သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ ပို႔မယ့္ ျမန္မာအစီရင္ခံစာ ဘာေတြပါသင့္သလဲ


ICJ မွာ ဂမ္ဘီယာက ျမန္မာႏုိင္ငံအေပၚ တရားစြဲဆုိထားမႈအေပၚ ၾကားနာေနမႈျမင္ကြင္း။ (ဇန္နဝါရီ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

လူမ်ိဳးတုံးသတ္ျဖတ္မႈ စြဲခ်က္နဲ႔ ႏုိင္ငံတကာတရားခံု႐ံုး (ICJ) မွာ တရားရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံအေနနဲ႔ ဒီကေန႔ ေမလ ၂၃ ရက္ေန႔မွာ ပထမဆံုး တင္သြင္းရမယ့္ ၾကားျဖတ္အစီအမံဆိုင္ရာ ေလးလျပည့္ အစီရင္ခံစာအေပၚ သံုးသပ္ခ်က္ အျမင္ေတြကို မဆုမြန္က စုစည္းတင္ျပထားပါတယ္။

ရခိုင္ေျမာက္ပိုင္း အၾကမ္းဖက္တိုက္ခိုက္မႈေတြအတြင္း စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြမွာ ႐ိုဟင္ဂ်ာ မြတ္စလင္ေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္ခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ICJ ႏိုင္ငံတကာတရား႐ုံးမွာ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏုိင္ငံကုိ တရားစြဲဆိုထားၿပီး Provisional Measures ၾကားျဖတ္လုပ္ေဆာင္ခ်က္ ၆ ခ်က္ ခ်မွတ္ေပးဖို႔ တင္ျပခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ဇန္နဝါရီလ ၂၃ ရက္ေန႔မွာ ICJ ကေန ၆ ခ်က္ထဲက ၄ ခ်က္ကို ျမန္မာအစိုးရ လိုက္နာေဆာင္ရြက္ဖို႔ ခ်မွတ္ခဲ့ၿပီး ျမန္မာအစိုးရရဲ႕ ေဆာင္ရြက္ခ်က္ေတြကို ၄ လအတြင္း ျပန္ၿပီး အစီရင္ခံဖို႔ သတ္မွတ္ခဲ့တာေၾကာင့္ ဒီကေန႔ ေမလ ၂၃ ရက္ေန႔ဟာ ၄ လတင္းတင္း ျပည့္္တဲ့ေန႔ ျဖစ္ပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့အသံုးကို လက္ခံမထားတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ေမလ ၂၃ ရက္ေန႔က်ရင္ အစီရင္ခံစာကို အခ်ိန္မီ တင္သြင္းသြားဖို႔ ျပင္ဆင္ေနတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အျပည္ျပည္ဆိုင္ရာ အဖြဲ႔အစည္းမ်ားနဲ႔ ေစ့စပ္ေဆြးေႏြးေရးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခ်မ္းေအးက ဗီြအိုေအျမန္မာပိုင္းကို ေျပာဆိုထားပါတယ္။

ႏုိင္ငံတကာတရား႐ံုးကို ပထမဆံုး တင္သြင္းမယ့္ ဒီေလးလျပည့္ အစီရင္ခံစာဟာ တရားရင္ဆိုင္ေနရဆဲ တရားခြင္အတြက္ေရာ ႏုိင္ငံတကာရဲ႕ ယံုၾကည္မႈ ရႏုိင္ဖို႔အတြက္ပါ စနစ္က်ၿပီး ခိုင္လံုဖို႔ အေရးႀကီးတယ္လို႔ ဥပေဒ အေထာက္အကူျပဳအဖြဲ႔ ထူေထာင္သူ လူ႔အခြင့္အေရးေရွ႕ေနႀကီး ဦးေအာင္ထူးက သံုးသပ္ပါတယ္။

