သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ အစီရင္ခံစာအတြက္ အစိုးရၫႊန္ၾကားခ်က္အတိုင္း ေဆာင္ရြက္ေန - ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း


ဗိုလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္း

[Zawgyi/Unicode]

တပ္မေတာ္အေနနဲ႔ ICJ ႏိုင္ငံတကာတရား႐ုံး အစီရင္ခံစာကိစၥမွာ အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ထားသလို တပ္မေတာ္တပ္ဖြဲ႕ဝင္ေတြရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ စြပ္စဲြခ်က္ေတြနဲ႔ပတ္သက္လို႔လည္း စုံစမ္းစစ္ေဆး အေရးယူေဆာင္႐ြက္ေနတယ္လို႔ ေျပာဆိုတဲ့သတင္း ေျပာျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက တင္ျပထားပါတယ္။

ရခိုင္ ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာအေရးကိစၥနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံအေနနဲ႔ ICJ ႏိုင္ငံတကာတရား႐ုံး ၾကားျဖတ္အစီအမံအရ ပထမဆုံးအစီရင္ခံစာကို အခု ေမလ ၂၃ ရက္ေန႔ ေနာက္ဆုံးထား တင္သြင္းရမွာပါ။ အဲဒီ ျဖစ္ရပ္မွာ တပ္မေတာ္တပ္ဖြဲ႕ေတြ ပါဝင္ပတ္သက္ေနတာမို႔ တပ္မေတာ္ဘက္က လိုအပ္တဲ့အခ်က္အလက္နဲ႔ ဥပေဒပိုင္းဆိုင္ရာေတြမွာ အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္လို႔ တပ္မေတာ္ ေျပာခြင့္ရသူ ဗိုလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္းက ဒီကေန႔ လုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

"ႏိုင္ငံေတာ္အစိုးရအေနနဲ႔ လိုအပ္တဲ့ အခ်က္အလက္ေတြ တပ္မေတာ္ကိုၫႊန္ၾကားၿပီး ေတာင္းခံတာ ရွိပါတယ္။ ဒါနဲ႔ ပတ္သတ္လို႔ တပ္မေတာ္အေနနဲ႔ ျပည့္ျပည့္စုံစုံ တိတိက်က် လိုက္နာေဆာင္႐ြက္ၿပီးေတာ့ ျပည့္ျပည့္စုံစုံတိတိက်က် တင္ျပၿပီးျဖစ္ပါတယ္။ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ ၫႊန္ၾကားခ်က္အတိုင္းကို လိုက္နာေဆာင္႐ြက္ၿပီးျဖစ္တယ္လို႔ေျပာလိုပါတယ္။ ဒါ့အျပင္ ထပ္မံလိုအပ္ခ်က္ကိုေဆာင္႐ြက္လ်က္ရွိပါတယ္။"

ဒါ့အျပင္ ရခိုင္ပဋိပကၡနဲ႔ ပတ္သက္လို႔ လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ (ICOE) ရဲ႕ အၿပီးသတ္အစီရင္ခံစာမွာ ေဖာ္ျပထား တဲ့တပ္မေတာ္ တပ္ဖြဲ႕ဝင္ေတြရဲ႕ က်ဳးလြန္မႈေတြ ကိုလည္း စုံစမ္းစစ္ေဆးအေရးယူႏိုင္ဖို႔ စစ္ဘက္ဥပေဒအတိုင္းစစ္ေဆးေနၿပီး ဒီစစ္ေဆးမႈကိုလည္း ပြင့္လင္း ျမင္သာစြာ စစ္ေဆးမႈေတြ လုပ္ေဆာင္ထားတယ္လို႔ သူကေျပာပါတယ္။

