ပိုင္း ဒီအမႈႀကီးအတြက္ အၿပီးသတ္ အမိန္႔မခ်မခ်င္း ၆ လတခါ အစီရင္ခံစာ တင္သြင္းေရး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာတရားရုံး ICJ ကို မြန်မာ အစီရင်ခံစာ တင်သွင်းပြီ

ICJ နိုင်ငံတကာတရားရုံး သတ်မှတ်ချက်နဲ့အညီ မြန်မာအစိုးရရဲ့ ပထမဦးဆုံး အစီရင်ခံစာကို မေလ ၂၃ ရက်နေ့မှာ တင်သွင်းလိုက်ပါပြီ။ ဒီအကြောင်း အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာက တိုင်ကြားထားတဲ့ အမှုအတွက် မြန်မာဘက်က ပထမဆုံး အစီရင်ခံစာကို တင်ထားပြီဖြစ်ကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုတာပါ။

မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရမယ်ဆိုတဲ့ ICJ ရဲ့ ကြားဖြတ်စီမံချက် ၄ ချက်ကို ဘယ်အတိုင်းအတာထိ အကောင်အထည် ဖော်ထားသလဲ ဆိုတာနဲ့ ပတ်သက်လို့ တင်ပြရမယ့် အစီရင်ခံစာကို မေလ ၂၃ ရက် စနေနေ့မှာ တင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဗွီအိုအေကို ပြောပါတယ်။

"ဒီကနေ့ ၂၃ အပြီးသတ်တင်တာပါ။ ကျနော်က အဲဒီကိစ္စ ပြောခွင့်မရှိပါဘူး။ ကောင်းတာကတော့ ICJ ရဲ့ ထုတ်ပြန်ချက်တွေကိုပဲ စောင့်ကြည့်တာ ကောင်းပါတယ်။ ကျနော်သိသလောက်ကတော့ တချို့ဟာတွေက ICJ ကConfidential ထားတာရှိတယ်။ အဲဒီလို လျှို့ဝှက်ထိန်းသိမ်းထားတာကို သူက ထုတ်ပြန်လိုက်တဲ့ အချိန်ဆိုရင် သိလာရမယ်။ ဒါတွေက လုပ်ထုံးလုပ်နည်းတွေ ကြောင့်လည်း ပါပါတယ်။ ကျနော် မပြောသေးဘူး ဆိုတာကလေ။"

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နိုဝင်ဘာလထဲ တရားစွဲခဲ့ပြီး ဒီဇင်ဘာလ အပြန်အလှန် ကြားနာမှုတွေအပြီးမှာ မြန်မာနိုင်ငံဘက်က ကြားဖြတ်စီမံချက် ၄ ချက်ကို လိုက်နာဆောင်ရွက်ရမယ်လို့ ၂၀၂၀ ဇန်နဝါရီ ၂၃ ရက်မှာ ICJ က ချမှတ်ခဲ့တာပါ။

ဇန်နဝါရီကနေ မေလ ၄ လတာ ကာလအတွင်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တချို့ ရှိခဲ့ပေမယ့် တကယ်တမ်း ပြဿနာပြေလည်ရေးအတွက် လုံလောက်မှု မရှိသေးဘူးလို့မြန်မာနိုင်ငံပေါ် တရားစွဲထားတဲ့ ဂမ်ဘီယာ တရားရေးအဖွဲ့မှာ အကြံပေးအဖြစ်လည်း ပါဝင်တဲ့ Arakan Rohingay Union (ARU) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝါကာအူဒင်က ပြောပါတယ်။

"မြန်မာအစိုးရက နည်းနည်းပါးပါးလုပ်ရုံနဲ့ မလုံလောက်ပါဘူး၊ အများကြီး လုပ်စရာ ရှိပါတယ်။ ဒီပြဿနာတွေ ဘာဖြစ်လို့ဖြစ်တာလဲ ရခိုင်ပြည်မှာ။ ပြဿနာက အကြီးကြီး Genocide (လူမျိုးတုံးသတ်ဖြတ်မှု) ပါ။ ကျနော်ထင်တယ် သူတို့က ဝန်ခံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့က အမုန်းစကား မပြန့်ပွားအောင် လုပ်နေပါတယ်။ နောက်ပြီး ရခိုင်တွေ ကျူးကျော်တာကို တားဆီးဖို့ မောင်းထုတ်ဖို့အတွက် လုပ်နေပါတယ်။ ပြီးတော့ ကျနော်တို့က ကျောက်ဖြူမှာ IDP နဲ့ပတ်သက်လို့ ဘာညာလုပ်နေပါတယ်။ ပြီးတော့ မြန်မာအစိုးရက ICJ ကို လိုက်နာမယ်ဆိုတဲ့အကြောင်း၊ ICJ နဲ့ ပူးပေါင်းပြီးတော့ လိုက်နာဖို့အတွက် လုပ်နေပါတယ်ဆိုတာ ဥပမာပေးပြီးတော့ အဲဒီအစီရင်ခံစာကို ရေးမယ်ထင်ပါတယ်။"