“အစီရင္ခံစာထဲမွာက ဘာေတြပါလဲဆိုတာ အဓိကထား ၾကည့္ရမယ္။ Genocide Convention နဲ႔အညီ ပထမ ၁ အခ်က္က ႐ိုဟင္ဂ်ာေတြအေပၚ သတ္ျဖတ္တာ၊ ခႏၶာကိုယ္ ပ်က္စီးေအာင္လုပ္တာ၊ အုပ္စုလိုက္ ေဘးျဖစ္ေအာင္လုပ္တာ၊ ကေလးမီးဖြားျခင္းကို ဟန္႔တားတာမ်ိဳး စတဲ့ ဒါေတြကို မလုပ္ပါဘူး ဆိုတာေတြကို ဒီအခ်က္ေတြကို သက္ေသခံျပဖို႔လိုတယ္။ ၂ အခ်က္ကေတာ့ Genocide လို႔ေခၚတဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈကို က်ဴးလြန္တာ၊ က်ဴးလြန္ဖို႔ လံႈ႕ေဆာ္တာ၊ ပူးေပါင္းႀကံစည္ ပါဝင္ပတ္သက္တာမ်ိဳး မရွိဘူးဆိုတာ သက္ေသျပဖို႔လိုတယ္။ တတိယအခ်က္ကေတာ့ ICJ ရဲ႕ ၾကားျဖတ္ဆံုးျဖတ္ခ်က္မွာ ပါတဲ့အတုိင္းပဲ သက္ေသခံပစၥည္းေတြကို ဘာမွ ေဖ်ာက္ဖ်က္တာမရွိဘူး။ သက္ေသခံပစၥည္းေတြ သူ႔ေနရာအေနအထားေတြ၊ အိမ္ေတြ၊ အေလာင္းေတြကို ဖ်က္ဆီးတာမ်ိဳး မရွိဘူးဆိုတာ သက္ေသျပဖို႔လိုတယ္။ အဲ့ဒါေတြကို သက္ေသျပႏုိင္တယ္ ဆုိရင္ေတာ့ ဒီအစီရင္ခံစာက တစံုတရာ အက်ိဳးရွိသြားႏုိင္တာေပါ့။”

ဒါေပမယ့္လည္း ဒီအစီရင္ခံစာကေန တကယ္တမ္း အက်ဳိးရွိလာလိမ့္မယ္လုိ႔ေတာ့ ဦးေအာင္ထူးက မယူဆပါဘူး။

“သို႔ေသာ္ လက္ေတြ႔အေျခအေနအရေတာ့ ဒီလိုလုပ္ႏုိင္တဲ့ အေျခအေန မရွိဘူးဆိုတာ သြားေတြ႔ရတယ္။ ႏိုင္ငံတကာဥပေဒနဲ႔ ၾကည့္မယ္ဆိုရင္ အခုက ႏုိင္ငံတကာအဆင့္ ျဖစ္သြားၿပီ။ အျပစ္က်ဴးလြန္သူကို အျပစ္ကိုေပးရမယ္။ Genocide Convention မွာလည္း ပါၿပီးသား။ အင္းဒင္ကိစၥဆိုရင္ ေအာက္ေျခရဲေဘာ္ တပ္စုမွဴးေလာက္ အေရးယူ႐ံုနဲ႔ မရဘူး။ ဘယ္သူက အမိန္႔ေပးတာလဲ၊ ဒါႀကီးတခုလံုးကို က်ဴးလြန္ဖို႔ အမိန္႔က ဘယ္ကလာတာလဲ၊ အဲ့ေတာ့ အမိန္႔စီးဆင္းလာတဲ့ အမိန္႔ေပးပိုင္ခြင့္ရွိတဲ့ အဆင့္အျမင့္ဆံုး တပ္မေတာ္ ထိပ္တန္းအရာရွိႀကီးေတြကိုပါ အေရးယူျပရမယ္။ စစ္တပ္ဘက္က ပူးေပါင္းေဆာင္ရြက္ခ်င္တယ္ဆို ဒါမ်ိဳးလုပ္ျပရမွာေပါ့၊ ဒီတလမ္းပဲရွိတယ္။”