"ခုဏက ေမာင္ႏုခြၽတ္ျပင္နဲ႔ ပတ္သတ္ၿပီးေတာ့ ပထမအဆင့္ Code Of Inquiries ကို စတင္ လုပ္ေဆာင္ေနပါတယ္။ အျပစ္ရွိျခင္း၊ မရွိျခင္းကတရား႐ုံးကပဲ ဆုံးျဖတ္လို႔ရပါတယ္။ တပ္မေတာ္ အေနနဲ႔ က်ေနာ္တို႔အေနနဲ႔ ျပည္သူေတြနဲ႔ ပတ္သတ္ၿပီး ျပစ္မႈေတြ၊ တရားဥပေဒၿငိစြန္းတာေတြနဲ႔ ပတ္သတ္တာေတြ ညႇင္းပန္းႏွိပ္စက္မႈေတြ ရွိခဲ့ရင္တာဝန္ယူမႈ တာဝန္ခံမႈ အျပည့္နဲ႔ အေရးယူေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ ယခင္ကလည္း လက္မခံခဲ့ပါဘူး။ ေနာင္လည္းလက္ခံမွာ မဟုတ္ပါဘူး။ က်ေနာ္တို႔လက္ခံမွာ မဟုတ္ပါဘူး။ အေရးယူေဆာင္႐ြက္မွာျဖစ္ပါတယ္။"

ၿပီးခဲ့တဲ့ ဇန္နဝါရီလက ထုတ္ျပန္ခဲ့တဲ့ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ (ICOE) ရဲ႕ အၿပီးသတ္ အစီရင္ခံစာမွာ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ၂၅ ရက္ေန႔မွ စက္တင္ဘာလ ၅ ရက္ေန႔အတြင္း ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ျပင္းထန္တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ဥပေဒမဲ့လုပ္ရပ္ေတြကို တပ္မေတာ္၊ ARSA အပါအဝင္ အဖြဲ႕အစည္းေတြက က်ဴးလြန္ခဲ့ေၾကာင္း ေဖာ္ျပထားတာပါ။ ဘူးသီးေတာင္ၿမိဳ႕နယ္ ဂူတာျပင္မွာ ျဖစ္ခဲ့တဲ့ ကိစၥနဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္က စစ္ခုံ႐ုံးတင္ အေရးယူလုပ္ေဆာင္ ေနတာေတြရွိေပမယ့္ ႏိုင္ငံတကာဘက္ကေရာ၊ ျပည္တြင္းကပါ ပြင့္လင္း ျမင္သာမႈ မရွိဘူးလို႔ ေဝဖန္မႈေတြရွိပါတယ္။ ဒါေပမဲ့ ဂူတာျပင္႐ြာကိစၥမွာ စစ္ခုံ႐ုံးနဲ႔ တပ္မေတာ္ဘက္က အေရးယူမႈကို မၾကာခင္ ထုတ္ျပန္ပါမယ္လို႔ ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဒီျပင္ မၾကာေသးခင္က ရခိုင္ျပည္နယ္တြင္း တိုက္ပြဲေတြ ေပၚေပါက္လာတဲ့အခ်ိန္ အတြင္းမွာလည္း တပ္မေတာ္ဘက္ကေန လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ အရပ္သားေတြကို မတရားဖမ္းဆီးအေရးယူတာေတြ၊ ႏွိပ္စက္တာေတြ ရွိတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚခဲ့သလို ဒါနဲ႔ပတ္သတ္လို႔ ဗီြဒီယို ေတြ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ခဲ့တာေတြ ရွိပါတယ္။ အခုရက္ပိုင္း အတြင္း အင္တာနက္ လူမႈကြန္ရက္ေတြမွာ ပ်ံ႕ႏွံ႔ေနတဲ့ စစ္သေဘၤာေပၚမွာ အမ်ိဳးသား ငါး ဦးကို ႐ိုက္ႏွက္ေနတဲ့ ဗီြဒီယိုဖိုင္နဲ႔ ပတ္သက္လို႔ တပ္မေတာ္ဘက္က ဟုတ္မွန္တယ္လို႔ ဝန္ခံထားၿပီး ဒါနဲ႔ပတ္သတ္လို႔ လိုအပ္တဲ့ စုံစမ္းစစ္ေဆးမႈေတြ လုပ္သြားမယ္လို႔ ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းေၾကပာပါတယ္။

