သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



ဟားဗတ်ဥပဒေပညာရှင် မရည်မွန်ထွန်း (သတင်းဓာတ်ပုံ - Facebook)

ZAWGYI/UNICODE




တိုက်ရိုက် လင့်ခ်

[UNICODE VERSION]

မြန်မာ ICJ အမှု ဟားဗတ်ဥပဒေပညာရှင် မရည်မွန်ထွန်းရဲ့ အမြင်

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုတဲ့ အမှုကိစ္စအပေါ် လေ့လာသိရှိလိုတဲ့ Harvard Law School က နိုင်ငံတကာဥပဒေသင်ယူနေတဲ့ ကျောင်းသားတွေကို လူ့အခွင့်အရေး အထူးပြုရှေ့နေ-ဥပဒေပညာရှင် မရည်မွန်ထွန်းက ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

မရည်မွန်ထွန်းဟာ ငယ်စဉ်ကတည်းက ဒုက္ခသည်တဦး အနေနဲ့ ကနေဒါနိုင်ငံကို ရောက်ရှိခဲ့ပြီး ဥပဒေပညာရပ်တွေကို အထူးစိတ်ဝင်စားလေ့လာခဲ့သူဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ကျော်ကြာ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်ရေးလှုပ်ရှားမူတွေ လူ့အခွင့်အရေး ကာကွယ်မူတွေကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

နိုင်ငံတကာ လူအခွင့်အရေး ရှေ့နေတဦးလည်းဖြစ် Harvard Law School ဟားဗတ်ဥပဒေကျောင်းက ဥပဒေပညာရှင် မရည်မွန်ထွန်းကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍ အတွက် ဗွီအိုအေသတင်းထောက် မအေးအေးမာ ဆက်သွယ် မေးမြန်းထားတာကို တင်ဆက်လိုက်ပါတယ်။

XS
SM
MD
LG