ပထမဆံုးတင္သြင္းမယ့္ အစီရင္ခံစာထဲမွာ ျမန္မာႏုိင္ငံတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ အေျခအေန တကယ့္ေျမျပင္မွာ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို အစိုးရအေနနဲ႔ ႏိုင္ငံတကာကို ခ်ျပဖို႔လိုတယ္လို႔ ျမန္မာ့လူ႔အခြင့္အေရး လႈပ္ရွားသူ ညီမွ်ျခင္းျမန္မာရဲ႕ ဒါ႐ုိက္တာ ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။

“ပထမဆံုးတင္ျပတဲ့ အစီရင္ခံစာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ လက္ရွိျဖစ္ေနတဲ့ ေျမျပင္အေျခအေနေတြကို ဘယ္လိုသံုးသပ္လဲ၊ ဒါေတြနဲ႔ပတ္သက္ၿပီး အစိုးရအေနနဲ႔ ဘာေတြကို အတတ္ႏုိင္ဆံုး ႀကိဳးစားလုပ္ေဆာင္ေနသလဲ၊ အဲဒီလို လုပ္ေဆာင္တဲ့ အေျခအေနမိ်ဳးမွာ ဘယ္လိုစိန္ေခၚမႈေတြ ရွိေနသလဲ ဆိုတဲ့ အခ်က္ေတြကို အဓိက ဦးစားေပး တင္ျပသင့္တယ္လို႔ ထင္ပါတယ္။ ဒါေတြဟာ ႏုိင္ငံတကာ တရားခံု႐ုံးကေန တဆင့္ၿပီးတဆင့္ အစိုးရဘက္ကေန ေတာင္းဆိုထားတဲ့ အခ်က္ေတြကို ေလးစားေသာအားျဖင့္ ဘာေတြလုပ္ေဆာင္ေနရသလဲဆိုတာ တင္ျပသင့္တယ္။

“ေနာက္ အေရးႀကီးဆံုး သတိထားရမယ့္ တခုကေတာ့ ေခတ္အဆက္ဆက္က ျငင္းဆိုခဲ့တာမ်ိဳး မျဖစ္ခဲ့ပါဘူး၊ မလုပ္ခဲ့ပါဘူး ဆိုတာမ်ိဳး အရင္တုန္းကလို ျငင္းဆန္တဲ့ပံုစံမ်ိဳး မဟုတ္ဘဲနဲ႔ ဒါနဲ႔ပတ္သက္ၿပီး လက္ေတြ႔ျဖစ္ႏုိင္ေသာ လက္ေတြ႔စစျခင္း လုပ္ေဆာင္ႏိုင္မယ့္ အခ်က္ေတြကို တင္ျပရပါမယ္။ အစိုးရက ႏုိင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္မႈရွိမွ ႏိုင္ငံတကာက စြပ္စြဲေနသလို လူမ်ိဳးတုံး သတ္ျဖတ္မႈေတြ အထူးသျဖင့္ စစ္ပြဲဆုိင္ရာ ရာဇဝတ္မႈေတြ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို လက္မခံပါဘူးဆိုတာ တတ္ႏုိင္သေလာက္ လုပ္ေဆာင္ေနပါတယ္ဆိုတဲ့ အျမင္ကို စတင္ရရွိႏိုင္မွာ ျဖစ္ပါတယ္။”

ဒီကေန႔တင္သြင္းမယ့္ အစီရင္ခံစာနဲ႔ ပတ္သက္ၿပီး ျမန္မာအစိုးရဘက္က တရားဝင္ သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။