ျမန္မာစစ္တပ္အေနနဲ႔ ႐ိုဟင္ဂ်ာေက်း႐ြာေတြကို မီးရႈိ႕တာ အရပ္သားေတြကို ႏွိပ္စက္သတ္ျဖတ္တာ စသျဖင့္ အေစာပိုင္းကာလက အျပင္းအထန္ေဝဖန္ခံခဲ့ရသလိုပဲ၊ အခု ေနာက္ပိုင္းမွာဆိုရင္လည္း ရခိုင္ေဒသခံအရပ္သားေတြကို ပစ္မွတ္ထားတိုက္ခိုက္တာ ႏွိပ္စက္တာေတြရွိတယ္ဆိုၿပီး လူ႔အခြင့္အေရးအဖြဲ႕ေတြက ထုတ္ျပန္ထားပါတယ္။ ဒါေၾကာင့္လည္း ရခိုင္မွာ ဒုတိယအေက်ာ့ စစ္ရာဇဝတ္မႈေတြ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ရာဇဝတ္မႈေတြျဖစ္ေနၿပီလားလို႔ေတာင္ ကုလ လူ႔အခြင့္အေရးကိုယ္စားလွယ္ေဟာင္းက သူ႔ေနာက္ဆုံးအစီရင္ခံစာမွာ ေမးခြန္းထုတ္ခဲ့ဖူးပါတယ္။ ျမန္မာအစိုးရေရာ ျမန္မာတပ္မေတာ္ကပါ ႏိုင္ငံတကာသုံးေနတဲ့ ႐ိုဟင္ဂ်ာဆိုတဲ့အသုံးအႏႈန္းကို လက္မခံေပမဲ့လို႔ အခုICJ ကိစၥမွာေရာ အျခားလူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ စြပ္စဲြခ်က္ေတြအေပၚမွာပါ ျဖစ္ရပ္အလိုက္ ျပန္လည္စုံစမ္းစစ္ေဆးတာေတြ လုပ္လာေနတာေတြ႕ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ICJ အစီရင်ခံစာအတွက် အစိုးရညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေ - ဗိုလ်မှူးချုပ်ဇော်မင်းထွန်း

တပ်မတော်အနေနဲ့ ICJ နိုင်ငံတကာတရားရုံး အစီရင်ခံစာကိစ္စမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ထားသလို တပ်မတော်တပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့လည်း စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်နေတယ်လို့ ပြောဆိုတဲ့သတင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြထားပါတယ်။

ရခိုင် မြောက်ပိုင်းက ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ ICJ နိုင်ငံတကာတရားရုံး ကြားဖြတ်အစီအမံအရ ပထမဆုံးအစီရင်ခံစာကို အခု မေလ ၂၃ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမှာပါ။ အဲဒီ ဖြစ်ရပ်မှာ တပ်မတော်တပ်ဖွဲ့တွေ ပါဝင်ပတ်သက်နေတာမို့ တပ်မတော်ဘက်က လိုအပ်တဲ့အချက်အလက်နဲ့ ဥပဒေပိုင်းဆိုင်ရာတွေမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ဒီကနေ့ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"နိုင်ငံတော်အစိုးရအနေနဲ့ လိုအပ်တဲ့ အချက်အလက်တွေ တပ်မတော်ကိုညွှန်ကြားပြီး တောင်းခံတာ ရှိပါတယ်။ ဒါနဲ့ ပတ်သတ်လို့ တပ်မတော်အနေနဲ့ ပြည့်ပြည့်စုံစုံ တိတိကျကျ လိုက်နာဆောင်ရွက်ပြီးတော့ ပြည့်ပြည့်စုံစုံတိတိကျကျ တင်ပြပြီးဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုနဲ့ ညွှန်ကြားချက်အတိုင်းကို လိုက်နာဆောင်ရွက်ပြီးဖြစ်တယ်လို့ပြောလိုပါတယ်။ ဒါ့အပြင် ထပ်မံလိုအပ်ချက်ကိုဆောင်ရွက်လျက်ရှိပါတယ်။"

ဒါ့အပြင် ရခိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖော်ပြထား တဲ့တပ်မတော် တပ်ဖွဲ့ဝင်တွေရဲ့ ကျုးလွန်မှုတွေ ကိုလည်း စုံစမ်းစစ်ဆေးအရေးယူနိုင်ဖို့ စစ်ဘက်ဥပဒေအတိုင်းစစ်ဆေးနေပြီး ဒီစစ်ဆေးမှုကိုလည်း ပွင့်လင်း မြင်သာစွာ စစ်ဆေးမှုတွေ လုပ်ဆောင်ထားတယ်လို့ သူကပြောပါတယ်။