ICJ က ဇန်နဝါရီလကတည်းက အမိန့်ချခဲ့တာဖြစ်ပေမယ့် မြန်မာအစိုးရက ချက်ချင်း အကောင်ထည်ဖော် လုပ်တာမျိုးမရှိဘဲ ၂ လလောက်ကြာမှ သမ္မတရုံးရဲ့ အမိန့်တချို့ ထွက်လာတာလို့ ဒေါက်တာ ဝါကာအူဒင်က ထောက်ပြပါတယ်။ အဲဒီလို ကာလအတွင်းမှာ အစိုးရတပ်က မောင်တောမှာရှိတဲ့ တရားရုံးဆိုင်ရာ သက်သေခံ အထောက်ထားတချို့ကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဒေါက်တာ ဝါကာအူဒင်က စွပ်စွဲ ပြောဆိုပါတယ်။

"ဧပြီလ ၈ ရက်နေ့မှာ သမ္မတရုံးက ကြေညာချက် ထုတ်ပါတယ်။အထောက်အထားတွေကို စောင့်ရှောက်ဖို့အတွက် လိုက်နာဖို့အတွက်။ ဒါပေမယ့် ICJ ရဲ့ ကြားဖြတ်ဆုံးဖြတ်ချက် ပေးတာက ဇန်နဝါရီလ ၂၃ ရက်နေ့၊ အဲဒါ ၂ လခွဲကြာမှ အဲဒီအမိန့်ထုတ်တော့ တော်တော် နောက်ကျသွားပါပြီ။ အဲဒီအတွင်းမှာ မြန်မာတပ်မတော်က အများကြီး ဖျက်ဆီးလိုက်တယ်။”

ICJ က ကြားဖြတ်အမိန့် ထုတ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံက လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် (ICOE) ကလည်း ဖေဖော်ဝါရီလထဲမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ ၂၀၁၇ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဖြစ်စဉ်အတွင်း ချွတ်ပြင်ရွာနဲ့ မောင်နုရွာတွေမှာ လူရာဂဏန်း အသတ်ခံရတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီကိစ္စကို တာဝန်ယူ စစ်ဆေးသွားမယ်လို့ ဖေဖော်ဝါရီ လကုန်ပိုင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအတောတွင်း ICJ အမှုနဲ့ပတ်သက်လို့ မြန်မာအစိုးရဲ့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း တပ်မတော်က သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းကလည်း ရိုဟင်ဂျာ ၈၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အစိုးရက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေး လုပ်ငန်းစဉ် ဆက်လက်အကောင်အထည်ဖော်ဖို့ UNHCR/UNDP ကုလသမဂ္ဂ အဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်ရေး နောက်ထပ် သက်တမ်းတနှစ် တိုးထားပါတယ်။ ဒါပေမယ့် မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

ICJ တရားရုံးက ချမှတ်ထားတဲ့ မြန်မာအစိုးရ လိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်စီမံချက် ၄ ချက်ထဲမှာတော့ ၁၊ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့၊ ၂၊ မြန်မာ့တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှု မလုပ်ဖို့၊ ၃၊ သက်သေအထောက်အထားတွေ မပျောက်ပျက်အောင် ထိန်းသိမ်းထားဖို့၊ ၄၊ အမိန့်ချမှတ်တဲ့ နေ့ကစပြီး ၄ လအတွင်း မြန်မာနိုင်ငံက အစီရင်ခံစာ တင်သွင်းဖို့နဲ့ အဲဒီနောက်ပိုင်း ဒီအမှုကြီးအတွက် အပြီးသတ် အမိန့်မချမချင်း၆ လတခါ အစီရင်ခံစာ တင်သွင်းရေး ဖြစ်ပါတယ်။

XS
SM
MD
LG