ျမန္မာႏိုင္ငံအတြက္ေရာ ျမန္မာျပည္သူေတြအတြက္ပါ အေရးႀကီးတဲ့ ဒီ ႏုိင္ငံတကာ တရားခံု႐ံုးကို တင္သြင္းမယ့္ ပထမဆံုး အစီရင္ခံစာအေပၚ ပြင့္လင္းျမင္သာမႈရွိစြာနဲ႔ ျပည္သူလူထုကို ခ်ျပသင့္တယ္လို႔ လူ႔အခြင့္အေရးလႈပ္ရွားသူ ဦးေအာင္မ်ိဳးမင္းက အႀကံျပဳပါတယ္။

“အမွန္ေတာ့ ဒီစံုစမ္းစစ္ေဆးမႈတို႔ လုပ္ေဆာင္မႈေတြက အစိုးရက သူခ်ည္းပဲ လုပ္လို႔မရဘူး။ ပါဝင္ပတ္သက္သူ အားလံုးနဲ႔ တုိင္ပင္ေဆြးေႏြးတာ၊ သတင္းအခ်က္အလက္ေတြ ခိုင္လံုေအာင္ လာေရာက္တင္ျပႏုိင္တာ၊ ဒီလို လာေရာက္တင္ျပသူေတြကို ကာကြယ္ေပးဖို႔ ဥပေဒေတြလည္း လိုအပ္တယ္။ အခုခ်ိန္အထိ ဒီအစီရင္ခံစာက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ဘယ္လိုေဆာင္ရြက္ေနပါတယ္ဆိုတာ ျပသႏုိင္ေသာ ဝန္ခံႏုိင္ေသာ မွတ္ေက်ာက္တင္ခံႏုိင္ေသာ အရာျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ ျပည္သူလူထုလည္း သိသင့္တယ္ဆိုတာ အစိုးရအေနနဲ႔ သေဘာေပါက္ဖို႔ လိုအပ္ပါတယ္။ အစိုးရလုပ္ေဆာင္မႈေတြ ဘယ္လိုထိေရာက္မႈရွိလဲ၊ ေျပာဆိုတဲ့အခ်က္ေတြက ဘယ္ေလာက္အထိ မွန္ကန္မႈရွိသလဲဆိုတာ ျပည္တြင္းက ပိုသိတယ္၊ ျပည္တြင္းကေနလည္း ေထာက္ျပဖို႔ လိုအပ္ပါတယ္။ ျဖစ္ႏုိင္ရင္ ျမန္မာဘာသာနဲ႔အျပင္ တုိင္းရင္းသားဘာသာနဲ႔ပါ ျဖန္႔ေဝၿပီး ကိုယ့္လုပ္ေဆာင္ခ်က္ကို မွတ္ေက်ာက္တင္သင့္ပါတယ္။”

ေရွ႕ေနႀကီး ဦးေအာင္ထူးကလည္း ဒီအစီရင္ခံစာပါ အခ်က္ေတြကို ပြင့္လင္းျမင္သာစြာ ခ်ျပဖို႔ လိုတယ္ဆိုတာ သေဘာတူပါတယ္။