"ခုဏက မောင်နုချွတ်ပြင်နဲ့ ပတ်သတ်ပြီးတော့ ပထမအဆင့် Code Of Inquiries ကို စတင် လုပ်ဆောင်နေပါတယ်။ အပြစ်ရှိခြင်း၊ မရှိခြင်းကတရားရုံးကပဲ ဆုံးဖြတ်လို့ရပါတယ်။ တပ်မတော် အနေနဲ့ ကျနော်တို့အနေနဲ့ ပြည်သူတွေနဲ့ ပတ်သတ်ပြီး ပြစ်မှုတွေ၊ တရားဥပဒေငြိစွန်းတာတွေနဲ့ ပတ်သတ်တာတွေ ညှင်းပန်းနှိပ်စက်မှုတွေ ရှိခဲ့ရင်တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခင်ကလည်း လက်မခံခဲ့ပါဘူး။ နောင်လည်းလက်ခံမှာ မဟုတ်ပါဘူး။ ကျနော်တို့လက်ခံမှာ မဟုတ်ပါဘူး။ အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။"

ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ရဲ့ အပြီးသတ် အစီရင်ခံစာမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဥပဒေမဲ့လုပ်ရပ်တွေကို တပ်မတော်၊ ARSA အပါအဝင် အဖွဲ့အစည်းတွေက ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားတာပါ။ ဘူးသီးတောင်မြို့နယ် ဂူတာပြင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ တပ်မတော်ဘက်က စစ်ခုံရုံးတင် အရေးယူလုပ်ဆောင် နေတာတွေရှိပေမယ့် နိုင်ငံတကာဘက်ကရော၊ ပြည်တွင်းကပါ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ ဝေဖန်မှုတွေရှိပါတယ်။ ဒါပေမဲ့ ဂူတာပြင်ရွာကိစ္စမှာ စစ်ခုံရုံးနဲ့ တပ်မတော်ဘက်က အရေးယူမှုကို မကြာခင် ထုတ်ပြန်ပါမယ်လို့ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီပြင် မကြာသေးခင်က ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပေါ်ပေါက်လာတဲ့အချိန် အတွင်းမှာလည်း တပ်မတော်ဘက်ကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အရပ်သားတွေကို မတရားဖမ်းဆီးအရေးယူတာတွေ၊ နှိပ်စက်တာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သလို ဒါနဲ့ပတ်သတ်လို့ ဗွီဒီယို တွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ ရှိပါတယ်။ အခုရက်ပိုင်း အတွင်း အင်တာနက် လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ စစ်သင်္ဘောပေါ်မှာ အမျိုးသား ငါး ဦးကို ရိုက်နှက်နေတဲ့ ဗွီဒီယိုဖိုင်နဲ့ ပတ်သက်လို့ တပ်မတော်ဘက်က ဟုတ်မှန်တယ်လို့ ဝန်ခံထားပြီး ဒါနဲ့ပတ်သတ်လို့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကြေပာပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ရိုဟင်ဂျာကျေးရွာတွေကို မီးရှို့တာ အရပ်သားတွေကို နှိပ်စက်သတ်ဖြတ်တာ စသဖြင့် အစောပိုင်းကာလက အပြင်းအထန်ဝေဖန်ခံခဲ့ရသလိုပဲ၊ အခု နောက်ပိုင်းမှာဆိုရင်လည်း ရခိုင်ဒေသခံအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ နှိပ်စက်တာတွေရှိတယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်လည်း ရခိုင်မှာ ဒုတိယအကျော့ စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေဖြစ်နေပြီလားလို့တောင် ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်းက သူ့နောက်ဆုံးအစီရင်ခံစာမှာ မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ မြန်မာအစိုးရရော မြန်မာတပ်မတော်ကပါ နိုင်ငံတကာသုံးနေတဲ့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမဲ့လို့ အခုICJ ကိစ္စမှာရော အခြားလူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေအပေါ်မှာပါ ဖြစ်ရပ်အလိုက် ပြန်လည်စုံစမ်းစစ်ဆေးတာတွေ လုပ်လာနေတာတွေ့ရပါတယ်။

XS
SM
MD
LG