“တရားစြဲခံရတဲ့ အခ်ိန္က်ေတာ့မွ ဒါက ႏုိင္ငံေတာ္ကိစၥျဖစ္သြားၿပီ။ ႏိုင္ငံေတာ္ကုိ တရားစြဲတာျဖစ္တယ္။ လူထုက ႏုိင္ငံေတာ္ဘက္က ရပ္ပါလို႔ ရွင္းရွင္းေျပာရရင္ သူတို႔လုပ္ခ်င္တုိင္း လုပ္တဲ့ အခ်ိန္တုန္းက လုပ္တုန္းက ဘယ္လိုမူဝါဒေတြ ဘယ္လိုေပၚလစီေတြနဲ႔ သြားခဲ့တာလဲ၊ လူထုကို ဘာမွမတိုင္ပင္ဘူး၊ ဒီအတုိင္း လုပ္သြားခဲ့တာ။ အခု ဒီအစီရင္ခံစာ ထုတ္ျပန္တဲ့ ကိစၥမွာလည္းပဲ လူထုကိုလည္း တုိင္ပင္သင့္တာေပါ့။ ဘာေတြထည့္တယ္၊ ဘယ္ကိစၥကေတာ့ ဘယ္လိုတင္ျပသင့္တယ္၊ လူထုအႀကံေပးခ်က္ေတြ ယူသင့္တာေပါ့။ အရင္တုန္းက လူထုဆႏၵျပပြဲေတြနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲေတြေတာင္ လုပ္ခဲ့ေသးတာပဲ။ အခုအစီရင္ခံစာက်ေတာ့ ဘာတခုမွ အႀကံေပးခ်က္ေတြ မယူ မီဒီယာေတြကိုလည္း ခ်မျပတာ၊ ဒါ သဘာဝမက်ဘူးေလ။”

ICJ က ခ်မွတ္ထားတဲ့ ၾကားျဖတ္အစီအမံေတြျဖစ္တဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈ ထပ္ျဖစ္မလာေအာင္ လံုၿခံဳေရးအစီအမံေတြ ခ်မွတ္ဖို႔၊ ျမန္မာစစ္တပ္ အပါအဝင္ တျခားလက္နက္ကိုင္တပ္ဖြဲ႔ေတြ လူမ်ိဳးတုံးသတ္ျဖတ္မႈ မက်ဴးလြန္ေအာင္ ႀကီးၾကပ္ေပးဖို႔၊ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ သက္ေသအေထာက္အထားေတြကို မေဖ်ာက္ဖ်က္ မဖ်က္ဆီးဖို႔ ဆိုတာေတြအေပၚ ျမန္မာအစိုးရဘက္ကေရာ စစ္တပ္ဘက္ကပါ လိုက္နာေဆာင္ရြက္မႈ အားနည္းတယ္လို႔ ဥပေဒပညာရွင္ေတြနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေဝဖန္ ေထာက္ျပၾကပါတယ္။

ICJ ပို႔မယ့္ ျမန္မာအစီရင္ခံစာ ဘာေတြပါသင့္သလဲ
please wait

No media source currently available

0:00 0:04:43 0:00
တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ICJ ပို့မယ့် မြန်မာအစီရင်ခံစာ ဘာတွေပါသင့်သလဲ

လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ နိုင်ငံတကာတရားခုံရုံး (ICJ) မှာတရားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီကနေ့ မေလ ၂၃ ရက်နေ့မှာ ပထမဆုံး တင်သွင်းရမယ့် ကြားဖြတ်အစီအမံဆိုင်ရာ လေးလပြည့် အစီရင်ခံစာအပေါ် သုံးသပ်ချက် အမြင်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားပြီး Provisional Measures ကြားဖြတ်လုပ်ဆောင်ချက် ၆ ချက် ချမှတ်ပေးဖို့ တင်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ICJ ကနေ ၆ ချက်ထဲက ၄ ချက်ကို မြန်မာအစိုးရ လိုက်နာဆောင်ရွက်ဖို့ ချမှတ်ခဲ့ပြီး မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ၄ လအတွင်း ပြန်ပြီး အစီရင်ခံဖို့ သတ်မှတ်ခဲ့တာကြောင့် ဒီကနေ့ မေလ ၂၃ ရက်နေ့ဟာ ၄ လတင်းတင်း ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ မေလ ၂၃ ရက်နေ့ကျရင် အစီရင်ခံစာကို အချိန်မီ တင်သွင်းသွားဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဗွီအိုအေမြန်မာပိုင်းကို ပြောဆိုထားပါတယ်။

နိုင်ငံတကာတရားရုံးကို ပထမဆုံး တင်သွင်းမယ့် ဒီလေးလပြည့် အစီရင်ခံစာဟာ တရားရင်ဆိုင်နေရဆဲ တရားခွင်အတွက်ရော နိုင်ငံတကာရဲ့ ယုံကြည်မှု ရနိုင်ဖို့အတွက်ပါ စနစ်ကျပြီး ခိုင်လုံဖို့ အရေးကြီးတယ်လို့ ဥပဒေ အထောက်အကူပြုအဖွဲ့ ထူထောင်သူ လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်ထူးက သုံးသပ်ပါတယ်။

“အစီရင်ခံစာထဲမှာက ဘာတွေပါလဲဆိုတာ အဓိကထား ကြည့်ရမယ်။ Genocide Convention နဲ့အညီ ပထမ ၁ အချက်က ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်တာ၊ ခန္ဓာကိုယ် ပျက်စီးအောင်လုပ်တာ၊ အုပ်စုလိုက် ဘေးဖြစ်အောင်လုပ်တာ၊ ကလေးမီးဖွားခြင်းကို ဟန့်တားတာမျိုး စတဲ့ ဒါတွေကို မလုပ်ပါဘူး ဆိုတာတွေကို ဒီအချက်တွေကို သက်သေခံပြဖို့လိုတယ်။ ၂ အချက်ကတော့ Genocide လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်တာ၊ ကျူးလွန်ဖို့ လှုံ့ဆော်တာ၊ ပူးပေါင်းကြံစည် ပါဝင်ပတ်သက်တာမျိုး မရှိဘူးဆိုတာ သက်သေပြဖို့လိုတယ်။ တတိယအချက်ကတော့ ICJ ရဲ့ ကြားဖြတ်ဆုံးဖြတ်ချက်မှာ ပါတဲ့အတိုင်းပဲ သက်သေခံပစ္စည်းတွေကို ဘာမှ ဖျောက်ဖျက်တာမရှိဘူး။ သက်သေခံပစ္စည်းတွေ သူ့နေရာအနေအထားတွေ၊ အိမ်တွေ၊ အလောင်းတွေကို ဖျက်ဆီးတာမျိုး မရှိဘူးဆိုတာ သက်သေပြဖို့လိုတယ်။ အဲ့ဒါတွေကို သက်သေပြနိုင်တယ် ဆိုရင်တော့ ဒီအစီရင်ခံစာက တစုံတရာ အကျိုးရှိသွားနိုင်တာပေါ့။”

ဒါပေမယ့်လည်း ဒီအစီရင်ခံစာကနေ တကယ်တမ်း အကျိုးရှိလာလိမ့်မယ်လို့တော့ ဦးအောင်ထူးက မယူဆပါဘူး။

“သို့သော် လက်တွေ့အခြေအနေအရတော့ ဒီလိုလုပ်နိုင်တဲ့ အခြေအနေ မရှိဘူးဆိုတာ သွားတွေ့ရတယ်။ နိုင်ငံတကာဥပဒေနဲ့ ကြည့်မယ်ဆိုရင် အခုက နိုင်ငံတကာအဆင့် ဖြစ်သွားပြီ။ အပြစ်ကျူးလွန်သူကို အပြစ်ကိုပေးရမယ်။ Genocide Convention မှာလည်း ပါပြီးသား။ အင်းဒင်ကိစ္စဆိုရင် အောက်ခြေရဲဘော် တပ်စုမှူးလောက် အရေးယူရုံနဲ့ မရဘူး။ ဘယ်သူက အမိန့်ပေးတာလဲ၊ ဒါကြီးတခုလုံးကို ကျူးလွန်ဖို့ အမိန့်က ဘယ်ကလာတာလဲ၊ အဲ့တော့ အမိန့်စီးဆင်းလာတဲ့ အမိန့်ပေးပိုင်ခွင့်ရှိတဲ့ အဆင့်အမြင့်ဆုံး တပ်မတော် ထိပ်တန်းအရာရှိကြီးတွေကိုပါ အရေးယူပြရမယ်။ စစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်ချင်တယ်ဆို ဒါမျိုးလုပ်ပြရမှာပေါ့၊ ဒီတလမ်းပဲရှိတယ်။”

ပထမဆုံးတင်သွင်းမယ့် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တကယ့်မြေပြင်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အစိုးရအနေနဲ့ နိုင်ငံတကာကို ချပြဖို့လိုတယ်လို့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ပထမဆုံးတင်ပြတဲ့ အစီရင်ခံစာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လက်ရှိဖြစ်နေတဲ့ မြေပြင်အခြေအနေတွေကို ဘယ်လိုသုံးသပ်လဲ၊ ဒါတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ဘာတွေကို အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေသလဲ၊ အဲဒီလို လုပ်ဆောင်တဲ့ အခြေအနေမျိုးမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေသလဲ ဆိုတဲ့ အချက်တွေကို အဓိက ဦးစားပေး တင်ပြသင့်တယ်လို့ ထင်ပါတယ်။ ဒါတွေဟာ နိုင်ငံတကာ တရားခုံရုံးကနေ တဆင့်ပြီးတဆင့် အစိုးရဘက်ကနေ တောင်းဆိုထားတဲ့ အချက်တွေကို လေးစားသောအားဖြင့် ဘာတွေလုပ်ဆောင်နေရသလဲဆိုတာ တင်ပြသင့်တယ်။

“နောက် အရေးကြီးဆုံး သတိထားရမယ့် တခုကတော့ ခေတ်အဆက်ဆက်က ငြင်းဆိုခဲ့တာမျိုး မဖြစ်ခဲ့ပါဘူး၊ မလုပ်ခဲ့ပါဘူး ဆိုတာမျိုး အရင်တုန်းကလို ငြင်းဆန်တဲ့ပုံစံမျိုး မဟုတ်ဘဲနဲ့ ဒါနဲ့ပတ်သက်ပြီး လက်တွေ့ဖြစ်နိုင်သော လက်တွေ့စစခြင်း လုပ်ဆောင်နိုင်မယ့် အချက်တွေကို တင်ပြရပါမယ်။ အစိုးရက နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိမှ နိုင်ငံတကာက စွပ်စွဲနေသလို လူမျိုးတုံး သတ်ဖြတ်မှုတွေ အထူးသဖြင့် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်မခံပါဘူးဆိုတာ တတ်နိုင်သလောက် လုပ်ဆောင်နေပါတယ်ဆိုတဲ့ အမြင်ကို စတင်ရရှိနိုင်မှာ ဖြစ်ပါတယ်။”

ဒီကနေ့တင်သွင်းမယ့် အစီရင်ခံစာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

မြန်မာနိုင်ငံအတွက်ရော မြန်မာပြည်သူတွေအတွက်ပါ အရေးကြီးတဲ့ ဒီ နိုင်ငံတကာ တရားခုံရုံးကို တင်သွင်းမယ့် ပထမဆုံး အစီရင်ခံစာအပေါ် ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ပြည်သူလူထုကို ချပြသင့်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းက အကြံပြုပါတယ်။

“အမှန်တော့ ဒီစုံစမ်းစစ်ဆေးမှုတို့ လုပ်ဆောင်မှုတွေက အစိုးရက သူချည်းပဲ လုပ်လို့မရဘူး။ ပါဝင်ပတ်သက်သူ အားလုံးနဲ့ တိုင်ပင်ဆွေးနွေးတာ၊ သတင်းအချက်အလက်တွေ ခိုင်လုံအောင် လာရောက်တင်ပြနိုင်တာ၊ ဒီလို လာရောက်တင်ပြသူတွေကို ကာကွယ်ပေးဖို့ ဥပဒေတွေလည်း လိုအပ်တယ်။ အခုချိန်အထိ ဒီအစီရင်ခံစာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်လိုဆောင်ရွက်နေပါတယ်ဆိုတာ ပြသနိုင်သော ဝန်ခံနိုင်သော မှတ်ကျောက်တင်ခံနိုင်သော အရာဖြစ်တယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုလည်း သိသင့်တယ်ဆိုတာ အစိုးရအနေနဲ့ သဘောပေါက်ဖို့ လိုအပ်ပါတယ်။ အစိုးရလုပ်ဆောင်မှုတွေ ဘယ်လိုထိရောက်မှုရှိလဲ၊ ပြောဆိုတဲ့အချက်တွေက ဘယ်လောက်အထိ မှန်ကန်မှုရှိသလဲဆိုတာ ပြည်တွင်းက ပိုသိတယ်၊ ပြည်တွင်းကနေလည်း ထောက်ပြဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် မြန်မာဘာသာနဲ့အပြင် တိုင်းရင်းသားဘာသာနဲ့ပါ ဖြန့်ဝေပြီး ကိုယ့်လုပ်ဆောင်ချက်ကို မှတ်ကျောက်တင်သင့်ပါတယ်။”

ရှေ့နေကြီး ဦးအောင်ထူးကလည်း ဒီအစီရင်ခံစာပါ အချက်တွေကို ပွင့်လင်းမြင်သာစွာ ချပြဖို့ လိုတယ်ဆိုတာ သဘောတူပါတယ်။

“တရားစွဲခံရတဲ့ အချိန်ကျတော့မှ ဒါက နိုင်ငံတော်ကိစ္စဖြစ်သွားပြီ။ နိုင်ငံတော်ကို တရားစွဲတာဖြစ်တယ်။ လူထုက နိုင်ငံတော်ဘက်က ရပ်ပါလို့ ရှင်းရှင်းပြောရရင်သူတို့လုပ်ချင်တိုင်း လုပ်တဲ့ အချိန်တုန်းက လုပ်တုန်းက ဘယ်လိုမူဝါဒတွေ ဘယ်လိုပေါ်လစီတွေနဲ့ သွားခဲ့တာလဲ၊ လူထုကို ဘာမှမတိုင်ပင်ဘူး၊ ဒီအတိုင်း လုပ်သွားခဲ့တာ။ အခု ဒီအစီရင်ခံစာ ထုတ်ပြန်တဲ့ ကိစ္စမှာလည်းပဲ လူထုကိုလည်း တိုင်ပင်သင့်တာပေါ့။ ဘာတွေထည့်တယ်၊ ဘယ်ကိစ္စကတော့ ဘယ်လိုတင်ပြသင့်တယ်၊ လူထုအကြံပေးချက်တွေ ယူသင့်တာပေါ့။ အရင်တုန်းက လူထုဆန္ဒပြပွဲတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေတောင် လုပ်ခဲ့သေးတာပဲ။ အခုအစီရင်ခံစာကျတော့ ဘာတခုမှ အကြံပေးချက်တွေ မယူ မီဒီယာတွေကိုလည်း ချမပြတာ၊ ဒါ သဘာဝမကျဘူးလေ။”

ICJ က ချမှတ်ထားတဲ့ ကြားဖြတ်အစီအမံတွေဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ထပ်ဖြစ်မလာအောင် လုံခြုံရေးအစီအမံတွေ ချမှတ်ဖို့၊ မြန်မာစစ်တပ် အပါအဝင် တခြားလက်နက်ကိုင်တပ်ဖွဲ့တွေ လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်အောင် ကြီးကြပ်ပေးဖို့၊ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သက်သေအထောက်အထားတွေကို မဖျောက်ဖျက် မဖျက်ဆီးဖို့ ဆိုတာတွေအပေါ် မြန်မာအစိုးရဘက်ကရော စစ်တပ်ဘက်ကပါ လိုက်နာဆောင်ရွက်မှု အားနည်းတယ်လို့ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန် ထောက်ပြကြပါတယ်။

XS
SM
MD
LG